ချစ်သူတို့၏ နယ်မြေ (သို့မဟုတ်) ထိုင်းနိုင်ငံက မျှော်မဆုံးသောကြာနီပင်လယ်

ချစ်သူတို့၏ နယ်မြေ (သို့မဟုတ်) ထိုင်းနိုင်ငံက မျှော်မဆုံးသောကြာနီပင်လယ် - Property News in Myanmar from iMyanmarHouse.com
10 Sep 2022 12:08 pm တွင် တင်ခဲ့သည်
845 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

(ကြာနီကန်သို့ သွားရောက်လည်ပတ်ခြင်း)

လှေသမားက လှေကို ကမ်းစပ်ဆီသို့ ဖြည်းညှင်းစွာ ကပ်လိုက်ချိန်တွင် နံနက်ခင်းနေက ရေပြင်ပေါ်တွင် တဖျတ်ဖျတ်လက်နေ၏။ လှေပေါ်တက်ပြီး နောင့်ဟန် (Nong Han) ရေကန်ကြီး၏ အလယ်ဆီသို့ မိနစ်နှစ်ဆယ်ခန့် ထွက်လာပြီးနောက်တွင်ကား မြင်ကွင်းမှာ ပြောင်းလဲသွားတော့သည်။

ယခုမှပင် နာမည်နှင့်ကိုက်ညီသွားတော့၏။ ကန်၏နာမည်မှာ Talay Bua Daeng -“ကြာနီပင်လယ်” မဟုတ်ပါလော။ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဥဒုံသနီ( Udon Thani) ပြည်နယ်ရှိ ဆိတ်ငြိမ်သောခရိုင်တွင် တည်ရှိသော ရေကန်သည် အေးမြသောဥတုကာလများတွင် ရေပြင်တစ်ခုလုံး ရေနှင်းပန်းများဖြင့် ပန်းရောင်ကော်ဇောကြီး ဖြန့်ခင်းထားသည့်သဖွယ် အလွန်သာယာကြည်နူးဖွယ် ကောင်းလှသောကြောင့်လည်း ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်ထားနိုင်ခြင်းဖြစ်သည်။

(ကြာပန်းလား နှင်းပန်းလား)

နောင့်ဟန်ရေကန်ကြီး (Nong Han Lake) ကို ကြာနီပင်လယ် ( Red Lotus Sea )သို့မဟုတ် ကြာနီကန် (Red Lotus Lake) ဟု ချစ်စနိုးအမည်ပေးထားသော်လည်း ပန်းများသည် စင်စစ်အားဖြင့် အပူပိုင်းဒေသ ရေလီလီပန်းများဖြစ်သည်ဟုဆိုကြသည်။ ပန်းပွင့်များသည် ကြာပန်းများနှင့် ဆင်တူသည်။ ကြာပန်း၏ အရွက်များနှင့် အပွင့်များသည် ရေမျက်နှာပြင်အထက် ငွားငွားစွင့်စွင့်နေလေ့ရှိပြီး ရေနှင်းပန်း၏ အရွက်များနှင့် ပန်းများမှာမူ ရေမျက်နှာပြင်ပေါ်တွင် ကပ်လျှက်ပေါ်နေတတ်သည်။ သို့ရာတွင် နောင့်ဟန်ရေကန်ကြီးအတွင်း ရှိသည့်ပန်းများမှာ အပူပိုင်းဒေသ ရေနှင်းပန်းများဖြစ်သည်။ အပူပိုင်းဒေသ ရေနှင်းပန်းများသည် အရွက်များမှာ ရေမျက်နှာပြင်ပေါ်တွင်ပေါ်နေပြီး အပွင့်များမှာမူ ရေပြင်အထက် ၆ လက်မခန့် မြင့်တက်နေလေ့ရှိသည်။

(နောင့်ဟန် ရေကန်)

နောင့်ဟန် ရေကန်သည် အလျား ၈ ကီလိုမီတာ နှင့် အကျယ် ၃ ကီလိုမီတာခန့် ရှိပြီး ငါး၊ ငှက်များနှင့် အပင်မျိုးစုံကို ရှင်သန်ရေးအတွက် အရေးကြီးသော ရေအရင်းအမြစ် တစ်ခုဖြစ်သည်။ နောင့်ဟန်ကန်သည် ဥဒုံသနီပြည်နယ်တွင် နေထိုင်သူများအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည့် အခြားသော ရေလမ်းကြောင်းဖြစ်သည့် လမ်ပေါင် (Lam Pao) မြစ်အတွင်းသို့ စီးဝင်သွားသည်။

(ရေကန်ဒဏ္ဍာရီ)

ထိုင်းနိုင်ငံ အရှေ့မြောက်ဒေသရှိ ဤရေကန်ကြီးတွင် ဒဏ္ဍာရီ အမျိုးမျိုးရှိသည်။ ဇာတ်လမ်းတစ်ပုဒ်မှာ နန်းအိုက်ဟုခေါ်သော မင်းသမီးလေးနှင့် သူ၏ချစ်သူနှစ်ဦးဖြစ်သည့် မင်းသား Phadaeng နှင့် မင်းသား Pangkhee တို့ပါဝင်သည့် ကြေကွဲဖွယ် သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်း ဖြစ်သည်။

ထူးဆန်းသောတိုင်းပြည်များ၊ လူဝင်စားခြင်း၊ ချစ်ခြင်း၊ ငြင်းပယ်ခြင်းနှင့် ကလဲ့စားချေခြင်းတို့ ပါဝင်သည့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။ ပုံပြင်အရ မင်းသား Phadaeng သည် နန်းအိုက်သေဆုံးမှုအတွက် လက်စားချေလိုပြီး ဒဏ္ဍာရီလာ နဂါးတပ်နှင့် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်။ နဂါးတပ်သည် တိုက်ပွဲဖြစ်ပွားရာနေရာကို ရေလွှမ်းစေခဲ့သောကြောင့် နောင့်ဟန်ကန် ဖြစ်ပေါ်လာသည်ဟု ဆို၏။ အဆိုပါ ဇာတ်လမ်းကို ရုပ်ရှင်အဖြစ်လည်း ဖန်တီးထားသည်။ ထိုရုပ်ရှင်ကြောင့်လည်း နောင့်ဟန် ရေကန်မှာ ချစ်သူတို့၏ နယ်မြေသဖွယ်သင်္ကေတတစ်ခုဖြစ်လာကာ ထိုင်းနိုင်ငံသားတို့ လာရောက်လည်ပတ်မှု အလုံးအရင်း ရှိလာသည်။

(ဘယ်အချိန်မှာ လည်ပတ်ဖို့ အကောင်းဆုံးလဲ။)

အကောင်းဆုံးအချိန်မှာ နိုဝင်ဘာလနှောင်းပိုင်းနှင့် ဒီဇင်ဘာလအစောပိုင်းမှသည် ဖေဖော်ဝါရီလအထိ ဖြစ်သည်။ ပန်းကြည့်ရန် အကောင်းဆုံးအချိန်မှာ မနက် ၆ နာရီမှ ၁၁ နာရီဝန်းကျင် နေမပြင်းမီဖြစ်သည်။ နေပြင်းလာချိန်တွင် ပန်းများ ပြန်ငုံသွားလေ့ရှိသည်။

(လှေငှားခြင်း)

ကမ်းစပ်မှနေ၍ ကြာပန်းများကို လှမ်းမမြင်ရချေ။ ကြာပန်းများကို တွေ့မြင်နိုင်ရေးအတွက် လှေတစ်စင်း ငှားရန်လိုသည်။

လှေငှားခမှာ လှေအမျိုးအစားနှင့် ခရီးစဉ်၏ ကြာချိန်ပေါ်မူတည်၍ ကွဲပြားသည်။ လမ်းကြောင်းတိုလျှင် မိနစ် ၆၀ ခန့်ကြာမြင့်ပြီး လမ်းကြောင်းရှည်လျှင် မိနစ် ၉၀ ခန့်ကြာမြင့်သည်။ လမ်းကြောင်းအရှည်မှ သွားရန်အကြံပြုလို ပါသည်။ ပန်းများရှိသည့်နေရာရောက်ရန် အနည်းဆုံး ၁၅ မိနစ်ခန့် အချိန်ယူရပါသည်။

ကြာနီပင်လယ်ရှိ ခရီးသွားအများစုသည် ထိုင်းလူမျိုးများဖြစ်၏။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော အချက်အလက်များ ရှိသော်လည်း နည်းပါးသည်။ လိုအပ်ပါက ရေကန်ရှိဝန်ထမ်းများက ကူညီဆောင်ရွက် ပေးမည် ဖြစ်သည်။

လှေကြီးများတွင် လူ ၈ ဦးအထိ ဆံ့နိုင်ပြီး ပေါင်းမိုးပါသောကြောင့် နေပူသက်သာစေမည်ဖြစ်၏။ ထိုလှေကြီးများတွင် လိုက်ကာများတပ်ဆင်ထားသောကြောင့် နေမထိုးစေရန်အတွက် ကောင်းသော်လည်း ပန်းများကြည့်ရန်အတွက်မူ မကောင်းချေ။

လှေကြီးများ၏ ငှားခမှာ လမ်းကြောင်းတိုအတွက် ဘတ် ၃၀၀ နှင့် လမ်းကြောင်းရှည်အတွက် ဘတ် ၅၀၀ ဖြစ်သည်။ ယင်းမှာ လှေတစ်စင်းလုံးအတွက်ဖြစ်ပြီး စုစုပေါင်းကုန်ကျစရိတ်ကို ခရီးသည်အရေအတွက်ကြား မျှဝေကျခံရန် ဖြစ်၏။

လှေငယ်များလည်း ရရှိနိုင်ပြီး တစ်ကိုယ်တော် (သို့မဟုတ်) စုံတွဲများအတွက် အကောင်းဆုံးဖြစ်သည်။ လှေငယ်ငှားခမှာ လမ်းကြောင်းတိုအတွက် တစ်ဦးလျှင် ဘတ် ၁၀၀ နှင့် လမ်းကြောင်းရှည်အတွက် တစ်ဦးလျှင် ဘတ် ၁၅၀ ဖြစ်သည်။

ကန်အတွင်းရှိ ပန်းများအကြား လှေများဖြတ်ရန် ဖောက်ထားသည့်လမ်းကြောင်းများရှိပြီး ဓာတ်ပုံရိုက်လေ့ ရှိသည့် သတ်မှတ်နေရာများတွင် လှေသမားသည် အင်ဂျင်ကိုပိတ်ကာ ဓာတ်ပုံရိုက်ရန် ရပ်တန့်ပေးပါသည်။ လှေငယ်များသည် ပန်းတောထဲသို့ ပို၍သွားနိုင်သည့် အားသာချက်ရှိသည်။ ရေကန်မှာ တိမ်ပြီး နေရာအများစုတွင် အနက် နှစ်ပေ (သို့မဟုတ်) သုံးပေ သာရှိသည်။ ရေမနက်သော်လည်း လှေများတွင် အသက်ကယ်အင်္ကျီများ ဆောင်ထားကာ သင့်အားတစ်စုံ ဝတ်ဆင်ထားခိုင်းလိမ့်မည် ဖြစ်သည်။

(ရေကန်ကို သွားလည်ဖို့ ထိုက်တန်သလား)

သန်းပေါင်းများစွာသော ကြာပန်းများအကြား ငှက်တို့၏ တေးဆိုသံမှလွဲ၍ မည်သည့်အသံဗလံမှ မကြားရဘဲ ချစ်ရသူနှင့်နှစ်ဦးတည်း တိတ်ဆိတ်အေးချမ်းစွာ အပန်းဖြေမည်ဟူသော အတွေးကိုကား တွေးမထားသင့်။

နောင့်ဟန်ကန်သည် ဆွဲဆောင်မှုရှိပြီး ကျေးငှက်သာရကာတို့ များစွာတွေ့ရမည်ဖြစ်သော်လည်း အေးချမ်းဆိတ်ငြိမ်မှုကား မရှိချေ။

စက်လှေတို့၏ စက်သံများမှာ လွန်စွာဆူညံလှပြီး ရုံးပိတ်ရက်များနှင့် ထိုင်းအားလပ်ရက်များဆိုလျှင် ကန်အတွင်း လူသူအလွန်ရှုပ်လှသည်။

သို့ကြောင့် စိတ်ချမ်းမြေ့စွာ လည်ပတ်လိုပါက ရုံးဖွင့်ရက်များတွင်သာ သွားသင့်သည်။ ကမ်းစပ်တွင် ကော်ဖီဆိုင်များ၊ အစားအသောက်ဆိုင်များ၊ အမှတ်တရပစ္စည်းရောင်းချသူများနှင့် အိမ်သာများ ရှိသည်။

(ကြာနီကန်ကို ဘယ်လိုသွားရမလဲ)

ကြာနီပင်လယ် (Nong Han Lake Kumphawapi) သည် ဥဒုံသနီမြို့၏ အရှေ့တောင်ဘက် ၄၀ ကီလိုမီတာခန့်အကွာတွင် တည်ရှိသည် ။ လှေများသည် ကန်၏ မြောက်ဘက်ခြမ်းရှိ Ban Diam တွင်ရှိသည်။

အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်ဖြင့် ဥဒုံသနီမြို့လယ်မှ ကြာနီကန်သို့ သွားနိုင်သော်လည်း အဆင့်ဆင့်သွားရမည့်အပြင် အချိန်လည်း ကုန်သည်။

ကြာနီပင်လယ်သို့သွားရန် အကောင်းဆုံးနည်းလမ်းမှာ ကားငှားပြီး ကိုယ်တိုင်မောင်းခြင်း၊ အငှားယာဉ်ငှားရမ်းခြင်း၊ ဘုရားဖူးခရီးများကဲ့သို့သော အလည်အပတ်ခရီးစဉ်များတွင် လိုက်ပါခြင်းများမှာ အကောင်းဆုံးဖြစ်သည်။

အကယ်၍ သင်သည် ဥဒုံသနီတွင် ညအိပ်ညနေ တည်းခိုမည်ဆိုပါက ကြာနီပင်လယ်သို့ လည်ပတ်ရန် ဟိုတယ်က သင့်အတွက် စီစဉ်ပေးနိုင်သည်။ သို့မဟုတ်ပါကလည်း သင့်အား ကူညီပေးနိုင်သူနှင့် ဆက်သွယ်ပေးလိမ့်မည် ဖြစ်သည်။

(ကား သို့မဟုတ် ဆိုင်ကယ်ငှားခြင်း)

ဥဒုံသနီ လေဆိပ်မှဖြစ်စေ မြို့တွင်း၌ဖြစ်စေ ကား (သို့မဟုတ်) ဆိုင်ကယ်ကို ငှားရမ်းနိုင်သည် ။ ကားငှားမည်ဆိုပါက နိုင်ငံတကာ ယာဉ်မောင်းလိုင်စင် ရှိသင့်သည်။

(တက္ကစီ)

ဥဒုံသနီမြို့လယ်မှ ကြာနီပင်လယ်သို့ အငှားယာဉ်ငှားရမ်းမည်ဆိုလျှင် ဘတ် ၁၅၀၀ ဝန်းကျင် ပေးရမည်ဖြစ်သည်။ မြို့လယ်မှ ကြာနီကန်သို့ မိနစ် ၄၀ မောင်းရသည်။

 

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: VISITING THE RED LOTUS LAKE, UDON THANI (thaizer)

 

 

 

[Zawgyi]

ခ်စ္သူတို႔၏ နယ္ေျမ (သို႔မဟုတ္) ထိုင္းႏိုင္ငံက ေမွ်ာ္မဆံုးေသာၾကာနီပင္လယ္

 

(ၾကာနီကန္သို႔ သြားေရာက္လည္ပတ္ျခင္း)

ေလွသမားက ေလွကို ကမ္းစပ္ဆီသို႔ ျဖည္းညႇင္းစြာ ကပ္လိုက္ခ်ိန္တြင္ နံနက္ခင္းေနက ေရျပင္ေပၚတြင္ တဖ်တ္ဖ်တ္လက္ေန၏။ ေလွေပၚတက္ၿပီး ေနာင့္ဟန္ (Nong Han) ေရကန္ၾကီး၏ အလယ္ဆီသို႔ မိနစ္ႏွစ္ဆယ္ခန္႔ ထြက္လာျပီးေနာက္တြင္ကား ျမင္ကြင္းမွာ ေျပာင္းလဲသြားေတာ့သည္။

ယခုမွပင္ နာမည္ႏွင့္ကိုက္ညီသြားေတာ့၏။ ကန္၏နာမည္မွာ Talay Bua Daeng -“ၾကာနီပင္လယ္” မဟုတ္ပါေလာ။ ထိုင္းႏိုင္ငံ အေရွ႕ေျမာက္ပိုင္း ဥဒုံသနီ( Udon Thani) ျပည္နယ္ရွိ ဆိတ္ၿငိမ္ေသာခ႐ိုင္တြင္ တည္ရွိေသာ ေရကန္သည္ ေအးျမေသာဥတုကာလမ်ားတြင္ ေရျပင္တစ္ခုလံုး ေရႏွင္းပန္းမ်ားျဖင့္ ပန္းေရာင္ေကာ္ေဇာၾကီး ျဖန္႔ခင္းထားသည့္သဖြယ္ အလြန္သာယာၾကည္ႏူးဖြယ္ ေကာင္းလွေသာေၾကာင့္လည္း ကမၻာလွည့္ခရီးသည္မ်ားကုိ ဆြဲေဆာင္ထားႏိုင္ျခင္းျဖစ္သည္။

(ၾကာပန္းလား ႏွင္းပန္းလား)

ေနာင္႔ဟန္ေရကန္ၾကီး (Nong Han Lake) ကို ၾကာနီပင္လယ္ ( Red Lotus Sea )သို႔မဟုတ္ ၾကာနီကန္ (Red Lotus Lake) ဟု ခ်စ္စႏိုးအမည္ေပးထားေသာ္လည္း ပန္းမ်ားသည္ စင္စစ္အားျဖင့္ အပူပိုင္းေဒသ ေရလီလီပန္းမ်ားျဖစ္သည္ဟုဆိုၾကသည္။ ပန္းပြင့္မ်ားသည္ ၾကာပန္းမ်ားႏွင့္ ဆင္တူသည္။ ၾကာပန္း၏ အ႐ြက္မ်ားႏွင့္ အပြင့္မ်ားသည္ ေရမ်က္ႏွာျပင္အထက္ ငြားငြားစြင့္စြင့္ေနေလ့ရွိၿပီး ေရႏွင္းပန္း၏ အ႐ြက္မ်ားႏွင့္ ပန္းမ်ားမွာမူ ေရမ်က္ႏွာျပင္ေပၚတြင္ ကပ္လွ်က္ေပၚေနတတ္သည္။ သို႔ရာတြင္ ေနာင့္ဟန္ေရကန္ၾကီးအတြင္း ရွိသည့္ပန္းမ်ားမွာ အပူပိုင္းေဒသ ေရႏွင္းပန္းမ်ားျဖစ္သည္။ အပူပိုင္းေဒသ ေရႏွင္းပန္းမ်ားသည္ အ႐ြက္မ်ားမွာ ေရမ်က္ႏွာျပင္ေပၚတြင္ေပၚေနၿပီး အပြင့္မ်ားမွာမူ ေရျပင္အထက္ ၆ လက္မခန႔္ ျမင့္တက္ေနေလ့ရွိသည္။

(ေနာင့္ဟန္ ေရကန္)

ေနာင့္ဟန္ ေရကန္သည္ အလ်ား ၈ ကီလိုမီတာ ႏွင့္ အက်ယ္ ၃ ကီလိုမီတာခန႔္ ရွိျပီး ငါး၊ ငွက္မ်ားႏွင့္ အပင္မ်ိဳးစုံကို ရွင္သန္ေရးအတြက္ အေရးႀကီးေသာ ေရအရင္းအျမစ္ တစ္ခုျဖစ္သည္။ ေနာင့္ဟန္ကန္သည္ ဥဒံုသနီျပည္နယ္တြင္ ေနထိုင္သူမ်ားအတြက္ အေရးပါေသာ အခန္းက႑မွ ပါ၀င္သည့္ အျခားေသာ ေရလမ္းေၾကာင္းျဖစ္သည့္ လမ္ေပါင္ (Lam Pao) ျမစ္အတြင္းသို႔ စီးဝင္သြားသည္။

(ေရကန္ဒ႑ာရီ)

ထိုင္းႏိုင္ငံ အေရွ႕ေျမာက္ေဒသရွိ ဤေရကန္ၾကီးတြင္ ဒ႑ာရီ အမ်ဳိးမ်ဳိးရွိသည္။ ဇာတ္လမ္းတစ္ပုဒ္မွာ နန္းအိုက္ဟုေခၚေသာ မင္းသမီးေလးႏွင့္ သူ၏ခ်စ္သူႏွစ္ဦးျဖစ္သည့္ မင္းသား Phadaeng ႏွင့္ မင္းသား Pangkhee တို႔ပါဝင္သည့္ ေၾကကြဲဖြယ္ သံုးပြင့္ဆိုင္အခ်စ္ဇာတ္လမ္း ျဖစ္သည္။

ထူးဆန္းေသာတိုင္းျပည္မ်ား၊ လူဝင္စားျခင္း၊ ခ်စ္ျခင္း၊ ျငင္းပယ္ျခင္းႏွင့္ ကလဲ့စားေခ်ျခင္းတို႔ ပါ၀င္သည့္ ဇာတ္လမ္းတစ္ပုဒ္ျဖစ္သည္။ ပုံျပင္အရ မင္းသား Phadaeng သည္ နန္းအိုက္ေသဆုံးမႈအတြက္ လက္စားေခ်လိုၿပီး ဒ႑ာရီလာ နဂါးတပ္ႏွင့္ ျပင္းထန္ေသာ တိုက္ပြဲတစ္ခု ျဖစ္ပြားခဲ့သည္။ နဂါးတပ္သည္ တိုက္ပြဲျဖစ္ပြားရာေနရာကို ေရလႊမ္းေစခဲ့ေသာေၾကာင့္ ေနာင့္ဟန္ကန္ ျဖစ္ေပၚလာသည္ဟု ဆို၏။ အဆုိပါ ဇာတ္လမ္းကို ႐ုပ္ရွင္အျဖစ္လည္း ဖန္တီးထားသည္။ ထိုရုပ္ရွင္ေၾကာင့္လည္း ေနာင့္ဟန္ ေရကန္မွာ ခ်စ္သူတို႔၏ နယ္ေျမသဖြယ္သေကၤတတစ္ခုျဖစ္လာကာ ထိုင္းႏုိင္ငံသားတို႔ လာေရာက္လည္ပတ္မႈ အလံုးအရင္း ရွိလာသည္။

(ဘယ္အခ်ိန္မွာ လည္ပတ္ဖို႔ အေကာင္းဆုံးလဲ။)

အေကာင္းဆုံးအခ်ိန္မွာ ႏိုဝင္ဘာလေႏွာင္းပိုင္းႏွင့္ ဒီဇင္ဘာလအေစာပိုင္းမွသည္ ေဖေဖာ္ဝါရီလအထိ ျဖစ္သည္။ ပန္းၾကည့္ရန္ အေကာင္းဆုံးအခ်ိန္မွာ မနက္ ၆ နာရီမွ ၁၁ နာရီဝန္းက်င္ ေနမျပင္းမီျဖစ္သည္။ ေနျပင္းလာခ်ိန္တြင္ ပန္းမ်ား ျပန္ငံုသြားေလ့ရွိသည္။

(ေလွငွားျခင္း)

ကမ္းစပ္မွေန၍ ၾကာပန္းမ်ားကို လွမ္းမျမင္ရေခ်။ ၾကာပန္းမ်ားကို ေတြ႔ျမင္နုိင္ေရးအတြက္ ေလွတစ္စင္း ငွားရန္လိုသည္။

ေလွငွားခမွာ ေလွအမ်ိဳးအစားႏွင့္ ခရီးစဥ္၏ ၾကာခ်ိန္ေပၚမူတည္၍ ကြဲျပားသည္။ လမ္းေၾကာင္းတိုလွ်င္ မိနစ္ ၆၀ ခန႔္ၾကာျမင့္ၿပီး လမ္းေၾကာင္းရွည္လွ်င္ မိနစ္ ၉၀ ခန႔္ၾကာျမင့္သည္။ လမ္းေၾကာင္းအရွည္မွ သြားရန္အၾကံျပဳလို ပါသည္။ ပန္းမ်ားရွိသည့္ေနရာေရာက္ရန္ အနည္းဆုံး ၁၅ မိနစ္ခန္႔ အခ်ိန္ယူရပါသည္။

ၾကာနီပင္လယ္ရွိ ခရီးသြားအမ်ားစုသည္ ထိုင္းလူမ်ိဳးမ်ားျဖစ္၏။ အဂၤလိပ္ဘာသာျဖင့္ ေရးသားထားေသာ အခ်က္အလက္မ်ား ရွိေသာ္လည္း နည္းပါးသည္။ လိုအပ္ပါက ေရကန္ရွိဝန္ထမ္းမ်ားက ကူညီေဆာင္႐ြက္ ေပးမည္ ျဖစ္သည္။

ေလွၾကီးမ်ားတြင္ လူ ၈ ဦးအထိ ဆံ့ႏိုင္ၿပီး ေပါင္းမိုးပါေသာေၾကာင့္ ေနပူသက္သာေစမည္ျဖစ္၏။ ထိုေလွၾကီးမ်ားတြင္ လိုက္ကာမ်ားတပ္ဆင္ထားေသာေၾကာင့္ ေနမထိုးေစရန္အတြက္ ေကာင္းေသာ္လည္း ပန္းမ်ားၾကည့္ရန္အတြက္မူ မေကာင္းေခ်။

ေလွၾကီးမ်ား၏ ငွားခမွာ လမ္းေၾကာင္းတိုအတြက္ ဘတ္ ၃၀၀ ႏွင့္ လမ္းေၾကာင္းရွည္အတြက္ ဘတ္ ၅၀၀ ျဖစ္သည္။ ယင္းမွာ ေလွတစ္စင္းလုံးအတြက္ျဖစ္ၿပီး စုစုေပါင္းကုန္က်စရိတ္ကို ခရီးသည္အေရအတြက္ၾကား မွ်ေဝက်ခံရန္ ျဖစ္၏။

ေလွငယ္မ်ားလည္း ရရွိႏိုင္ၿပီး တစ္ကိုယ္ေတာ္ (သို႔မဟုတ္) စုံတြဲမ်ားအတြက္ အေကာင္းဆုံးျဖစ္သည္။ ေလွငယ္ငွားခမွာ လမ္းေၾကာင္းတိုအတြက္ တစ္ဦးလွ်င္ ဘတ္ ၁၀၀ ႏွင့္ လမ္းေၾကာင္းရွည္အတြက္ တစ္ဦးလွ်င္ ဘတ္ ၁၅၀ ျဖစ္သည္။

ကန္အတြင္းရွိ ပန္းမ်ားအၾကား ေလွမ်ားျဖတ္ရန္ ေဖာက္ထားသည့္လမ္းေၾကာင္းမ်ားရွိၿပီး ဓာတ္ပံုရိုက္ေလ့ ရွိသည့္ သတ္မွတ္ေနရာမ်ားတြင္ ေလွသမားသည္ အင္ဂ်င္ကိုပိတ္ကာ ဓာတ္ပုံ႐ိုက္ရန္ ရပ္တန္႔ေပးပါသည္။ ေလွငယ္မ်ားသည္ ပန္းေတာထဲသို႔ ပို၍သြားႏိုင္သည့္ အားသာခ်က္ရွိသည္။ ေရကန္မွာ တိမ္ၿပီး ေနရာအမ်ားစုတြင္ အနက္ ႏွစ္ေပ (သို႔မဟုတ္) သုံးေပ သာရွိသည္။ ေရမနက္ေသာ္လည္း ေလွမ်ားတြင္ အသက္ကယ္အက်ႌမ်ား ေဆာင္ထားကာ သင့္အားတစ္စုံ ဝတ္ဆင္ထားခိုင္းလိမ့္မည္ ျဖစ္သည္။

(ေရကန္ကို သြားလည္ဖို႔ ထိုက္တန္သလား)

သန္းေပါင္းမ်ားစြာေသာ ၾကာပန္းမ်ားအၾကား ငွက္တို႔၏ ေတးဆိုသံမွလြဲ၍ မည္သည့္အသံဗလံမွ မၾကားရဘဲ ခ်စ္ရသူႏွင့္ႏွစ္ဦးတည္း တိတ္ဆိတ္ေအးခ်မ္းစြာ အပန္းေျဖမည္ဟူေသာ အေတြးကိုကား ေတြးမထားသင့္။

ေနာင့္ဟန္ကန္သည္ ဆြဲေဆာင္မႈရွိၿပီး ေက်းငွက္သာရကာတို႔ မ်ားစြာေတြ႔ရမည္ျဖစ္ေသာ္လည္း ေအးခ်မ္းဆိတ္ျငိမ္မႈကား မရွိေခ်။

စက္ေလွတို႔၏ စက္သံမ်ားမွာ လြန္စြာဆူညံလွျပီး ရံုးပိတ္ရက္မ်ားႏွင့္ ထိုင္းအားလပ္ရက္မ်ားဆိုလွ်င္ ကန္အတြင္း လူသူအလြန္ရႈပ္လွသည္။

သို႔ေၾကာင့္ စိတ္ခ်မ္းေျမ႕စြာ လည္ပတ္လိုပါက ရံုးဖြင့္ရက္မ်ားတြင္သာ သြားသင့္သည္။ ကမ္းစပ္တြင္ ေကာ္ဖီဆိုင္မ်ား၊ အစားအေသာက္ဆိုင္မ်ား၊ အမွတ္တရပစၥည္းေရာင္းခ်သူမ်ားႏွင့္ အိမ္သာမ်ား ရွိသည္။

(ၾကာနီကန္ကို ဘယ္လိုသြားရမလဲ)

ၾကာနီပင္လယ္ (Nong Han Lake Kumphawapi) သည္ ဥဒံုသနီၿမိဳ႕၏ အေရွ႕ေတာင္ဘက္ ၄၀ ကီလိုမီတာခန႔္အကြာတြင္ တည္ရွိသည္ ။ ေလွမ်ားသည္ ကန္၏ ေျမာက္ဘက္ျခမ္းရွိ Ban Diam တြင္ရွိသည္။

အမ်ားျပည္သူသံုး သယ္ယူပို႔ေဆာင္ေရးစနစ္ျဖင့္ ဥဒံုသနီျမိဳ႕လယ္မွ ၾကာနီကန္သို႔ သြားႏိုင္ေသာ္လည္း အဆင့္ဆင့္သြားရမည့္အျပင္ အခ်ိန္လည္း ကုန္သည္။

ၾကာနီပင္လယ္သို႔သြားရန္ အေကာင္းဆံုးနည္းလမ္းမွာ ကားငွားျပီး ကိုယ္တိုင္ေမာင္းျခင္း၊ အငွားယာဥ္ငွားရမ္းျခင္း၊ ဘုရားဖူးခရီးမ်ားကဲ့သို႔ေသာ အလည္အပတ္ခရီးစဥ္မ်ားတြင္ လိုက္ပါျခင္းမ်ားမွာ အေကာင္းဆံုးျဖစ္သည္။

အကယ္၍ သင္သည္ ဥဒံုသနီတြင္ ညအိပ္ညေန တည္းခိုမည္ဆိုပါက ၾကာနီပင္လယ္သို႔ လည္ပတ္ရန္ ဟိုတယ္က သင့္အတြက္ စီစဥ္ေပးႏိုင္သည္။ သို႔မဟုတ္ပါကလည္း သင့္အား ကူညီေပးႏိုင္သူႏွင့္ ဆက္သြယ္ေပးလိမ့္မည္ ျဖစ္သည္။

(ကား သို႔မဟုတ္ ဆိုင္ကယ္ငွားျခင္း)

ဥဒံုသနီ ေလဆိပ္မွျဖစ္ေစ ၿမိဳ႕တြင္း၌ျဖစ္ေစ ကား (သို႔မဟုတ္) ဆိုင္ကယ္ကို ငွားရမ္းႏိုင္သည္ ။ ကားငွားမည္ဆိုပါက ႏိုင္ငံတကာ ယာဥ္ေမာင္းလိုင္စင္ ရွိသင့္သည္။

(တကၠစီ)

ဥဒံုသနီျမိဳ႕လယ္မွ ၾကာနီပင္လယ္သို႔ အငွားယာဥ္ငွားရမ္းမည္ဆိုလွ်င္ ဘတ္ ၁၅၀၀ ဝန္းက်င္ ေပးရမည္ျဖစ္သည္။ ျမိဳ႕လယ္မွ ၾကာနီကန္သို႔ မိနစ္ ၄၀ ေမာင္းရသည္။

 

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: VISITING THE RED LOTUS LAKE, UDON THANI (thaizer)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
mya-villa
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service