အင်္ဂလန်တွင် အိပ်ခန်း ၂ ခန်းပါ နေအိမ်တစ်လုံး ပေါင် ၁၀၀၀ ဖြင့် လေလံတင်ရောင်းချမည်

အင်္ဂလန်တွင် အိပ်ခန်း ၂ ခန်းပါ နေအိမ်တစ်လုံး ပေါင် ၁၀၀၀ ဖြင့် လေလံတင်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
9 Sep 2022 11:05 am တွင် တင်ခဲ့သည်
994 ကြိမ် ကြည့်ရှု့ပြီး

ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော် (iMyanmarHouse.com)

[Unicode]

အင်္ဂလန်နိုင်ငံတွင် မီးဘေးသင့်ခဲ့သောကြောင့် အမိုးနှင့် ပြတင်းပေါက်များ မရှိတော့သော အိပ်ခန်း ၂ ခန်းပါ နေအိမ်တစ်လုံးကို ပေါင် ၁၀၀၀ (မြန်မာကျပ်ငွေ ၂၄ သိန်းကျော်) ကြမ်းခင်းဈေးဖြင့် လေလံတင်ရောင်းချရန် ရှိနေသည်။

(မှတ်ချက် -မြန်မာကျပ်ငွေ ၂၄ သိန်းဆိုသည်မှာ စက်တင်ဘာလ ၈ ရက် သတ်မှတ်ငွေလဲနှုန်းဖြစ်သော ဗြိတိန် ၁ ပေါင်လျှင် မြန်မာကျပ်ငွေ ၂၄၂၆ ကျပ်ဖြင့် တွက်ချက်ထားခြင်းသာဖြစ်ပြီး မြေပြင်တွင် ကွာခြားနိုင်ပါသည်)

တည်နေရာမှာ အင်္ဂလန်နိုင်ငံ၊ အရှေ့ယော့ခ်ရှိုင်းယားပြည်နယ်ရှိ ဆိပ်ကမ်းမြို့ကလေးဖြစ်သော Hull မြို့၏ အနောက်ပိုင်းတွင် ဖြစ်သည်။

နေအိမ်မှာ အကြီးစားပြုပြင်မွမ်းမံမှုများ ပြုလုပ်ရန်လိုအပ်နေပြီး ဆိုးဆိုးရွားရွားမီးဘေးသင့်ထားသောကြောင့် နေအိမ်အတွင်း အပျက်အစီးများဖြင့် ပြည့်နှက်နေရာ ဝယ်လက်များအနေဖြင့် အပြင်မှသာ ကြည့်ရှုနိုင်မည် ဖြစ်သည်။

ဈေးကွက်တင်ဓာတ်ပုံများတွင် တွေ့မြင်ရမှုအရ မီးလောင်သွားသောပြတင်းများမှာ မှန်ချပ်များ မရှိတော့။ ထို့အပြင် ခေါင်မိုးလည်းမရှိတော့ကာ အရှေ့တံခါးဆီမှ အုတ်လက်ရာတို့မှာ မီးသင့်ကာ မည်းနက်နေသည်။

(ပေါင် ၁၀၀၀ မျှဖြင့် လေလံတင်မည့် အိပ်ခန်း ၂ ခန်းပါနေအိမ်)

ယင်းအဆောက်အအုံအား လက်ရှိပိုင်ဆိုင်သည်မှာ ဟူးလ်စီးတီး မြို့ကောင်စီမှဖြစ်ပြီး ဈေးကွက်တင်ပေးမည်မှာ လန်ဒန်အခြေစိုက်လေလံကုမ္ပဏီဖြစ်သော McHugh & Co. ဖြစ်သည်။

Folkestone လမ်းပေါ်တွင် တည်ရှိပြီး အောက်ထပ်တွင် ဧည့်ခန်း၊ မီးဖိုဆောင်၊ ရေချိုးခန်းတို့ဖြင့် ဖွဲ့စည်းထားသည်။

သို့သော် မီးသင့်ထားမှုကြောင့် မည်သည့်အသုံးအဆောင် ပရိဘောဂပစ္စည်းမှ မရှိချေ။

 

(နေအိမ်မှာ အလုံးစုံပြုပြင်မှုများလုပ်ရန် လိုအပ်နေပြီး အတွင်းပိုင်းမှာ မီးသင့်ထားသောကြောင့် ဝယ်လက်များအနေဖြင့် အပြင်မှသာ ကြည့်ရှုနိုင်မည်ဖြစ်သည်)

(မီးမလောင်မီက………)

ပထမထပ်တွင် အတော်အတန်ကျယ်ဝန်းသော အိပ်ခန်း ၂ ခန်းရှိသည်။

အိမ်နောက်ဘက်တွင် ပန်းဥယျာဉ်တစ်ခုလည်းရှိသည်။ ဒေသတွင်း စိမ်းလန်းစိုပြေသောနေရာများနှင့် နီးကပ်စွာ တည်ရှိပြီး Asda နှင့် Lidl စူပါမာ့ကက်များသို့ လမ်းလျှောက်သွားရုံဖြင့် ရောက်သည်။

မြို့လယ်နှင့် ဟူးလ်ရထားဘူတာရုံတို့သို့ တစ်မိုင်ကျော်သာ ဝေးသည်။

ယခုနေအိမ်ကို ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်းက အရောင်းအဝယ်ဖြစ်ခဲ့ဖူးပြီး ထိုစဉ်က ပေါက်ဈေးမှာ ပေါင် ၅၁၅၀၀ ဖြစ်သည်။

ယခုအခါတွင်မူ themovemarket.com ၏ အချက်

အလက်များအရ ပေါင် ၆၂၀၀၀ ခန့် တန်ကြေးရှိကြောင်း တွက်ချက်ထားသည်။

(နေအိမ်၏ ရွှေရောင်နေ့ရက်များက…လက်ရှိတွင်မူ မည်သည့်အသုံးအဆောင်ပရိဘောဂမှ မရှိတော့)

(ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြချက်အရ မီးဘေးသင့်မှုကြောင့် အလုံးစုံပြုပြင်မှုများ လိုအပ်ကြောင်း ဖော်ပြထားသည်)

(ယခင်က ပေါင် ၅၁၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ဖူး)

ဤအဆောက်အအုံကို ပြန်လည်ပြုပြင်ရန် အချိန်၊ လုပ်အားနှင့် ငွေများစွာ လိုအပ်မည်ဖြစ်သည်။

နေအိမ်အတွင်းပိုင်း၏ လက်ရှိအခြေအနေဓာတ်ပုံများ မတွေ့ရသောကြောင့် အတွင်းတွင် ထိခိုက်ပျက်စီးမှု အတိုင်းအတာ မည်မျှရှိသည်ကိုလည်း မသိနိုင်ချေ။

McHugh & Co မှ လာမည့် စက်တင်ဘာလ ၁၅ ရက်တွင် အွန်လိုင်းမှတဆင့် လေလံတင်ရန် စီစဉ်ထားသည်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Yours for just £1,000 (but needs a bit of doing up) (dailymail)

 

 

 

 

[Zawgyi]

အဂၤလန္တြင္ အိပ္ခန္း ၂ ခန္းပါ ေနအိမ္တစ္လံုး ေပါင္ ၁၀၀၀ ျဖင့္ ေလလံတင္ေရာင္းခ်မည္

 

အဂၤလန္ႏိုင္ငံတြင္ မီးေဘးသင့္ခဲ့ေသာေၾကာင့္ အမုိးႏွင့္ ျပတင္းေပါက္မ်ား မရိွေတာ့ေသာ အိပ္ခန္း ၂ ခန္းပါ ေနအိမ္တစ္လံုးကို ေပါင္ ၁၀၀၀ (ျမန္မာက်ပ္ေငြ ၂၄ သိန္းေက်ာ္) ၾကမ္းခင္းေစ်းျဖင့္ ေလလံတင္ေရာင္းခ်ရန္ ရွိေနသည္။

(မွတ္ခ်က္ -ျမန္မာက်ပ္ေငြ ၂၄ သိန္းဆိုသည္မွာ စက္တင္ဘာလ ၈ ရက္ သတ္မွတ္ေငြလဲႏႈန္းျဖစ္ေသာ ျဗိတိန္ ၁ ေပါင္လွ်င္ ျမန္မာက်ပ္ေငြ ၂၄၂၆ က်ပ္ျဖင့္ တြက္ခ်က္ထားျခင္းသာျဖစ္ျပီး ေျမျပင္တြင္ ကြာျခားႏိုင္ပါသည္)

တည္ေနရာမွာ အဂၤလန္ႏိုင္ငံ၊ အေရွ႕ေယာ့ခ္ရႈိင္းယားျပည္နယ္ရွိ ဆိပ္ကမ္းျမိဳ႕ကေလးျဖစ္ေသာ Hull ျမိဳ႕၏ အေနာက္ပိုင္းတြင္ ျဖစ္သည္။

ေနအိမ္မွာ အၾကီးစားျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ရန္လိုအပ္ေနျပီး ဆိုးဆိုးရြားရြားမီးေဘးသင့္ထားေသာေၾကာင့္ ေနအိမ္အတြင္း အပ်က္အစီးမ်ားျဖင့္ ျပည့္ႏွက္ေနရာ ဝယ္လက္မ်ားအေနျဖင့္ အျပင္မွသာ ၾကည့္ရႈႏိုင္မည္ ျဖစ္သည္။

ေစ်းကြက္တင္ဓာတ္ပံုမ်ားတြင္ ေတြ႔ျမင္ရမႈအရ မီးေလာင္သြားေသာျပတင္းမ်ားမွာ မွန္ခ်ပ္မ်ား မရွိေတာ့။ ထို႔အျပင္ ေခါင္မိုးလည္းမရွိေတာ့ကာ အေရွ႕တံခါးဆီမွ အုတ္လက္ရာတို႔မွာ မီးသင့္ကာ မည္းနက္ေနသည္။

(ေပါင္ ၁၀၀၀ မွ်ျဖင့္ ေလလံတင္မည့္ အိပ္ခန္း ၂ ခန္းပါေနအိမ္)

ယင္းအေဆာက္အအံုအား လက္ရွိပိုင္ဆိုင္သည္မွာ ဟူးလ္စီးတီး ျမိဳ႕ေကာင္စီမွျဖစ္ျပီး ေစ်းကြက္တင္ေပးမည္မွာ လန္ဒန္အေျခစိုက္ေလလံကုမၸဏီျဖစ္ေသာ McHugh & Co. ျဖစ္သည္။

Folkestone လမ္းေပၚတြင္ တည္ရွိျပီး ေအာက္ထပ္တြင္ ဧည့္ခန္း၊ မီးဖိုေဆာင္၊ ေရခ်ဳိးခန္းတို႔ျဖင့္ ဖြဲ႔စည္းထားသည္။

သို႔ေသာ္ မီးသင့္ထားမႈေၾကာင့္ မည္သည့္အသံုးအေဆာင္ ပရိေဘာဂပစၥည္းမွ မရွိေခ်။ (ေနအိမ္မွာ အလံုးစံုျပဳျပင္မႈမ်ားလုပ္ရန္ လိုအပ္ေနျပီး အတြင္းပိုင္းမွာ မီးသင့္ထားေသာေၾကာင့္ ဝယ္လက္မ်ားအေနျဖင့္ အျပင္မွသာ ၾကည့္ရႈႏိုင္မည္ျဖစ္သည္)

(မီးမေလာင္မီက………)

ပထမထပ္တြင္ အေတာ္အတန္က်ယ္ဝန္းေသာ အိပ္ခန္း ၂ ခန္းရွိသည္။

အိမ္ေနာက္ဘက္တြင္ ပန္းဥယ်ာဥ္တစ္ခုလည္းရွိသည္။ ေဒသတြင္း စိမ္းလန္းစိုေျပေသာေနရာမ်ားႏွင့္ နီးကပ္စြာ တည္ရွိျပီး Asda ႏွင့္ Lidl စူပါမာ့ကက္မ်ားသို႔ လမ္းေလွ်ာက္သြားရံုျဖင့္ ေရာက္သည္။

ျမိဳ႕လယ္ႏွင့္ ဟူးလ္ရထားဘူတာရံုတို႔သို႔ တစ္မိုင္ေက်ာ္သာ ေဝးသည္။

ယခုေနအိမ္ကို ၂၀၁၉ ခုႏွစ္၊ ဧျပီလအတြင္းက အေရာင္းအဝယ္ျဖစ္ခဲ့ဖူးျပီး ထိုစဥ္က ေပါက္ေစ်းမွာ ေပါင္ ၅၁၅၀၀ ျဖစ္သည္။

ယခုအခါတြင္မူ themovemarket.com ၏ အခ်က္အလက္မ်ားအရ ေပါင္ ၆၂၀၀၀ ခန္႔ တန္ေၾကးရွိေၾကာင္း တြက္ခ်က္ထားသည္။

(ေနအိမ္၏ ေရႊေရာင္ေန႔ရက္မ်ားက…လက္ရွိိတြင္မူ မည္သည့္အသံုးအေဆာင္ပရိေဘာဂမွ မရွိေတာ့)

(ေစ်းကြက္တင္မွတ္တမ္းတြင္ ေဖာ္ျပခ်က္အရ မီးေဘးသင့္မႈေၾကာင့္ အလံုးစံုျပဳျပင္မႈမ်ား လိုအပ္ေၾကာင္း ေဖာ္ျပထားသည္)

(ယခင္က ေပါင္ ၅၁၅၀၀ ျဖင့္ အေရာင္းအဝယ္ျဖစ္ခဲ့ဖူး)

ဤအေဆာက္အအံုကို ျပန္လည္ျပဳျပင္ရန္ အခ်ိန္၊ လုပ္အားႏွင့္ ေငြမ်ားစြာ လိုအပ္မည္ျဖစ္သည္။

ေနအိမ္အတြင္းပိုင္း၏ လက္ရွိအေျခအေနဓာတ္ပံုမ်ား မေတြ႔ရေသာေၾကာင့္ အတြင္းတြင္ ထိခုိက္ပ်က္စီးမႈ အတိုင္းအတာ မည္မွ်ရွိသည္ကိုလည္း မသိႏိုင္ေခ်။

McHugh & Co မွ လာမည့္ စက္တင္ဘာလ ၁၅ ရက္တြင္ အြန္လိုင္းမွတဆင့္ ေလလံတင္ရန္ စီစဥ္ထားသည္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Yours for just £1,000 (but needs a bit of doing up) (dailymail)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလန်းစား Decoration များနှင့် အလှဆင်ထားတဲ့ Bar များ စုစည်းမှု
အလန်းစား Decoration များနှင့် အလှဆင်ထားတဲ့ Bar များ စုစည်းမှု
တိတ်ဆိတ်လှပတဲ့ ရွာငယ်လေး Shirakawa-go
တိတ်ဆိတ်လှပတဲ့ ရွာငယ်လေး Shirakawa-go
အင်္ဂလန်အသင်း အခြေစိုက်တည်းခိုလျက်ရှိသည့် ကာတာမှ ကမ်းခြေဟိုတယ်နှင့် လေ့ကျင့်ရေးကစားကွင်း...
အင်္ဂလန်အသင်း အခြေစိုက်တည်းခိုလျက်ရှိသည့် ကာတာမှ ကမ်းခြေဟိုတယ်နှင့် လေ့ကျင့်ရေးကစားကွင်း...
ဝိုင်ချက်စက်ရုံ၊ စားသောက်ဆိုင်များနှင့် ဈေးဆိုင်တို့ပါဝင်သည့် ကျေးရွာတစ်ခုလုံးကို ပေါင် ၂ ဒသမ ၆ သန်းဖြင့် ရောင်းမည်...
ဝိုင်ချက်စက်ရုံ၊ စားသောက်ဆိုင်များနှင့် ဈေးဆိုင်တို့ပါဝင်သည့် ကျေးရွာတစ်ခုလုံးကို ပေါင် ၂ ဒသမ ၆ သန်းဖြင့် ရောင်းမည်...
ကယ်လီဖိုးနီးယားပြည်နယ်မှ အပျော်စီးမီးပုံးပျံလုပ်ငန်းနှင့် ခြံဝန်း ၃ ခု ဒေါ်လာ ၁၂ သန်းဖြင့် ရောင်းမည်...
ကယ်လီဖိုးနီးယားပြည်နယ်မှ အပျော်စီးမီးပုံးပျံလုပ်ငန်းနှင့် ခြံဝန်း ၃ ခု ဒေါ်လာ ၁၂ သန်းဖြင့် ရောင်းမည်...
ဂျပန်အသင်း ကာတာတွင် တည်းခိုနေထိုင်သော Radisson Blu ဟိုတယ်
ဂျပန်အသင်း ကာတာတွင် တည်းခိုနေထိုင်သော Radisson Blu ဟိုတယ်
၁၆ သင်းရှုံးထွက်အဆင့်သို့ တက်သွားပြီဖြစ်သော နည်းပြ လူးဝစ်ဗန်ဂါး၏ နယ်သာလန်အသင်း ကမ္ဘာ့ဖလားတွင် တည်းခိုနေထိုင်သော St. Regis ဟိုတယ်...
၁၆ သင်းရှုံးထွက်အဆင့်သို့ တက်သွားပြီဖြစ်သော နည်းပြ လူးဝစ်ဗန်ဂါး၏ နယ်သာလန်အသင်း ကမ္ဘာ့ဖလားတွင် တည်းခိုနေထိုင်သော St. Regis ဟိုတယ်...
ခရစ္စတီယာနို ရော်နယ်ဒို ကာတာတွင် တည်းခိုနေထိုင်သော ဟိုတယ်
ခရစ္စတီယာနို ရော်နယ်ဒို ကာတာတွင် တည်းခိုနေထိုင်သော ဟိုတယ်
စပိန်နိုင်ငံက ကျောက်ဆောင်တွေကို ထွင်းပြီး မြို့တည်ထားတဲ့ ဆေတေနီးမြို့လေး
စပိန်နိုင်ငံက ကျောက်ဆောင်တွေကို ထွင်းပြီး မြို့တည်ထားတဲ့ ဆေတေနီးမြို့လေး
ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲရန် နံပါတ် ၁ နေရာမှ ရေပန်းစားနေသော မက်ဆီ၏ အာဂျင်တီးနားအသင်း တည်းခို နေထိုင်သည့် ကာတာတက္ကသိုလ်အဆောက်အအုံ...
ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲရန် နံပါတ် ၁ နေရာမှ ရေပန်းစားနေသော မက်ဆီ၏ အာဂျင်တီးနားအသင်း တည်းခို နေထိုင်သည့် ကာတာတက္ကသိုလ်အဆောက်အအုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီနိုင်ငံ၊ Presicce မြို့လေးတွင် လာရောက်အခြေချနေထိုင်သူတိုင်းကို ဒေါ်လာ ၃၀၀၀၀ (မြန်မာငွေ သိန်း ၆၃၀) ပေးမည်
အီတလီနိုင်ငံ၊ Presicce မြို့လေးတွင် လာရောက်အခြေချနေထိုင်သူတိုင်းကို ဒေါ်လာ ၃၀၀၀၀ (မြန်မာငွေ သိန်း ၆၃၀) ပေးမည်
နိုဝင်ဘာ ၂၀ တွင် စတင်ကျင်းပတော့မည့် ၂၀၂၂ ကာတာကမ္ဘာ့ဖလား ကစားကွင်းသစ်ကြီးများ
နိုဝင်ဘာ ၂၀ တွင် စတင်ကျင်းပတော့မည့် ၂၀၂၂ ကာတာကမ္ဘာ့ဖလား ကစားကွင်းသစ်ကြီးများ
ရက်လွန်သွားတဲ့ ပစ္စည်းတွေကို လွှင့်ပစ်မယ့်အစား ပြန်အသုံးပြုနိုင်မယ့်နည်းလမ်းများ ...
ရက်လွန်သွားတဲ့ ပစ္စည်းတွေကို လွှင့်ပစ်မယ့်အစား ပြန်အသုံးပြုနိုင်မယ့်နည်းလမ်းများ ...
အင်္ဂလန်တွင် ၂ နှစ်ကြာအိမ်ငှားခမပေးသည့် မိသားစု နေအိမ်အတွင်း မစင်ပုံများ၊ ကျင်ငယ်စွန့်ထားသည့် ဘူးပေါင်းများစွာဖြင့် အော်
အင်္ဂလန်တွင် ၂ နှစ်ကြာအိမ်ငှားခမပေးသည့် မိသားစု နေအိမ်အတွင်း မစင်ပုံများ၊ ကျင်ငယ်စွန့်ထားသည့် ဘူးပေါင်းများစွာဖြင့် အော်
အင်္ဂလန်က ပေါင် ၄၀၀,၀၀၀ တန် စံအိမ်ကြီးကို ၃ ပေါင် (မြန်မာငွေ ၇၁၀၀ ကျပ်) မျှဖြင့် ပိုင်ဆိုင်နိုင်မည့် အခွင့်အရေး
အင်္ဂလန်က ပေါင် ၄၀၀,၀၀၀ တန် စံအိမ်ကြီးကို ၃ ပေါင် (မြန်မာငွေ ၇၁၀၀ ကျပ်) မျှဖြင့် ပိုင်ဆိုင်နိုင်မည့် အခွင့်အရေး
တရုတ်ပြည်တွင် မုဒိမ်းမှုဖြင့် ထောင်ဒဏ် ၁၃ နှစ်၊ဒဏ်ငွေယွမ် သန်း ၆၀၀ (ဒေါ်လာ ၈၃ သန်း ) ချမှတ်ခံရသော နာမည်ကြီး ပေါ့ပ်ကြယ်ပွ
တရုတ်ပြည်တွင် မုဒိမ်းမှုဖြင့် ထောင်ဒဏ် ၁၃ နှစ်၊ဒဏ်ငွေယွမ် သန်း ၆၀၀ (ဒေါ်လာ ၈၃ သန်း ) ချမှတ်ခံရသော နာမည်ကြီး ပေါ့ပ်ကြယ်ပွ
အိမ်ထောင်ပြုလျှင် သိစေချင်......
အိမ်ထောင်ပြုလျှင် သိစေချင်......
အသက်ရှင်နေစဉ်မှာ လှူဒါန်းလို့ရတဲ့ အင်္ဂါအစိတ်အပိုင်းများ.....
အသက်ရှင်နေစဉ်မှာ လှူဒါန်းလို့ရတဲ့ အင်္ဂါအစိတ်အပိုင်းများ.....
ဇနီးအတွက် လေယာဉ်ပျံပုံအိမ်ကြီး ဆောက်လုပ်ပေးသူ၊ အချစ်အတွက်သာမက တိုင်းပြည်အတွက်ပါရည်ရွယ် ဟုဆို
ဇနီးအတွက် လေယာဉ်ပျံပုံအိမ်ကြီး ဆောက်လုပ်ပေးသူ၊ အချစ်အတွက်သာမက တိုင်းပြည်အတွက်ပါရည်ရွယ် ဟုဆို
ရိုးသားမှုတန်ဖိုး......
ရိုးသားမှုတန်ဖိုး......

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ntllandplot
billionaire

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store