ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
[Unicode]
ရှိကို့ကုတောင်ကြားတွင် တည်ရှိသော နဂို့ဒို့ ရွာကလေးသည် အရုပ်များလုပ်ရာတွင် အထူးကျွမ်းကျင်သူ အယနို့ ဇုကိမိ (Ayano Tsukimi ) ဆိုသည့်မိန်းကလေးသာ ထိုရွာတွင် မနေပါက မည်သူမျှသိမလာနိုင်ဘဲ ဂျပန်နိုင်ငံ၏ မြေပုံပေါ်တွင် မထင်မရှားအစက်အပြောက်ငယ်လေးတစ်ခုအနေဖြင့်သာ တည်ရှိဖွယ်ရှိသည်။
မှတ်တမ်းများအရ ဇုကိမိသည် ရွာကလေးရှိ သူမ၏အိမ်သို့ ပြန်လာချိန်တွင် တချိန်က စည်ကားသိုက်မြိုက်ခဲ့ သော ရွာကလေးမှာ ဝမ်းနည်းဖွယ်တိတ်ဆိတ်ခြောက်ကပ်လျက်ရှိနေသည်ကို တွေ့ခဲ့ရသည်။
ရွာသူရွာသားတို့မှာ အလုပ်ရှာရန် မြို့ကြီးပြကြီးများသို့ ထွက်ခွာသွားခဲ့ကြပြီးနောက် မည်သည့်အခါမှ ပြန်မလာကြတော့။
သို့အတွက် ရွာလေးတွင် နေထိုင်သူများရှိလာစေရန် ဇုကိမိက လူအရွယ်အစားခန့်ရှိ အရုပ်များ ပြုလုပ်တော့သည်။ ရွာတွင်နေထိုင်ခဲ့သူ တစ်ဦးစီတိုင်းကို ကိုယ်စားပြုသည့်အရုပ်တစ်ခုစီ ပြုလုပ်ခဲ့ခြင်း ဖြစ်၏။
အရုပ်များကို သက်ရှိလူသားများ နေထိုင်ပြုမူသည့် ပုံစံအတိုင်းထားရှိရာ အချို့မှာ မြစ်ကမ်းတွင် ငါးမျှားနေပုံ၊ စိုက်ခင်းထဲတွင် အလုပ်လုပ်နေပုံတို့ ပုံဖော်ထားရှိရာ ရွာသို့လာရောက်လည်ပတ်သည့် အခြားသူများအတွက်မူ တမျိုးတဖုံ ခြောက်ခြားဖွယ်ရာဖြစ်နေသည်။
သို့သော် ထိုအရုပ်များသည်ပင် ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နိုင်ကာ ရွာကလေးကို ကမ္ဘာကျော်စေသည့် အကြောင်းရင်း ဖြစ်လာသည်။
လက်ရှိအားဖြင့် ရွာကလေးတွင် လူအရွယ်အစားရှိ အရုပ်ပေါင်း ၃၅၀ ခန့် နေထိုင်လျက်ရှိသည်။
ရွာကလေးရှိ ၂၀၁၂ ခုနှစ်က ပိတ်သိမ်းလိုက်သော စာသင်ကျောင်းအတွင်းတွင်လည်း ကျောင်းတက်ချိန် စောင့်နေဟန် အရုပ် ဒါဇင်အချို့ကိုလည်း တွေ့ရမည် ဖြစ်သည်။ အရုပ်များကို ကောက်ရိုးဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး အဝတ်အစားဟောင်းများ ဝတ်ဆင်ပေးထားသည်။
ဇုကိမိ ပထမဆုံး စတင်ပြုလုပ်သည့်အရုပ်မှာ သူမ ဖခင်ကို ကိုယ်စားပြုသည့်အရုပ်ဖြစ်ပြီး နောက်ပိုင်းတွင် အခြားရွာသူရွာသားတစ်ဦးစီတိုင်းအတွက်လည်း အရုပ်တစ်ရုပ်စီ ပြုလုပ်သွားရန် အကြံပေါ်ခဲ့သည်။
ရွာသူရွာသားတို့အား သူမ မှတ်မိနေခဲ့သည့်အဖြစ်အပျက်များအတိုင်း ထိုနေရာများတွင် ၎င်းတို့၏ ကိုယ်စားပြု အရုပ်များ ထားရှိခဲ့ခြင်း ဖြစ်၏။
ထို့ကြောင့် ရွာထဲတွင် လမ်းလျှောက်ကြည့်မည်ဆိုပါက မြစ်ကမ်းပါးတွင် ငါးမျှားနေသော၊ စိုက်ခင်းထဲတွင် အလုပ်လုပ်နေသော၊ လမ်းတစ်လျှောက် ထိုင်နေကြရင်း သင့်အားစိုက်ကြည့်နေသော အရုပ်များကို ခြောက်ခြားဖွယ် တွေ့ရမည် ဖြစ်သည်။
နဂို့ဒို့ ကျေးရွာကို နဂိုဒုရွာဟုလည်း ခေါ်ကြပြီး ကမ္ဘာပေါ်တွင်မူ နဂို့ဒို့အရုပ်ရွာ (名頃かかしの里) ဟု လူသိများသည်။
ဂျပန်နိုင်ငံ၊ တို့ကုရှိမ စီရင်စု၊ ရှိကို့ကုကျွန်း၊ အိယတောင်ကြားတွင် တည်ရှိသည်။ ရွာကလေးသည် ဝေးလံခေါင်သီလှသော တောင်ပေါ်ဒေသ၏ လမ်းမကြီး Route 439 တွင် တည်ရှိ၏။
ယခင်က ရွာကလေးတွင် လူဦးရေ ၃၀၀ ခန့် နေထိုင်ခဲ့သော်လည်း ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလတွင် ၃၅ ဦး၊ ၂၀၁၆ ခုနှစ် သြဂုတ်လတွင် ၃၀ ဦး၊ ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် ၂၇ ဦးသို့ တဖြည်းဖြည်း ကျဆင်းလာနေသည်။
ဇုကိမိတို့မိသားစုသည် သူမ ကလေးဘဝအရွယ် ၂၀၀၀ ပြည့်လွန်အစောပိုင်းကာလများကတည်းက ရွာမှ ပြောင်းရွှေ့သွားခဲ့ကြခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ဖခင်ဖြစ်သူကို စောင့်ရှောက်ရန်အတွက် နဂို့ဒို့ရွာသို့ ပြန်လည်ပြောင်းရွှေ့လာခဲ့ကြသည်။
ဇုကိမိသည် အရုပ်ပေါင်း ၄၀၀ ကျော် ပြုလုပ်ထားပြီးဖြစ်ကာ ၃၅၀ ခန့်မှာ ရွာထဲတွင် ထားရှိသည်။
ဖခင်၏ အရုပ်ကိုမူ ဖခင်ကြီးနှစ်သက်သည့်နေရာဖြစ်သော စိုက်ခင်းထဲတွင် ထားသည်။ အရုပ်များမှာ ရွာတွင် နေထိုင်လျက်ရှိသူများ၊ နေထိုင်ခဲ့သူများကို ကိုယ်စားပြုပြီး ရွာတွင် နေထိုင်ဖူးခြင်းမရှိဘဲ သူမ၏ စိတ်ကူးအတိုင်း ဖန်တီးထားသည့်အရုပ်များလည်း ပါဝင်သည်။
အခြားမြင်သာသော အရုပ်များအနေဖြင့် ရွာစွန် တယ်လ်ီဖုန်းတိုင်အောက်တွင် ထိုင်နေသော ယောက်ျား ၃ ဦး၊ မြစ်ကမ်းတွင် ငါးမျှားနေသော ယောက်ျားတစ်ဦး၊ ဘတ်စ်ကားမှတ်တိုင်ရှိ လူတစ်စု၊ လမ်းပြင်နေသော အလုပ်သမားများ အစရှိသည်တို့ ဖြစ်သည်။ ရွာကလေးသည် ဂျပန်တွင် ကမ္ဘာလှည့်ခရီးသည်တို့ လည်ပတ်ရာနေရာတစ်ခု ဖြစ်လာသည်။
ရွာကလေးအနီးရှိ နဂို့ဒို့ဆည် (Nagoro Dam) မှာ ၁၉၆၁ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ခြင်းဖြစ်ပြီး ရေအားလျှပ်စစ်ထုတ်လုပ်ရန်အတွက် အသုံးပြုသည်။
၂၀၂၀ ပြည့်နှစ်အတွင်း ရွာကလေးကို James May: Our Man in Japan အမည်ရှိ ရုပ်သံအစီအစဉ်၏ နောက်ဆုံးအပိုင်းတွင် ရိုက်ကူးဖော်ပြခဲ့ဖူးသည်။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Nagoro – A Creepy Japanese Village Where Dolls Replace The Departed (unusualplaces, wikipedia)
[Zawgyi]
အရုပ္မ်ားသာ ေနထိုင္ေသာ ဂ်ပန္မွ နဂို႔ဒို႔ ရြာကေလး
ရွိကို႔ကုေတာင္ၾကားတြင္ တည္ရွိေသာ နဂို႔ဒို႔ ရြာကေလးသည္ အရုပ္မ်ားလုပ္ရာတြင္ အထူးကၽြမ္းက်င္သူ အယႏို႔ ဇုကိမိ (Ayano Tsukimi ) ဆိုသည့္မိန္းကေလးသာ ထိုရြာတြင္ မေနပါက မည္သူမွ်သိမလာႏိုင္ဘဲ ဂ်ပန္ႏိုင္ငံ၏ ေျမပံုေပၚတြင္ မထင္မရွားအစက္အေျပာက္ငယ္ေလးတစ္ခုအေနျဖင့္သာ တည္ရွိဖြယ္ရွိသည္။
မွတ္တမ္းမ်ားအရ ဇုကိမိသည္ ရြာကေလးရွိ သူမ၏အိမ္သို႔ ျပန္လာခ်ိန္တြင္ တခ်ိန္က စည္ကားသိုက္ျမိဳက္ခဲ့ ေသာ ရြာကေလးမွာ ဝမ္းနည္းဖြယ္တိတ္ဆိတ္ေျခာက္ကပ္လ်က္ရွိေနသည္ကို ေတြ႔ခဲ့ရသည္။
ရြာသူရြာသားတို႔မွာ အလုပ္ရွာရန္ ျမိဳ႕ၾကီးျပၾကီးမ်ားသို႔ ထြက္ခြာသြားခဲ့ၾကျပီးေနာက္ မည္သည့္အခါမွ ျပန္မလာၾကေတာ့။
သို႔အတြက္ ရြာေလးတြင္ ေနထုိင္သူမ်ားရွိလာေစရန္ ဇုကိမိက လူအရြယ္အစားခန္႔ရွိ အရုပ္မ်ား ျပဳလုပ္ေတာ့သည္။ ရြာတြင္ေနထုိင္ခဲ့သူ တစ္ဦးစီတိုင္းကို ကိုယ္စားျပဳသည့္အရုပ္တစ္ခုစီ ျပဳလုပ္ခဲ့ျခင္း ျဖစ္၏။
အရုပ္မ်ားကို သက္ရွိလူသားမ်ား ေနထုိင္ျပဳမူသည့္ ပံုစံအတိုင္းထားရွိရာ အခ်ဳိ႕မွာ ျမစ္ကမ္းတြင္ ငါးမွ်ားေနပံု၊ စိုက္ခင္းထဲတြင္ အလုပ္လုပ္ေနပံုတို႔ ပံုေဖာ္ထားရွိရာ ရြာသို႔လာေရာက္လည္ပတ္သည့္ အျခားသူမ်ားအတြက္မူ တမ်ဳိးတဖံု ေျခာက္ျခားဖြယ္ရာျဖစ္ေနသည္။ သို႔ေသာ္ ထိုအရုပ္မ်ားသည္ပင္ ကမၻာလွည့္ခရီးသည္မ်ားကို ဆြဲေဆာင္ႏိုင္ကာ ရြာကေလးကို ကမၻာေက်ာ္ေစသည့္ အေၾကာင္းရင္း ျဖစ္လာသည္။
လက္ရွိအားျဖင့္ ရြာကေလးတြင္ လူအရြယ္အစားရွိ အရုပ္ေပါင္း ၃၅၀ ခန္႔ ေနထိုင္လ်က္ရွိသည္။
ရြာကေလးရွိ ၂၀၁၂ ခုႏွစ္က ပိတ္သိမ္းလိုက္ေသာ စာသင္ေက်ာင္းအတြင္းတြင္လည္း ေက်ာင္းတက္ခ်ိန္ ေစာင့္ေနဟန္ အရုပ္ ဒါဇင္အခ်ဳိ႕ကိုလည္း ေတြ႔ရမည္ ျဖစ္သည္။ အရုပ္မ်ားကို ေကာက္ရိုးျဖင့္ ျပဳလုပ္ထားျခင္းျဖစ္ျပီး အဝတ္အစားေဟာင္းမ်ား ဝတ္ဆင္ေပးထားသည္။
ဇုကိမိ ပထမဆံုး စတင္ျပဳလုပ္သည့္အရုပ္မွာ သူမ ဖခင္ကို ကိုယ္စားျပဳသည့္အရုပ္ျဖစ္ျပီး ေနာက္ပိုင္းတြင္ အျခားရြာသူရြာသားတစ္ဦးစီတိုင္းအတြက္လည္း အရုပ္တစ္ရုပ္စီ ျပဳလုပ္သြားရန္ အၾကံေပၚခဲ့သည္။
ရြာသူရြာသားတို႔အား သူမ မွတ္မိေနခဲ့သည့္အျဖစ္အပ်က္မ်ားအတိုင္း ထိုေနရာမ်ားတြင္ ၎တို႔၏ ကိုယ္စားျပဳ အရုပ္မ်ား ထားရွိခဲ့ျခင္း ျဖစ္၏။
ထို႔ေၾကာင့္ ရြာထဲတြင္ လမ္းေလွ်ာက္ၾကည့္မည္ဆိုပါက ျမစ္ကမ္းပါးတြင္ ငါးမွ်ားေနေသာ၊ စိုက္ခင္းထဲတြင္ အလုပ္လုပ္ေနေသာ၊ လမ္းတစ္ေလွ်ာက္ ထိုင္ေနၾကရင္း သင့္အားစိုက္ၾကည့္ေနေသာ အရုပ္မ်ားကို ေျခာက္ျခားဖြယ္ ေတြ႔ရမည္ ျဖစ္သည္။
နဂို႔ဒို႔ ေက်းရြာကို နဂိုဒုရြာဟုလည္း ေခၚၾကျပီး ကမၻာေပၚတြင္မူ နဂို႔ဒို႔အရုပ္ရြာ (名頃かかしの里) ဟု လူသိမ်ားသည္။
ဂ်ပန္ႏိုင္ငံ၊ တို႔ကုရွိမ စီရင္စု၊ ရွိကို႔ကုကၽြန္း၊ အိယေတာင္ၾကားတြင္ တည္ရွိသည္။ ရြာကေလးသည္ ေဝးလံေခါင္သီလွေသာ ေတာင္ေပၚေဒသ၏ လမ္းမၾကီး Route 439 တြင္ တည္ရွိ၏။
ယခင္က ရြာကေလးတြင္ လူဦးေရ ၃၀၀ ခန္႔ ေနထိုင္ခဲ့ေသာ္လည္း ၂၀၁၅ ခုႏွစ္၊ ဇန္နဝါရီလတြင္ ၃၅ ဦး၊ ၂၀၁၆ ခုႏွစ္ ၾသဂုတ္လတြင္ ၃၀ ဦး၊ ၂၀၁၉ ခုႏွစ္ စက္တင္ဘာလတြင္ ၂၇ ဦးသို႔ တျဖည္းျဖည္း က်ဆင္းလာေနသည္။
ဇုကိမိတို႔မိသားစုသည္ သူမ ကေလးဘဝအရြယ္ ၂၀၀၀ ျပည့္လြန္အေစာပိုင္းကာလမ်ားကတည္းက ရြာမွ ေျပာင္းေရႊ႕သြားခဲ့ၾကျခင္းျဖစ္ျပီး ေနာက္ပိုင္းတြင္ ဖခင္ျဖစ္သူကို ေစာင့္ေရွာက္ရန္အတြက္ နဂို႔ဒို႔ရြာသို႔ ျပန္လည္ေျပာင္းေရႊ႕လာခဲ့ၾကသည္။
ဇုကိမိသည္ အရုပ္ေပါင္း ၄၀၀ ေက်ာ္ ျပဳလုပ္ထားျပီးျဖစ္ကာ ၃၅၀ ခန္႔မွာ ရြာထဲတြင္ ထားရွိသည္။
ဖခင္၏ အရုပ္ကိုမူ ဖခင္ၾကီးႏွစ္သက္သည့္ေနရာျဖစ္ေသာ စိုက္ခင္းထဲတြင္ ထားသည္။ အရုပ္မ်ားမွာ ရြာတြင္ ေနထိုင္လ်က္ရွိသူမ်ား၊ ေနထိုင္ခဲ့သူမ်ားကို ကိုယ္စားျပဳျပီး ရြာတြင္ ေနထုိင္ဖူးျခင္းမရွိဘဲ သူမ၏ စိတ္ကူးအတိုင္း ဖန္တီးထားသည့္အရုပ္မ်ားလည္း ပါဝင္သည္။
အျခားျမင္သာေသာ အရုပ္မ်ားအေနျဖင့္ ရြာစြန္ တယ္လီ္ဖုန္းတိုင္ေအာက္တြင္ ထိုင္ေနေသာ ေယာက်္ား ၃ ဦး၊ ျမစ္ကမ္းတြင္ ငါးမွ်ားေနေသာ ေယာက်္ားတစ္ဦး၊ ဘတ္စ္ကားမွတ္တိုင္ရွိ လူတစ္စု၊ လမ္းျပင္ေနေသာ အလုပ္သမားမ်ား အစရွိသည္တို႔ ျဖစ္သည္။ ရြာကေလးသည္ ဂ်ပန္တြင္ ကမၻာလွည့္ခရီးသည္တု႔ိ လည္ပတ္ရာေနရာတစ္ခု ျဖစ္လာသည္။
ရြာကေလးအနီးရွိ နဂို႔ဒို႔ဆည္ (Nagoro Dam) မွာ ၁၉၆၁ ခုႏွစ္တြင္ ေဆာက္လုပ္ျပီးစီးခဲ့ျခင္းျဖစ္ျပီး ေရအားလွ်ပ္စစ္ထုတ္လုပ္ရန္အတြက္ အသံုးျပဳသည္။
၂၀၂၀ ျပည့္ႏွစ္အတြင္း ရြာကေလးကို James May: Our Man in Japan အမည္ရွိ ရုပ္သံအစီအစဥ္၏ ေနာက္ဆံုးအပိုင္းတြင္ ရိုက္ကူးေဖာ္ျပခဲ့ဖူးသည္။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: Nagoro – A Creepy Japanese Village Where Dolls Replace The Departed (unusualplaces, wikipedia)