ရှူသွင်း၊ ရှူရှိုက်ရသည့် ကမ္ဘာ့ပထမဆုံး ကိုဗစ်ကာကွယ်ဆေးကို တရုတ်တွင် အတည်ပြု

ရှူသွင်း၊ ရှူရှိုက်ရသည့် ကမ္ဘာ့ပထမဆုံး ကိုဗစ်ကာကွယ်ဆေးကို တရုတ်တွင် အတည်ပြု - Property News in Myanmar from iMyanmarHouse.com
9 Sep 2022 10:11 am တွင် တင်ခဲ့သည်
646 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်သည် အပ်မလိုဘဲ ရှူသွင်း၊ ရှူရှိုက်ရသည့် COVID-19 ကာကွယ်ဆေးတစ်မျိုးကို အတည်ပြုလိုက်သည့် ကမ္ဘာ့ပထမဆုံးနိုင်ငံဖြစ်လာခဲ့ပြီဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ Tianjin မြို့အခြေစိုက် CanSino Biologics Inc. မှ တီထွင်ထုတ်လုပ်ခဲ့ပြီး ၎င်းကာကွယ်ဆေး၏ ယခုကဲ့သို့ အတည်ပြုခံရခြင်းကြောင့် အဆိုပါကုမ္ပဏီ၏ ရှယ်ယာ‌‌ဈေးနှုန်းများသည် ဟောင်ကောင်တွင် စက်တင်ဘာ ၅ နံနက်ခင်းက ၁၄ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့ပါသည်။

တရုတ်၏ အမျိုးသားဆေးဘက်ဆိုင်ထုတ်ကုန်များကြီးကြပ်ကွပ်ကဲရေးအဖွဲ့သည် CanSino ၏ Ad5-nCoV ကို အားဖြည့်ကာကွယ်ဆေးအဖြစ် အရေးပေါ်အသုံးပြုမှုအတွက် အတည်ပြုလိုက်ကြောင်း ၎င်းကုမ္ပဏီက ဟောင်ကောင်စတော့အိတ်ချိန်းသို့ စက်တင်ဘာ ၄ ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြခဲ့ပါသည်။

အဆိုပါကာကွယ်ဆေးသည် CanSino ၏ (၂၀၂၀ ပြည့်နှစ် မတ်တွင် လူ့ခန္ဓာကိုယ်၌ စမ်းသပ်ခဲ့သည့် ကမ္ဘာ့ပထမဆုံးကိုဗစ်ကာကွယ်ဆေးဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် စတင်ဖြန့်ချိခဲ့ပြီးနောက် တရုတ်၊ မက္ကဆီကို၊ ပါကစ္စတန်၊ မလေးရှား၊ နှင့် ဟန်ဂေရီတို့တွင် အသုံးပြုလျက်ရှိသည့်) တစ်ကြိမ်သာထိုးနှံရသော ကိုဗစ်ကာကွယ်ဆေး၏ ပုံစံအသစ်ဖြစ်ပါသည်။

ယခုအတည်ပြုလိုက်ပြီဖြစ်သည့် ရှူသွင်းရှူရှိုက်ရသော ကာကွယ်‌ဆေးပုံစံအသစ်သည် ကြွက်သားအတွင်းသို့ ဆေးထိုးသွင်းရခြင်းမရှိဘဲ ကာကွယ်မှုကို မြှင့်တင်ရန် ချွဲမြှေးလွှာ၏ ခုခံစွမ်းအားကို ဖြစ်ပေါ်စေပြီး ကလာပ်စည်းများ၏ ခုခံစွမ်းအားကို နှိုးဆွပေးနိုင်သည်ဟု CanSino ကုမ္ပဏီက ထုတ်ပြန်ခဲ့ပါသည်။

ကမ္ဘာပေါ်ရှိ ကာကွယ်ဆေးဖော်စပ်ရေးကုမ္ပဏီများသည် ကိုရိုနာဗိုင်းရပ်စ်ကို ခုခံတွန်းလှန်နိုင်ရန်အတွက် နှာခေါင်းနှင့် အသက်ရှူလမ်းကြောင်းရှိ တစ်သျှူးများတွင် (ရောဂါကာကွယ်သော) ပဋိပစ္စည်းများကို လှုံ့ဆော်ရန် ရှူသွင်းရှူရှိုက်ရသော ကာကွယ်ဆေးပုံစံများ တီထွင်ရန် သုတေသနပြုကြိုးပမ်းလျက်ရှိကြပါသည်။

ရှူသွင်းရှူရှိုက်ရသော ကာကွယ်ဆေးပုံစံများသည် အပ်မဲ့ဖြစ်ကာ ကိုယ်တိုင်စီမံနိုင်သဖြင့် ကာကွယ်ဆေးသုံးရမည့်သူများဘက်သာမက ကျန်းမာရေးဝန်ထမ်းများအတွက်ပါ ဝန်ထုပ်ဝန်ပိုးလျော့ကျအဆင်ပြေစေနိုင်ပါသည်။

တရုတ်နိုင်ငံတွင် စက်တင်ဘာ ၄ ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၄၉ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး စုစုပေါင်းကူးစက်ခံရသူဦးရေ ၂၄၅,၃၆၇ ဦးရှိလာခဲ့ပြီဖြစ်ကာ ၂၃၃,၉၁၄ ဦး ပြန်လည်ကောင်းမွန်ခဲ့ပြီး ၅,၂၂၆ ဦး သေဆုံးခဲ့ကြောင်း တရုတ်ကျန်းမာရေးအာဏာပိုင်အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: World’s First Covid Vaccine You Inhale Is Approved in China (Bloomberg.com)

[Zawgyi]

႐ွဴသြင္း၊ ႐ွဴ႐ိႈက္ရသည့္ ကမ႓ာ့ပထမဆုံး ကိုဗစ္ကာကြယ္ေဆးကို တ႐ုတ္တြင္ အတည္ျပဳ

တ႐ုတ္သည္ အပ္မလိုဘဲ ႐ွဴသြင္း၊ ႐ွဴ႐ိႈက္ရသည့္ COVID-19 ကာကြယ္ေဆးတစ္မ်ိဳးကို အတည္ျပဳလိုက္သည့္ ကမ႓ာ့ပထမဆုံးႏိုင္ငံျဖစ္လာခဲ့ၿပီျဖစ္ေၾကာင္း သိရသည္။

တ႐ုတ္ႏိုင္ငံ Tianjin ၿမိဳ႕အေျခစိုက္ CanSino Biologics Inc. မွ တီထြင္ထုတ္လုပ္ခဲ့ၿပီး ၎ကာကြယ္ေဆး၏ ယခုကဲ့သို႔ အတည္ျပဳခံရျခင္းေၾကာင့္ အဆိုပါကုမၸဏီ၏ ႐ွယ္ယာ‌‌ေဈးႏႈန္းမ်ားသည္ ေဟာင္ေကာင္တြင္ စက္တင္ဘာ ၅ နံနက္ခင္းက ၁၄ ဒသမ ၅ ရာခိုင္ႏႈန္းအထိ ျမင့္တက္သြားခဲ့ပါသည္။

တ႐ုတ္၏ အမ်ိဳးသားေဆးဘက္ဆိုင္ထုတ္ကုန္မ်ားႀကီးၾကပ္ကြပ္ကဲေရးအဖြဲ႕သည္ CanSino ၏ Ad5-nCoV ကို အားျဖည့္ကာကြယ္ေဆးအျဖစ္ အေရးေပၚအသုံးျပဳမႈအတြက္ အတည္ျပဳလိုက္ေၾကာင္း ၎ကုမၸဏီက ေဟာင္ေကာင္စေတာ့အိတ္ခ်ိန္းသို႔ စက္တင္ဘာ ၄ ထုတ္ျပန္ခ်က္တစ္ရပ္တြင္ ေဖာ္ျပခဲ့ပါသည္။

အဆိုပါကာကြယ္ေဆးသည္ CanSino ၏ (၂၀၂၀ ျပည့္ႏွစ္ မတ္တြင္ လူ႕ခႏၶာကိုယ္၌ စမ္းသပ္ခဲ့သည့္ ကမ႓ာ့ပထမဆုံးကိုဗစ္ကာကြယ္ေဆးျဖစ္ၿပီး ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီတြင္ စတင္ျဖန္႔ခ်ိခဲ့ၿပီးေနာက္ တ႐ုတ္၊ မကၠဆီကို၊ ပါကစၥတန္၊ မေလး႐ွား၊ ႏွင့္ ဟန္ေဂရီတို႔တြင္ အသုံးျပဳလ်က္႐ွိသည့္) တစ္ႀကိမ္သာထိုးႏွံရေသာ ကိုဗစ္ကာကြယ္ေဆး၏ ပုံံစံအသစ္ျဖစ္ပါသည္။

ယခုအတည္ျပဳလိုက္ၿပီျဖစ္သည့္ ႐ွဴသြင္း႐ွဴ႐ိႈက္ရေသာ ကာကြယ္‌ေဆးပုံစံအသစ္သည္ ႂကြက္သားအတြင္းသို႔ ေဆးထိုးသြင္းရျခင္းမ႐ွိဘဲ ကာကြယ္မႈကို ျမႇင့္တင္ရန္ ခြၽဲေျမႇးလႊာ၏ ခုခံစြမ္းအားကို ျဖစ္ေပၚေစၿပီး ကလာပ္စည္းမ်ား၏ ခုခံစြမ္းအားကို ႏိႈးဆြေပးႏိုင္သည္ဟု CanSino ကုမၸဏီက ထုတ္ျပန္ခဲ့ပါသည္။

ကမ႓ာေပၚ႐ွိ ကာကြယ္ေဆးေဖာ္စပ္ေရးကုမၸဏီမ်ားသည္ ကို႐ိုနာဗိုင္းရပ္စ္ကို ခုခံတြန္းလွန္ႏိုင္ရန္အတြက္ ႏွာေခါင္းႏွင့္ အသက္႐ွဴလမ္းေၾကာင္း႐ွိ တစ္သွ်ဴးမ်ားတြင္ (ေရာဂါကာကြယ္ေသာ) ပဋိပစၥည္းမ်ားကို လႈံ႕ေဆာ္ရန္ ႐ွဴသြင္း႐ွဴ႐ိႈက္ရေသာ ကာကြယ္ေဆးပုံစံမ်ား တီထြင္ရန္ သုေတသနျပဳႀကိဳးပမ္းလ်က္႐ွိၾကပါသည္။

႐ွဴသြင္း႐ွဴ႐ိႈက္ရေသာ ကာကြယ္ေဆးပုံစံမ်ားသည္ အပ္မဲ့ျဖစ္ကာ ကိုယ္တိုင္စီမံႏိုင္သျဖင့္ ကာကြယ္ေဆးသုံးရမည့္သူမ်ားဘက္သာမက က်န္းမာေရးဝန္ထမ္းမ်ားအတြက္ပါ ဝန္ထုပ္ဝန္ပိုးေလ်ာ့က်အဆင္ေျပေစႏိုင္ပါသည္။

တ႐ုတ္ႏိုင္ငံတြင္ စက္တင္ဘာ ၄ ၌ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၃၄၉ ဦး စစ္ေဆးေတြ႕႐ွိခဲ့ၿပီး စုစုေပါင္းကူးစက္ခံရသူဦးေရ ၂၄၅,၃၆၇ ဦး႐ွိလာခဲ့ၿပီျဖစ္ကာ ၂၃၃,၉၁၄ ဦး ျပန္လည္ေကာင္းမြန္ခဲ့ၿပီး ၅,၂၂၆ ဦး ေသဆုံးခဲ့ေၾကာင္း တ႐ုတ္က်န္းမာေရးအာဏာပိုင္အဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: World’s First Covid Vaccine You Inhale Is Approved in China (Bloomberg.com)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
bkk-projects
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service