ထန်းတောင်သူနဲ့ထန်းလုပ်သား တို့ဆွေမျိုးများ.....

ထန်းတောင်သူနဲ့ထန်းလုပ်သား တို့ဆွေမျိုးများ..... - Property Knowledge in Myanmar from iMyanmarHouse.com
7 Sep 2022 1:41 pm တွင် တင်ခဲ့သည်
1044 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

လွမ်းတယ်ဗျာ..အညာက ကျွန်တော်ရဲ့ ထန်းတောင်သူနဲ့ထန်းလုပ်သားဆွေမျိုးတွေကို လွမ်းလိုက်တာဗျာ။

ကျွန်တော် နှစ်ဖက်မိဖတွေက ထန်းနဲ့မကင်းပေ။အမေက အကွေးတိုင်း ရေစကြိုမြို့နယ်က ရွာလေးတစ်ရွာ ကပါ။

အဖေကစစ်ကိုင်းတိုင်း၊မြောင်မြို့နယ်က ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းက ရွာလေးကပါ။ ကျွန်တော့် မိဖနှစ်ပါးလုံးရဲ့ ရွာတွေမှာက အရပ်ဆယ်မျက်နှာ ထန်းပင်တွေဆိုတာ လက်ညှိုးထိုးမလွဲအောင်ကို ပေါလှပါတယ်။ ဖေဖေနဲ့မေမေညားခဲ့တာကလည်း ထန်းပင်ဖူးစာလို့ပဲ ပြောရမှာပါပဲ။

မေမေက ညီအစ်ကိုမောင်နှမတွေနဲ့ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းက ဖေဖေ့ရွာကို ထန်းလုပ်သားအဖြစ် လုပ်ကိုင်ဖို့ ရောက်လာရင်း ဖေဖေနဲ့ အကြောင်းပါခဲ့ပါတယ်။

ဒီဆောင်းပါးကိုရေးချင်တာက လူမှုကွန်ရက်စာမျက်နှာမှာ ထန်းပင်နဲ့ပတ်သက်တဲ့အကြောင်း ဆောင်းပါး စာတိုလေးတစ်ပုဒ်ဖတ်လိုက်ရတယ်။အဲဒါကြောင့် ဒီအကြောင်းလေးကို ရေးဖို့ဖြစ်လာခြင်းဖြစ်ပါတယ်။

အဲဒီဆောင်းပါးမှာ ထန်းပင်တွေဟာ သူတို့ရှင်သန်ဖို့အတွက် မြေအောက်ပေ ၂၀၀ အထိကရေကိုစုပ်ယူပြီး ရှင်သန်နိုင်ကြပါတယ်တဲ့။အဲဒီလိုမြေအောက်ရေကိုစုပ်ယူနိုင်တာကြောင့်သူ့အနီးဝန်းကျင်က မြေဆီလွှာအထိကို ရေရောက်ရှိလာပြီး ကျန်တဲ့ ပဲ၊နှမ်း၊စတဲ့ သီးနှံတွေကို ဖြစ်ထွန်းစေပါတယ်တဲ့။

ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့နှစ် ၃၀ လောက်က ထန်းပင်တွေကို မထိန်းသိမ်းခဲ့လို့ အချို့မြို့တွေမှာ ထန်းပင်တွေဟာ အကုန်လုံးမျိုးတုံးသွားခဲ့ဘူး ပါတယ်တဲ့။အဲဒီမှာ သူနဲ့ဆက်စပ်တဲ့မြေတွေက အပေါ်ယံမြေဆီလွှာတွေမှာပါ ရေဓာတ်ခမ်းခြောက်သွားပြီး မြေဆီမြေနှစ်မရှိတော့ဘဲ မြေဟာအရောင်ဖြူလာပြီး သဲမြေမျိုးပြောင်းလာတာ ကြောင့် အခြားသီးနှံတွေပါ မဖြစ်ထွန်းတော့ပါဘူးတဲ့။အပူချိန်တွေ အရမ်းတက်လာပြီး ရေစီးရေလာတွေပါ ပြောင်းသွားပါတယ်ဆိုပြီးရေးထားပါတယ်။

အခု ကျွန်တော်တို့ ထန်းမျိုးရိုးတွေပါ ထန်းလျက်ကိုဝယ်စားနေရပါပြီ။ထန်းပိုင်တွေဖြစ်ပေမယ့် ထန်းလုပ်သား မရှိတော့ ထန်းလျက်ချက်လုပ်ငန်းတွေ ရပ်နားထားကြရသည်မှာ နှစ်ပေါင်းမနည်းလှတော့ပေ။ အမေ့မွေးရပ်မြေက မေမေတို့မောင်နှစ်မတွေပိုင်တဲ့ ထန်းတွေဆိုရင် မလုပ်ကိုင်နိုင်တဲ့အပြင် အပင်တွေကိုပါ ခုတ်ရောင်းလာကြတဲ့အထိဖြစ် နေပါတယ်။လုပ်ငန်းတွေပြောင်းကုန်ပါပြီ။သနပ်ခါးနှင့် လျှော်ဖြူစိုက်ပျိုးမှုဘက်ကို စိတ်ဝင်စားနေကြပါတယ်။

သနပ်ခါးကတော့ ယခင်ကတည်းက စိုက်ပျိုးခဲ့ကြတာပါ။အဲဒီကထွက်တဲ့သနပ်ခါး အလွန်ကိုကောင်းတဲ့ သနပ်ခါးတွေပါ။ရေစကြိုက သနပ်ခါးလုပ်ငန်းနဲ့ အမွှေးတိုင်လုပ်ငန်းတွေဟာ အမေတို့ရွာက အရင်းအအမြစ် တွေနဲ့ မကင်းကြပါဘူး။

ထန်းဆိုတာက အညာမှာလယ်ကွက်ကြီးတွေနဲ့ သီးခြားစိုက်ပျိုးထားတာတော့မဟုတ်ပါဘူး။ တစ်ဦးနဲ့တစ်ဦးရဲ့ လယ်ကွက်တွေကို အကန့်ပိုင်းခြားထားတဲ့ ကန်သင်းရိုးတွေမှာ အများဆုံး တန်းစီစိုက်ထားကြတာပါ။ တစ်ပင်တလေသာ လယ်ကွက်ယာကွက်တွေရဲ့ အလယ်မှာပေါက်ကြပါတယ်။ထန်းပင်နဲ့ မဟုတ်ရင် ဆီးပင်တို့နဲ့လည်း ကန့်ထားကြပါတယ်။ထန်းပင်ရဲ့ အရိပ်အာဝသနဲ့ လယ်ယာလုပ်ငန်းတွေကို လုပ်ကိုင်ကြပါတယ်။

မှတ်မိပါသေးတယ်။ပဲအမျိုးမျိုးကိုထန်းပင်ရိပ်အောက်မှာစိုက်ပျိုးခဲ့ကြပါတယ်။ထန်းပင်ရိပ်အောက်မှာပဲ ခရမ်းချဉ်နဲ့ဖူးစားပြောင်းတွေပါ ရိတ်သိမ်းခဲ့ရဖူးပါသေးတယ်။စပါးပျိုးခင်းတွေရဲ့ ဘေးပတ်လည်တွေမှာတောင် ထန်းပင်တွေစိုက်ထားတာကို အမှတ်ရမိပါတယ်။

ဒီလိုပေါများတဲ့ထန်းပင်တွေရှိခဲ့ပေမယ့် အခုတော့ ထန်းလျက်ထက် ထန်းပင်မြစ်သာ စားကြရဖို့ရှိပါတော့တယ်။ ဒါတောင် ထန်းပင်တွေကို ခုတ်မရောင်းမှသာ စားကြရဖို့မျှော်လင့်ရပါတယ်။

နောက်မျိုးဆက်တွေမှာ မိဘဆွေမျိုးတွေရဲ့ လက်ငုတ်လက်ရင်းကို ဆက်ခံတဲ့မျိုးဆက်တို့ အဆက်ပြတ်သွားသလောက် ဖြစ်နေပါပြီ။ထန်းလုပ်ငန်းက အသက်အန္တရာယ် အလွန်များပြီး ရှိသမျှ မိသားစုအားလုံး အကုန်လုံးပါဝင်နိုင်ပါမှ အလုပ်ဖြစ်တဲ့လုပ်ငန်းတစ်ခုပါ။

ကျွန်တော်တို့ အမျိုးတွေထဲမှာ ထန်းပင်တက်ရင်း ပြုတ်ကျလို့သေတဲ့သူ၊ ပေါင်ရိုးကျိုးလို့ဖြတ်ဆက်ရတဲ့သူနဲ့စုံပါ တယ်။အခုတော့ မျိုးရိုးထဲမှာ ထန်းလုပ်မယ့်သူလည်းမရှိကြတော့။နိုင်ငံခြားထွက်သူနဲ့၊အစိုးရဝန်ထမ်းနဲ့ ကုမ္ပဏီအလုပ် လုပ်သူနဲ့။ပြောင်းလဲကုန်ကျပါပြီ။

ဒီလိုနဲ့ ထန်းပင်ဟာ အပိုကြီးတစ်ခုလိုဖြစ်သွားရမှာလား။အပိုကြီးဖြစ်သွားလို့ ခုတ်ရောင်းကြတော့လည်း ထင်းဈေးလောက်သာ ပေးဝယ်ကြတာကို တွေ့ရပါတယ်။အပင်အိုကို ခုတ်မရောင်းခင်တော့ ပင်ပျိုလေးတွေ အဆင်သင့် စိုက်ထားပေးကြဖို့ပါပဲ။

အပင်လိုက် အကြမ်းထည်ရောင်းတာထက် ထန်းသားနဲ့တန်ဖိုးမြင့်ထုတ်ကုန်တွေပြုလုပ်ရောင်ချမယ် ဆိုရင်ထန်းတောင်သူတွေ ဘဝအဆင့်တွေ မြင့်ကြမှာပါ။မရောင်းပါနဲ့လို့လည်း မပြောရက်ဘူးလေ။ငါ့ဝမ်းပူဆာ ဆိုတာလူတိုင်းမှာ ရှိကြပါတယ်။မခုတ်ခင်မှာမျိုးဆက်သစ်အပင်တွေ များများစိုက်ထားကြဖို့ပါပဲ။

အဓိကကတော့ ထန်းမလုပ်တော့လို့ ထန်းမျိုးတုန်းအောင်မလုပ်မိကြဖို့နဲ့ ထန်းပင်ထန်းရိပ်တို့ ဝေစည်အုပ်မိုး နေပါစေ၊ထန်းပင်ကြောင့်မြေဆီမြေလွှာနဲ့ စိုက်ပျိုးမြေတို့ကောင်းမွန်နေတယ်ဆိုရင် ထန်းပင်တွေ မပြတ်ရှိနေဖို့ လိုတာပေါ့။

ကန္တာရဆန်ပြီး ပူပြင်ခြောက်သွေ့တဲ့ အညာဟာ ထန်းပင်ကြောင့် အိုအေစစ်ဖြစ်နေရင် ထန်းပင်ဟာ မျိုးဆက်ပြတ်လို့ မရဘူးဆိုတာကို လက်ခံနိုင်ကောင်းပါရဲ့ဗျာ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ထန္းေတာင္သူနဲ႕ထန္းလုပ္သား တို႔ေဆြမ်ိဳးမ်ား.....

 

လြမ္းတယ္ဗ်ာ..အညာက ကၽြန္ေတာ္ရဲ႕ ထန္းေတာင္သူနဲ႕ထန္းလုပ္သားေဆြမ်ိဳးေတြကို လြမ္းလိုက္တာဗ်ာ။

ကၽြန္ေတာ္ ႏွစ္ဖက္မိဖေတြက ထန္းနဲ႕မကင္းေပ။အေမက အေကြးတိုင္း ေရစႀကိဳၿမိဳ႕နယ္က ရြာေလးတစ္ရြာ ကပါ။

အေဖကစစ္ကိုင္းတုိင္း၊ေျမာင္ၿမိဳ႕နယ္က ခ်င္းတြင္းျမစ္ အေရွ႕ဘက္ကမ္းက ရြာေလးကပါ။ ကၽြန္ေတာ့္ မိဖႏွစ္ပါးလုံးရဲ႕ ရြာေတြမွာက အရပ္ဆယ္မ်က္ႏွာ ထန္းပင္ေတြဆိုတာ လက္ညွဳိးထိုးမလြဲေအာင္ကို ေပါလွပါတယ္။ ေဖေဖနဲ႔ေမေမညားခဲ့တာကလည္း ထန္းပင္ဖူးစာလို႔ပဲ ေျပာရမွာပါပဲ။

ေမေမက ညီအစ္ကိုေမာင္ႏွမေတြနဲ႔ ခ်င္းတြင္းျမစ္အေရွ႕ဘက္ကမ္းက ေဖေဖ့ရြာကို ထန္းလုပ္သားအျဖစ္ လုပ္ကိုင္ဖို႔ ေရာက္လာရင္း ေဖေဖနဲ႔ အေၾကာင္းပါခဲ့ပါတယ္။

ဒီေဆာင္းပါးကိုေရးခ်င္တာက လူမႈကြန္ရက္စာမ်က္ႏွာမွာ ထန္းပင္နဲ႕ပတ္သက္တဲ့အေၾကာင္း ေဆာင္းပါး စာတိုေလးတစ္ပုဒ္ဖတ္လိုက္ရတယ္။အဲဒါေၾကာင့္ ဒီအေၾကာင္းေလးကို ေရးဖို႔ျဖစ္လာျခင္းျဖစ္ပါတယ္။

အဲဒီေဆာင္းပါးမွာ ထန္းပင္ေတြဟာ သူတို႔ရွင္သန္ဖို႔အတြက္ ေျမေအာက္ေပ ၂၀၀ အထိကေရကိုစုပ္ယူၿပီး ရွင္သန္ႏိုင္ၾကပါတယ္တဲ့။အဲဒီလိုေျမေအာက္ေရကိုစုပ္ယူႏိုင္တာေၾကာင့္သူ႔အနီးဝန္းက်င္က ေျမဆီလႊာအထိကို ေရေရာက္ရွိလာၿပီး က်န္တဲ့ ပဲ၊ႏွမ္း၊စတဲ့ သီးႏွံေတြကို ျဖစ္ထြန္းေစပါတယ္တဲ့။

ထိုင္းႏိုင္ငံမွာ လြန္ခဲ့တဲ့ႏွစ္ ၃၀ ေလာက္က ထန္းပင္ေတြကို မထိန္းသိမ္းခဲ့လို႔ အခ်ိဳ႕ၿမိဳ႕ေတြမွာ ထန္းပင္ေတြဟာ အကုန္လုံးမ်ိဳးတုံးသြားခဲ့ဘူး ပါတယ္တဲ့။အဲဒီမွာ သူနဲ႔ဆက္စပ္တဲ့ေျမေတြက အေပၚယံေျမဆီလႊာေတြမွာပါ ေရဓာတ္ခမ္းေျခာက္သြားၿပီး ေျမဆီေျမႏွစ္မရွိေတာ့ဘဲ ေျမဟာအေရာင္ျဖဴလာၿပီး သဲေျမမ်ိဳးေျပာင္းလာတာ ေၾကာင့္ အျခားသီးႏွံေတြပါ မျဖစ္ထြန္းေတာ့ပါဘူးတဲ့။အပူခ်ိန္ေတြ အရမ္းတက္လာၿပီး ေရစီးေရလာေတြပါ ေျပာင္းသြားပါတယ္ဆိုၿပီးေရးထားပါတယ္။

အခု ကၽြန္ေတာ္တို႔ ထန္းမ်ိဳးရုိးေတြပါ ထန္းလ်က္ကိုဝယ္စားေနရပါၿပီ။ထန္းပိုင္ေတြျဖစ္ေပမယ့္ ထန္းလုပ္သား မရွိေတာ့ ထန္းလ်က္ခ်က္လုပ္ငန္းေတြ ရပ္နားထားၾကရသည္မွာ ႏွစ္ေပါင္းမနည္းလွေတာ့ေပ။ အေမ့ေမြးရပ္ေျမက ေမေမတို႔ေမာင္ႏွစ္မေတြပိုင္တဲ့ ထန္းေတြဆိုရင္ မလုပ္ကိုင္ႏိုင္တဲ့အျပင္ အပင္ေတြကိုပါ ခုတ္ေရာင္းလာၾကတဲ့အထိျဖစ္ ေနပါတယ္။လုပ္ငန္းေတြေျပာင္းကုန္ပါၿပီ။သနပ္ခါးႏွင့္ ေလွ်ာ္ျဖဴစိုက္ပ်ိဳးမႈဘက္ကို စိတ္ဝင္စားေနၾကပါတယ္။

သနပ္ခါးကေတာ့ ယခင္ကတည္းက စိုက္ပ်ိဳးခဲ့ၾကတာပါ။အဲဒီကထြက္တဲ့သနပ္ခါး အလြန္ကိုေကာင္းတဲ့ သနပ္ခါးေတြပါ။ေရစႀကဳိက သနပ္ခါးလုပ္ငန္းနဲ႔ အေမႊးတိုင္လုပ္ငန္းေတြဟာ အေမတို႔ရြာက အရင္းအအျမစ္ ေတြနဲ႔ မကင္းၾကပါဘူး။

ထန္းဆိုတာက အညာမွာလယ္ကြက္ႀကီးေတြနဲ႔ သီးျခားစိုက္ပ်ိဳးထားတာေတာ့မဟုတ္ပါဘူး။ တစ္ဦးနဲ႔တစ္ဦးရဲ႕ လယ္ကြက္ေတြကို အကန္႔ပိုင္းျခားထားတဲ့ ကန္သင္းရုိးေတြမွာ အမ်ားဆုံး တန္းစီစိုက္ထားၾကတာပါ။ တစ္ပင္တေလသာ လယ္ကြက္ယာကြက္ေတြရဲ႕ အလယ္မွာေပါက္ၾကပါတယ္။ထန္းပင္နဲ႔ မဟုတ္ရင္ ဆီးပင္တို႔နဲ႔လည္း ကန္႔ထားၾကပါတယ္။ထန္းပင္ရဲ႕ အရိပ္အာဝသနဲ႔ လယ္ယာလုပ္ငန္းေတြကို လုပ္ကိုင္ၾကပါတယ္။

မွတ္မိပါေသးတယ္။ပဲအမ်ိဳးမ်ိဳးကိုထန္းပင္ရိပ္ေအာက္မွာစိုက္ပ်ိဳးခဲ့ၾကပါတယ္။ထန္းပင္ရိပ္ေအာက္မွာပဲ ခရမ္းခ်ဥ္နဲ႔ဖူးစားေျပာင္းေတြပါ ရိတ္သိမ္းခဲ့ရဖူးပါေသးတယ္။စပါးပ်ိဳးခင္းေတြရဲ႕ ေဘးပတ္လည္ေတြမွာေတာင္ ထန္းပင္ေတြစိုက္ထားတာကို အမွတ္ရမိပါတယ္။

ဒီလိုေပါမ်ားတဲ့ထန္းပင္ေတြရွိခဲ့ေပမယ့္ အခုေတာ့ ထန္းလ်က္ထက္ ထန္းပင္ျမစ္သာ စားၾကရဖို႔ရွိပါေတာ့တယ္။ ဒါေတာင္ ထန္းပင္ေတြကို ခုတ္မေရာင္းမွသာ စားၾကရဖို႔ေမွ်ာ္လင့္ရပါတယ္။

ေနာက္မ်ိဳးဆက္ေတြမွာ မိဘေဆြမ်ိဳးေတြရဲ႕ လက္ငုတ္လက္ရင္းကို ဆက္ခံတဲ့မ်ိဳးဆက္တို႔ အဆက္ျပတ္သြားသေလာက္ ျဖစ္ေနပါၿပီ။ထန္းလုပ္ငန္းက အသက္အႏၱရာယ္ အလြန္မ်ားၿပီး ရွိသမွ် မိသားစုအားလုံး အကုန္လုံးပါဝင္ႏိုင္ပါမွ အလုပ္ျဖစ္တဲ့လုပ္ငန္းတစ္ခုပါ။

ကၽြန္ေတာ္တို႔ အမ်ိဳးေတြထဲမွာ ထန္းပင္တက္ရင္း ျပဳတ္က်လို႔ေသတဲ့သူ၊ ေပါင္ရိုးက်ိဳးလို႔ျဖတ္ဆက္ရတဲ့သူနဲ႔စုံပါ တယ္။အခုေတာ့ မ်ိဳးရုိးထဲမွာ ထန္းလုပ္မယ့္သူလည္းမရွိၾကေတာ့။ႏိုင္ငံျခားထြက္သူနဲ႔၊အစိုးရဝန္ထမ္းနဲ႔ ကုမၸဏီအလုပ္ လုပ္သူနဲ႔။ေျပာင္းလဲကုန္က်ပါၿပီ။

ဒီလိုနဲ႔ ထန္းပင္ဟာ အပိုႀကီးတစ္ခုလိုျဖစ္သြားရမွာလား။အပိုႀကီးျဖစ္သြားလို႔ ခုတ္ေရာင္းၾကေတာ့လည္း ထင္းေဈးေလာက္သာ ေပးဝယ္ၾကတာကို ေတြ႔ရပါတယ္။အပင္အိုကို ခုတ္မေရာင္းခင္ေတာ့ ပင္ပ်ိဳေလးေတြ အဆင္သင့္ စိုက္ထားေပးၾကဖို႔ပါပဲ။

အပင္လိုက္ အၾကမ္းထည္ေရာင္းတာထက္ ထန္းသားနဲ႔တန္ဖိုးျမင့္ထုတ္ကုန္ေတြျပဳလုပ္ေရာင္ခ်မယ္ ဆိုရင္ထန္းေတာင္သူေတြ ဘဝအဆင့္ေတြ ျမင့္ၾကမွာပါ။မေရာင္းပါနဲ႔လို႔လည္း မေျပာရက္ဘူးေလ။ငါ့ဝမ္းပူဆာ ဆိုတာလူတိုင္းမွာ ရွိၾကပါတယ္။မခုတ္ခင္မွာမ်ိဳးဆက္သစ္အပင္ေတြ မ်ားမ်ားစိုက္ထားၾကဖို႔ပါပဲ။

အဓိကကေတာ့ ထန္းမလုပ္ေတာ့လို႔ ထန္းမ်ိဳးတုန္းေအာင္မလုပ္မိၾကဖို႔နဲ႔ ထန္းပင္ထန္းရိပ္တို႔ ေဝစည္အုပ္မိုး ေနပါေစ၊ထန္းပင္ေၾကာင့္ေျမဆီေျမလႊာနဲ႔ စိုက္ပ်ိဳးေျမတို႔ေကာင္းမြန္ေနတယ္ဆိုရင္ ထန္းပင္ေတြ မျပတ္ရွိေနဖို႔ လိုတာေပါ့။

ကႏၱာရဆန္ၿပီး ပူျပင္ေျခာက္ေသြ႔တဲ့ အညာဟာ ထန္းပင္ေၾကာင့္ အိုေအစစ္ျဖစ္ေနရင္ ထန္းပင္ဟာ မ်ိဳးဆက္ျပတ္လို႔ မရဘူးဆိုတာကို လက္ခံႏိုင္ေကာင္းပါရဲ႕ဗ်ာ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
taunggyi-garden-city
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service