Coober Pedy (သို့မဟုတ်) ကမ္ဘာ့အထူးဆန်းဆုံး မြေအောက်မြို့

Coober Pedy (သို့မဟုတ်) ကမ္ဘာ့အထူးဆန်းဆုံး မြေအောက်မြို့ - Property News in Myanmar from iMyanmarHouse.com
7 Sep 2022 11:08 am တွင် တင်ခဲ့သည်
606 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

၁၉၁၅ ခုနှစ်အတွင်း အသက် ၁၄ နှစ်အရွယ် လူငယ်ကလေးတစ်ဦးသည် သြစတေးလျနိုင်ငံ တောင်ပိုင်း လွန်စွာအစွန်အဖျားကျသော ဒေသတစ်ခုတွင် တန်ဖိုးကြီးကျောက်မျက်တစ်လုံးကို ရှာဖွေတွေ့ရှိခဲ့၏။

ထိုသို့ တွေ့ရှိလိုက်ချိန်နောက်ပိုင်းမှစကာ Coober Pedy မြို့ကလေး မွေးဖွားပေါ်ပေါက်လာခဲ့လေသည်။

လူသူမနီး ဝေးလံခေါင်သီလှသောဒေသတွင်ရှိသော Coober Pedy မြို့ကလေးသည် ကြောက်မက်ဖွယ်ရာ အပူချိန်ပြင်းထန်လှသောဒေသဖြစ်သော်လည်း ယခုအခါတွင် နေထိုင်သူ ထောင်ချီရှိနေပြီ ဖြစ်သည်။

ထူးဆန်းသောမြို့ဟုဆိုထားရာ မည်သည့်အချက် ထူးဆန်းပါသနည်း။ ထူးဆန်းသည့်အချက်ကား တစ်မြို့လုံး မြေအောက်ထဲတွင် တည်ရှိနေခြင်း ဖြစ်၏။

ထိုမြို့ကလေးတွင် ထွက်ရှိသော ကျောက်မျက်ကား မဟူရာကြောင်ကျောက်ဖြစ်ပြီး ကမ္ဘာ့အထူးဆန်းဆုံး အဆိုပါမြို့သို့ လာရောက်လည်ပတ်သူနှစ်စဉ် အလုံးအရင်းရှိသည်။

(မဟူရာသိုက်)

ကမ္ဘာပေါ်တွင် တန်ဖိုးထားဝတ်ဆင်နေကြသော မဟူရာကျောက်အများစုမှာ ဤမြို့ငယ်လေးမှ ထွက်ရှိခြင်း ဖြစ်၏။

ထိုသို့ အလုံးအရင်းထွက်သော်လည်း မြို့ကလေးတွင် သတ္တုတွင်းကုမ္ပဏီကြီးများမရှိ။ အကြောင်းကား မဟူရာကို စက်ယန္တရားကြီးများဖြင့် တူးဖော်လျှင်လည်း အရေအတွက် များများမတွေ့။ မဟူရာကိုရှာရန် တစ်ခုတည်းသောနည်းလမ်းမှာ အသေးစိတ်ဥမင်တူးဖော်ရှာဖွေမှုမှသာ တွေ့နိုင်သည်။

(တည်နေရာ)

Coober Pedy မြို့ကလေးသည် သြစတေးလျမြောက်ပိုင်း၊ အဲ့ဒလေ့မြို့ (Adelaide) ၏ မြောက်ဘက် ၈၄၆ ကီလိုမီတာ ( ၅၂၆ မိုင်) အကွာတွင် တည်ရှိသည်။

အဖိုးတန် မဟူရာကျောက်များစွာ တူးဖော်ရရှိသောကြောင့် ကမ္ဘာ့မဟူရာမြို့တော်ဟု ရည်ညွှန်းလေ့ရှိသည်။

Coober Pedy သည် ဌာနတိုင်းရင်းသားတို့၏ ဝေါဟာရ Kupapiti မှ ဆင်းသက်လာသည်ဟု ယူဆရပြီး whitefellas hole ဟု အဓိပ္ပာယ်ရသည်။

၂၀၁၆ ခုနှစ် သန်းခေါင်စာရင်းအရ Coober Pedy မြို့ကလေးတွင် လူဦးရေ ၁၇၆၂ ဦး နေထိုင်သည်။

(ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း)

၁၉၈၇ ခုနှစ်တွင် Stuart အဝေးပြေးလမ်းမကြီး ဖောက်လုပ်ပြီးစီးချိန်နောက်ပိုင်း ကူးဘားပီဒီမြို့ကလေးသည် ကမ္ဘာလှည့်ခရီးသည်တို့ အလည်အပတ်လာကြသည့် နေရာတစ်ခု ဖြစ်လာသည်။

ယနေ့အခါတွင် မြို့ကလေးသည် မဟူရာတူးဖော်ခြင်းအပြင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအပေါ်တွင်လည်း မှီခိုအားထားလာကြသည်။

ကမ္ဘာလှည့်ခရီးသည်တို့ လည်ပတ်ကြည့်ရှုလေ့ရှိသည့်နေရာများကား မဟူရာတူးဖော်ရေးနေရာများ၊ သင်္ချိုင်းနေရာ၊ မြေအောက်ဘုရားကျောင်းများ အပါအဝင်ဖြစ်သည်။

မြို့ကလေးတွင် မိုတယ်များစွာရှိပြီး မြေအောက်အိပ်ခန်းနေရာများဖြင့် ဝန်ဆောင်မှုပေးသည်။ Umoona မဟူရာတွင်းနှင့် ပြတိုက်တို့မှာလည်း လည်ပတ်ကြည့်ရှုသူများပြားသည့်နေရာတစ်ခုပင်။

(သမိုင်းဝင်အမွေအနှစ်နေရာများ)

-Hutchison လမ်း၊ အမှတ် ၁၃ (အခန်း ၃ ခန်းဖွဲ့စည်း တူးဖော်ထားသည့်နေရာ)

-Hutchison လမ်း၊ အမှတ် ၉ (Coober Pedy ကက်သလစ်ဘုရားကျောင်း)

(ဒေသတွင်း သတင်းမီဒီယာ)

Coober Pedy မြို့ကလေးတွင် Coober Pedy Regional Times အမည်ဖြင့် အခမဲ့ဖြန့်ဝေသည့် ဂျာနယ်တစ်ခုရှိသည်။

၂၀၀၁ ခုနှစ်၊ မတ်လ ၁၅ ရက်တွင် စတင်ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး ၂ ပတ်တစ်ကြိမ်ထုတ် စာစောင်ဖြစ်သည်။

(ရာသီဥတု)

ကူးဘား ပီဒီမြို့ကလေး၏ ရာသီဥတုမှာ သဲကန္တာရ ရာသီဥတုဖြစ်ပြီး အပူအအေးကွာခြားမှု ပြင်းထန်သည်။

နွေရာသီတွင် အရိပ်ထဲ၌ပင် အပူချိန် ၃၅ ဒီဂရီ စင်တီဂရိတ် (၉၅ ဒီဂရီ ဖာရင်ဟိုက်) ရှိပြီး သဲမုန်တိုင်းများ မကြာခဏတိုက်လေ့ရှိသည်။

မိုးရွာသွန်းမှု အလွန်နည်းပါးပြီး နှစ်စဉ်မိုးရေချိန်မှာ ၁၄၁ မီလီမီတာသာ ရှိသည်။

(Coober Pedy မြို့ကလေးသို့ အလည်အပတ်သွားမည်ဆိုလျှင်….)

Coober Pedy မြို့လေးတွင် လည်ပတ်လေ့လာစရာ နေရာများစွာရှိသောကြောင့် ၂ ရက်၊ ၃ ရက်ခန့် နေထိုင်ကာ လည်ပတ်ရန် အကြံပြုလိုပါသည်။

အောက်တွင် သွားလာလည်ပတ်ရန် ခရီးစဉ်အကျဉ်းချုပ်ကို ဖော်ပြအပ်ပါသည်။

(ပထမနေ့)

မနက်ပိုင်း- ဒေသ၏ သမိုင်း၊ သတ္တုတူးဖော်မှု ၊ ဘူမိဗေဒ၊ မြေမျက်နှာသွင်ပြင်၊ မြေအောက်လူနေမှုပုံစံနှင့် ဌာနေတိုင်းရင်းသားတို့၏ ယဉ်ကျေးမှုများအကြောင်း လေ့လာရန်ပြတိုက်သို့ အနည်းဆုံး နေ့တဝက်ခန့် သွားရောက်ကြည်ရှုပါ။

မြေအောက်ဥမင်များကို လေ့လာပါက အဖိုးတန် မဟူရာကျောက်များနှင့် ကျောက်ဖြစ်ရုပ်ကြွင်းများကို မြင့်တွေ့ရမည်ဖြစ်သည်။

ယင်းနောက် Umoona တွင် ဆုရမှတ်တမ်းရုပ်ရှင် The Story of Opal ဇာတ်ကားကို ကြည့်ပါ။ ထိုဇာတ်ကားသည် ဤဒေသ၏ ရှေ့ဟောင်းနှင့်လတ်တလော သမိုင်းကြောင်းကို ကောင်းစွာခြုံငုံသုံးသပ်ပေးထားသည်။

နေ့ခင်း/ ညနေပိုင်း - ခေတ်မီနှင့် ရှေးရိုးနည်းလမ်းများဖြင့် မဟူရာကို ထုတ်ယူပုံ ကြည့်ရန် တူးဖော်သည့် နေရာသို့ သွားရောက်လေ့လာပါ။

ထို့အပြင် သင်ကိုယ်တိုင်လည်း “ခေါက်ဆွဲ” စမ်းကြည့်ပါ။

ခေါက်ဆွဲစမ်းသည် ဆိုသည်မှာ ဒေသခံတို့၏ စကားဖြစ်ပြီး စွန့်ပစ်မြေစာပုံ များထဲတွင် ကျောက်ရှာခြင်းဖြစ်သည်။

ကံကောင်းသူများ ဆိုလျှင် ကြီးမားသည့် ကျောက်များရလေ့ရှိသည်။

မနက်စာ၊ နေ့လည်စာနှင့် ညစာအတွက် ရွေးချယ်စရာ ယဉ်ကျေးမှုပေါင်းစုံ စားသောက်ဆိုင်များ ရှိပါသည်။

(ဒုတိယနေ့)

နံနက်ပိုင်း- ထူးခြားသော လူနေမှုပုံစံကို လေ့လာရန် Coober Pedy မြို့အတွင်း လည်ပတ်ကြည့်ရှုပါ။

အဓိကဆွဲဆောင်မှုမှာ မြေအောက်ဘုရားကျောင်းများ ၊မြက်ခင်းပြင်မရှိသော ဂေါက်ကွင်း၊ Kangaroo မိဘမဲ့ဂေဟာ၊ မဟူရာဆိုင်များနှင့် ပြခန်းများစွာတို့ပါဝင်သည်။

မွန်းလွဲပိုင်းနှင့် ညနေပိုင်း- ရင်သပ်ရှုမောဖွယ်ကျောက်ဆောင်ကြီးများ၊ လရောင်လွင်ပြင်နှင့် တောခွေးခြံစည်းရိုးကြီးများကို လေ့လာရန် မြို့ပြင်ထွက်ကာ ကြည့်ရှုလေ့လာပါ။ နေဝင်ဆည်းဆာကို ခံစားရန် အကောင်းဆုံးနေရာများဖြစ်ပြီး မကြာခဏ ရုပ်ရှင်လာရိုက်လေ့ရှိသည်။

(တတိယနေ့နှင့် စတုတ္ထနေ့)

Coober Pedy မြို့ကလေး၏ အနီးဝန်းကျင် ခေါင်သီသော မြို့ကလေးများကို လည်ပတ်ကြည့်ရှုပါ။

(မြို့ကလေးသို့ လည်ပတ်ရန် အကြောင်းရင်း)

Coober Pedy မြို့ကလေးသို့ လာရောက်ကြသည့် အဓိကအကြောင်းရင်း ၂ ခုရှိသည်။

တစ်ခုမှာ ကမ္ဘာပေါ်တွင် မည်သည့်နေရာတွင်မှမရှိသော မြေအောက်မြို့ကို လေ့လာလိုခြင်းဖြစ်ပြီး ဒုတိယအချက်မှာ မဟူရာကျောက် ရှာဖွေလိုခြင်း၊ ရှာဖွေပုံလေ့လာလိုခြင်းတို့ကြောင့် ဖြစ်သည်။

(မဟူရာတွင်း ဥမင်တစ်ခု။ CREDIT: GETTY)

ဤဒေသတွင် အစောဆုံးအခြေချနေထိုင်သူအများစုမှာ ပထမကမ္ဘာစစ်မှ စစ်ပြန်ကြီးများဖြစ်ပြီး တူးဖော်ရေးတွင် အထူးကျွမ်းကျင်သူများ ဖြစ်၏။

မြေအောက်မြို့တွင် လာရောက်လည်ပတ်သူများ တည်းခိုနိုင်သည့် Desert Cave ဟိုတယ် (desertcave.com.au ) လည်းရှိပြီး ကမ္ဘာ့အမှောင်မိုက်ဆုံး၊ အတိတ်ဆိတ်ဆုံး အိပ်ခန်းများတွင် အိပ်စက်အနားယူနိုင်မည် ဖြစ်သည်။

မြေအောက်ခန်းများအတွင်း အပူချိန်မှာ ၂၃ ဒီဂရီစင်တီဂရိတ်သာ ရှိသည်။

(မြေအောက်တွင် အပူသက်သာသည်။ CREDIT: GETTY)

 

(သတိပေးဆိုင်းဘုတ်တစ်ခု။ CREDIT: GETTY)

(မြို့ကလေး၏ ဘောလုံးအသင်း)

မြို့ကလေးတွင် ဘောလုံးအသင်းတစ်ခုလည်းရှိရာ Coober Pedy Saints ဟု အမည်ပေးထားပြီး Far North Football League တွင် ပါဝင်ကစားသည်။

ပြဿနာကား ထိုအသင်း၏ အနီးကပ်ဆုံးပြိုင်ဘက်အားလုံး အခြေစိုက်သည်မှာ မိုင် ၂၈၀ အကွာအဝေးတွင် တည်ရှိသော Roxby Downs မြို့တွင်ဖြစ်၏။

၎င်းတို့အသင်းသည် နှစ်စဉ်နှစ်တိုင်း ကစားပွဲစဉ် တစ်ဒါဇင်ခန့် ယှဉ်ပြိုင်ရရာ ခရီးစရိတ်ပင် သြစတေးလျဒေါ်လာ ၁၅၀၀၀ ခန့် ကုန်သည်။

(စီတန်းနေသော ရုပ်မြင်သံကြားစက်များ။ အဘယ်ကြောင့်ထိုသို့ထားရှိသည်ကိုမူ မသိရချေ။ CREDIT: getty)

 

(ညဘက် ဂေါက်ရိုက်ခြင်း)

Coober Pedy မြို့ကလေးတွင် ဂေါက်ကွင်းတစ်ခုလည်းရှိသည်။ သို့သော် အပူချိန်အလွန်ပြင်းထန်သည့်ဒေသ ဖြစ်သောကြောင့် ကစားပွဲများကို ညဘက်တွင်သာ ကစားကြရပြီး အမှောင်ထဲတွင် မီးလင်းသော ဂေါက်သီးများဖြင့် ကစားကြ၏။ ဂေါက်ကွင်းဆိုသော်လည်း မြက်မရှိချေ။

 

(ဤနေရာကို Green ဟု ခေါ်ဝေါ်သုံးနှုန်းပါသလား။CREDIT: GETTY)

မြို့ကလေးအနီးရှိ Lake Eyre မှာလည်း ထူးခြားသည်။ ထိုနေရာသည် သြစတေးလျတွင် မြေမျက်နှာပြင်အနိမ့်ဆုံးနေရာဖြစ်ပြီး ရေကန်တွင် ရေပြည့်နေသည်မှာ အလွန်ရှားသည်။ တောရိုင်းတိရ စ္ဆာန် များသည် ကန်စပ်သို့ အုပ်ဖွဲ့လာရောက်လေ့ရှိကြ၏။

အချိန်အများစုတွင် ရေကန်မှာ အဖြူရောင်ဆားကန်ကြီးအဖြစ်သာ တည်ရှိသည်။ ကန်ကြီး၏အကျယ်မှာ စတုရန်း ၃၅၀၀ မိုင်ခန့်ရှိသည်။

ဆားပွင့်တို့၏ ရောင်ပြန်ဟပ်မှုများဖြင့် မျက်စေ့တဆုံး တဖိတ်ဖိတ်အဖြူရောင်ကွင်းပြင်ကြီးကို ရှုမြင်ရမည် ဖြစ်သည်။

(မြို့ကလေးအနီး ခြောက်သွေ့သွေ့ မြေမျက်နှာပြင်ရှုခင်း- CREDIT: GETTY)

 

(မြေအောက်ဘုရားကျောင်းတစ်ခု-CREDIT: GETTY)

 

(မြို့ငယ်တစ်ခု၊ နိုင်ငံသားပေါင်းစုံ )

Coober Pedy မြို့ကလေး၏ လူဦးရေမှာ ၁၈၀၀ ဝန်းကျင်ခန့်သာရှိသော်လည်း နိုင်ငံသား ၅၀ ဝန်းကျင်မှ နိုင်ငံသားပေါင်းစုံ စုပေါင်းနေထိုင်ကြခြင်းဖြစ်သည်။

မြို့ကလေးမှ ဟိုတယ် တစ်ခုရှိ ဧည့်ကောင်တာတွင် တာဝန်ထမ်းဆောင်သူမှာ သီရိလင်္ကာနိုင်ငံသား ဖြစ်ပြီး Waitress မှာ ဖိလစ်ပိုင်နိုင်ငံသူဖြစ်သည်။

ဂရိနိုင်ငံသားတစ်ဦးပိုင်သော မဟူရာပြတိုက်တွင် အာဂျင်တီးနားနှင့် အိုင်ယာလန်တို့မှ အမျိုးသမီးများ တာဝန်ထမ်းဆောင်လျှက်ရှိသည်။

မီးသတ်စခန်းတစ်ခုရှိပြီး စေတနာဝန်ထမ်းများက တာဝန်ယူပေးသည်။

ထို့အပြင် ရဲစခန်းတစ်ခုလည်းရှိပြီး ရဲအရာရှိ ၁၅ ဦးရှိသည်။

(မြို့ကလေး၏ သုဿန် CREDIT: GETTY)

(ကမ္ဘာ့အရှည်ဆုံး ခြံစည်းရိုး)

Cobber Pedy မြို့ကလေး၏ မြို့ပြင်တွင် တောခွေးများ၏ ရန်မှ ကာကွယ်ရန်အတွက် ဆောက်လုပ်ထားသော ကမ္ဘာ့အရှည်ဆုံး ခြံစည်းရိုးကြီးရှိသည်။

ခြံစည်းရိုး၏ အရှည်မှာ မိုင်ပေါင်း ၃၄၄၈ မိုင် ရှည်လျားသည်။

တောခွေးပြဿနာသည် အစိုးရအားနှစ်စဉ် ဒေါ်လာသန်းပေါင်းများစွာ နစ်နာစေလျက်ရှိသည်။ မြို့ခံ မွေးမြူရေးခြံသမားတစ်ဦးပြောသည်မှာ တစ်ခါတွင် သူ၏မွေးမြူရေးခြံအနီးရှိ တောခွေးခြံစည်းရိုး ပြိုကျနေခဲ့ရာ တောခွေးတို့ ဝင်ရောက်လာမှုကြောင့် သိုးကောင်ရေ ၁၀၀၀ နီးပါး ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Welcome to Coober Pedy, the world's strangest town (telegraph)

 

 

 

[Zawgyi]

Coober Pedy (သို႔မဟုတ္) ကမၻာ့အထူးဆန္းဆံုး ေျမေအာက္ျမိဳ႕

 

၁၉၁၅ ခုႏွစ္အတြင္း အသက္ ၁၄ ႏွစ္အရြယ္ လူငယ္ကေလးတစ္ဦးသည္ ၾသစေတးလ်ႏိုင္ငံ ေတာင္ပိုင္း လြန္စြာအစြန္အဖ်ားက်ေသာ ေဒသတစ္ခုတြင္ တန္ဖိုးၾကီးေက်ာက္မ်က္တစ္လံုးကို ရွာေဖြေတြ႔ရွိခဲ့၏။

ထိုသို႔ ေတြ႔ရွိလိုက္ခ်ိန္ေနာက္ပိုင္းမွစကာ Coober Pedy ျမိဳ႕ကေလး ေမြးဖြားေပၚေပါက္လာခဲ့ေလသည္။

လူသူမနီး ေဝးလံေခါင္သီလွေသာေဒသတြင္ရွိေသာ Coober Pedy ျမိဳ႕ကေလးသည္ ေၾကာက္မက္ဖြယ္ရာ အပူခ်ိန္ျပင္းထန္လွေသာေဒသျဖစ္ေသာ္လည္း ယခုအခါတြင္ ေနထုိင္သူ ေထာင္ခ်ီရွိေနျပီ ျဖစ္သည္။

ထူးဆန္းေသာျမိဳ႕ဟုဆိုထားရာ မည္သည့္အခ်က္ ထူးဆန္းပါသနည္း။ ထူးဆန္းသည့္အခ်က္ကား တစ္ျမိဳ႕လံုး ေျမေအာက္ထဲတြင္ တည္ရွိေနျခင္း ျဖစ္၏။

ထိုျမိဳ႕ကေလးတြင္ ထြက္ရွိေသာ ေက်ာက္မ်က္ကား မဟူရာေၾကာင္ေက်ာက္ျဖစ္ျပီး ကမၻာ့အထူးဆန္းဆံုး အဆိုပါျမိဳ႕သို႔ လာေရာက္လည္ပတ္သူႏွစ္စဥ္ အလံုးအရင္းရွိသည္။

(မဟူရာသိုက္)

ကမၻာေပၚတြင္ တန္ဖုိးထားဝတ္ဆင္ေနၾကေသာ မဟူရာေက်ာက္အမ်ားစုမွာ ဤျမိဳ႕ငယ္ေလးမွ ထြက္ရွိျခင္း ျဖစ္၏။

ထိုသို႔ အလံုးအရင္းထြက္ေသာ္လည္း ျမိဳ႕ကေလးတြင္ သတၱဳတြင္းကုမၸဏီၾကီးမ်ားမရွိ။ အေၾကာင္းကား မဟူရာကို စက္ယႏၱရားၾကီးမ်ားျဖင့္ တူးေဖာ္လွ်င္လည္း အေရအတြက္ မ်ားမ်ားမေတြ႔။ မဟူရာကိုရွာရန္ တစ္ခုတည္းေသာနည္းလမ္းမွာ အေသးစိတ္ဥမင္တူးေဖာ္ရွာေဖြမႈမွသာ ေတြ႔ႏိုင္သည္။

(တည္ေနရာ)

Coober Pedy ျမိဳ႕ကေလးသည္ ၾသစေတးလ်ေျမာက္ပိုင္း၊ အဲ့ဒေလ့ျမိဳ႕ (Adelaide) ၏ ေျမာက္ဘက္ ၈၄၆ ကီလိုမီတာ ( ၅၂၆ မိုင္) အကြာတြင္ တည္ရွိသည္။

အဖိုးတန္ မဟူရာေက်ာက္မ်ားစြာ တူးေဖာ္ရရွိေသာေၾကာင့္ ကမၻာ့မဟူရာျမိဳ႕ေတာ္ဟု ရည္ညႊန္းေလ့ရွိသည္။

Coober Pedy သည္ ဌာနတိုင္းရင္းသားတို႔၏ ေဝါဟာရ Kupapiti မွ ဆင္းသက္လာသည္ဟု ယူဆရျပီး whitefellas hole ဟု အဓိပၸာယ္ရသည္။

၂၀၁၆ ခုႏွစ္ သန္းေခါင္စာရင္းအရ Coober Pedy ျမိဳ႕ကေလးတြင္ လူဦးေရ ၁၇၆၂ ဦး ေနထိုင္သည္။

(ကမၻာလွည့္ခရီးသြားလုပ္ငန္း)

၁၉၈၇ ခုႏွစ္တြင္ Stuart အေဝးေျပးလမ္းမၾကီး ေဖာက္လုပ္ျပီးစီးခ်ိန္ေနာက္ပိုင္း ကူးဘားပီဒီျမိဳ႕ကေလးသည္ ကမၻာလွည့္ခရီးသည္တို႔ အလည္အပတ္လာၾကသည့္ ေနရာတစ္ခု ျဖစ္လာသည္။

ယေန႔အခါတြင္ ျမိဳ႕ကေလးသည္ မဟူရာတူးေဖာ္ျခင္းအျပင္ ကမၻာလွည့္ခရီးသြားလုပ္ငန္းအေပၚတြင္လည္း မွီခိုအားထားလာၾကသည္။

ကမၻာလွည့္ခရီးသည္တို႔ လည္ပတ္ၾကည့္ရႈေလ့ရွိသည့္ေနရာမ်ားကား မဟူရာတူးေဖာ္ေရးေနရာမ်ား၊ သခိ်ဳၤင္းေနရာ၊ ေျမေအာက္ဘုရားေက်ာင္းမ်ား အပါအဝင္ျဖစ္သည္။

ျမိဳ႕ကေလးတြင္ မိုတယ္မ်ားစြာရွိျပီး ေျမေအာက္အိပ္ခန္းေနရာမ်ားျဖင့္ ဝန္ေဆာင္မႈေပးသည္။ Umoona မဟူရာတြင္းႏွင့္ ျပတိုက္တို႔မွာလည္း လည္ပတ္ၾကည့္ရႈသူမ်ားျပားသည့္ေနရာတစ္ခုပင္။

(သမိုင္းဝင္အေမြအႏွစ္ေနရာမ်ား)

-Hutchison လမ္း၊ အမွတ္ ၁၃ (အခန္း ၃ ခန္းဖြဲ႔စည္း တူးေဖာ္ထားသည့္ေနရာ)

-Hutchison လမ္း၊ အမွတ္ ၉ (Coober Pedy ကက္သလစ္ဘုရားေက်ာင္း)

(ေဒသတြင္း သတင္းမီဒီယာ)

Coober Pedy ျမိဳ႕ကေလးတြင္ Coober Pedy Regional Times အမည္ျဖင့္ အခမဲ့ျဖန္႔ေဝသည့္ ဂ်ာနယ္တစ္ခုရွိသည္။

၂၀၀၁ ခုႏွစ္၊ မတ္လ ၁၅ ရက္တြင္ စတင္ထုတ္ေဝခဲ့ျခင္းျဖစ္ျပီး ၂ ပတ္တစ္ၾကိမ္ထုတ္ စာေစာင္ျဖစ္သည္။

(ရာသီဥတု)

ကူးဘား ပီဒီျမိဳ႕ကေလး၏ ရာသီဥတုမွာ သဲကႏၱာရ ရာသီဥတုျဖစ္ျပီး အပူအေအးကြာျခားမႈ ျပင္းထန္သည္။

ေႏြရာသီတြင္ အရိပ္ထဲ၌ပင္ အပူခ်ိန္ ၃၅ ဒီဂရီ စင္တီဂရိတ္ (၉၅ ဒီဂရီ ဖာရင္ဟိုက္) ရွိျပီး သဲမုန္တိုင္းမ်ား မၾကာခဏတိုက္ေလ့ရွိသည္။

မိုးရြာသြန္းမႈ အလြန္နည္းပါးျပီး ႏွစ္စဥ္မိုးေရခ်ိန္မွာ ၁၄၁ မီလီမီတာသာ ရွိသည္။

(Coober Pedy ျမဳိ႕ကေလးသို႔ အလည္အပတ္သြားမည္ဆိုလွ်င္….)

Coober Pedy ျမိဳ႕ေလးတြင္ လည္ပတ္ေလ့လာစရာ ေနရာမ်ားစြာရွိေသာေၾကာင့္ ၂ ရက္၊ ၃ ရက္ခန္႔ ေနထိုင္ကာ လည္ပတ္ရန္ အၾကံျပဳလုိပါသည္။

ေအာက္တြင္ သြားလာလည္ပတ္ရန္ ခရီးစဥ္အက်ဥ္းခ်ဳပ္ကို ေဖာ္ျပအပ္ပါသည္။

(ပထမေန႔)

မနက္ပိုင္း- ေဒသ၏ သမိုင္း၊ သတၱဳတူးေဖာ္မႈ ၊ ဘူမိေဗဒ၊ ေျမမ်က္ႏွာသြင္ျပင္၊ ေျမေအာက္လူေနမႈပံုစံႏွင့္ ဌာေနတိုင္းရင္းသားတို႔၏ ယဥ္ေက်းမႈမ်ားအေၾကာင္း ေလ့လာရန္ျပတိုက္သုိ႔ အနည္းဆံုး ေန႔တဝက္ခန္႔ သြားေရာက္ၾကည္ရႈပါ။

ေျမေအာက္ဥမင္မ်ားကို ေလ့လာပါက အဖိုးတန္ မဟူရာေက်ာက္မ်ားႏွင့္ ေက်ာက္ျဖစ္ရုပ္ၾကြင္းမ်ားကို ျမင့္ေတြ႔ရမည္ျဖစ္သည္။

ယင္းေနာက္ Umoona တြင္ ဆုရမွတ္တမ္းရုပ္ရွင္ The Story of Opal ဇာတ္ကားကို ၾကည့္ပါ။ ထုိဇာတ္ကားသည္ ဤေဒသ၏ ေရွ ႔ေဟာင္းႏွင့္လတ္တေလာ သမိုင္းေၾကာင္းကို ေကာင္းစြာျခံဳငံုသံုးသပ္ေပးထားသည္။

ေန႔ခင္း/ ညေနပိုင္း - ေခတ္မီႏွင့္ ေရွးရိုးနည္းလမ္းမ်ားျဖင့္ မဟူရာကို ထုတ္ယူပံု ၾကည့္ရန္ တူးေဖာ္သည့္ ေနရာသို႔ သြားေရာက္ေလ့လာပါ။

ထို႔အျပင္ သင္ကိုယ္တိုင္လည္း “ေခါက္ဆြဲ” စမ္းၾကည့္ပါ။

ေခါက္ဆြဲစမ္းသည္ ဆိုသည္မွာ ေဒသခံတို႔၏ စကားျဖစ္ျပီး စြန္႔ပစ္ေျမစာပံု မ်ားထဲတြင္ ေက်ာက္ရွာျခင္းျဖစ္သည္။

ကံေကာင္းသူမ်ား ဆိုလွ်င္ ၾကီးမားသည့္ ေက်ာက္မ်ားရေလ့ရွိသည္။

မနက္စာ၊ ေန႔လည္စာႏွင့္ ညစာအတြက္ ေရြးခ်ယ္စရာ ယဥ္ေက်းမႈေပါင္းစံု စားေသာက္ဆိုင္မ်ား ရွိပါသည္။

(ဒုတိယေန႔)

နံနက္ပိုင္း- ထူးျခားေသာ လူေနမႈပံုစံကို ေလ့လာရန္ Coober Pedy ျမိဳ ႔အတြင္း လည္ပတ္ၾကည့္ရႈပါ။

အဓိကဆြဲေဆာင္မႈမွာ ေျမေအာက္ဘုရားေက်ာင္းမ်ား ၊ျမက္ခင္းျပင္မရွိေသာ ေဂါက္ကြင္း၊ Kangaroo မိဘမဲ့ေဂဟာ၊ မဟူရာဆိုင္မ်ားႏွင့္ ျပခန္းမ်ားစြာတို႔ပါဝင္သည္။

မြန္းလြဲပိုင္းႏွင့္ ညေနပိုင္း- ရင္သပ္ရႈေမာဖြယ္ေက်ာက္ေဆာင္ၾကီးမ်ား၊ လေရာင္လြင္ျပင္ႏွင့္ ေတာေခြးျခံစည္းရိုးၾကီးမ်ားကို ေလ့လာရန္ ျမိဳ႕ျပင္ထြက္ကာ ၾကည့္ရႈေလ့လာပါ။ ေနဝင္ဆည္းဆာကို ခံစားရန္ အေကာင္းဆံုးေနရာမ်ားျဖစ္ျပီး မၾကာခဏ ရုပ္ရွင္လာရိုက္ေလ့ရွိသည္။

(တတိယေန႔ႏွင့္ စတုတၳေန႔)

Coober Pedy ျမိဳ႕ကေလး၏ အနီးဝန္းက်င္ ေခါင္သီေသာ ျမိဳ႕ကေလးမ်ားကို လည္ပတ္ၾကည့္ရႈပါ။

(ျမိဳ႕ကေလးသို႔ လည္ပတ္ရန္ အေၾကာင္းရင္း)

Coober Pedy ျမဳိ႕ကေလးသို႔ လာေရာက္ၾကသည့္ အဓိကအေၾကာင္းရင္း ၂ ခုရွိသည္။

တစ္ခုမွာ ကမၻာေပၚတြင္ မည္သည့္ေနရာတြင္မွမရွိေသာ ေျမေအာက္ျမိဳ႕ကို ေလ့လာလိုျခင္းျဖစ္ျပီး ဒုတိယအခ်က္မွာ မဟူရာေက်ာက္ ရွာေဖြလိုျခင္း၊ ရွာေဖြပံုေလ့လာလိုျခင္းတို႔ေၾကာင့္ ျဖစ္သည္။

(မဟူရာတြင္း ဥမင္တစ္ခု။ CREDIT: GETTY)

ဤေဒသတြင္ အေစာဆံုးအေျခခ်ေနထိုင္သူအမ်ားစုမွာ ပထမကမၻာစစ္မွ စစ္ျပန္ၾကီးမ်ားျဖစ္ျပီး တူးေဖာ္ေရးတြင္ အထူးကၽြမ္းက်င္သူမ်ား ျဖစ္၏။

ေျမေအာက္ျမိဳ႕တြင္ လာေရာက္လည္ပတ္သူမ်ား တည္းခိုႏိုင္သည့္ Desert Cave ဟိုတယ္ (desertcave.com.au ) လည္းရွိျပီး ကမၻာ့အေမွာင္မိုက္ဆံုး၊ အတိတ္ဆိတ္ဆံုး အိပ္ခန္းမ်ားတြင္ အိပ္စက္အနားယူႏိုင္မည္ ျဖစ္သည္။

ေျမေအာက္ခန္းမ်ားအတြင္း အပူခ်ိန္မွာ ၂၃ ဒီဂရီစင္တီဂရိတ္သာ ရွိသည္။

(ေျမေအာက္တြင္ အပူသက္သာသည္။ CREDIT: GETTY)

(သတိေပးဆိုင္းဘုတ္တစ္ခု။ CREDIT: GETTY)

(ျမိဳ႕ကေလး၏ ေဘာလံုးအသင္း)

ျမိဳ႕ကေလးတြင္ ေဘာလံုးအသင္းတစ္ခုလည္းရွိရာ Coober Pedy Saints ဟု အမည္ေပးထားျပီး Far North Football League တြင္ ပါဝင္ကစားသည္။

ျပႆနာကား ထိုအသင္း၏ အနီးကပ္ဆံုးျပိဳင္ဘက္အားလံုး အေျခစိုက္သည္မွာ မိုင္ ၂၈၀ အကြာအေဝးတြင္ တည္ရွိေသာ Roxby Downs ျမိဳ႕တြင္ျဖစ္၏။

၎တို႔အသင္းသည္ ႏွစ္စဥ္ႏွစ္တိုင္း ကစားပြဲစဥ္ တစ္ဒါဇင္ခန္႔ ယွဥ္ျပိဳင္ရရာ ခရီးစရိတ္ပင္ ၾသစေတးလ်ေဒၚလာ ၁၅၀၀၀ ခန္႔ ကုန္သည္။

(စီတန္းေနေသာ ရုပ္ျမင္သံၾကားစက္မ်ား။ အဘယ္ေၾကာင့္ထိုသို႔ထားရွိသည္ကုိမူ မသိရေခ်။ CREDIT: getty)

(ညဘက္ ေဂါက္ရိုက္ျခင္း)

Coober Pedy ျမိဳ႕ကေလးတြင္ ေဂါက္ကြင္းတစ္ခုလည္းရွိသည္။ သို႔ေသာ္ အပူခ်ိန္အလြန္ျပင္းထန္သည့္ေဒသ ျဖစ္ေသာေၾကာင့္ ကစားပြဲမ်ားကို ညဘက္တြင္သာ ကစားၾကရျပီး အေမွာင္ထဲတြင္ မီးလင္းေသာ ေဂါက္သီးမ်ားျဖင့္ ကစားၾက၏။ ေဂါက္ကြင္းဆိုေသာ္လည္း ျမက္မရွိေခ်။

(ဤေနရာကို Green ဟု ေခၚေဝၚသံုးႏႈန္းပါသလား။CREDIT: GETTY)

ျမိဳ႕ကေလးအနီးရွိ Lake Eyre မွာလည္း ထူးျခားသည္။ ထိုေနရာသည္ ၾသစေတးလ်တြင္ ေျမမ်က္ႏွာျပင္အနိမ့္ဆံုးေနရာျဖစ္ျပီး ေရကန္တြင္ ေရျပည့္ေနသည္မွာ အလြန္ရွားသည္။ ေတာရိုင္းတိရ စၦာန္ မ်ားသည္ ကန္စပ္သို႔ အုပ္ဖြဲ႔လာေရာက္ေလ့ရွိၾက၏။

အခ်ိန္အမ်ားစုတြင္ ေရကန္မွာ အျဖဴေရာင္ဆားကန္ၾကီးအျဖစ္သာ တည္ရွိသည္။ ကန္ၾကီး၏အက်ယ္မွာ စတုရန္း ၃၅၀၀ မိုင္ခန္႔ရွိသည္။

ဆားပြင့္တုိ႔၏ ေရာင္ျပန္ဟပ္မႈမ်ားျဖင့္ မ်က္ေစ့တဆံုး တဖိတ္ဖိတ္အျဖဴေရာင္ကြင္းျပင္ၾကီးကို ရႈျမင္ရမည္ ျဖစ္သည္။

(ျမဳိ႕ကေလးအနီး ေျခာက္ေသြ႔ေသြ႔ ေျမမ်က္ႏွာျပင္ရႈခင္း- CREDIT: GETTY)

(ေျမေအာက္ဘုရားေက်ာင္းတစ္ခု-CREDIT: GETTY)

(ျမိဳ ႔ငယ္တစ္ခု၊ ႏိုင္ငံသားေပါင္းစံု )

Coober Pedy ျမဳိ ႔ကေလး၏ လူဦးေရမွာ ၁၈၀၀ ဝန္းက်င္ခန္႔သာရွိေသာ္လည္း ႏိုင္ငံသား ၅၀ ဝန္းက်င္မွ ႏိုင္ငံသားေပါင္းစံု စုေပါင္းေနထိုင္ၾကျခင္းျဖစ္သည္။

ျမဳိ ႔ကေလးမွ ဟိုတယ္ တစ္ခုရွိ ဧည့္ေကာင္တာတြင္ တာဝန္ထမ္းေဆာင္သူမွာ သီရိလကၤာႏိုင္ငံသား ျဖစ္ျပီး Waitress မွာ ဖိလစ္ပုိင္ႏုိင္ငံသူျဖစ္သည္။

ဂရိႏိုင္ငံသားတစ္ဦးပုိင္ေသာ မဟူရာျပတုိက္တြင္ အာဂ်င္တီးနားႏွင့္ အိုင္ယာလန္တို႔မွ အမ်ဳိးသမီးမ်ား တာဝန္ထမ္းေဆာင္လွ်က္ရွိသည္။

မီးသတ္စခန္းတစ္ခုရွိျပီး ေစတနာဝန္ထမ္းမ်ားက တာဝန္ယူေပးသည္။

ထို႔အျပင္ ရဲစခန္းတစ္ခုလည္းရွိျပီး ရဲအရာရွိ ၁၅ ဦးရွိသည္။

(ျမဳိ ႔ကေလး၏ သုႆန္ CREDIT: GETTY)

(ကမၻာ့အရွည္ဆံုး ျခံစည္းရိုး)

Cobber Pedy ျမဳိ ႔ကေလး၏ ျမိဳ ႔ျပင္တြင္ ေတာေခြးမ်ား၏ ရန္မွ ကာကြယ္ရန္အတြက္ ေဆာက္လုပ္ထားေသာ ကမၻာ့အရွည္ဆံုး ျခံစည္းရိုးၾကီးရွိသည္။

ျခံစည္းရိုး၏ အရွည္မွာ မုိင္ေပါင္း ၃၄၄၈ မိုင္ ရွည္လ်ားသည္။

ေတာေခြးျပႆနာသည္ အစိုးရအားႏွစ္စဥ္ ေဒၚလာသန္းေပါင္းမ်ားစြာ နစ္နာေစလ်က္ရွိသည္။ ျမိဳ႕ခံ ေမြးျမဴေရးျခံသမားတစ္ဦးေျပာသည္မွာ တစ္ခါတြင္ သူ၏ေမြးျမဴေရးျခံအနီးရွိ ေတာေခြးျခံစည္းရိုး ျပိဳက်ေနခဲ့ရာ ေတာေခြးတို႔ ဝင္ေရာက္လာမႈေၾကာင့္ သိုးေကာင္ေရ ၁၀၀၀ နီးပါး ဆံုးရံႈးခဲ့ရသည္ဟု ဆိုသည္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Welcome to Coober Pedy, the world's strangest town (telegraph)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...
ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
pan-swal-taw
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service