ပိုက်ဆံအိတ်တွေဝယ်တဲ့အခါ.......

ပိုက်ဆံအိတ်တွေဝယ်တဲ့အခါ....... - Property Knowledge in Myanmar from iMyanmarHouse.com
3 Sep 2022 2:22 pm တွင် တင်ခဲ့သည်
336 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း (iMyanmarHouse.com)

[Unicode]

ပိုက်ဆံအိတ်တွေဝယ်တဲ့အခါ ရွေးချယ်ရလွယ်အောင်လို့လည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်....

(၁) ပိုက်ဆံအိတ်အရောင်

ပိုက်ဆံအိတ်တစ်လုံးဝယ်တော့မယ်ဆိုရင် ရွှေရောင်၊ အဝါရောင်၊ ပန်းရောင်၊ အဖြူရောင်၊ အနက်ရောင်နဲ့ ထုံးခြောက်ရောင်တို့ကို ဦးစားပေးရွေးသင့်ပါတယ်။ အဲ့ဒီအရောင်တွေက ငွေပိုဝင်အောင် ဆွဲဆောင်နိုင်ပြီး ပိုက်ဆံမထွက်အောင်ထိန်းပေးထားနိုင်တယ်လို့ ယူဆကြပါတယ်။ ရွှေရောင်ကတော့ အားအကောင်းဆုံးအရောင်ဖြစ်ပြီး ပိုက်ဆံနဲ့ပတ်သက်တဲ့အသုံးအဆောင်တွေကို ရွှေရောင်သုံးပေးရင်အကောင်းဆုံးပါ။

အနက်ရောင်ကတော့ ဝင်လာပြီးသား ပိုက်ဆံတွေလွယ်လွယ်ထွက်မသွားအောင် ထိန်းပေးနိုင်ဆုံးအရောင်ဖြစ်ပါတယ်။

ပိုက်ဆံအိတ်ဝယ်ရင် လုံးဝမရွေးသင့်တဲ့အရောင်တွေကတော့ အနီရောင်နဲ့ အပြာရောင်ပါ။ အနီရောင်က မီးနဲ့တူတာကြောင့် သင့်ဆီဝင်လာမယ့်ပိုက်ဆံတွေနဲ့ ကံကောင်းခြင်းတွေကို လောင်ကျွမ်းသွားစေနိုင်ပြီး၊ အပြာရောင်ကတော့ ရေလိုပဲ သင့်ဆီမှာရှိပြီးသား ငွေတွေကို စီးဆင်းသွားစေမယ်ဆိုတဲ့ အယူအဆရှိကြလို့ပါ။

(၂) အမျိုးသမီးတွေကိုကိုယ်စားပြုတဲ့အရောင်

အဲ့ဒါကတော့ ပန်းရောင်ပါ။ ပိုက်ဆံအိတ်ပန်းရောင်ကို ရွေးမယ်ဆိုရင် ပိုက်ဆံတွေကိုတိုးပွားစေနိုင်တဲ့အစွမ်းရှိပြီး၊ အမျိုးသမီးတွေအတွက် ကံကောင်ခြင်းတွေလည်း တိုးလာစေတယ်ဆိုတဲ့ အယူအဆရှိပါတယ်။

(၃) ပိုက်ဆံအိတ်အနေအထား

ပိုက်ဆံအိတ်ထဲမှာပိုက်ဆံကလွဲပြီး တခြား တိုလီမှုတ်စတွေ ဘာဆိုဘာမှမထည့်ပါနဲ့။ လိပ်စာကတ်တွေကိုလည်း မထည့်ထားပါနဲ့။ အဲ့ဒီလိုတွေထည့်ထားတာက ပိုက်ဆံဝင်လာမယ့်လမ်းကိုပိတ်ဆို့ထားတာနဲ့အတူတူပါပဲတဲ့။ တတ်နိုင်သမျှ ပိုက်ဆံအိတ်ကို အမြဲရှင်းလင်းနေအောင်ထားပါ။ အနံ့အသက်ဆိုးတွေ မထွက်နေအောင်ထားပါ။

(၄) ပိုက်ဆံအိတ်ထားတဲ့နေရာ

အပြင်ထွက်ပြီး အိမ်ပြန်ရောက်ရင် ပိုက်ဆံအိတ်ကိုဘယ်နေရာတွေမှာထားတတ်ပါသလဲ။ ပိုက်ဆံအိတ်ကို အသံဆူညံတဲ့ ရုပ်မြင်သံကြား၊ စပီကာတွေနားမှာမထားပါနဲ့။ တိတ်ဆိတ်တဲ့ နေရာမှာထားပါ။ ပြီးတော့ ပိုက်ဆံအိတ်ကို မီးဖိုချောင်မှာ လုံးဝမထားမိပါစေနဲ့။

(၅) ပိုက်ဆံအိတ်တစ်လုံးရဲ့သက်တမ်း

ပိုက်ဆံအိတ်မှာလည်းသက်တမ်းရှိပါတယ်နော်။ ဒီပိုက်ဆံအိတ်ကကောင်းသေးတယ်ဆိုပြီ မစုတ်မချင်းကိုင်နေမယ်ဆိုရင်လည်း ပိုက်ဆံဝင်တာကိုနှောင့်နှေးစေပါတယ်တဲ့။ ပိုက်ဆံအိတ်တစ်လုံးကို အသုံးပြုသင့်တဲ့ သက်တမ်းကတော့ သုံးနှစ်ဖြစ်ပြီး အဲ့ဒီအချိန်ထက်ကြာနေတဲ့ပိုက်ဆံအိတ်တွေကို မဖြစ်မနေလဲပစ်ဖို့ အကြံပေးချင်ပါတယ်။ ပြီးတော့ အရောင်တွေပြောင်းလာပြီ၊ ချုပ်ရိုးစတွေပြုတ်ထွက်လာပြီဆိုရင်လည်း အဲဒီပိုက်ဆံအိတ်ကို ဆက်မသုံးသင့်တော့ပါဘူး။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: Flora's Online

 

 

[Zawgyi]


 


(၁) ပိုက်ဆံအိတ်အရောင်






(၃) ပိုက်ဆံအိတ်အနေအထား









Credit: Flora's Online

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သွေးပေါင်ချိန်တက်ခြင်းအား ဆေးဝါးမပါဘဲ ထိန်းချုပ်ရန် နည်းလမ်း ၁၀ ခု - အပိုင်း (၂)
သွေးပေါင်ချိန်တက်ခြင်းအား ဆေးဝါးမပါဘဲ ထိန်းချုပ်ရန် နည်းလမ်း ၁၀ ခု - အပိုင်း (၂)
လွမ်းလှပါသည် အလှပေါင်းစုံတဲ့ ခရီးသွားရာသီ
လွမ်းလှပါသည် အလှပေါင်းစုံတဲ့ ခရီးသွားရာသီ
သွေးပေါင်ချိန်တက်ခြင်းအား ဆေးဝါးမပါဘဲ ထိန်းချုပ်ရန် နည်းလမ်း ၁၀ ခု - အပိုင်း (၁)
သွေးပေါင်ချိန်တက်ခြင်းအား ဆေးဝါးမပါဘဲ ထိန်းချုပ်ရန် နည်းလမ်း ၁၀ ခု - အပိုင်း (၁)
အိမ်ရှင်အိမ်ငှား သူ့ဘက်ကိုယ့်ဘက် ထည့်စဉ်းစား
အိမ်ရှင်အိမ်ငှား သူ့ဘက်ကိုယ့်ဘက် ထည့်စဉ်းစား
သန့်ရှင်းကျန်းမာတဲ့ အိမ်ကလေးတစ်လုံး ဖြစ်ဖို့အတွက်...
သန့်ရှင်းကျန်းမာတဲ့ အိမ်ကလေးတစ်လုံး ဖြစ်ဖို့အတွက်...
ကျောက်ကျောရည် ကြိုက်သူတွေအတွက် သတင်းကောင်း
ကျောက်ကျောရည် ကြိုက်သူတွေအတွက် သတင်းကောင်း
စနစ်တကျနဲ့ လက်တွေ့အသုံးပြုရတာအဆင်ပြေစေမယ့် Entrance Cabinet Ideas
စနစ်တကျနဲ့ လက်တွေ့အသုံးပြုရတာအဆင်ပြေစေမယ့် Entrance Cabinet Ideas
အသက်ရှင်နေစဉ်မှာ လှူဒါန်းလို့ရတဲ့ အင်္ဂါအစိတ်အပိုင်းများ.....
အသက်ရှင်နေစဉ်မှာ လှူဒါန်းလို့ရတဲ့ အင်္ဂါအစိတ်အပိုင်းများ.....
ကွန်ဒိုအိမ်ခန်းပိုင်ဆိုင်သူ၏ လိုက်နာရမည့် တာဝန်များဖော်ပြခြင်း......
ကွန်ဒိုအိမ်ခန်းပိုင်ဆိုင်သူ၏ လိုက်နာရမည့် တာဝန်များဖော်ပြခြင်း......
" သမိုင်းကြောင်းနဲ့ဖြစ်တည်လာ တို့ဘိုးဘွားအိမ်ပါ ”
" သမိုင်းကြောင်းနဲ့ဖြစ်တည်လာ တို့ဘိုးဘွားအိမ်ပါ ”

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မီရှဲယိုနှင့် အသက် ၇၃ နှစ်အရွယ်ခင်ပွန်း ဘီလျံနာတို့ နေထိုင်သော ဆွစ်ဇာလန်မှ စံအိမ်
မီရှဲယိုနှင့် အသက် ၇၃ နှစ်အရွယ်ခင်ပွန်း ဘီလျံနာတို့ နေထိုင်သော ဆွစ်ဇာလန်မှ စံအိမ်
K-POP အဆိုတော်၊ ရုပ်ရှင်မင်းသမီး Lee Ji-hye က သူ၏ ရေချိုးခန်းကို ပရိသတ်များအား ချပြ
K-POP အဆိုတော်၊ ရုပ်ရှင်မင်းသမီး Lee Ji-hye က သူ၏ ရေချိုးခန်းကို ပရိသတ်များအား ချပြ
အိန္ဒိယနိုင်ငံ၊ ရာဂျတ်စ်သန်ပြည်နယ်က လူအများကိုးကွယ်ကြသည့် ဂမ္ဘီရဆိုင်ကယ် နတ်ကွန်း၏ ကျောချမ်းဖွယ် ဇာတ်လမ်း
အိန္ဒိယနိုင်ငံ၊ ရာဂျတ်စ်သန်ပြည်နယ်က လူအများကိုးကွယ်ကြသည့် ဂမ္ဘီရဆိုင်ကယ် နတ်ကွန်း၏ ကျောချမ်းဖွယ် ဇာတ်လမ်း
“အဲ့ဒါ မင်းအဖွားသာဆိုရင်”
“အဲ့ဒါ မင်းအဖွားသာဆိုရင်”
နာမည်ကြီး ထိုင်းမင်းသား Win Metawin ၏ စံအိမ်
နာမည်ကြီး ထိုင်းမင်းသား Win Metawin ၏ စံအိမ်
အင်္ဂလန်က ပေါင် ၄၀၀,၀၀၀ တန် စံအိမ်ကြီးကို ၃ ပေါင် (မြန်မာငွေ ၇၁၀၀ ကျပ်) မျှဖြင့် ပိုင်ဆိုင်နိုင်မည့် အခွင့်အရေး
အင်္ဂလန်က ပေါင် ၄၀၀,၀၀၀ တန် စံအိမ်ကြီးကို ၃ ပေါင် (မြန်မာငွေ ၇၁၀၀ ကျပ်) မျှဖြင့် ပိုင်ဆိုင်နိုင်မည့် အခွင့်အရေး
အီတလီနိုင်ငံ၊ Presicce မြို့လေးတွင် လာရောက်အခြေချနေထိုင်သူတိုင်းကို ဒေါ်လာ ၃၀၀၀၀ (မြန်မာငွေ သိန်း ၆၃၀) ပေးမည်
အီတလီနိုင်ငံ၊ Presicce မြို့လေးတွင် လာရောက်အခြေချနေထိုင်သူတိုင်းကို ဒေါ်လာ ၃၀၀၀၀ (မြန်မာငွေ သိန်း ၆၃၀) ပေးမည်
အင်္ဂလန်လက်ရွေးစင်ဘောလုံးသမားများ၏ ချစ်သူ၊ ဇနီးများ ကာတာကမ္ဘာ့ဖလားတွင် တည်းခိုလျက်ရှိသည့် တိုက်တန်းနစ်သင်္ဘောထက် ၄ ဆကြီး
အင်္ဂလန်လက်ရွေးစင်ဘောလုံးသမားများ၏ ချစ်သူ၊ ဇနီးများ ကာတာကမ္ဘာ့ဖလားတွင် တည်းခိုလျက်ရှိသည့် တိုက်တန်းနစ်သင်္ဘောထက် ၄ ဆကြီး
အမေရိကန်က နှစ်ပေါင်း ၅၀ ကျော် မီးမငြိမ်းဘဲ ယနေ့တိုင် မီးလောင်နေပြီး နောင်နှစ်ပေါင်း ၁၀၀ ကျော်ဆက်လက်လောင်ကျွမ်းနေဦးမည့် မ
အမေရိကန်က နှစ်ပေါင်း ၅၀ ကျော် မီးမငြိမ်းဘဲ ယနေ့တိုင် မီးလောင်နေပြီး နောင်နှစ်ပေါင်း ၁၀၀ ကျော်ဆက်လက်လောင်ကျွမ်းနေဦးမည့် မ
သမီး၏ မင်္ဂလာဆောင်အတွက်သုံးရန် ရည်ရွယ်ထားသောငွေဖြင့် ဆင်းရဲသားများအတွက် အိမ်အလုံး ၉၀ ဆောက်လုပ်လှူဒါန်းခဲ့သည့် အိန္ဒိယကုန
သမီး၏ မင်္ဂလာဆောင်အတွက်သုံးရန် ရည်ရွယ်ထားသောငွေဖြင့် ဆင်းရဲသားများအတွက် အိမ်အလုံး ၉၀ ဆောက်လုပ်လှူဒါန်းခဲ့သည့် အိန္ဒိယကုန

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

billionaire
hill-garden-tbc

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store