ကမ္ဘာပတ်ရန် အလုပ်များထွက်ကာ မီနီဘတ်စ်အား လူနေနိုင်ရန် ပြုပြင်ကြသည့် စုံတွဲ

ကမ္ဘာပတ်ရန် အလုပ်များထွက်ကာ မီနီဘတ်စ်အား လူနေနိုင်ရန် ပြုပြင်ကြသည့် စုံတွဲ - Property News in Myanmar from iMyanmarHouse.com
23 Aug 2022 11:45 am တွင် တင်ခဲ့သည်
549 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အသက် ၂၉ နှစ်အရွယ်ရှိ ဟယ်လင် ဝီးဒင်နှင့် လက်တွဲဖော် ထရစ္စတန် ယောင်း (၃၁ နှစ်) တို့သည် ကမ္ဘာပတ်ခရီးသွားရန်အတွက် မိမိတို့၏ အလုပ်များမှ ထွက်လိုက်ကြကာ မီနီဘတ်စ်ကားတစ်စီးကို လူနေထိုင် အိပ်စက်နိုင်ရန် ပြုပြင်မွမ်းမံခဲ့ကြသည်။

ဟယ်လင်တို့ စုံတွဲသည် ထိုင်ခုံ ၁၇ လုံးဆန့် Ford Transit အမျိုးအစား မီနီဘတ်စ်ကို ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် ပေါင် ၁၁၇၀၀ ဖြင့် ဝယ်ယူခဲ့ကြပြီး ထိုအချိန်ကတည်းက ပြုပြင်မွမ်းမံမှုများ ပြုလုပ်နေခဲ့ကြခြင်းလည်း ဖြစ်သည်။

မီနီဘတ်စ်ကို ပြန်လည်မွမ်းမံရသည်မှာ ၉ လကြာအချိန်ယူခဲ့ရသည်။

၎င်းတို့ စုံတွဲသည် အချိန်ပြည့်အလုပ်များတွင် တာဝန်ထမ်းဆောင်နေရသူများရာ ရုံးပိတ်ရက်များနှင့် ညနေပိုင်းများတွင် ဖြည်းဖြည်းချင်းအချိန်ယူကာ နေအိမ်အသွင် မွမ်းမံပြောင်းလဲမှုများ ပြုလုပ်ခဲ့ကြသည်။

ဟယ်လင်က “ပြန်ပြီး ပြောင်းလဲမွမ်းမံရတဲ့အလုပ်က ကျွန်မတို့ ကြိုတင်မျှော်မှန်းထားတာထက် အများကြီးခက်ခဲပြီး အချိန်လည်း ပိုကြာခဲ့ပါတယ်။ ပြင်ဆင်မှုလုပ်ငန်းအလုံးစုံကို ကျွန်မတို့ ကိုယ်တိုင်လုပ်ခဲ့တာပါ။ တစ်ခုပဲရှိတာက လျှပ်စစ်ပိုင်းနဲ့ ဓာတ်ငွေ့ပိုင်းကိုတော့ ဘေးကင်းစေဖို့အတွက် ပညာရှင်တွေနဲ့ စစ်ဆေးခဲ့ပါတယ်”ဟု ပြောသည်။

အင်္ဂလန်နိုင်ငံ၊ အနောက်ဆပ်ဆက်ခရိုင်၊ Horsham မြို့ရှိ ၎င်းတို့၏အိမ်တွင် နေထိုင်ရင်း မည်သို့မွမ်းမံပြုပြင်မည်ကို ဒီဇိုင်းရေးဆွဲခဲ့ကြကာ နံရံများ၊ မီးဖိုဆောင်၊ ထိုင်ခုံနေရာ၊ ကျယ်ဝန်းသော အိပ်ရာနေရာတို့ကို ဆောက်လုပ်ခဲ့ကြသည်။

ကနဦး ရည်မှန်းခဲ့သည်မှာ ပြန်လည်ပြုပြင်မှုကို ပေါင် ၂၀၀၀၀ သုံးစွဲရန် သတ်မှတ်ခဲ့သော်လည်း ဆောက်လုပ်ရေးပစ္စည်းနှင့် အသုံးအဆောင်ပစ္စည်းများ ဈေးတက်မှုကြောင့် ပေါင် ၂၅၀၀၀ ကျော် ကုန်သွားသည်။

ယခုနှစ် ဇွန်လတွင် ဟယ်လင်တို့ စုံတွဲသည် ပိုင်ဆိုင်မှုအားလုံးကို ရောင်းချခဲ့ပြီးဖြစ်သည့်အပြင် ၎င်းတို့၏ မနက် ၉ - ညနေ ၅ အလုပ်များမှလည်း အလုပ်ထွက်ခဲ့ကြကာ ယခုအခါ ဘတ်စ်ကားပေါ်ရောက်နေကြပြီ ဖြစ်သည်။

လက်ရှိတွင် freelance အဖြစ်သာ အလုပ်လုပ်ကိုင်တော့သည့် ဟယ်လင်နှင့် ထရစ္စတန်တို့ စုံတွဲသည် ၎င်းတို့၏ ဗန်ကားကို လူသူဝေးရာတွင် အမှီခိုကင်းစွာဖြင့် ၅ ရက်တာမျှ နေထိုင်ရပ်တည်နိုင်စေရန် ဒီဇိုင်းရေးဆွဲ ဆောက်လုပ်ထားခြင်း ဖြစ်သည်။

(ပြုပြင်မွမ်းမံရေးအတွက် ကြိုးစားပမ်းစားလုပ်နေကြပုံ) (ဓာတ်ပုံ Credit: Helen Weedon)

(ကမ္ဘာတစ်ပတ်ခရီးဆန့်ရန် အသင့်)

“အနှောင်အဖွဲ့ အရမ်းကို ကင်းသွားပါတယ်။ ပြီးတော့ ကျွန်တော်တို့ အသက်ရှင် ရပ်တည်ဖို့အတွက် ရုပ်ဝတ္ထုပစ္စည်းတွေ အများကြီးမလိုဘူးဆိုတာ သဘောပေါက်မိသွားတယ်။ ကျွန်တော်တို့ အမှတ်တရပစ္စည်း နည်းနည်းလောက်ပဲ သယ်လာတယ်။ ဒီကားပေါ်မှာ ရှိသမျှဟာ ကျွန်တော်တို့ ပိုင်ဆိုင်သမျှ အကုန်ပါပဲ”

(ပြေးလမ်းပေါ်က အိမ်တစ်လုံး)

( ၉ လတာ အချိန်ယူ ပြောင်းလဲခဲ့ပြီးနောက်…)

(ယခုအချိန်ထိဆိုလျှင် ဟယ်လင်တို့စုံတွဲ၏ ကားသည် ဗြိတိန်၊ ဂျာမနီ၊ သြစထရီးယား၊ အီတလီ၊ ခရိုအေးရှား၊ ဟန်ဂေရီ၊ ဆလိုဗေးနီးယားနှင့် မွန်တီနီဂရိုးနိုင်ငံများသို့ ရောက်ရှိခဲ့ပြီး ဖြစ်သည်။)

၎င်းတို့၏ ခရီးစဉ်မှာ ချောမွေ့လှသည်ကား မဟုတ်။

Stan the Van ဟု အမည်ပေးထားသော ကားမှာ လမ်းတွင် ၂ ကြိမ်ပျက်သည်။ တစ်ကြိမ်မှာ အီတလီမြောက်ပိုင်း ဒိုလိုမိုက်စ်တောင်တန်းများပေါ်တွင်ဖြစ်ပြီး ဒုတိယတစ်ကြိမ်မှာ ခရိုအေးရှားနိုင်ငံ အလယ်ပိုင်း တစ်နေရာတွင် ဖြစ်သည်။

သောက်ရေရှာဖွေရန်နှင့် အိမ်သာသန့်ရှင်းရေးလုပ်ရန်တို့အတွက် နေရာတစ်ခုရှာရခြင်းမှာ အခက်အခဲ များစွာတွေ့ရသည်။

ထရစ္စတန်နှင့် ဟယ်လင်တို့သည် Coconuts and Camels ဟု အမည်ပေးထားသော ခရီးသွား blog တစ်ခု လွှင့်တင်ထားပြီး ၎င်းတို့၏ ခရီးစဉ်များအကြောင်း ဖော်ပြထားသည်။

သူတို့၏ လက်ရှိအစီအစဉ်မှာ ဥရောပတွင် ဆက်လက်ခရီးသွားရန်ဖြစ်ပြီး ၃ နှစ်ကြာမြင့်မည်ဖြစ်ကာ ယင်းနောက်ပိုင်းတွင်မူ ကနေဒါနှင့် အမေရိကန်ပြည်ထောင်စုတို့သို့ ခရီးဆက်မည် ဖြစ်သည်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Couple quit jobs and convert minibus into campervan to travel the world(metro)

[Zawgyi]

ကမ႓ာပတ္ရန္ အလုပ္မ်ားထြက္ကာ မီနီဘတ္စ္အား လူေနႏိုင္ရန္ ျပဳျပင္ၾကသည့္ စုံတြဲ

အသက္ ၂၉ ႏွစ္အ႐ြယ္႐ွိ ဟယ္လင္ ဝီးဒင္ႏွင့္ လက္တြဲေဖာ္ ထရစၥတန္ ေယာင္း (၃၁ ႏွစ္) တို႔သည္ ကမ႓ာပတ္ခရီးသြားရန္အတြက္ မိမိတို႔၏ အလုပ္မ်ားမွ ထြက္လိုက္ၾကကာ မီနီဘတ္စ္ကားတစ္စီးကို လူေနထိုင္ အိပ္စက္ႏိုင္ရန္ ျပဳျပင္မြမ္းမံခဲ့ၾကသည္။

ဟယ္လင္တို႔ စုံတြဲသည္ ထိုင္ခုံ ၁၇ လုံးဆန္႔ Ford Transit အမ်ိဳးအစား မီနီဘတ္စ္ကို ၂၀၂၁ ခုႏွစ္၊ ဧၿပီလတြင္ ေပါင္ ၁၁၇၀၀ ျဖင့္ ဝယ္ယူခဲ့ၾကၿပီး ထိုအခ်ိန္ကတည္းက ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ေနခဲ့ၾကျခင္းလည္း ျဖစ္သည္။

မီနီဘတ္စ္ကို ျပန္လည္မြမ္းမံရသည္မွာ ၉ လၾကာအခ်ိန္ယူခဲ့ရသည္။

၎တို႔ စုံတြဲသည္ အခ်ိန္ျပည့္အလုပ္မ်ားတြင္ တာဝန္ထမ္းေဆာင္ေနရသူမ်ားရာ ႐ုံးပိတ္ရက္မ်ားႏွင့္ ညေနပိုင္းမ်ားတြင္ ျဖည္းျဖည္းခ်င္းအခ်ိန္ယူကာ ေနအိမ္အသြင္ မြမ္းမံေျပာင္းလဲမႈမ်ား ျပဳလုပ္ခဲ့ၾကသည္။

ဟယ္လင္က “ျပန္ၿပီး ေျပာင္းလဲမြမ္းမံရတဲ့အလုပ္က ကြၽန္မတို႔ ႀကိဳတင္ေမွ်ာ္မွန္းထားတာထက္ အမ်ားႀကီးခက္ခဲၿပီး အခ်ိန္လည္း ပိုၾကာခဲ့ပါတယ္။ ျပင္ဆင္မႈလုပ္ငန္းအလုံးစုံကို ကြၽန္မတို႔ ကိုယ္တိုင္လုပ္ခဲ့တာပါ။ တစ္ခုပဲ႐ွိတာက လွ်ပ္စစ္ပိုင္းနဲ႔ ဓာတ္ေငြ႕ပိုင္းကိုေတာ့ ေဘးကင္းေစဖို႔အတြက္ ပညာ႐ွင္ေတြနဲ႔ စစ္ေဆးခဲ့ပါတယ္”ဟု ေျပာသည္။

အဂၤလန္ႏိုင္ငံ၊ အေနာက္ဆပ္ဆက္ခ႐ိုင္၊ Horsham ၿမိဳ႕႐ွိ ၎တို႔၏အိမ္တြင္ ေနထိုင္ရင္း မည္သို႔မြမ္းမံျပဳျပင္မည္ကို ဒီဇိုင္းေရးဆြဲခဲ့ၾကကာ နံရံမ်ား၊ မီးဖိုေဆာင္၊ ထိုင္ခုံေနရာ၊ က်ယ္ဝန္းေသာ အိပ္ရာေနရာတို႔ကို ေဆာက္လုပ္ခဲ့ၾကသည္။

ကနဦး ရည္မွန္းခဲ့သည္မွာ ျပန္လည္ျပဳျပင္မႈကို ေပါင္ ၂၀၀၀၀ သုံးစြဲရန္ သတ္မွတ္ခဲ့ေသာ္လည္း ေဆာက္လုပ္ေရးပစၥည္းႏွင့္ အသုံးအေဆာင္ပစၥည္းမ်ား ေဈးတက္မႈေၾကာင့္ ေပါင္ ၂၅၀၀၀ ေက်ာ္ ကုန္သြားသည္။

ယခုႏွစ္ ဇြန္လတြင္ ဟယ္လင္တို႔ စုံတြဲသည္ ပိုင္ဆိုင္မႈအားလုံးကို ေရာင္းခ်ခဲ့ၿပီးျဖစ္သည့္အျပင္ ၎တို႔၏ မနက္ ၉ - ညေန ၅ အလုပ္မ်ားမွလည္း အလုပ္ထြက္ခဲ့ၾကကာ ယခုအခါ ဘတ္စ္ကားေပၚေရာက္ေနၾကၿပီ ျဖစ္သည္။

လက္႐ွိတြင္ freelance အျဖစ္သာ အလုပ္လုပ္ကိုင္ေတာ့သည့္ ဟယ္လင္ႏွင့္ ထရစၥတန္တို႔ စုံတြဲသည္ ၎တို႔၏ ဗန္ကားကို လူသူေဝးရာတြင္ အမွီခိုကင္းစြာျဖင့္ ၅ ရက္တာမွ် ေနထိုင္ရပ္တည္ႏိုင္ေစရန္ ဒီဇိုင္းေရးဆြဲ ေဆာက္လုပ္ထားျခင္း ျဖစ္သည္။

(ျပဳျပင္မြမ္းမံေရးအတြက္ ႀကိဳးစားပမ္းစားလုပ္ေနၾကပုံ) (ဓာတ္ပုံ Credit: Helen Weedon)

(ကမ႓ာတစ္ပတ္ခရီးဆန္႔ရန္ အသင့္)

“အေႏွာင္အဖြဲ႕ အရမ္းကို ကင္းသြားပါတယ္။ ၿပီးေတာ့ ကြၽန္ေတာ္တို႔ အသက္႐ွင္ ရပ္တည္ဖို႔အတြက္ ႐ုပ္ဝတၳဳပစၥည္းေတြ အမ်ားႀကီးမလိုဘူးဆိုတာ သေဘာေပါက္မိသြားတယ္။ ကြၽန္ေတာ္တို႔ အမွတ္တရပစၥည္း နည္းနည္းေလာက္ပဲ သယ္လာတယ္။ ဒီကားေပၚမွာ ႐ွိသမွ်ဟာ ကြၽန္ေတာ္တို႔ ပိုင္ဆိုင္သမွ် အကုန္ပါပဲ”

(ေျပးလမ္းေပၚက အိမ္တစ္လုံး)

( ၉ လတာ အခ်ိန္ယူ ေျပာင္းလဲခဲ့ၿပီးေနာက္…)

(ယခုအခ်ိန္ထိဆိုလွ်င္ ဟယ္လင္တို႔စုံတြဲ၏ ကားသည္ ၿဗိတိန္၊ ဂ်ာမနီ၊ ၾသစထရီးယား၊ အီတလီ၊ ခ႐ိုေအး႐ွား၊ ဟန္ေဂရီ၊ ဆလိုေဗးနီးယားႏွင့္ မြန္တီနီဂ႐ိုးႏိုင္ငံမ်ားသို႔ ေရာက္႐ွိခဲ့ၿပီး ျဖစ္သည္။)

၎တို႔၏ ခရီးစဥ္မွာ ေခ်ာေမြ႕လွသည္ကား မဟုတ္။

Stan the Van ဟု အမည္ေပးထားေသာ ကားမွာ လမ္းတြင္ ၂ ႀကိမ္ပ်က္သည္။ တစ္ႀကိမ္မွာ အီတလီေျမာက္ပိုင္း ဒိုလိုမိုက္စ္ေတာင္တန္းမ်ားေပၚတြင္ျဖစ္ၿပီး ဒုတိယတစ္ႀကိမ္မွာ ခ႐ိုေအး႐ွားႏိုင္ငံ အလယ္ပိုင္း တစ္ေနရာတြင္ ျဖစ္သည္။

ေသာက္ေရ႐ွာေဖြရန္ႏွင့္ အိမ္သာသန္႔႐ွင္းေရးလုပ္ရန္တို႔အတြက္ ေနရာတစ္ခု႐ွာရျခင္းမွာ အခက္အခဲ မ်ားစြာေတြ႕ရသည္။

ထရစၥတန္ႏွင့္ ဟယ္လင္တို႔သည္ Coconuts and Camels ဟု အမည္ေပးထားေသာ ခရီးသြား blog တစ္ခု လႊင့္တင္ထားၿပီး ၎တို႔၏ ခရီးစဥ္မ်ားအေၾကာင္း ေဖာ္ျပထားသည္။

သူတို႔၏ လက္႐ွိအစီအစဥ္မွာ ဥေရာပတြင္ ဆက္လက္ခရီးသြားရန္ျဖစ္ၿပီး ၃ ႏွစ္ၾကာျမင့္မည္ျဖစ္ကာ ယင္းေနာက္ပိုင္းတြင္မူ ကေနဒါႏွင့္ အေမရိကန္ျပည္ေထာင္စုတို႔သို႔ ခရီးဆက္မည္ ျဖစ္သည္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Couple quit jobs and convert minibus into campervan to travel the world(metro)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
taunggyi-garden-city
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service