ဘင်အက်ဖလက်က သူ၏ဒေါ်လာ (၉) သန်းတန် ခြံဝန်းကြီးအတွင်း ဂျနီဖာလိုပက်ဇ်နှင့် လက်ထပ်ပွဲဆင်နွှဲ
ဘင်အက်ဖလက်က သူ၏ဒေါ်လာ (၉) သန်းတန် ခြံဝန်းကြီးအတွင်း ဂျနီဖာလိုပက်ဇ်နှင့် လက်ထပ်ပွဲဆင်နွှဲ - Property News in Myanmar from iMyanmarHouse.com
22 Aug 2022 10:32 am တွင် တင်ခဲ့သည်
457 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
Pearl Harbour ဇာတ်ကားဖြင့် ပရိသတ်များ၏ နှလုံးသားအတွင်း ရောက်ရှိခဲ့သူ ဟောလိဝုဒ်ကြယ်ပွင့် ဘင် အက်ဖလက်နှင့် ဂျနီဖာလိုပက်တို့သည် အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်တွင်ရှိသော ဘင် အက်ဖလက်ပိုင် ကန်ဒေါ်လာ ၈ ဒသမ ၉ သန်းတန်ကြေးရှိ အလွန်တရာကျယ်ဝန်းလှသော ခြံဝန်းကြီးအတွင်း လက်ထပ်မင်္ဂလာကျင်းပခဲ့ရာ မိသားစုဝင်များ၊ မိတ်ဆွေများနှင့် ဟောလိဝုဒ်ထိပ်တန်း အကျော်အမော်များ တက်ရောက်ခဲ့ကြသည်။
ဘင်နီဖာဟု အတိုကောက်ရည်ညွှန်းကြသော ၎င်းတို့စုံတွဲ၏ မင်္ဂလာပွဲတွင် ဂျနီဖာလိုပက်ဇ်က Ralph Lauren ထုတ် ပွဲတက်ဂါဝန်ကို ဝတ်ဆင်ခဲ့ပြီး ဘင်အက်ဖလက်က အဖြူအမည်း ဝတ်စုံကို ဝတ်ဆင်ထားသည်။
ဓာတ်ပုံများတွင် တွေ့မြင်ရချက်အရ ထိပ်တန်းအကျော်အမော်များသည်လည်း တစ်ဦးနှင့်တစ်ဦးအပြုံးချင်း ဖလှယ်ကာ ကြီးမားလှသည့်စံအိမ်ဘေး ခြေချင်းလိမ်နေကြသည်။
အသက် ၅၀ အရွယ်ရှိ ဘင်အက်ဖလက်မှာ အဖြူရောင် ညစာစားပွဲဝတ်စုံ၊ အနက်ရောင် နက္ကတိုင်၊ အနက်ရောင်ဘောင်းဘီနှင့်တွေ့ရပြီး သူ့ဘေး အသက် ၅၃ နှစ်အရွယ်သတို့သမီး ဂျနီဖာလိုပက်အား စီးမိုးထားသည်။
ဂျေလိုမှာ သူ၏ စတုတ္ထမြောက်ခင်ပွန်းဘေးတွင် ရှိနေရသည်ကို နှစ်သိမ့်ကြည့်နူးနေဟန်ရသည်။
ခြံဝန်းအတွင်း ရေကန်တစ်ခုဆီမှ မီးရှုးမီးပန်းများမှာ ညနေခင်းကို ပြီးပြည့်စုံစေသည်။ ဧည့်သည်များ ခြံဝန်းအတွင်း လှည့်လည်သွားလာနိုင်စေရန် Savannah ကောင်းကင်ကြိုးဘတ်စ်စကားတစ်စီးလည်း ရှိသည်။
၎င်းတို့စုံတွဲမှာ ပထမဆုံးတွဲခဲ့၊ စေ့စပ်ခဲ့ပြီးနောက် နှစ်ပေါင်း ၂၀ ကြာမှ ပြန်လည်ပေါင်းစည်းခဲ့ကြခြင်းလည်း ဖြစ်သည်။
၂၀၀၃ ခုနှစ်က လက်ထပ်ရန် စီစဉ်ခဲ့ကြသော်လည်း သတင်းမီဒီယာတို့ အလွန်အကျွံအာရုံစိုက်မှုကြောင့် မင်္ဂလာပွဲဖျက်သိမ်းခဲ့သည်။
ယခုမင်္ဂလာပွဲသို့ အရင်းနှီးဆုံးမိတ်ဆွေများ၊ ဂျနီဖာလိုပက်ဇ်မှ တတိယခင်ပွန်းနှင့်ရသည့် သားသမီးများအပြင် ဘင်အက်ဖလက်၏ ပထမဇနီး ဂျနီဖာ ဂါနာနှင့် ရသည့်ကလေးများလည်း တက်ရောက်ကြသည်။
ဘင်အက်ဖ်လက်နှင့် ဂျနီဖာဂါနာတို့မှ ထွန်းကားသည့် ကလေးများဖြစ်သော ဝိုင်အိုလက် (၁၆ နှစ်)၊ စရာဖီနာ (၁၃ နှစ်)နှင့် ဆမ် (၁၁ နှစ်) တို့ဖြစ်ပြီး ဂျနီဖာလိုပက်ဇ်၏ ကလေးများဖြစ်သော အမ်မာနှင့် မက်ဇ် (အမြွှာ- ၁၄နှစ်) တို့ တက်ရောက်ကြသည်။
ယခုမင်္ဂလာပွဲသို့ ဘင်အက်ဖ်လက်၏ ပထမဇနီး ဂျနီဖာ ဂါနာ မတက်ရောက်ချေ။
(ဘင်အက်ဖလက်နှင့် ဂျနီဖာလိုပက်ဇ်တို့ ဒေါ်လာ ၈ ဒသမ ၉ သန်းတန် ဂျော်ဂျီယာ စံအိမ်ဝန်းအတွင်း မင်္ဂလာဦးအနမ်းပေးနေကြပုံ)
(ဂျနီဖာလိုပက်ဇ်မှာ Ralph Lauren ထုတ် အဖြူရောင်ဂါဝန်ဝတ်ဆင်ထားပြီး ဘင်အက်ဖလက်မှာ အဖြူ၊အမည်း ဝတ်စုံ ဝတ်ဆင်ထားသည်။)
(မင်္ဂလာအခမ်းအနားကာလတစ်လျှောက် တစ်ဦးနှင့်တစ်ဦးပွေ့ဖက်ထားကြသည်။ လွန်ခဲ့သော အနှစ် ၂၀ က မင်္ဂလာဆောင်ကို ဖျက်သိမ်းခဲ့ပြီးနောက် ယခုလက်ထပ်ပွဲမှာ ၎င်းတို့အတွက် အကြီးမားဆုံးဘဝမှတ်တိုင်တစ်ခုလည်း ဖြစ်သည်။)
(ဘင်အက်ဖလက်နှင့် ဂျေလိုတို့ အဖြူရောင်ကော်ဇောပေါ်တွင် မိသားစု၊ ကလေးများလိုက်ပါလျက် လျှောက်လှမ်းနေကြပုံ)
(အမှတ်တရ ဓာတ်ပုံများရိုက်ကူးရန်အတွက် ပင်မစံအိမ်ဝန်းအတွင်းရှိ တံတားတစ်ခုပေါ် ဖြတ်လျှောက်နေပုံ)
(ကင်မရာများမှ ဓာတ်ပုံရိုက်ကူးမှုများ ပြီးသွားချိန်တိုင် ဘင်အက်ဖလက်တို့စုံတွဲ ဆက်လက်ဖက်ထားကြသည်။)
ဘင်အက်ဖလက်၏ မိတ်ဆွေရင်း အော်စကာဆုရှင် Matt Damon နှင့် ဇနီးဖြစ်သူ လူစီယာနာ ဘာရိုဆိုတို့လည်း မင်္ဂလာပွဲတက်ခဲ့ကြပြီး ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ရောက်လာကြခြင်း ဖြစ်သည်။
'Jay and Silent Bob ဇာတ်ကားတွဲ အတူလက်တွဲလုပ်ကိုင်ဖူးသူ ဒါရိုက်တာ ကီဗင်စမစ်နှင့် ရုပ်ရှင်မင်းသား Jason Mewes ကိုလည်း ဂျနီဖာလိုပက်ဇ်၏ မင်္ဂလာပွဲတက်ရန် ဂျော်ဂျီယာပြည်နယ်သို့ ရောက်နေသည်ကို တွေ့ခဲ့ရသည်။
မင်္ဂလာပွဲသို့ တက်ရောက်ဖွယ်ရှိသည့်အခြား အကျော်အမော်များမှာ ဂျော့ချ် ကလူးနီး၊ ဂျိန်းဖောင်ဒါ၊ ရေနေ ဇဲဝက်ဂါနှင့် ဂျင်မီ ကင်းမဲလ်တို့လည်း ပါဝင်မည် ဖြစ်သည်။
ဘင်အက်ဖလက်၏ ဇနီးဟောင်း ၊ ယနေ့အခါ မိတ်ဆွေကောင်းဖြစ်သူ ဂျနီဖာ ဂါနာမှာမူ တက္ကဆပ်ပြည်နယ်တွင် ရုပ်ရှင်ရိုက်နေသဖြင့် မင်္ဂလာပွဲ မတက်နိုင်ချေ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Besotted Ben Affleck and Jennifer Lopez are all smiles as they tie the knot in breathtaking Georgia ceremony at their $8.9m 'plantation' estate: Bride wore stunning white Ralph Lauren couture gown, with groom in white and black tuxedo (dailymail)
[Zawgyi]
မင်္ဂလာပွဲသို့ တက်ရောက်ဖွယ်ရှိသည့်အခြား အကျော်အမော်များမှာ ဂျော့ခ်ျ ကလူးနီး၊ ဂျိန်းဖောင်ဒါ၊ ရေနေ ဇဲဝက်ဂါနှင့် ဂျင်မီ ကင်းမဲလ်တို့လည်း ပါဝင်မည် ဖြစ်သည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
mya-villa
thukha-garden-residence
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service