ခင်ပွန်းဆိုးအဖြစ် နာမည်ကြီးသူ သိပ္ပံပညာရှင်ကြီး အိုင်စတိုင်း၏ နေအိမ်

ခင်ပွန်းဆိုးအဖြစ် နာမည်ကြီးသူ သိပ္ပံပညာရှင်ကြီး အိုင်စတိုင်း၏ နေအိမ် - Property News in Myanmar from iMyanmarHouse.com
18 Aug 2022 10:31 am တွင် တင်ခဲ့သည်
692 ကြိမ် ကြည့်ရှု့ပြီး

[Unicode] အဲလ်ဘတ် အိုင်စတိုင်းသည် ၂၀ ရာစု၏ အထင်ရှားဆုံး သိပ္ပံပညာရှင်များတွင် တစ်ဦးအပါအဝင် ဖြစ်သည်။

၂၀ ရာစု၏ သိပ္ပံပညာသဘောသဘာဝများကို အခြေခံကျကျပြောင်းလဲပေးခဲ့သူဟု ညွှန်းဆိုကြသည်။

ယခုဆောင်းပါးတွင် အဲလ်ဘတ်အိုင်စတိုင်း၏ ခင်ပွန်းဆိုးအဖြစ် နာမည်ကျော်ရပုံနှင့် သူနေထိုင်ခဲ့သော စံအိမ်တို့အကြောင်းကိုသာ အဓိက ဖော်ပြသွားမည် ဖြစ်ပါသည်။ အဲလ်ဘတ်အိုင်စတိုင်းသည် ဆွစ်ဇာလန်နိုင်ငံ၏မြို့တော် Bern သို့ ၁၉၀၂ ခုနှစ်တွင် ပြောင်းရွှေ့အခြေချခဲ့ပြီး ဗဟိုမူပိုင်ခွင့်ရုံးတွင် အလုပ်ဝင်ခဲ့သည်။

၁၉၀၃ ခုနှစ်တွင် သူနှင့် ဇနီးဖြစ်သူ Mileva တို့သည် Kramgasse 49 အဆောက်အအုံ၏ တတိယထပ်ရှိ လူနေခန်းသို့ ပြောင်းရွှေ့ နေထိုင်ခဲ့ကြသည်။

(Kramgasse 49 အဆောက်အအုံ တတိယထပ်ရှိ လူနေခန်း)

ယနေ့ကာလတွင်ကား အဆိုပါအခန်းကို ကမ္ဘာလှည့်ခရီးသည်များအား ဝင်ရောက်ကြည့်ရှုခွင့်ပေးထားသည်။

အိုင်စတိုင်းနေခဲ့စဉ် ခေတ်ကာလဟန်အတိုင်း ပရိဘောဂများခင်းကျင်းထားသည်။ Bern မြို့တော်၌ အိုင်စတိုင်းနေထိုင်ခဲ့သည့်နှစ်များတွင် ၁၉၀၅ ခုနှစ်လည်း ပါဝင်ကာ အဆိုပါနှစ်မှာ အိုင်စတိုင်းအတွက် ထူးခြားသော နှစ်တစ်နှစ် ဖြစ်သည်။

သူ၏ သိပ္ပံပညာရှာဖွေတွေ့ရှိမှုများ အပြုလုပ်နိုင်ခဲ့ဆုံးနှစ်တစ်နှစ် ဖြစ်သောကြောင့်ပင်။ ပထမကမ္ဘာစစ်ကြီးနောက်ပိုင်း ဂျာမနီ၏ နိုင်ငံရေးမှာ များစွာလှုပ်ခတ်ပြင်းထန်နေခဲ့ပြီး ဂျာမနီ၏ စီးပွားကျနေမှုကြောင့်လည်း အခြေအနေများ ပိုမိုရှုပ်ထွေးနေသည်။

အဒေါ့ဖ် ဟစ်တလာ၏ ဦးဆောင်မှုအောက်မှ ဂျာမန်အမျိုးသားဆိုရှယ်လစ်အလုပ်သမားပါတီ အာဏာရလာသောအခါ အိုင်စတိုင်းသည်းသည် အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့ထွက်ခွာသွားခဲ့ပြီး ပရင်စတန်တွင် ရာထူးနေရာတစ်ခု လက်ခံခဲ့သည်။

ဆိတ်ငြိမ်အေးချမ်းလှသော နယူးဂျာစီပြည်နယ်မှ မြို့ကလေးတွင် သုတေသနများ အေးအေးလူလူလုပ်သွားရန် အိုင်စတိုင်းက ရည်မှန်းခဲ့သော်လည်း သူ့အမည်မှာ ထိုအချိန်တွင် ကမ္ဘာကျော်နေပြီဖြစ်သောကြောင့် ကမ္ဘာတစ်ဝန်းလှည့်ပတ် ဟောပြောပို့ချမှုများ ပြုလုပ်ရပြန်သည်။

အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်၊ ပရင်စတန်မြို့တွင်ရှိသော အိုင်စတိုင်း၏အိမ်မှာ သာမာန် နှစ်ထပ်အိမ်ကလေးဖြစ်သည်။

L ပုံသဏ္ဍာန်အဆောက်အအုံတွင် အရှေ့ဘက်အဆောင်ကို မြင့်မိုရ်ပိတ်အမိုးဖြင့်တွေ့ရပြီး နောက်ဘက်အဆောင်မှာ အမိုးပြန့်ဖြစ်သည်။

အိုင်စတိုင်း၏ နေအိမ်ကို ဆောက်လုပ်ပေးသူနှင့် ဆောက်လုပ်သည့်ကာလ အတိအကျကို မသိရချေ။

သို့သော် ၁၈၇၀ ပြည့်လွန်မှ ၈၀ ပြည့်လွန်ကာလများအတွင်း ဆောက်လုပ်ခဲ့ခြင်း ဖြစ်နိုင်ချေရှိသည်။

(အိုင်စတိုင်းက ကမ္ဘာပေါ်မှာ အဆိုးသွမ်းဆုံး လင်ဆိုးတစ်ဦးလား။ ဇနီးကို အခန်းသန့်ရှင်းရေးအမြဲလုပ်ခိုင်းပြီး တစ်နေ့ကို ၃ နပ် ကျွေးရမည်ဟု လမ်းညွှန်ထားပြီး မည်သည့်မေတ္တာတရားမှ မမျှော်လင့်ရန် ပြောသည့်အပြင် သူတောင်းဆိုပါက စကားပြောတာ ချက်ချင်းရပ်ရမည်ဟုဆို)

အိုင်စတိုင်းသည် ယနေ့အချိန်ထိ ကမ္ဘာပေါ်တွင် အဓိက အကျဆုံး သိပ္ပံပညာရှင်ကြီးများထဲတွင် တစ်ဦးအပါအဝင်ဖြစ်နေဆဲ ဖြစ်သည်။

သို့သော် အိုင်စတိုင်းသည် ပညာရပ်ပိုင်းဆိုင်ရာ အောင်မြင်မှုများ မရေမတွက်နိုင်အောင်ရှိစေကာမူ ပုဂ္ဂိုလ်ရေးဘဝတွင်မူ အောင်မြင်မှု မရရှိခဲ့ချေ။

စာရေးဆရာ ဝေါလ်တာ အိုင်ဆက်ခ်ဆန်က အိုင်စတိုင်း၏ ဘဝဇာတ်ကြောင်းကို ရေးသားဖော်ပြထားသော သူ၏စာအုပ်ဖြစ်သည့် Einstein: His Life and Universe တွင် ဖော်ပြထားပုံမှာ အိုင်စတိုင်းသည် မည်သည့်အခါမှ အောင်ပွဲမရခဲ့သည့် အချစ်စစ်ပွဲ ရင်ဆိုင်ခဲ့ရကြောင်း ဖော်ပြထားသည်။

အိုင်စတိုင်းက အချစ်ကို ချဉ်းကပ်ပုံမှာ လက်တွေ့ဆန်လှသည်ဟုလည်း ဆိုနိုင်သည်။ သိပ္ပံပညာရှင်တစ်ဦးပင်ဖြစ်သော မာလီဗာ မာရစ်ခ် (Mileva Maric) နှင့် ၁၁ နှစ်ကြာ အိမ်ထောင်ရေးမှာ အဖုအထစ်များစွာရှိလာပြီး နောက် ဇနီးအပေါ် စည်းမျဉ်းစည်းကမ်းများစွာ ချမှတ် တော့သည်။

အဆိုပါ စည်းမျဉ်းများသည် ကလေးများအကျိုးအတွက် မိဘနှစ်ဦး အိမ်ထောင်ရေး ဆက်လက်တည်ရှိနေစေရန်အတွက် အိုင်စတိုင်းက ယခုစည်းကမ်းများကို ကမ်းလှမ်းလိုက်ခြင်းလည်း ဖြစ်သည်။

အောက်တွင် ဖော်ပြထားသည့် အိုင်စတိုင်း၏ စည်းကမ်းချက်များကို ကြည့်လျှင် ဇနီးသည် မာရစ်ခ်မှာ ချစ်သူတစ်ဦးအဖြစ်ထက် အိမ်ဖော်တစ်ဦးသာသာ ဖြစ်လာသည်ကို တွေ့ရမည် ဖြစ်သည်။

အိုင်စတိုင်း၏ ဇနီးဖြစ်သူ မာရစ်ခ်သည် ဥရောပတွင် သင်္ချာနှင့် ရူပဗေဒဘာသာများ ပထမဆုံး လေ့လာသင်ကြားခွင့် ရခဲ့သည့် ပထမဆုံး အမျိုးသမီးများတွင် တစ်ဦးအပါအဝင် ဖြစ်သည်။

၁၉၁၄ ခုနှစ်တွင် အိုင်စတိုင်းက ဇနီးဖြစ်သူ လိုက်နာရမည့် တင်းကြပ်သော စည်းကမ်းများမှာ ခင်ပွန်းဖြစ်သူကို အိမ်ဖော်အသွင် နေထိုင်သွားရမည့်သဘောဖြစ်နေပြီး ခင်ပွန်းထံမှ မည်သည့်မေတ္တာမှ မမျှော်လင့်ရန်လည်း ပါဝင်လေသည်။

အိုင်စတိုင်း၏ ပြုမူပုံကို ကြမ်းတမ်းရိုင်းစိုင်းသည့် ယောက်ျားများက လက်ခံဖွယ်ရှိသော်လည်း အမျိုးသမီးများမှာမူ ပါးစပ်အဟောင်းသား ဖြစ်ကြမည်မှာ အသေအချာပင်။ အိုင်စတိုင်း၏ ကျိုးကြောင်းဆီလျော်မှု မရှိသည့် တောင်းဆိုချက်ကို ဇနီးဖြစ်သူက ကနဦးတွင် လက်ခံခဲ့၏။

သို့သော် အိုင်စတိုင်း၏ မိန်းမအပေါ် ဖိနှိပ်သည့် စည်းကမ်းချက်စာရွက်ထုတ်ပြန်အပြီး လအနည်းငယ်အကြာတွင် ဇနီးဖြစ်သူသည် ဘာလင်မြို့၌ ခင်ပွန်းကို ထားခဲ့ပြီး သားများဖြစ်သော ဟန်းစ် အဲလ်ဘတ် (Hans Albert) နှင့် အက်ဒွါ့တို့ကို ခေါ်ဆောင်ကာ ဇူးရစ်မြို့သို့ ထွက်သွားတော့သည်။

နောင် ၅ နှစ်အကြာ ၁၉၁၉ ခုနှစ်တွင် ဇနီးဖြစ်သူက ကွာရှင်းပြတ်စဲခွင့်လျှောက်ထားခဲ့ရာ တရားရုံးမှ ခွင့်ပြုချက်ရရှိခဲ့သည်။

နှိုင်းရသီအိုရီ၏ ဖခင် အိုင်စတိုင်းသည် ဇနီးဖြစ်သူ မာရစ်ခ်နှင့် အိမ်ထောင်သက်တမ်းအတွင်း တိတ်တိတ်ပုန်း အချစ်ဇာတ်လမ်းများ ရှိခဲ့သည်ဟု လူသိများသည်။

အိုင်စတိုင်းသည် မာရစ်ခ်နှင့် အိမ်ထောင်သက်တမ်းအတွင်းတွင်ပင် တစ်ဝမ်းကွဲညီမဖြစ်သူ အယ်လ်ဆာ (Elsa) နှင့် ချစ်ကြိုးသွယ်ခဲ့ပြီး နောက်ပိုင်းတွင် သူ၏ ဒုတိယဇနီးဖြစ်လာသည်။

အယ်လ်ဆာနှင့် ၁၉၁၉ ခုနှစ်တွင် လက်ထပ်ခဲ့သော်လည်း ၄ နှစ်အတွင်းတွင်ပင် သူ၏ အတွင်းရေးမှူး၊ သူ့မိတ်ဆွေ၏ တူမဖြစ်သူ Bette Neumann နှင့်လည်း ချစ်ကြိုက်ခဲ့သည်။

(အိုင်စတိုင်းက ဇနီးဖြစ်သူလိုက်နာရန် ချမှတ်ထားသည့် စည်းကမ်းများ)

(၁။ မင်းအနေနဲ့ အသေအချာလုပ်ပေးရမှာတွေက…)

(က) ငါ့အဝတ်အစားတွေနဲ့ လျှော်ရမယ့်ဟာတွေကို အစီအစဉ်တကျလုပ်ရပါမယ်။

(ခ) တစ်နေ့ကို ၃ ကြိမ် ငါ့အခန်းထဲမှာ ၃ ကြိမ် စားသောက်ဖို့ လုပ်ပေးရပါမယ်။

(ဂ) ငါ့အိပ်ခန်းနဲ့ သိပ္ပံလေ့လာတဲ့နေရာကို သပ်သပ်ရပ်ရပ်လုပ်ပေးရပါမယ်။ အထူးသဖြင့် စားပွဲက ငါတစ်ယောက်ထဲ သုံးဖို့ပါ။ (၂။ မင်းဟာ ငါနဲ့ ပုဂ္ဂိုလ်ရေးဆက်ဆံမှုတွေအားလုံး စွန့်လွှတ်ရလိမ့်မည်။ အဘယ်ကြောင့်ဆိုလျှင် လူမှုရေးဟူသည့် အကြောင်းပြချက်မျိုး အတွက် ဒါတွေ လုံးဝမလိုအပ်သောကြောင့်ဖြစ်သည်။ အထူးသဖြင့် မင်း စွန့်လွှတ်ရမည့်အရာတွေဟာ..)

(က) အိမ်ထဲမှာ ငါနဲ့ မင်းနဲ့အတူထိုင်တာမျိုး

(ခ) မင်းနဲ့အတူ အပြင်ထွက်၊ ခရီးသွားတာမျိုး (၃။ မင်းအနေနဲ့ ငါနဲ့ဆက်ဆံရေးမှာ အောက်ဖော်ပြပါ အချက်တွေကို လိုက်နာရလိမ့်မည်)

-ငါနဲ့ ဘယ်လိုအတွင်းကျကျထိတွေ့မှု (လိင်ဆက်ဆံမှု) မျိုးမှ မမျှော်လင့်ပါနဲ့။ ငါ့ကို ဘယ်လိုပြစ်တင်ဝေဖန်တာမျိုးမှ မလုပ်ပါနဲ့။

-ငါက တောင်းဆိုရင် မင်းငါ့ကိုစကားပြောနေတာ ရပ်ဆိုင်းရလိမ့်မည်

-ငါကတောင်းဆိုရင် ငါ့အိပ်ခန်း (ဒါမှမဟုတ်) စမ်းသပ်လေ့လာရေးအခန်းထဲကနေ ခွန်းတုံ့မပြန်ဘဲ ချက်ချင်းထွက်ပေးရလိမ့်မည်

(၄။ ငါတို့ကလေးတွေရဲ့ရှေ့မှာ ငါ့ကို သိမ်ငယ်စေအောင် ကာယကံ၊ ဝစီကံတွေနဲ့ မပြုမူဘူးလို့ ကတိပေးရလိမ့်မည်)

ဟူသော အချက်အလက်များ ဖြစ်လေသည်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Albert Einstein lived in Bern from 1903 to 1905 and developed his Theory of Relativity here. The Einstein House gives visitors a chance to see where the great physicist completely revolutionized our understanding of space and time. (bern)

 

 

[Zawgyi]

ခင္ပြန္းဆိုးအျဖစ္ နာမည္ၾကီးသူ သိပၸံပညာရွင္ၾကီး အိုင္စတိုင္း၏ ေနအိမ္

 

အဲလ္ဘတ္ အိုင္စတိုင္းသည္ ၂၀ ရာစု၏ အထင္ရွားဆံုး သိပၸံပညာရွင္မ်ားတြင္ တစ္ဦးအပါအဝင္ ျဖစ္သည္။

၂၀ ရာစု၏ သိပၸံပညာသေဘာသဘာဝမ်ားကို အေျခခံက်က်ေျပာင္းလဲေပးခဲ့သူဟု ညႊန္းဆိုၾကသည္။

ယခုေဆာင္းပါးတြင္ အဲလ္ဘတ္အိုင္စတိုင္း၏ ခင္ပြန္းဆိုးအျဖစ္ နာမည္ေက်ာ္ရပံုႏွင့္ သူေနထိုင္ခဲ့ေသာ စံအိမ္တို႔အေၾကာင္းကိုသာ အဓိက ေဖာ္ျပသြားမည္ ျဖစ္ပါသည္။ အဲလ္ဘတ္အိုင္စတုိင္းသည္ ဆြစ္ဇာလန္ႏိုင္ငံ၏ျမိဳ႕ေတာ္ Bern သို႔ ၁၉၀၂ ခုႏွစ္တြင္ ေျပာင္းေရႊ႕အေျခခ်ခဲ့ျပီး ဗဟိုမူပိုင္ခြင့္ရံုးတြင္ အလုပ္ဝင္ခဲ့သည္။

၁၉၀၃ ခုႏွစ္တြင္ သူႏွင့္ ဇနီးျဖစ္သူ Mileva တို႔သည္ Kramgasse 49 အေဆာက္အအံု၏ တတိယထပ္ရွိ လူေနခန္းသို႔ ေျပာင္းေရႊ႕ ေနထိုင္ခဲ့ၾကသည္။

(Kramgasse 49 အေဆာက္အအံု တတိယထပ္ရွိ လူေနခန္း)

ယေန႔ကာလတြင္ကား အဆိုပါအခန္းကို ကမၻာလွည့္ခရီးသည္မ်ားအား ဝင္ေရာက္ၾကည့္ရႈခြင့္ေပးထားသည္။

အိုင္စတိုင္းေနခဲ့စဥ္ ေခတ္ကာလဟန္အတိုင္း ပရိေဘာဂမ်ားခင္းက်င္းထားသည္။ Bern ျမိဳ႕ေတာ္၌ အိုင္စတိုင္းေနထိုင္ခဲ့သည့္ႏွစ္မ်ားတြင္ ၁၉၀၅ ခုႏွစ္လည္း ပါဝင္ကာ အဆိုပါႏွစ္မွာ အိုင္စတိုင္းအတြက္ ထူးျခားေသာ ႏွစ္တစ္ႏွစ္ ျဖစ္သည္။

သူ၏ သိပၸံပညာရွာေဖြေတြ႔ရွိမႈမ်ား အျပဳလုပ္ႏိုင္ခဲ့ဆံုးႏွစ္တစ္ႏွစ္ ျဖစ္ေသာေၾကာင့္ပင္။ ပထမကမၻာစစ္ၾကီးေနာက္ပိုင္း ဂ်ာမနီ၏ ႏိုင္ငံေရးမွာ မ်ားစြာလႈပ္ခတ္ျပင္းထန္ေနခဲ့ျပီး ဂ်ာမနီ၏ စီးပြားက်ေနမႈေၾကာင့္လည္း အေျခအေနမ်ား ပိုမိုရႈပ္ေထြးေနသည္။

အေဒါ့ဖ္ ဟစ္တလာ၏ ဦးေဆာင္မႈေအာက္မွ ဂ်ာမန္အမ်ဳိးသားဆိုရွယ္လစ္အလုပ္သမားပါတီ အာဏာရလာေသာအခါ အိုင္စတုိင္းသည္းသည္ အေမရိကန္ျပည္ေထာင္စုသို႔ ေျပာင္းေရႊ႕ထြက္ခြာသြားခဲ့ျပီး ပရင္စတန္တြင္ ရာထူးေနရာတစ္ခု လက္ခံခဲ့သည္။

ဆိတ္ျငိမ္ေအးခ်မ္းလွေသာ နယူးဂ်ာစီျပည္နယ္မွ ျမိဳ႕ကေလးတြင္ သုေတသနမ်ား ေအးေအးလူလူလုပ္သြားရန္ အိုင္စတိုင္းက ရည္မွန္းခဲ့ေသာ္လည္း သူ႔အမည္မွာ ထိုအခ်ိန္တြင္ ကမၻာေက်ာ္ေနျပီျဖစ္ေသာေၾကာင့္ ကမၻာတစ္ဝန္းလွည့္ပတ္ ေဟာေျပာပို႔ခ်မႈမ်ား ျပဳလုပ္ရျပန္သည္။

အေမရိကန္ျပည္ေထာင္စု၊ နယူးဂ်ာစီျပည္နယ္၊ ပရင္စတန္ျမိဳ႕တြင္ရွိေသာ အိုင္စတိုင္း၏အိမ္မွာ သာမာန္ ႏွစ္ထပ္အိမ္ကေလးျဖစ္သည္။

L ပံုသ႑ာန္အေဆာက္အအံုတြင္ အေရွ႕ဘက္အေဆာင္ကို ျမင့္မိုရ္ပိတ္အမိုးျဖင့္ေတြ႔ရျပီး ေနာက္ဘက္အေဆာင္မွာ အမိုးျပန္႔ျဖစ္သည္။

အိုင္စတိုင္း၏ ေနအိမ္ကို ေဆာက္လုပ္ေပးသူႏွင့္ ေဆာက္လုပ္သည့္ကာလ အတိအက်ကို မသိရေခ်။

သို႔ေသာ္ ၁၈၇၀ ျပည့္လြန္မွ ၈၀ ျပည့္လြန္ကာလမ်ားအတြင္း ေဆာက္လုပ္ခဲ့ျခင္း ျဖစ္ႏိုင္ေခ်ရွိသည္။

(အိုင္စတိုင္းက ကမၻာေပၚမွာ အဆိုးသြမ္းဆံုး လင္ဆိုးတစ္ဦးလား။ ဇနီးကို အခန္းသန္႔ရွင္းေရးအျမဲလုပ္ခိုင္းျပီး တစ္ေန႔ကို ၃ နပ္ ေကၽြးရမည္ဟု လမ္းညႊန္ထားျပီး မည္သည့္ေမတၱာတရားမွ မေမွ်ာ္လင့္ရန္ ေျပာသည့္အျပင္ သူေတာင္းဆိုပါက စကားေျပာတာ ခ်က္ခ်င္းရပ္ရမည္ဟုဆို)

အိုင္စတုိင္းသည္ ယေန႔အခ်ိန္ထိ ကမၻာေပၚတြင္ အဓိက အက်ဆံုး သိပၸံပညာရွင္ၾကီးမ်ားထဲတြင္ တစ္ဦးအပါအဝင္ျဖစ္ေနဆဲ ျဖစ္သည္။

သို႔ေသာ္ အိုင္စတိုင္းသည္ ပညာရပ္ပိုင္းဆိုင္ရာ ေအာင္ျမင္မႈမ်ား မေရမတြက္ႏိုင္ေအာင္ရွိေစကာမူ ပုဂၢိဳလ္ေရးဘဝတြင္မူ ေအာင္ျမင္မႈ မရရွိခဲ့ေခ်။

စာေရးဆရာ ေဝါလ္တာ အိုင္ဆက္ခ္ဆန္က အိုင္စတိုင္း၏ ဘဝဇာတ္ေၾကာင္းကို ေရးသားေဖာ္ျပထားေသာ သူ၏စာအုပ္ျဖစ္သည့္ Einstein: His Life and Universe တြင္ ေဖာ္ျပထားပံုမွာ အိုင္စတိုင္းသည္ မည္သည့္အခါမွ ေအာင္ပြဲမရခဲ့သည့္ အခ်စ္စစ္ပြဲ ရင္ဆိုင္ခဲ့ရေၾကာင္း ေဖာ္ျပထားသည္။

အိုင္စတိုင္းက အခ်စ္ကို ခ်ဥ္းကပ္ပံုမွာ လက္ေတြ႔ဆန္လွသည္ဟုလည္း ဆိုႏိုင္သည္။ သိပၸံပညာရွင္တစ္ဦးပင္ျဖစ္ေသာ မာလီဗာ မာရစ္ခ္ (Mileva Maric) ႏွင့္ ၁၁ ႏွစ္ၾကာ အိမ္ေထာင္ေရးမွာ အဖုအထစ္မ်ားစြာရွိလာျပီး ေနာက္ ဇနီးအေပၚ စည္းမ်ဥ္းစည္းကမ္းမ်ားစြာ ခ်မွတ္ ေတာ့သည္။

အဆိုပါ စည္းမ်ဥ္းမ်ားသည္ ကေလးမ်ားအက်ဳိးအတြက္ မိဘႏွစ္ဦး အိမ္ေထာင္ေရး ဆက္လက္တည္ရွိေနေစရန္အတြက္ အိုင္စတိုင္းက ယခုစည္းကမ္းမ်ားကို ကမ္းလွမ္းလိုက္ျခင္းလည္း ျဖစ္သည္။

ေအာက္တြင္ ေဖာ္ျပထားသည့္ အိုင္စတိုင္း၏ စည္းကမ္းခ်က္မ်ားကို ၾကည့္လွ်င္ ဇနီးသည္ မာရစ္ခ္မွာ ခ်စ္သူတစ္ဦးအျဖစ္ထက္ အိမ္ေဖာ္တစ္ဦးသာသာ ျဖစ္လာသည္ကို ေတြ႔ရမည္ ျဖစ္သည္။

အိုင္စတိုင္း၏ ဇနီးျဖစ္သူ မာရစ္ခ္သည္ ဥေရာပတြင္ သခ်ၤာႏွင့္ ရူပေဗဒဘာသာမ်ား ပထမဆံုး ေလ့လာသင္ၾကားခြင့္ ရခဲ့သည့္ ပထမဆံုး အမ်ဳိးသမီးမ်ားတြင္ တစ္ဦးအပါအဝင္ ျဖစ္သည္။

၁၉၁၄ ခုႏွစ္တြင္ အိုင္စတိုင္းက ဇနီးျဖစ္သူ လိုက္နာရမည့္ တင္းၾကပ္ေသာ စည္းကမ္းမ်ားမွာ ခင္ပြန္းျဖစ္သူကို အိမ္ေဖာ္အသြင္ ေနထိုင္သြားရမည့္သေဘာျဖစ္ေနျပီး ခင္ပြန္းထံမွ မည္သည့္ေမတၱာမွ မေမွ်ာ္လင့္ရန္လည္း ပါဝင္ေလသည္။

အိုင္စတိုင္း၏ ျပဳမူပံုကုိ ၾကမ္းတမ္းရိုင္းစိုင္းသည့္ ေယာက်္ားမ်ားက လက္ခံဖြယ္ရွိေသာ္လည္း အမ်ဳိးသမီးမ်ားမွာမူ ပါးစပ္အေဟာင္းသား ျဖစ္ၾကမည္မွာ အေသအခ်ာပင္။ အိုင္စတိုင္း၏ က်ဳိးေၾကာင္းဆီေလ်ာ္မႈ မရွိသည့္ ေတာင္းဆိုခ်က္ကို ဇနီးျဖစ္သူက ကနဦးတြင္ လက္ခံခဲ့၏။

သို႔ေသာ္ အိုင္စတိုင္း၏ မိန္းမအေပၚ ဖိႏွိပ္သည့္ စည္းကမ္းခ်က္စာရြက္ထုတ္ျပန္အျပီး လအနည္းငယ္အၾကာတြင္ ဇနီးျဖစ္သူသည္ ဘာလင္ျမိဳ႕၌ ခင္ပြန္းကို ထားခဲ့ျပီး သားမ်ားျဖစ္ေသာ ဟန္းစ္ အဲလ္ဘတ္ (Hans Albert) ႏွင့္ အက္ဒြါ႔တို႔ကို ေခၚေဆာင္ကာ ဇူးရစ္ျမိဳ႕သို႔ ထြက္သြားေတာ့သည္။

ေနာင္ ၅ ႏွစ္အၾကာ ၁၉၁၉ ခုႏွစ္တြင္ ဇနီးျဖစ္သူက ကြာရွင္းျပတ္စဲခြင့္ေလွ်ာက္ထားခဲ့ရာ တရားရံုးမွ ခြင့္ျပဳခ်က္ရရွိခဲ့သည္။

ႏႈိင္းရသီအိုရီ၏ ဖခင္ အိုင္စတိုင္းသည္ ဇနီးျဖစ္သူ မာရစ္ခ္ႏွင့္ အိမ္ေထာင္သက္တမ္းအတြင္း တိတ္တိတ္ပုန္း အခ်စ္ဇာတ္လမ္းမ်ား ရွိခဲ့သည္ဟု လူသိမ်ားသည္။

အိုင္စတိုင္းသည္ မာရစ္ခ္ႏွင့္ အိမ္ေထာင္သက္တမ္းအတြင္းတြင္ပင္ တစ္ဝမ္းကြဲညီမျဖစ္သူ အယ္လ္ဆာ (Elsa) ႏွင့္ ခ်စ္ၾကိဳးသြယ္ခဲ့ျပီး ေနာက္ပိုင္းတြင္ သူ၏ ဒုတိယဇနီးျဖစ္လာသည္။

အယ္လ္ဆာႏွင့္ ၁၉၁၉ ခုႏွစ္တြင္ လက္ထပ္ခဲ့ေသာ္လည္း ၄ ႏွစ္အတြင္းတြင္ပင္ သူ၏ အတြင္းေရးမွဴး၊ သူ႔မိတ္ေဆြ၏ တူမျဖစ္သူ Bette Neumann ႏွင့္လည္း ခ်စ္ၾကိဳက္ခဲ့သည္။

(အိုင္စတိုင္းက ဇနီးျဖစ္သူလိုက္နာရန္ ခ်မွတ္ထားသည့္ စည္းကမ္းမ်ား)

(၁။ မင္းအေနနဲ႔ အေသအခ်ာလုပ္ေပးရမွာေတြက…)

(က) ငါ့အဝတ္အစားေတြနဲ႔ ေလွ်ာ္ရမယ့္ဟာေတြကို အစီအစဥ္တက်လုပ္ရပါမယ္။

(ခ) တစ္ေန႔ကို ၃ ၾကိမ္ ငါ့အခန္းထဲမွာ ၃ ၾကိမ္ စားေသာက္ဖို႔ လုပ္ေပးရပါမယ္။

(ဂ) ငါ့အိပ္ခန္းနဲ႔ သိပၸံေလ့လာတဲ့ေနရာကို သပ္သပ္ရပ္ရပ္လုပ္ေပးရပါမယ္။ အထူးသျဖင့္ စားပြဲက ငါတစ္ေယာက္ထဲ သံုးဖုိ႔ပါ။ (၂။ မင္းဟာ ငါနဲ႔ ပုဂၢိဳလ္ေရးဆက္ဆံမႈေတြအားလံုး စြန္႔လႊတ္ရလိမ့္မည္။ အဘယ္ေၾကာင့္ဆိုလွ်င္ လူမႈေရးဟူသည့္ အေၾကာင္းျပခ်က္မ်ဳိး အတြက္ ဒါေတြ လံုးဝမလိုအပ္ေသာေၾကာင့္ျဖစ္သည္။ အထူးသျဖင့္ မင္း စြန္႔လႊတ္ရမည့္အရာေတြဟာ..)

(က) အိမ္ထဲမွာ ငါနဲ႔ မင္းနဲ႔အတူထိုင္တာမ်ဳိး

(ခ) မင္းနဲ႔အတူ အျပင္ထြက္၊ ခရီးသြားတာမ်ဳိး (၃။ မင္းအေနနဲ႔ ငါနဲ႔ဆက္ဆံေရးမွာ ေအာက္ေဖာ္ျပပါ အခ်က္ေတြကို လိုက္နာရလိမ့္မည္)

-ငါနဲ႔ ဘယ္လိုအတြင္းက်က်ထိေတြ႔မႈ (လိင္ဆက္ဆံမႈ) မ်ဳိးမွ မေမွ်ာ္လင့္ပါနဲ႔။ ငါ့ကို ဘယ္လိုျပစ္တင္ေဝဖန္တာမ်ဳိးမွ မလုပ္ပါနဲ႔။

-ငါက ေတာင္းဆိုရင္ မင္းငါ့ကိုစကားေျပာေနတာ ရပ္ဆိုင္းရလိမ့္မည္

-ငါကေတာင္းဆိုရင္ ငါ့အိပ္ခန္း (ဒါမွမဟုတ္) စမ္းသပ္ေလ့လာေရးအခန္းထဲကေန ခြန္းတံု႔မျပန္ဘဲ ခ်က္ခ်င္းထြက္ေပးရလိမ့္မည္

(၄။ ငါတို႔ကေလးေတြရဲ႕ေရွ႕မွာ ငါ့ကို သိမ္ငယ္ေစေအာင္ ကာယကံ၊ ဝစီကံေတြနဲ႔ မျပဳမူဘူးလို႔ ကတိေပးရလိမ့္မည္)

ဟူေသာ အခ်က္အလက္မ်ား ျဖစ္ေလသည္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Albert Einstein lived in Bern from 1903 to 1905 and developed his Theory of Relativity here. The Einstein House gives visitors a chance to see where the great physicist completely revolutionized our understanding of space and time. (bern)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
thukha-garden-residence
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service