ဖေဖေရွတ်၍ရခဲ့သော နှလုံးလှကဗျာများ (၁၁)

ဖေဖေရွတ်၍ရခဲ့သော နှလုံးလှကဗျာများ (၁၁) - Property Knowledge in Myanmar from iMyanmarHouse.com
12 Aug 2022 12:12 pm တွင် တင်ခဲ့သည်
998 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

ဆောင်းအကုန်နွေအကူး၊ တောင်လေတဖြူးဖြူး

တကုကူးကူ တေးဆိုသံ၊ လေမှာဝဲလို့ပျံ

ထနောင်းပင်ယံ ဟိုအထက်၊ ချိုးလေးနှုတ်ခွန်းဆက်။

အညာထန်းလျက် ဖွေးဖွေးဖြူ၊ ရနံ့တကျူကျူ

ဂွေးချိုဘူတာ တစ်ထောက်နား၊ ဝယ်လို့သွားပါလား။

တောင်တော်ပုပ္ပါး အေးရိပ်မှာ၊ တမှေးမှိတ်ခဲ့ပါ

မြန်မာတွေရဲ့ အိုအေစစ်၊ ဆယ်ပေါက်စခန်းသစ်

စပျစ်စိုက်ခင်း မြစိမ်းလွှာ၊ လေ့လာလှည့်စမ်းပါ

မြန်မာတွေရဲ့ အမွေဟောင်း၊ ပုဂံဘုရားကျောင်း

မင်းကွန်းခေါင်းလောင်း ကမ္ဘာကျော်၊ ထိုးပါ့တူပျော်ပျော်

ကောင်းမှုတော်မှာဦးညွှတ်တွား၊ စစ်ကိုင်းဘုရားများ။

မုံရွာနားက သမ္ဗုဒ္ဓေ၊ တန်ခိုးကြီးလှပေ

ရွှေမန်းတောင်ခြေ သာစခန်း၊ မြို့ရိုးကျူံးနှင့်နန်း။

အညာလမ်းက အပြန်မှာ၊ စိတ်ချမ်းမြေ့ဖို့ရာ

ချိုးလင်းပြာ သံစုံကြူး၊ ကူပေါ့ တကုကူး။

 

ကဗျာခေါင်းစဉ်လေး နာမည်က “တကုကူးကူ”လို့ထင်ပါသည်။အညာတစ်လျှောက် ဘုရားဖူးခရီးထွက်သည့် မြင်ကွင်းလေးကို ဖွဲ့စပ်ထားသည်။

ဒီကဗျာလေးထဲက ထန်းလျက်ကို အသံအတိုင်းရေးရရင် “ထညက်”ပေါ့ဗျာ။ထညက်ဆိုတာက အခုခေတ်တော့ ရန်ကုန်မှာ ဝယ်စားရတဲ့ထညက်က တကယ်ထန်းပင်က ချက်လို့ရတဲ့ ထညက်နံ့လည်းမထွက်၊လျှာထဲမှာလည်း ဗြုတ်ရှရှနှင့်စားမကောင်းပေ။သဲကလည်း အလွန်ပါသည်။ထညက်စစ်စစ် မဟုတ်ဟုထင်ပါသည်။

ထန်းညက်စစ်စစ်က စားလိုက်လျှင် လျှာပေါ်မှာ ကြေညက်ပျော်ဆင်းသွားသည်။ထညက်စစ်စစ်က ထညက်နံ့ကိုရသည်။အခြားအနံ့မရ။

သံပရာသီးက သူ့အနံ့နှင့်သူ ရှိသလို၊ငပိကလည်းသူ့အနံ့နှင့်သူရှိသည်။ထညက်ကလည်းထို့အတူပဲ သူ့အနံ့နှင့်သူရှိနေသည်။

ပုဂံဝန်းကျင်က ထန်းပင်ထန်းတောတွေရှိတော့ အညာပြန်လက်ဆောင်မှာ ထန်းညက်ပါပေလိမ့်မည်။

အရင်က အညာကိုပြန်တာပဲဖြစ်ဖြစ်၊အညာကပြန်လာရင်ပဲဖြစ်ဖြစ် သာစည်၊ပျဉ်းမနားဘူတာတို့ရောက်လျှင် ရထားဘေးတစ်လျှောက် စပျစ်သီး အပြေးအလွှားလိုက်ရောင်းသည့် ဈေးသည်များပေါမှပေါလှသည်။ အဆိုပါဘူတာတို့ရောက်လျှင် စားဖို့ပဲဖြစ်ဖြစ်၊လက်ဆောင်အတွက်ပဲဖြစ်ဖြစ် စပျစ်သီးတို့ဝယ်ကြသည်။

ယခုတော့ အဝေးပြေးအထူးကားကြီးတွေနှင့် ညသွားညပြန်လိုဖြစ်နေရာ လမ်းခရီး၏ အလှအပတို့ကို မခံစားရတော့ပေ။ယာဉ်ရပ်နားရာနေရာတို့မှာတော့ ဒေသအစားအစားတို့ရှိတော့ရှိသည်။ယခင်ကလို ခေါင်းရွက်၊ပုခုံးထမ်းဈေးသည်တွေ ရှားသွားသည်။ငွေရှိသူတို့၏ကြီးစိုးခြင်းကို မူရင်းဒေသသားတို့အနေနှင့် တိုးမဝင်နိုင်ဖြစ်ခဲ့ကြပြီ။

ယွန်းလက်ရာနှင့် ပုန်းရည်ကြီးသည် ပုဂံရဲ့ အမှတ်တရ အစားအစာနှင့် လက်ဆောင်ပေးစရာဖြစ်သည်။ပုဂံမှာ အခြားသော ထွက်ကုန်တွေအများအပြား မရှိမဟုတ်ရှိနေပါသည်။သို့သော်လည်း ယင်းထုတ်ကုန်နှစ်မျိုးကိုတော့ လက်ဆောင်ပေးစရာ အမှတ်တရသိမ်းထားစရာ အဖြစ်ဝယ်ယူတတ်ကြသည့် ပစ္စည်းများဖြစ်သည်။

ဘုရားဖူးရင်းဖွဲ့နွဲ့ထားသောမြင်ကွင်းတို့က လှသည်။ဒီကဗျာလေးကိုဖတ်ရင် ကဗျာနဲ့ပတ်သက်ပြီး လူတိုင်းရဲ့ မြင်ကွင်းပုံရိပ်တို့က တစ်မျိုးစီကွဲပြားစွာပေါ်လာပေလိမ့်မည်။ကိုယ်ဖြတ်သန်းခဲ့၊ ကိုယ်ကျင်လည်ခဲ့တာနှင့် ပေါင်းစပ်ပြီး ပုံရိပ်တွေ အမျိုးမျိုးဖော်ပြီးခံစားကြပါမည်။ ကျွန်တော်ခံစားပုံကတစ်မျိုးဖြစ်မည်။ နောက်တစ်ယောက်က ဒီကဗျာလေး အပေါ်မှာ သူ့အတွေ့အကြုံနှင့်သူခံစားမည်။ဒါဟာကဗျာရဲ့ အလှပါပဲ။ အဲဒါကိုက မတူကွဲပြားစွာနဲ့ လှနေခြင်းပင်ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ေဖေဖရြတ္၍ရခဲ့ေသာ ႏွလုံးလွကဗ်ာမ်ား (၁၁)

 

ေဆာင္းအကုန္ေႏြအကူး၊ ေတာင္ေလတျဖဴးျဖဴး

တကုကူးကူ ေတးဆိုသံ၊ ေလမွာဝဲလို႔ပ်ံ

ထေနာင္းပင္ယံ ဟိုအထက္၊ ခ်ိဳးေလးႏႈတ္ခြန္းဆက္။

အညာထန္းလ်က္ ေဖြးေဖြးျဖဴ၊ ရနံ႔တက်ဴက်ဴ

ေဂြးခ်ိဳဘူတာ တစ္ေထာက္နား၊ ဝယ္လို႔သြားပါလား။

ေတာင္ေတာ္ပုပၸါး ေအးရိပ္မွာ၊ တေမွးမွိတ္ခဲ့ပါ

ျမန္မာေတြရဲ႕ အိုေအစစ္၊ ဆယ္ေပါက္စခန္းသစ္

စပ်စ္စိုက္ခင္း ျမစိမ္းလႊာ၊ ေလ့လာလွည့္စမ္းပါ

ျမန္မာေတြရဲ႕ အေမြေဟာင္း၊ ပုဂံဘုရားေက်ာင္း

မင္းကြန္းေခါင္းေလာင္း ကမၻာေက်ာ္၊ ထိုးပါ့တူေပ်ာ္ေပ်ာ္

ေကာင္းမႈေတာ္မွာဦးညႊတ္တြား၊ စစ္ကိုင္းဘုရားမ်ား။

မုံရြာနားက သမၺဳေဒၶ၊ တန္ခိုးႀကီးလွေပ

ေရႊမန္းေတာင္ေျခ သာစခန္း၊ ျမိဳ႕ရုိးက်ဴံးႏွင့္နန္း။

အညာလမ္းက အျပန္မွာ၊ စိတ္ခ်မ္းေျမ႕ဖို႔ရာ

ခ်ိဳးလင္းျပာ သံစုံၾကဴး၊ ကူေပါ့ တကုကူး။

 

ကဗ်ာေခါင္းစဥ္ေလး နာမည္က “တကုကူးကူ”လို႔ထင္ပါသည္။အညာတစ္ေလွ်ာက္ ဘုရားဖူးခရီးထြက္သည့္ ျမင္ကြင္းေလးကို ဖြဲ႔စပ္ထားသည္။

ဒီကဗ်ာေလးထဲက ထန္းလ်က္ကို အသံအတိုင္းေရးရရင္ “ထညက္”ေပါ့ဗ်ာ။ထညက္ဆိုတာက အခုေခတ္ေတာ့ ရန္ကုန္မွာ ဝယ္စားရတဲ့ထညက္က တကယ္ထန္းပင္က ခ်က္လို႔ရတဲ့ ထညက္နံ႔လည္းမထြက္၊လွ်ာထဲမွာလည္း ျဗဳတ္ရွရွႏွင့္စားမေကာင္းေပ။သဲကလည္း အလြန္ပါသည္။ထညက္စစ္စစ္ မဟုတ္ဟုထင္ပါသည္။

ထန္းညက္စစ္စစ္က စားလိုက္လွ်င္ လွ်ာေပၚမွာ ေၾကညက္ေပ်ာ္ဆင္းသြားသည္။ထညက္စစ္စစ္က ထညက္နံ႔ကိုရသည္။အျခားအနံ႔မရ။

သံပရာသီးက သူ႔အနံ႔ႏွင့္သူ ရွိသလို၊ငပိကလည္းသူ႔အနံ႔ႏွင့္သူရွိသည္။ထညက္ကလည္းထို႔အတူပဲ သူ႔အနံ႔ႏွင့္သူရွိေနသည္။

ပုဂံဝန္းက်င္က ထန္းပင္ထန္းေတာေတြရွိေတာ့ အညာျပန္လက္ေဆာင္မွာ ထန္းညက္ပါေပလိမ့္မည္။

အရင္က အညာကိုျပန္တာပဲျဖစ္ျဖစ္၊အညာကျပန္လာရင္ပဲျဖစ္ျဖစ္ သာစည္၊ပ်ဥ္းမနားဘူတာတို႔ေရာက္လွ်င္ ရထားေဘးတစ္ေလွ်ာက္ စပ်စ္သီး အေျပးအလႊားလိုက္ေရာင္းသည့္ ေဈးသည္မ်ားေပါမွေပါလွသည္။ အဆိုပါဘူတာတို႔ေရာက္လွ်င္ စားဖို႔ပဲျဖစ္ျဖစ္၊လက္ေဆာင္အတြက္ပဲျဖစ္ျဖစ္ စပ်စ္သီးတို႔ဝယ္ၾကသည္။

ယခုေတာ့ အေဝးေျပးအထူးကားႀကီးေတြႏွင့္ ညသြားညျပန္လိုျဖစ္ေနရာ လမ္းခရီး၏ အလွအပတို႔ကို မခံစားရေတာ့ေပ။ယာဥ္ရပ္နားရာေနရာတို႔မွာေတာ့ ေဒသအစားအစားတို႔ရွိေတာ့ရွိသည္။ယခင္ကလို ေခါင္းရြက္၊ပုခုံးထမ္းေဈးသည္ေတြ ရွားသြားသည္။ေငြရွိသူတို႔၏ႀကီးစိုးျခင္းကို မူရင္းေဒသသားတို႔အေနႏွင့္ တိုးမဝင္ႏိုင္ျဖစ္ခဲ့ၾကၿပီ။

ယြန္းလက္ရာႏွင့္ ပုန္းရည္ႀကီးသည္ ပုဂံရဲ႕ အမွတ္တရ အစားအစာႏွင့္ လက္ေဆာင္ေပးစရာျဖစ္သည္။ပုဂံမွာ အျခားေသာ ထြက္ကုန္ေတြအမ်ားအျပား မရွိမဟုတ္ရွိေနပါသည္။သို႔ေသာ္လည္း ယင္းထုတ္ကုန္ႏွစ္မ်ိဳးကိုေတာ့ လက္ေဆာင္ေပးစရာ အမွတ္တရသိမ္းထားစရာ အျဖစ္ဝယ္ယူတတ္ၾကသည့္ ပစၥည္းမ်ားျဖစ္သည္။

ဘုရားဖူးရင္းဖြဲ႔ႏြဲ႔ထားေသာျမင္ကြင္းတို႔က လွသည္။ဒီကဗ်ာေလးကိုဖတ္ရင္ ကဗ်ာနဲ႔ပတ္သက္ၿပီး လူတိုင္းရဲ႕ ျမင္ကြင္းပုံရိပ္တို႔က တစ္မ်ိဳးစီကြဲျပားစြာေပၚလာေပလိမ့္မည္။ကိုယ္ျဖတ္သန္းခဲ့၊ ကိုယ္က်င္လည္ခဲ့တာႏွင့္ ေပါင္းစပ္ၿပီး ပုံရိပ္ေတြ အမ်ိဳးမ်ိဳးေဖာ္ၿပီးခံစားၾကပါမည္။ ကၽြန္ေတာ္ခံစားပုံကတစ္မ်ိဳးျဖစ္မည္။ ေနာက္တစ္ေယာက္က ဒီကဗ်ာေလး အေပၚမွာ သူ႔အေတြ႔အႀကံဳႏွင့္သူခံစားမည္။ဒါဟာကဗ်ာရဲ႕ အလွပါပဲ။ အဲဒါကိုက မတူကြဲျပားစြာနဲ႔ လွေနျခင္းပင္ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
thukha-garden-residence
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service