ထိုင်း၏ ၁၀ နှစ်ဗီဇာ နိုင်ငံခြားသားပညာရှင်များနှင့် ဒေါ်လာ ၁ သန်းအထက်ချမ်းသာသူများကို ထုတ်ပေးမည်
ထိုင်း၏ ၁၀ နှစ်ဗီဇာ နိုင်ငံခြားသားပညာရှင်များနှင့် ဒေါ်လာ ၁ သန်းအထက်ချမ်းသာသူများကို ထုတ်ပေးမည် - Property News in Myanmar from iMyanmarHouse.com
8 Aug 2022 12:30 pm တွင် တင်ခဲ့သည်
642 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ထိုင်းနီုင်ငံသည် လာမည့်လတွင် တိုင်းပြည်၏ စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးနယ်တို့ကို တိုးတက်စေရေးအတွက် နိုင်ငံခြားသားပညာရှင်များနှင့် ချမ်းသာကြွယ်ဝသူများကို ၁၀ နှစ်ဗီဇာ ထုတ်ပေးကာ ဆွဲဆောင်နိုင်ရန် ကြိုးစားမည် ဖြစ်သည်။
ထိုင်း ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့ လက်ထောက် အထွေထွေအတွင်းရေးမှူးချုပ် Narit Therdsteerasukdi က ပြောသည်မှာ ထိုင်းသည် တိုင်းပြည်စီးပွားရေး ၊ အထူးသဖြင့် လျှပ်စစ်ယာဉ်၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါးနှင့် ကာကွယ်ရေးလုပ်ငန်းနယ်ပယ်တို့ ဖွံ့ဖြိုးတိုးတက်စေရန် ကျွမ်းကျင်လုပ်သား တစ်သန်းခန့် ဖိတ်ခေါ်သွားရန် ရည်မှန်းလျက်ရှိကြောင်း ပြောသည်။
Narit က ပြောသည်မှာ ကာလရှည်နေထိုင်ခွင့်ဗီဇာမှာ ကျွမ်းကျင်မှုနှင့် အလားအလာမြင့်မားသော ပြည်ပလူ့စွမ်းအားရင်းမြစ်များအတွက် ရည်ရွယ်ကြောင်းနှင့် စက်တင်ဘာလ ၁ ရက်မှစတင်ကာ လျှောက်လွှာများကို လက်ခံသွားမည်ဖြစ်ကြောင်း ပြောသည်။
ထို့အပြင် ကြွယ်ဝမှု ကန်ဒေါ်လာ ၁ သန်းအထက်ရှိသူများ၊ ပင်စင်လစာ ခိုင်မာမှုရှိသော အငြိမ်းစားများ အနေဖြင့်လည်း လျှောက်ထားနိုင်သည်ဟု ဆိုသည်။
ထိုင်းအစိုးရ၏ ၁၀ နှစ်ဗီဇာလျှောက်ထားရရှိသူတို့ ရရှိမည့် အကျိုးကျေးဇူးများကား ကြီးမားလှသည်။
ဗီဇာရရှိသူများအနေဖြင့် digital အလုပ်ပါမစ်ရရှိမည်ဖြစ်ကာ ယခုဗီဇာရရှိသူအားလုံးကို ဝင်ငွေခွန် ၁၇ ရာခိုင်နှုန်းအထိ လျှော့ချပေးမည် ဖြစ်သည်။
ကုမ္ပဏီများအနေဖြင့် နိုင်ငံခြားသားဝန်ထမ်း ၁ ဦးခန့်လျှင် ထိုင်းနိုင်ငံသား ၄ ဦးခန့်ရမည်ဟူသည့် စည်းမျဉ်းကိုလည်း ပယ်ဖျက်ပေးမည်ဟု ဆိုသည်။
ယခုအချက်မှာ အသေးစားနှင့် အလတ်စားကုမ္ပဏီများအပြင် စတင်စ လုပ်ငန်းများအတွက် အသုံးဝင်မည့် ဗီဇာအစီအစဉ်ဖြစ်လာစေရန် ရည်ရွယ်ခြင်းလည်း ဖြစ်သည်။ ယခုဗီဇာမှာ ကျွမ်းကျင်ပညာရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများကို ဦးတည်သည့် ထိုင်း၏ တတိယမြောက် ဗီဇာအစီအစဉ်လည်း ဖြစ်သည်။
Smart Visa အစီအစဉ်ကို ၂၀၁၈ ခုနှစ်တွင် စတင်ခဲ့ပြီး ယခင်က အများဆုံးနေထိုင်ခွင့်ပေးခဲ့သည့်ကာလမှာ ၄ နှစ်သာ ဖြစ်သည်။
ယခုဗီဇာကိုင်ဆောင်ထားသူအများစုမှာ အမေရိကန်နှင့် ဥရောပမှ digital ကျွမ်းကျင်သော ရင်းနှီးမြှုပ်နှံသူများ ဖြစ်ကြသည်။
ယခု ပေးအပ်မည့် ၁၀ နှစ်ဗီဇာသည် ဂျပန်၊ ကိုရီးယား၊ တရုတ်၊ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပတို့မှ ပညာရှင်များ၊ ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်လိမ့်မည်ဟု Narit က ယုံကြည်သည်။
ယခုဗီဇာအစီအစဉ်ကြောင့် ထိုင်းစီးပွားရေးသည် ကာလတိုအတွင်းတွင်ပင် ဘတ်ငွေ ၁ ထရီလီယံ (ကန်ဒေါ်လာ ၂၇ ဒသမ ၆ ဘီလီယံ) မြှင့်တင်ပေးနိုင်မည်ဟု မျှော်မှန်းထားသည်။
“ဒီဗီဇာကိုင်ဆောင်သူတွေရဲ့ သုံးစွဲမှုပမာဏဟာ တစ်ဦးကို ဘတ် ၁ သန်းရှိမယ်လို့ ကျွန်တော်တို့ မျှော်မှန်းထားပါတယ်”
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Thailand launches new 10-year visa to attract foreign experts (thethaiger)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
area-one-business-complex
kalaw-garden-valley
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service