ရောင်းပိုင်ခွင့် မရှိသူထံမှ ဝယ်ယူမိခြင်း

ရောင်းပိုင်ခွင့် မရှိသူထံမှ ဝယ်ယူမိခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
6 Aug 2022 12:37 pm တွင် တင်ခဲ့သည်
895 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

မကြာသေးမီရက်ပိုင်းက မိတ်ဆွေတစ်ဦးကို ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းတွင် တွေ့လိုက်ရသည်။

''သူငယ်ချင်းကို သတိရနေတာကြာပြီ၊ ဘယ်လိုဆက်သွယ်ရမှန်းမသိလို့။ ဆွေးနွေးတိုင်ပင်စရာရှိတာနဲ့ အတော်ပဲကွာ''ဟု အဆိုပါ မိတ်ဆွေက ကျွန်တော့်အား ပြောပါသည်။

ထို့နောက်နီးရာ လက်ဖက်ရည်ဆိုင်သို့ ခေါ်သွားသဖြင့် ကျွန်တော်လိုက်ပါသွားခဲ့ရပါသည်။

''ဒီလိုသူငယ်ချင်းရ''ဟု ဆိုပြီး ပြောပါတော့သည်။

''ပြီးခဲ့တဲ့ သုံးနှစ်လောက်က ပေ ၂ဝx ပေ ၆ဝ မြေကွက် တစ်ကွက်ကို ငါဝယ်လိုက်တယ်။ အခုမှ လူတစ်ယောက်ကလာပြီး ဒီ မြေကွက်ဟာ သူ့မြေကွက်ဖြစ်လို့ ဖယ်ပေးဖို့ပြောတယ်။ ငါကလည်း ဝယ်ထားတာဆိုတော့ ဖယ်မပေးနိုင်ဘူးပေါ့။ ဒါနဲ့အခု တရားစွဲခံထားရတယ်။ အဲဒါဘယ်လိုဖြစ်နိုင်သလဲ၊ ငါ့မိသားစု အမှုရှုံးနိုင်သလား''လို့ မေးလာပါသည်။

''မြေက ဂရန်မြေလား''

''ငါဝယ်တုန်းကတော့ ပါမစ်မြေပဲ။ အခုလာပြောတဲ့ သူကတော့ သူ့အမည်နဲ့ဂရန်အမည် ပေါက်နေပြီလို့ ပြောတာပဲ''

'ဟေ' ကျွန်တော် စိတ်လှုပ်ရှားသွားသည်။

''မင်းကဘယ်သူ့ဆီက ဝယ်လိုက်တာလဲ''

''ဘေးအိမ်က ဝယ်လိုက်တာ''

''ရောင်းတုန်းက သူက ဘာပြောလဲ''

''သူက အခုငါဝယ်ထားတဲ့ မြေကွက်လပ်အပါအဝင် ပေ ၄ဝx ပေ ၆ဝ မြေကွက်နဲ့ အိမ်လေးကိုသူ ဝယ်ထားတာခြောက်နှစ်လောက်ရှိ ပြီ ဖြစ်တယ်။ ဒီမြေကွက်လပ် ပေ ၂ဝx ပေ ၆ဝ ကို ရောင်းချင်တယ်ဆိုတာနဲ့ ငါ့မိတ်ဆွေတစ်ဦးက ဆက်စပ်ပေးလို့ ဝယ်ဖြစ်သွားတာကွာ''

''ရောင်းသူက မြေချပါမစ်ကို ထုတ်ပြသေးလား၊ မူရင်းကကော မင်းဆီမှာ ရှိလား''

''ရောင်းတဲ့သူကသူ့ဆီမှာရှိတဲ့ မြေချပါမစ်က သိမ်းထားတာ ဘယ်ပျောက်သွားမှန်းမသိလို့ မိတ္တူပဲရှိတယ်ဆိုပြီး မိတ္တူပဲရလိုက်တယ်။ ဂရန်မထွက်သေးတော့လည်း မှတ်ပုံတင်စာချုပ်ချုပ်လို့ မရဖြစ်နေတာပေါ့။ အခုတော့ သူတို့ကို အိမ်ငှားတွေဆိုပြီး ပေါ်လာတဲ့ မြေပိုင်ရှင်ဆိုသူက တရားစွဲထားတယ်''

''ကောင်းကွာ'' ကျွန်တော် စိတ်ရှုပ်သွားသည်။

''ငါတို့ကို ရောင်းလိုက်တဲ့ သူကတော့ သူဝယ်ထားတာပါလို့ ငြင်းနေတာပဲ''

''အင်း-မင်းပြောသလို မင်းတို့ကို ရောင်းလိုက်တဲ့သူဟာအမှန်တကယ်ဝယ်ထားတယ်ဆိုရင်တော့ သူ့လုပ်ပိုင်ခွင့်အရ မင်းကို ကျန်တဲ့ မြေကွက် ပေ၂ဝx ပေ၆ဝ ရောင်းခွင့်ရှိတယ်။ တကယ်လို့ အိမ်ငှားအဖြစ်သာရှိလျက်နဲ့ သူ့လုပ်ပိုင်ခွင့်ကို ကျော်ပြီး မင်းတို့ကို ရောင်းတယ် ဆိုရင်တော့ ရောင်းတဲ့သူမှာ အပြစ်ရှိမှာဖြစ်တယ်''

''ဒါနဲ့ ပတ်သက်လို့ မင်းသိအောင် တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ အမှုတစ်ခုကို ပြောပြမယ်။ တစ်နေ့ကပဲ ရန်ကုန်တိုင်းတရားလွှတ်တော်မှာ ပြောဆိုတင်ပြခဲ့လို့ မှတ်မိနေတယ်။ ဒါပေမယ့် အဲဒီအမှုက တိုက်ခန်းဖြစ်နေတော့ မင်းအမှုနဲ့ တိုက်ရိုက်မသက်ဆိုင်ပေမယ့် အမှုဖြစ်စဉ်က တူညီနေတယ်''''ဒေါ်တင်မော် ပါ ၂ဦးနဲ့ ဦးမြသိန်းပါ နှစ်ဦး ၂ဝဝ၄ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၈၉'' အမှုဖြစ်တယ်။

ရန်ကုန်တိုင်း တရားရုံးမှာ - ဒေါ်တင်မော်နဲ့ ဒေါ်သန်းသန်းဝင်းတို့က ဦးမြင့်သိန်းတို့အပေါ် ၎င်းတို့ ပိုင်ဆိုင်တဲ့ တိုက်ခန်းအတွင်း ကျူးကျော် ဝင်ရောက်နေထိုင်လို့ ဖယ်ရှားပေးစေလိုမှု တရားစွဲဆိုခဲ့တယ်။ - ရန်ကုန်တိုင်းတရားရုံးတော်က ဒေါ်တင်မော်တို့ စွဲဆိုသည့်အတ်ိုင်း အနိုင်ဒီဂရီ ချမှတ်ပေးခဲ့တယ်။

ဦးမြင့်သိန်းတို့က တရားရုံးချူပ်သို့ အယူခံဝင်ပေမယ့် မအောင်မြင်လို့ အထူးအယူခံ တင်သွင်းခဲ့တဲ့အမှုဖြစ်တယ်၊

အထူးအယူခံခုံရုံးက နှစ်ဖက်ကြားနာပြီး သုံးသပ်ဆုံးဖြတ်လိုက်တာကတော့ -

- ရန်ကုန်မြို့ပန်းပဲတန်းမြို့နယ်၊ လမ်း ၃ဝ၊တိုက်အမှတ် ၂၃၂ ပထမထပ်ကို ဒေါ်တင်မော်နဲ့ ဒေါ်သန်းသန်းဝင်းတို့က အပျောက်စနစ်ရဲ့ မူလပိုင်ရှင်ဆီမှ ဝယ်ထားတယ်။

- အိမ်လခတွေကို ဒေါ်တင်မော် အမည်နဲ့ မြေပိုင်ရှင်ထံ ပေးသွင်းထားတယ်။ - ဒေါ်တင်မော်ရဲ့ သားဖြစ်သူ ဦးတင်ထွန်းဝင်းက အချင်းဖြစ်တိုက်ခန်းမှာ ခေတ္တနေထိုင်ခွင့်ပြုရန် တောင်းခံတဲ့အတွက် ခွင့်ပြုပေးခဲ့တယ်။ - ဒေါ်တင်မော်နဲ့ ဒေါ်သန်းသန်းဝင်းတို့ နိုင်ငံခြားသို့ အလည်အပတ်သွားပြီး ပြန်အလာမှာ တိုက်ခန်းကိုသွားကြည့်တော့ သားဖြစ်သူ ဦးတင်ထွန်းဝင်း မဟုတ်ဘဲ။ ဦးမြင့်သိန်းတို့ မိသားစု တိုက်ခန်းအတွင်း ကျူးကျော်ဝင်ရောက်နေထိုင်တာကို တွေ့လိုက်ရတယ်။ - ဒါကြောင့် တိုက်ခန်းကနေ ဖယ်ရှားပေးဖို့ တရားစွဲဆိုတာပဲဖြစ်တယ်။

- ဦးမြင့်သိန်းတို့ဘက်ကတော့ မူလအိမ်ရှင် ဦးတင်ထွန်းဝင်းထံမှ အပြီးအပိုင် အရောင်းစာချုပ်နဲ့ ဝယ်ယူခဲ့ကြောင်း၊ ကျူးကျော် နေထိုင်ခြင်းမဟုတ်ဘဲ ပိုင်ရေးပိုင်ခွင့်အရ နေထိုင်ခြင်းဖြစ်တယ်လို့ ထုချေကြောင်းသုံးသပ်တယ်။

နောက်ဆုံးအထူးအယူခံရုံးက ဆုံးဖြတ်တာကတော့ - ဦးတင်ထွန်းဝင်းဟာ ဒေါ်တင်မော်ရဲ့ သားဖြစ်ပြီး ခေတ္တနေထိုင်ခွင့်ပေးခဲ့ခြင်းသာ ဖြစ်တယ်။ - ဦးတင်ထွန်းဝင်းက မူလပိုင်ရှင်ဦးခင်မောင်အေးထံမှ ဝယ်ယူထားတယ်ဆိုပေမယ့် အထောက်အထား တစ်စုံတစ်ရာပြနိုင်ခြင်းမရှိဘူး။ - ဒါကြောင့် ဦးတင်ထွန်းဝင်းဟာ မိခင် ဒေါ်တင်မော်နဲ့ ဒေါ်သန်းသန်းဝင်း တို့ရဲ့ ခွင့်ပြုချက် လွှဲအပ်ချက် တစ်စုံတစ်ရာမရှိဘဲ မိမိပိုင်လေဟန်ဖြင့် လိမ်လည်ပြီး လွှဲပြောင်းရောင်းချခဲ့ခြင်းဖြစ်တယ်။

- ဦးတင်ထွန်းဝင်းဟာ မိမိမှာမရှိတဲ့ အခွင့်အရေးကို သူတစ်ပါးအားလွှဲအပ်ပေးခဲ့ခြင်းဖြစ်တယ်။ - ဒါကြောင့် ဒီလွှဲပြောင်းရောင်းချခြင်းဟာ ဥပဒေနဲ့ ညီညွတ်မှာ မဟုတ်ကြောင်း၊အချင်းဖြစ်တိုက်ခန်းကို စီမံခန့်ခွဲခွင့်မရှိသူထံမှ လွှဲပြောင်း ဝယ်ယူခဲ့တဲ့ ဦးမြင့်သိန်း အနေဖြင့် ဥပဒေနဲ့ ညီညွတ်ခြင်း မရှိတဲ့အပြင် ဦးမြင့်သိန်းတို့အနေနဲ့ တရားဝင်လက်ဝယ်ထားပိုင်ခွင့်မရှိ လို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဦးမြင့်သိန်းတို့ အနေနဲ့ ရောင်းသူ ဦးတင်ထွန်းဝင်း အပေါ်မှာ မိမိတို့နစ်နာမှုအတွက် လျော်ကြေးရပိုင်ခွင့်သာရှိတယ်လို့ ဆုံးဖြတ်ခဲ့တယ်။

''ဒီနေရာမှာ အဓိကမှတ် သားစရာကတော့ ဥပဒေဆိုရိုး စကားဖြစ်တဲ့ မည်သူမှ မိမိတွင် မရှိသည့် အခွင့်အရေးကို သူတစ်ပါးအားမအပ်နှင်းနိုင် (nemo.datguod non habet.) ဆိုတဲ့ စကားပဲ ဖြစ်တယ်။ အပ်နှင်းရင်လည်း တရားဥပဒေနှင့် မညီညွတ်လို့ ပျက်ပြယ်မှာပဲ ဖြစ်တယ်''လို့ ကျွန်တော်ရှင်းပြလိုက်မိသည်။

''ခင်ဗျားအမှုမှာလည်း ခင်ဗျားကို ရောင်းတဲ့သူဟာ မူလပိုင်ရှင်ထံမှ ပေ ၄ဝx ပေ ၆ဝ မြေကွက်ကို အမှန်တကယ် ငွေအပြီးအကြေပေးချေပြီး ဝယ်ခဲ့တယ်ဆိုရင် ပိုင်ဆိုင်မှုရှိတဲ့အတွက် မြေကွက်ကိုခွဲပြီး ပေ၂ဝx ပေ ၆ဝ အဖြစ်နဲ့ ခင်ဗျားကို ရောင်းပိုင်ခွင့်ရှိမှာဖြစ်တယ်''

''ဒါပေမယ့် အိမ်ငှားအဖြစ်နဲ့ ရှိနေတာကို မြေကွက် တစ်ခုလုံးဝယ်ထားပါတယ်ဆိုပြီး ခင်ဗျားကို တစ်စိတ်တစ်ပိုင်း ရောင်းချခြင်းဟာ လိမ်လည်ရောင်းတာဖြစ်တဲ့အတွက် အဲဒီအရောင်းအဝယ်ဟာ ပျက်ပြယ်ပြီး အရောင်းအဝယ်စာချုပ်ကလည်း တရားမဝင်ပျက်ပြယ်မှာဖြစ်တယ်။ * ''

ဤစကားကြောင့် မိတ်ဆွေမှာအနည်းငယ်မျက်နှာညှိုးငယ်သွားပြီး စိတ်ဓာတ်ရေးရာကျဆင်းသွားပုံ ဖြစ်ပေါ်လာပါသည်။

''ဒါပေမယ့် စိတ်မပျက်ပါနဲ့ဗျာ၊ တကယ်လို့ အရောင်းအဝယ်စာချုပ်ပျက်ပြယ်သွားရင်လည်း ခင်ဗျားအနေနဲ့ ရောင်းသူထံကနေ မြေရောင်းတန်ဖိုးနဲ့ နစ်နာကြေးတောင်းခံခွင့်ရှိပြီး ဥပဒေအရ အမှန်တကယ် ရပိုင်ခွင့်ရှိမှာ ဖြစ်တယ်''လို့ ရှင်းပြရပါသည်။

ထို့ကြောင့် အိမ်ခြံမြေဝယ်သူများအနေဖြင့်

* ပြောစကားကို လွယ်လွယ်ကူကူယုံကြည်၍ မဝယ်သင့်ပေ။ * မြေကွက် အမည်ပေါက် ရှင်း/ မရှင်း၊ * အမည်ပေါက် ကွယ်လွန်ခြင်းရှိ/ မရှိ။ * လင်မယားဖြစ်လျှင် နှစ်ဦးစလုံးကရောင်းချခြင်းကို သဘောတူညီမှု ရှိ/ မရှိ၊ * စာရွက် စာတမ်း မူရင်းများရှိ/ မရှိတို့ကို သေချာစုံစမ်း၍ မှတ်ပုံတင်စာချုပ် ချုပ်ဆိုဝယ်ယူသင့်ပါကြောင်း အကြံပြုရေးသားလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

 

[Zawgyi]

ေရာင္းပိုင္ခြင့္ မ႐ွိသူထံမွ ဝယ္ယူမိျခင္း

 

မၾကာေသးမီရက္ပိုင္းက မိတ္ေဆြတစ္ဦးကို ရန္ကုန္ၿမိဳ႕ ပန္းဆိုးတန္းလမ္းတြင္ ေတြ႕လိုက္ရသည္။

''သူငယ္ခ်င္းကို သတိရေနတာၾကာၿပီ၊ ဘယ္လိုဆက္သြယ္ရမွန္းမသိလို႔။ ေဆြးေႏြးတိုင္ပင္စရာ႐ွိတာနဲ႔ အေတာ္ပဲကြာ''ဟု အဆိုပါ မိတ္ေဆြက ကြၽန္ေတာ္႕အား ေျပာပါသည္။

ထို႔ေနာက္နီးရာ လက္ဖက္ရည္ဆိုင္သို႔ ေခၚသြားသျဖင့္ ကြၽန္ေတာ္လိုက္ပါသြားခဲ့ရပါသည္။

''ဒီလိုသူငယ္ခ်င္းရ''ဟု ဆိုၿပီး ေျပာပါေတာ့သည္။

''ၿပီးခဲ့တဲ့ သုံးႏွစ္ေလာက္က ေပ ၂ဝx ေပ ၆ဝ ေျမကြက္ တစ္ကြက္ကို ငါဝယ္လိုက္တယ္။ အခုမွ လူတစ္ေယာက္ကလာၿပီး ဒီ ေျမကြက္ဟာ သူ႕ေျမကြက္ျဖစ္လို႔ ဖယ္ေပးဖို႔ေျပာတယ္။ ငါကလည္း ဝယ္ထားတာဆိုေတာ့ ဖယ္မေပးႏိုင္ဘူးေပါ့။ ဒါနဲ႔အခု တရားစြဲခံထားရတယ္။ အဲဒါဘယ္လိုျဖစ္ႏိုင္သလဲ၊ ငါ့မိသားစု အမႈရႈံးႏိုင္သလား''လို႔ ေမးလာပါသည္။

''ေျမက ဂရန္ေျမလား''

''ငါဝယ္တုန္းကေတာ့ ပါမစ္ေျမပဲ။ အခုလာေျပာတဲ့ သူကေတာ့ သူ႕အမည္နဲ႔ဂရန္အမည္ ေပါက္ေနၿပီလို႔ ေျပာတာပဲ''

'ေဟ' ကြၽန္ေတာ္ စိတ္လႈပ္႐ွားသြားသည္။

''မင္းကဘယ္သူ႕ဆီက ဝယ္လိုက္တာလဲ''

''ေဘးအိမ္က ဝယ္လိုက္တာ''

''ေရာင္းတုန္းက သူက ဘာေျပာလဲ''

''သူက အခုငါဝယ္ထားတဲ့ ေျမကြက္လပ္အပါအဝင္ ေပ ၄ဝx ေပ ၆ဝ ေျမကြက္နဲ႔ အိမ္ေလးကိုသူ ဝယ္ထားတာေျခာက္ႏွစ္ေလာက္႐ွိ ၿပီ ျဖစ္တယ္။ ဒီေျမကြက္လပ္ ေပ ၂ဝx ေပ ၆ဝ ကို ေရာင္းခ်င္တယ္ဆိုတာနဲ႔ ငါ့မိတ္ေဆြတစ္ဦးက ဆက္စပ္ေပးလို႔ ဝယ္ျဖစ္သြားတာကြာ''

''ေရာင္းသူက ေျမခ်ပါမစ္ကို ထုတ္ျပေသးလား၊ မူရင္းကေကာ မင္းဆီမွာ ႐ွိလား''

''ေရာင္းတဲ့သူကသူ႕ဆီမွာ႐ွိတဲ့ ေျမခ်ပါမစ္က သိမ္းထားတာ ဘယ္ေပ်ာက္သြားမွန္းမသိလို႔ မိတၱဴပဲ႐ွိတယ္ဆိုၿပီး မိတၱဴပဲရလိုက္တယ္။ ဂရန္မထြက္ေသးေတာ့လည္း မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္လို႔ မရျဖစ္ေနတာေပါ့။ အခုေတာ့ သူတို႔ကို အိမ္ငွားေတြဆိုၿပီး ေပၚလာတဲ့ ေျမပိုင္႐ွင္ဆိုသူက တရားစြဲထားတယ္''

''ေကာင္းကြာ'' ကြၽန္ေတာ္ စိတ္႐ႈပ္သြားသည္။

''ငါတို႔ကို ေရာင္းလိုက္တဲ့ သူကေတာ့ သူဝယ္ထားတာပါလို႔ ျငင္းေနတာပဲ''

''အင္း-မင္းေျပာသလို မင္းတို႔ကို ေရာင္းလိုက္တဲ့သူဟာအမွန္တကယ္ဝယ္ထားတယ္ဆိုရင္ေတာ့ သူ႕လုပ္ပိုင္ခြင့္အရ မင္းကို က်န္တဲ့ ေျမကြက္ ေပ၂ဝx ေပ၆ဝ ေရာင္းခြင့္႐ွိတယ္။ တကယ္လို႔ အိမ္ငွားအျဖစ္သာ႐ွိလ်က္နဲ႔ သူ႕လုပ္ပိုင္ခြင့္ကို ေက်ာ္ၿပီး မင္းတို႔ကို ေရာင္းတယ္ ဆိုရင္ေတာ့ ေရာင္းတဲ့သူမွာ အျပစ္႐ွိမွာျဖစ္တယ္''

''ဒါနဲ႔ ပတ္သက္လို႔ မင္းသိေအာင္ တရား႐ုံးခ်ဳပ္က ဆုံးျဖတ္ထားတဲ့ အမႈတစ္ခုကို ေျပာျပမယ္။ တစ္ေန႔ကပဲ ရန္ကုန္တိုင္းတရားလႊတ္ေတာ္မွာ ေျပာဆိုတင္ျပခဲ့လို႔ မွတ္မိေနတယ္။ ဒါေပမယ့္ အဲဒီအမႈက တိုက္ခန္းျဖစ္ေနေတာ့ မင္းအမႈနဲ႔ တိုက္႐ိုက္မသက္ဆိုင္ေပမယ့္ အမႈျဖစ္စဥ္က တူညီေနတယ္''''ေဒၚတင္ေမာ္ ပါ ၂ဦးနဲ႔ ဦးျမသိန္းပါ ႏွစ္ဦး ၂ဝဝ၄ ခုႏွစ္ ျမန္မာႏိုင္ငံ တရားစီရင္ထုံး စာမ်က္ႏွာ ၈၉'' အမႈျဖစ္တယ္။

ရန္ကုန္တိုင္း တရား႐ုံးမွာ - ေဒၚတင္ေမာ္နဲ႔ ေဒၚသန္းသန္းဝင္းတို႔က ဦးျမင့္သိန္းတို႔အေပၚ ၎တို႔ ပိုင္ဆိုင္တဲ့ တိုက္ခန္းအတြင္း က်ဴးေက်ာ္ ဝင္ေရာက္ေနထိုင္လို႔ ဖယ္႐ွားေပးေစလိုမႈ တရားစြဲဆိုခဲ့တယ္။ - ရန္ကုန္တိုင္းတရား႐ုံးေတာ္က ေဒၚတင္ေမာ္တို႔ စြဲဆိုသည့္အတ္ိုင္း အႏိုင္ဒီဂရီ ခ်မွတ္ေပးခဲ့တယ္။

ဦးျမင့္သိန္းတို႔က တရား႐ုံးခ်ဴပ္သို႔ အယူခံဝင္ေပမယ့္ မေအာင္ျမင္လို႔ အထူးအယူခံ တင္သြင္းခဲ့တဲ့အမႈျဖစ္တယ္၊

အထူးအယူခံခုံ႐ုံးက ႏွစ္ဖက္ၾကားနာၿပီး သုံးသပ္ဆုံးျဖတ္လိုက္တာကေတာ့ -

- ရန္ကုန္ၿမိဳ႕ပန္းပဲတန္းၿမိဳ႕နယ္၊ လမ္း ၃ဝ၊တိုက္အမွတ္ ၂၃၂ ပထမထပ္ကို ေဒၚတင္ေမာ္နဲ႔ ေဒၚသန္းသန္းဝင္းတို႔က အေပ်ာက္စနစ္ရဲ႕ မူလပိုင္႐ွင္ဆီမွ ဝယ္ထားတယ္။

- အိမ္လခေတြကို ေဒၚတင္ေမာ္ အမည္နဲ႔ ေျမပိုင္႐ွင္ထံ ေပးသြင္းထားတယ္။ - ေဒၚတင္ေမာ္ရဲ႕ သားျဖစ္သူ ဦးတင္ထြန္းဝင္းက အခ်င္းျဖစ္တိုက္ခန္းမွာ ေခတၱေနထိုင္ခြင့္ျပဳရန္ ေတာင္းခံတဲ့အတြက္ ခြင့္ျပဳေပးခဲ့တယ္။ - ေဒၚတင္ေမာ္နဲ႔ ေဒၚသန္းသန္းဝင္းတို႔ ႏိုင္ငံျခားသို႔ အလည္အပတ္သြားၿပီး ျပန္အလာမွာ တိုက္ခန္းကိုသြားၾကည့္ေတာ့ သားျဖစ္သူ ဦးတင္ထြန္းဝင္း မဟုတ္ဘဲ။ ဦးျမင့္သိန္းတို႔ မိသားစု တိုက္ခန္းအတြင္း က်ဴးေက်ာ္ဝင္ေရာက္ေနထိုင္တာကို ေတြ႕လိုက္ရတယ္။ - ဒါေၾကာင့္ တိုက္ခန္းကေန ဖယ္႐ွားေပးဖို႔ တရားစြဲဆိုတာပဲျဖစ္တယ္။

- ဦးျမင့္သိန္းတို႔ဘက္ကေတာ့ မူလအိမ္႐ွင္ ဦးတင္ထြန္းဝင္းထံမွ အၿပီးအပိုင္ အေရာင္းစာခ်ဳပ္နဲ႔ ဝယ္ယူခဲ့ေၾကာင္း၊ က်ဴးေက်ာ္ ေနထိုင္ျခင္းမဟုတ္ဘဲ ပိုင္ေရးပိုင္ခြင့္အရ ေနထိုင္ျခင္းျဖစ္တယ္လို႔ ထုေခ်ေၾကာင္းသုံးသပ္တယ္။

ေနာက္ဆုံးအထူးအယူခံ႐ုံးက ဆုံးျဖတ္တာကေတာ့ - ဦးတင္ထြန္းဝင္းဟာ ေဒၚတင္ေမာ္ရဲ႕ သားျဖစ္ၿပီး ေခတၱေနထိုင္ခြင့္ေပးခဲ့ျခင္းသာ ျဖစ္တယ္။ - ဦးတင္ထြန္းဝင္းက မူလပိုင္႐ွင္ဦးခင္ေမာင္ေအးထံမွ ဝယ္ယူထားတယ္ဆိုေပမယ့္ အေထာက္အထား တစ္စုံတစ္ရာျပႏိုင္ျခင္းမ႐ွိဘူး။ - ဒါေၾကာင့္ ဦးတင္ထြန္းဝင္းဟာ မိခင္ ေဒၚတင္ေမာ္နဲ႔ ေဒၚသန္းသန္းဝင္း တို႔ရဲ႕ ခြင့္ျပဳခ်က္ လႊဲအပ္ခ်က္ တစ္စုံတစ္ရာမ႐ွိဘဲ မိမိပိုင္ေလဟန္ျဖင့္ လိမ္လည္ၿပီး လႊဲေျပာင္းေရာင္းခ်ခဲ့ျခင္းျဖစ္တယ္။

- ဦးတင္ထြန္းဝင္းဟာ မိမိမွာမ႐ွိတဲ့ အခြင့္အေရးကို သူတစ္ပါးအားလႊဲအပ္ေပးခဲ့ျခင္းျဖစ္တယ္။ - ဒါေၾကာင့္ ဒီလႊဲေျပာင္းေရာင္းခ်ျခင္းဟာ ဥပေဒနဲ႔ ညီၫြတ္မွာ မဟုတ္ေၾကာင္း၊အခ်င္းျဖစ္တိုက္ခန္းကို စီမံခန္႔ခြဲခြင့္မ႐ွိသူထံမွ လႊဲေျပာင္း ဝယ္ယူခဲ့တဲ့ ဦးျမင့္သိန္း အေနျဖင့္ ဥပေဒနဲ႔ ညီၫြတ္ျခင္း မ႐ွိတဲ့အျပင္ ဦးျမင့္သိန္းတို႔အေနနဲ႔ တရားဝင္လက္ဝယ္ထားပိုင္ခြင့္မ႐ွိ လို႔ ဆုံးျဖတ္ခဲ့ပါတယ္။

ဦးျမင့္သိန္းတို႔ အေနနဲ႔ ေရာင္းသူ ဦးတင္ထြန္းဝင္း အေပၚမွာ မိမိတို႔နစ္နာမႈအတြက္ ေလ်ာ္ေၾကးရပိုင္ခြင့္သာ႐ွိတယ္လို႔ ဆုံးျဖတ္ခဲ့တယ္။

''ဒီေနရာမွာ အဓိကမွတ္ သားစရာကေတာ့ ဥပေဒဆို႐ိုး စကားျဖစ္တဲ့ မည္သူမွ မိမိတြင္ မ႐ွိသည့္ အခြင့္အေရးကို သူတစ္ပါးအားမအပ္ႏွင္းႏိုင္ (nemo.datguod non habet.) ဆိုတဲ့ စကားပဲ ျဖစ္တယ္။ အပ္ႏွင္းရင္လည္း တရားဥပေဒႏွင့္ မညီၫြတ္လို႔ ပ်က္ျပယ္မွာပဲ ျဖစ္တယ္''လို႔ ကြၽန္ေတာ္႐ွင္းျပလိုက္မိသည္။

''ခင္ဗ်ားအမႈမွာလည္း ခင္ဗ်ားကို ေရာင္းတဲ့သူဟာ မူလပိုင္႐ွင္ထံမွ ေပ ၄ဝx ေပ ၆ဝ ေျမကြက္ကို အမွန္တကယ္ ေငြအၿပီးအေၾကေပးေခ်ၿပီး ဝယ္ခဲ့တယ္ဆိုရင္ ပိုင္ဆိုင္မႈ႐ွိတဲ့အတြက္ ေျမကြက္ကိုခြဲၿပီး ေပ၂ဝx ေပ ၆ဝ အျဖစ္နဲ႔ ခင္ဗ်ားကို ေရာင္းပိုင္ခြင့္႐ွိမွာျဖစ္တယ္''

''ဒါေပမယ့္ အိမ္ငွားအျဖစ္နဲ႔ ႐ွိေနတာကို ေျမကြက္ တစ္ခုလုံးဝယ္ထားပါတယ္ဆိုၿပီး ခင္ဗ်ားကို တစ္စိတ္တစ္ပိုင္း ေရာင္းခ်ျခင္းဟာ လိမ္လည္ေရာင္းတာျဖစ္တဲ့အတြက္ အဲဒီအေရာင္းအဝယ္ဟာ ပ်က္ျပယ္ၿပီး အေရာင္းအဝယ္စာခ်ဳပ္ကလည္း တရားမဝင္ပ်က္ျပယ္မွာျဖစ္တယ္။ * ''

ဤစကားေၾကာင့္ မိတ္ေဆြမွာအနည္းငယ္မ်က္ႏွာညိႇဳးငယ္သြားၿပီး စိတ္ဓာတ္ေရးရာက်ဆင္းသြားပုံ ျဖစ္ေပၚလာပါသည္။

''ဒါေပမယ့္ စိတ္မပ်က္ပါနဲ႔ဗ်ာ၊ တကယ္လို႔ အေရာင္းအဝယ္စာခ်ဳပ္ပ်က္ျပယ္သြားရင္လည္း ခင္ဗ်ားအေနနဲ႔ ေရာင္းသူထံကေန ေျမေရာင္းတန္ဖိုးနဲ႔ နစ္နာေၾကးေတာင္းခံခြင့္႐ွိၿပီး ဥပေဒအရ အမွန္တကယ္ ရပိုင္ခြင့္႐ွိမွာ ျဖစ္တယ္''လို႔ ႐ွင္းျပရပါသည္။

ထို႔ေၾကာင့္ အိမ္ျခံေျမဝယ္သူမ်ားအေနျဖင့္

* ေျပာစကားကို လြယ္လြယ္ကူကူယုံၾကည္၍ မဝယ္သင့္ေပ။ * ေျမကြက္ အမည္ေပါက္ ႐ွင္း/ မ႐ွင္း၊ * အမည္ေပါက္ ကြယ္လြန္ျခင္း႐ွိ/ မ႐ွိ။ * လင္မယားျဖစ္လွ်င္ ႏွစ္ဦးစလုံးကေရာင္းခ်ျခင္းကို သေဘာတူညီမႈ ႐ွိ/ မ႐ွိ၊ * စာ႐ြက္ စာတမ္း မူရင္းမ်ား႐ွိ/ မ႐ွိတို႔ကို ေသခ်ာစုံစမ္း၍ မွတ္ပုံတင္စာခ်ဳပ္ ခ်ဳပ္ဆိုဝယ္ယူသင့္ပါေၾကာင္း အၾကံျပဳေရးသားလိုက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု (ဥပေဒအတိုင္ပင္ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
mya-villa
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service