စကော့တလန်ရှိ ၂၈ ဧက အကျယ် ကျွန်းတစ်ခုလုံးကို တိုက်ခန်းဈေးမျှဖြင့် ရောင်းမည်

စကော့တလန်ရှိ ၂၈ ဧက အကျယ် ကျွန်းတစ်ခုလုံးကို တိုက်ခန်းဈေးမျှဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
4 Aug 2022 11:28 am တွင် တင်ခဲ့သည်
766 ကြိမ် ကြည့်ရှု့ပြီး

ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော် (iMyanmarHouse.com)

[Unicode]

စကော့တလန်နိုင်ငံရှိ ကျွန်းတစ်ကျွန်း ပေါင် ၃၅၀,၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာသည်။ အဆိုပါ ဈေးနှုန်းမှာ စကော့တလန်နိုင်ငံ၊ ဂလပ်စကိုမြို့တော်အနောက်ပိုင်းရှိ တိုက်ခန်းတစ်ခန်းဈေးအောက် နည်းပါးသော ဈေးနှုန်းလည်း ဖြစ်သည်။

Pladda Isles ဟု အမည်ရသော ထိုကျွန်းသည် စကော့တလန်နိုင်ငံ၊ Arran ကမ်းရိုးတန်း၏ တောင်ဘက်တွင် တည်ရှိသည်။

(ပေါင် ၃၅၀၀၀၀ ဖြင့် ရောင်းချမည့်ကျွန်း)

(ကျွန်း၏ခေါ်ဈေးမှာ ဂလပ်စကိုအနောက်ပိုင်းဒေသရှိ တိုက်ခန်းတစ်ခန်းဈေးအောက်ပင် နည်းပါးသေးသည်။ Photo credit- KNIGHT FRANK)

(ကျွန်းပေါ်တွင် ကြီးမားသော မီးပြတိုက်ကြီးတစ်ခုလည်း ပါဝင်သည်)

ကျွန်း၏ အကျယ်အဝန်းမှာ ၂၈ ဧကနီးပါးရှိပြီး အဆောက်အအုံများလည်း ပါဝင်သေးသည်။

ရင်သပ်ရှုမောဖွယ် ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည့်ကျွန်းဖြစ်သော်လည်း လူနေထိုင်ရန်အတွက်မူ ပြုပြင်မွမ်းမံမှုများ ပြုလုပ်ရဦးမည် ဖြစ်သည်။

ကျွန်းပေါ်တွင် ၁၇၉၀ ပြည့်လွန်ကာလများကတည်းက အသုံးပြုခဲ့သော မီးပြတိုက်ကြီးတစ်ခုနှင့်အတူ မီးပြတိုက်အစောင့်အတွက် နေအိမ်လည်း ပါသည်။

ထို့အပြင် ၂ ဒသမ ၅ ဧက ကျယ်ဝန်းသော ဝန်းခတ်ပန်းဥယျာဉ်တစ်ခု၊ ရဟတ်ယာဉ်ကွင်းနှင့် ကျောက်ဆိပ်ခံတံတားတစ်ခုတို့ ဖွဲ့စည်းပါဝင်သည်။

Knight Frank အိမ်ခြံမြေကုမ္ပဏီမှတဆင့် အရောင်းဈေးကွက်တင်လာသော ထိုကျွန်း၏ မျက်နှာစာတစ်ဖက်မှ တဆင့် Kintyre နှင့် Ayrshire ကမ်းခြေများကို မြင်တွေ့ရပြီး အခြားတဖက်မှမူ Ailsa Craig ကမ်းခြေနှင့် မြောက်အိုင်ယာလန်အထိ တွေ့မြင်ရမည် ဖြစ်သည်။

Rightmove အိမ်ခြံမြေဝက်ဘ်ဆိုက်တွင် မကြာသေးမီက စကော့တလန်ရှိ အိပ်ခန်း ၂ ခန်း၊ ရေချိုးခန်း ၂ ခန်းပါ တိုက်ခန်းကို ဈေးကွက်တင်ရာတွင် ခေါ်ဈေးမှာ ပေါင် ၃၇၅၀၀၀ ဖြစ်သည်။ သို့အတွက် ကျွန်း၏ခေါ်ဈေးမှာ တိုက်ခန်းဈေးအောက်ပင် နည်းပါးသောဈေးနှုန်း ဖြစ်သည်။

မြောက်ပိုင်း မီးပြတိုက်ဘုတ်အဖွဲ့ (Northern Lighthouse Board) ၏ ပြောကြားချက်အရ ယခုကျွန်းကို ၁၉၉၀ ပြည့်နှစ်တွင် အလိုအလျောက်အချက်ပြစနစ်အသုံးပြုချိန်မှစပြီး မီးပြတိုက်စောင့် နေထိုင်ခြင်းမရှိတော့ကြောင်း ပြောသည်။

လက်ရှိအားဖြင့် ထိုကျွန်းကို အီဒင်ဘာ့ဂ်မြို့ဆီမှသာ အဝေးမှတဆင့် ကိုင်တွယ်ထားသည်။

ကျွန်း၏ဝန်းကျင်တွင် ရေနေတိရ စ္ဆာန်များ စုံလင်စွာရှိရာ လင်းပိုင်များ၊ ဖျံများနှင့် နေပူစာလှုံကြသော ငါးမန်းများပင် ရှိသည်။

Knight Frank ၏ ဖော်ပြချက်အရ ထိုကျွန်းပေါ်တွင် လွန်ခဲ့သောနှစ်ကာလများအတွင်း ငှက်မျိုးစိတ်ပေါင်း ၁၀၀ ကျော် ကျက်စားခဲ့ကြသည်ဟု ဆိုသည်။

(ကျွန်း၏ အကျယ်အဝန်းမှာ ၂၈ ဧကနီးပါးရှိသည်)

(ကျွန်းပေါ်ရှိ အဆောက်အအုံများမှာ ပြန်လည်ပြုပြင်မွမ်းမံမှုများ ပြုလုပ်ရန် လိုအပ်မည်ဖြစ်ပြီး အသင့် လူနေ၍ မရသေးချေ)

(ကျွန်းပေါ်ရှိ ဝန်းခတ် ပန်းဥယျာဉ်များ)

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Entire Scottish island for sale for LESS than the price of a Glasgow flat (thesun)

 

 

 

[Zawgyi]

စေကာ့တလန္ရွိ ၂၈ ဧက အက်ယ္ ကၽြန္းတစ္ခုလံုးကို တိုက္ခန္းေစ်းမွ်ျဖင့္ ေရာင္းမည္

စေကာ့တလန္ႏိုင္ငံရွိ ကၽြန္းတစ္ကၽြန္း ေပါင္ ၃၅၀,၀၀၀ ျဖင့္ အေရာင္းေစ်းကြက္ဝင္လာသည္။ အဆိုပါ ေစ်းႏႈန္းမွာ စေကာ့တလန္ႏိုင္ငံ၊ ဂလပ္စကိုျမိဳ႕ေတာ္အေနာက္ပိုင္းရွိ တိုက္ခန္းတစ္ခန္းေစ်းေအာက္ နည္းပါးေသာ ေစ်းႏႈန္းလည္း ျဖစ္သည္။

Pladda Isles ဟု အမည္ရေသာ ထိုကၽြန္းသည္ စေကာ့တလန္ႏိုင္ငံ၊ Arran ကမ္းရိုးတန္း၏ ေတာင္ဘက္တြင္ တည္ရွိသည္။

(ေပါင္ ၃၅၀၀၀၀ ျဖင့္ ေရာင္းခ်မည့္ကၽြန္း)

(ကၽြန္း၏ေခၚေစ်းမွာ ဂလပ္စကိုအေနာက္ပိုင္းေဒသရွိ တိုက္ခန္းတစ္ခန္းေစ်းေအာက္ပင္ နည္းပါးေသးသည္။ Photo credit- KNIGHT FRANK)

(ကၽြန္းေပၚတြင္ ၾကီးမားေသာ မီးျပတိုက္ၾကီးတစ္ခုလည္း ပါဝင္သည္)

ကၽြန္း၏ အက်ယ္အဝန္းမွာ ၂၈ ဧကနီးပါးရွိျပီး အေဆာက္အအံုမ်ားလည္း ပါဝင္ေသးသည္။

ရင္သပ္ရႈေမာဖြယ္ ရႈေမွ်ာ္ခင္းမ်ား ပိုင္ဆိုင္ထားသည့္ကၽြန္းျဖစ္ေသာ္လည္း လူေနထိုင္ရန္အတြက္မူ ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ရဦးမည္ ျဖစ္သည္။

ကၽြန္းေပၚတြင္ ၁၇၉၀ ျပည့္လြန္ကာလမ်ားကတည္းက အသံုးျပဳခဲ့ေသာ မီးျပတိုက္ၾကီးတစ္ခုႏွင့္အတူ မီးျပတိုက္အေစာင့္အတြက္ ေနအိမ္လည္း ပါသည္။

ထို႔အျပင္ ၂ ဒသမ ၅ ဧက က်ယ္ဝန္းေသာ ဝန္းခတ္ပန္းဥယ်ာဥ္တစ္ခု၊ ရဟတ္ယာဥ္ကြင္းႏွင့္ ေက်ာက္ဆိပ္ခံတံတားတစ္ခုတို႔ ဖြဲ႔စည္းပါဝင္သည္။

Knight Frank အိမ္ျခံေျမကုမၸဏီမွတဆင့္ အေရာင္းေစ်းကြက္တင္လာေသာ ထိုကၽြန္း၏ မ်က္ႏွာစာတစ္ဖက္မွ တဆင့္ Kintyre ႏွင့္ Ayrshire ကမ္းေျခမ်ားကို ျမင္ေတြ႔ရျပီး အျခားတဖက္မွမူ Ailsa Craig ကမ္းေျခႏွင့္ ေျမာက္အိုင္ယာလန္အထိ ေတြ႔ျမင္ရမည္ ျဖစ္သည္။

Rightmove အိမ္ျခံေျမဝက္ဘ္ဆိုက္တြင္ မၾကာေသးမီက စေကာ့တလန္ရွိ အိပ္ခန္း ၂ ခန္း၊ ေရခ်ဳိးခန္း ၂ ခန္းပါ တိုက္ခန္းကို ေစ်းကြက္တင္ရာတြင္ ေခၚေစ်းမွာ ေပါင္ ၃၇၅၀၀၀ ျဖစ္သည္။ သို႔အတြက္ ကၽြန္း၏ေခၚေစ်းမွာ တိုက္ခန္းေစ်းေအာက္ပင္ နည္းပါးေသာေစ်းႏႈန္း ျဖစ္သည္။

ေျမာက္ပိုင္း မီးျပတိုက္ဘုတ္အဖြဲ႔ (Northern Lighthouse Board) ၏ ေျပာၾကားခ်က္အရ ယခုကၽြန္းကို ၁၉၉၀ ျပည့္ႏွစ္တြင္ အလိုအေလ်ာက္အခ်က္ျပစနစ္အသံုးျပဳခ်ိန္မွစျပီး မီးျပတိုက္ေစာင့္ ေနထိုင္ျခင္းမရွိေတာ့ေၾကာင္း ေျပာသည္။

လက္ရွိအားျဖင့္ ထိုကၽြန္းကို အီဒင္ဘာ့ဂ္ျမိဳ႕ဆီမွသာ အေဝးမွတဆင့္ ကိုင္တြယ္ထားသည္။

ကၽြန္း၏ဝန္းက်င္တြင္ ေရေနတိရ စၦာန္မ်ား စံုလင္စြာရွိရာ လင္းပိုင္မ်ား၊ ဖ်ံမ်ားႏွင့္ ေနပူစာလႈံၾကေသာ ငါးမန္းမ်ားပင္ ရွိသည္။

Knight Frank ၏ ေဖာ္ျပခ်က္အရ ထိုကၽြန္းေပၚတြင္ လြန္ခဲ့ေသာႏွစ္ကာလမ်ားအတြင္း ငွက္မ်ဳိးစိတ္ေပါင္း ၁၀၀ ေက်ာ္ က်က္စားခဲ့ၾကသည္ဟု ဆုိသည္။

(ကၽြန္း၏ အက်ယ္အဝန္းမွာ ၂၈ ဧကနီးပါးရွိသည္)

(ကၽြန္းေပၚရွိ အေဆာက္အအံုမ်ားမွာ ျပန္လည္ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ရန္ လိုအပ္မည္ျဖစ္ျပီး အသင့္ လူေန၍ မရေသးေခ်)

(ကၽြန္းေပၚရွိ ဝန္းခတ္ ပန္းဥယ်ာဥ္မ်ား)

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Entire Scottish island for sale for LESS than the price of a Glasgow flat (thesun)

 

 

စကော့တလန်ရှိ ၂၈ ဧက အကျယ် ကျွန်းတစ်ခုလုံးကို တိုက်ခန်းဈေးမျှဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်အသင်း ကာတာတွင် တည်းခိုနေထိုင်သော Radisson Blu ဟိုတယ်
ဂျပန်အသင်း ကာတာတွင် တည်းခိုနေထိုင်သော Radisson Blu ဟိုတယ်
၁၆ သင်းရှုံးထွက်အဆင့်သို့ တက်သွားပြီဖြစ်သော နည်းပြ လူးဝစ်ဗန်ဂါး၏ နယ်သာလန်အသင်း ကမ္ဘာ့ဖလားတွင် တည်းခိုနေထိုင်သော St. Regis ဟိုတယ်...
၁၆ သင်းရှုံးထွက်အဆင့်သို့ တက်သွားပြီဖြစ်သော နည်းပြ လူးဝစ်ဗန်ဂါး၏ နယ်သာလန်အသင်း ကမ္ဘာ့ဖလားတွင် တည်းခိုနေထိုင်သော St. Regis ဟိုတယ်...
ခရစ္စတီယာနို ရော်နယ်ဒို ကာတာတွင် တည်းခိုနေထိုင်သော ဟိုတယ်
ခရစ္စတီယာနို ရော်နယ်ဒို ကာတာတွင် တည်းခိုနေထိုင်သော ဟိုတယ်
စပိန်နိုင်ငံက ကျောက်ဆောင်တွေကို ထွင်းပြီး မြို့တည်ထားတဲ့ ဆေတေနီးမြို့လေး
စပိန်နိုင်ငံက ကျောက်ဆောင်တွေကို ထွင်းပြီး မြို့တည်ထားတဲ့ ဆေတေနီးမြို့လေး
ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲရန် နံပါတ် ၁ နေရာမှ ရေပန်းစားနေသော မက်ဆီ၏ အာဂျင်တီးနားအသင်း တည်းခို နေထိုင်သည့် ကာတာတက္ကသိုလ်အဆောက်အအုံ...
ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲရန် နံပါတ် ၁ နေရာမှ ရေပန်းစားနေသော မက်ဆီ၏ အာဂျင်တီးနားအသင်း တည်းခို နေထိုင်သည့် ကာတာတက္ကသိုလ်အဆောက်အအုံ...
လီဗာပူးအသင်းကို ဆော်ဒီအာရေးဗီးယားနှင့် ကာတာကုမ္ပဏီများထံ ပေါင် ၃ ဘီလီယံဖြင့် ရောင်းချရန် ဆွေးနွေးနေသော လီဗာပူးအသင်းပိုင်ရှင် John Henry ၏ Nantucket ကျွန်းပေါ်က စံအိမ်...
လီဗာပူးအသင်းကို ဆော်ဒီအာရေးဗီးယားနှင့် ကာတာကုမ္ပဏီများထံ ပေါင် ၃ ဘီလီယံဖြင့် ရောင်းချရန် ဆွေးနွေးနေသော လီဗာပူးအသင်းပိုင်ရှင် John Henry ၏ Nantucket ကျွန်းပေါ်က စံအိမ်...
မန်ချက်စတာယူနိုက်တက်ကို ဒေါ်လာ ၇ ဘီလီယံဖြင့် ဝယ်ယူရန် စိတ်ဝင်စားနေသော Apple ကုမ္ပဏီ၏ CEO ဖြစ်သူ Tim Cook ၏ စံအိမ်...
မန်ချက်စတာယူနိုက်တက်ကို ဒေါ်လာ ၇ ဘီလီယံဖြင့် ဝယ်ယူရန် စိတ်ဝင်စားနေသော Apple ကုမ္ပဏီ၏ CEO ဖြစ်သူ Tim Cook ၏ စံအိမ်...
တရုတ်ပြည်တွင် မုဒိမ်းမှုဖြင့် ထောင်ဒဏ် ၁၃ နှစ်၊ဒဏ်ငွေယွမ် သန်း ၆၀၀ (ဒေါ်လာ ၈၃ သန်း ) ချမှတ်ခံရသော နာမည်ကြီး ပေါ့ပ်ကြယ်ပွင့် Exo အဖွဲ့မှ အဆိုတော် Kris Wu ၏ ပေကျင်းမြို့မှ စံအိမ်...
တရုတ်ပြည်တွင် မုဒိမ်းမှုဖြင့် ထောင်ဒဏ် ၁၃ နှစ်၊ဒဏ်ငွေယွမ် သန်း ၆၀၀ (ဒေါ်လာ ၈၃ သန်း ) ချမှတ်ခံရသော နာမည်ကြီး ပေါ့ပ်ကြယ်ပွင့် Exo အဖွဲ့မှ အဆိုတော် Kris Wu ၏ ပေကျင်းမြို့မှ စံအိမ်...
နေမာဦးဆောင်သော ဘရာဇီးအသင်း ကာတာတွင် နေထိုင်လျက်ရှိသည့်ဟိုတယ်နှင့် လေ့ကျင့်ရေးကွင်း
နေမာဦးဆောင်သော ဘရာဇီးအသင်း ကာတာတွင် နေထိုင်လျက်ရှိသည့်ဟိုတယ်နှင့် လေ့ကျင့်ရေးကွင်း
ကိုရီးယားယဉ်ကျေးမှုအငွေ့အသက်များနှင့် ရှေးဆန်လှပတဲ့ Jeonju Hanok ရွာလေး....
ကိုရီးယားယဉ်ကျေးမှုအငွေ့အသက်များနှင့် ရှေးဆန်လှပတဲ့ Jeonju Hanok ရွာလေး....

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလိုင်ဂျီး ဂျစ်ပစီ၊ ဇာဂိုရာမြို့နှင့် ဒေါ်လာ ၁၁၃၀၀ (သို့မဟုတ်) ဘူလ်ဂေးရီးယားမှ ငွေများများပေးနိုင်လျှင် သတို့သမီးဝယ်နိုင
ကလိုင်ဂျီး ဂျစ်ပစီ၊ ဇာဂိုရာမြို့နှင့် ဒေါ်လာ ၁၁၃၀၀ (သို့မဟုတ်) ဘူလ်ဂေးရီးယားမှ ငွေများများပေးနိုင်လျှင် သတို့သမီးဝယ်နိုင
TikTok ၏ CEO က စင်္ကာပူတွင် ဒေါ်လာ ၈၆ သန်းတန် စံအိမ်တစ်လုံး ဝယ်ယူ
TikTok ၏ CEO က စင်္ကာပူတွင် ဒေါ်လာ ၈၆ သန်းတန် စံအိမ်တစ်လုံး ဝယ်ယူ
Grab ၏ CEO အန်သိုနီတန် စင်္ကာပူတွင် ဒေါ်လာ သန်း ၄၀ တန် စံအိမ်ဝယ်ယူ.....
Grab ၏ CEO အန်သိုနီတန် စင်္ကာပူတွင် ဒေါ်လာ သန်း ၄၀ တန် စံအိမ်ဝယ်ယူ.....
အင်္ဂလန်လက်ရွေးစင်ဘောလုံးသမားများ၏ ချစ်သူ၊ ဇနီးများ ကာတာကမ္ဘာ့ဖလားတွင် တည်းခိုလျက်ရှိသည့် တိုက်တန်းနစ်သင်္ဘောထက် ၄ ဆကြီး
အင်္ဂလန်လက်ရွေးစင်ဘောလုံးသမားများ၏ ချစ်သူ၊ ဇနီးများ ကာတာကမ္ဘာ့ဖလားတွင် တည်းခိုလျက်ရှိသည့် တိုက်တန်းနစ်သင်္ဘောထက် ၄ ဆကြီး
မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ကို ကန့်ကွက်သူရှိလာရင် ဘယ်လိုလုပ်ရမလဲ .......
မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ကို ကန့်ကွက်သူရှိလာရင် ဘယ်လိုလုပ်ရမလဲ .......
သမီး၏ မင်္ဂလာဆောင်အတွက်သုံးရန် ရည်ရွယ်ထားသောငွေဖြင့် ဆင်းရဲသားများအတွက် အိမ်အလုံး ၉၀ ဆောက်လုပ်လှူဒါန်းခဲ့သည့် အိန္ဒိယကုန
သမီး၏ မင်္ဂလာဆောင်အတွက်သုံးရန် ရည်ရွယ်ထားသောငွေဖြင့် ဆင်းရဲသားများအတွက် အိမ်အလုံး ၉၀ ဆောက်လုပ်လှူဒါန်းခဲ့သည့် အိန္ဒိယကုန
Ghost ရုပ်ရှင်ကားဖြင့်ကမ္ဘာကျော်သူ ပက်ထရစ်ဆွေဇီ၏ မွေးမြူရေးခြံကြီး ပရိသတ်များ တောင်းပန်သည့်ကြားမှ ဇနီးဖြစ်သူက ရောင်းချခဲ
Ghost ရုပ်ရှင်ကားဖြင့်ကမ္ဘာကျော်သူ ပက်ထရစ်ဆွေဇီ၏ မွေးမြူရေးခြံကြီး ပရိသတ်များ တောင်းပန်သည့်ကြားမှ ဇနီးဖြစ်သူက ရောင်းချခဲ
ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲရန် နံပါတ် ၁ နေရာမှ ရေပန်းစားနေသော မက်ဆီ၏ အာဂျင်တီးနားအသင်း တည်းခို နေထိုင်သည့် ကာတာတက္ကသိုလ်အဆော
ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲရန် နံပါတ် ၁ နေရာမှ ရေပန်းစားနေသော မက်ဆီ၏ အာဂျင်တီးနားအသင်း တည်းခို နေထိုင်သည့် ကာတာတက္ကသိုလ်အဆော
နာမည်ကြီး ထိုင်းမင်းသား Win Metawin ၏ စံအိမ်
နာမည်ကြီး ထိုင်းမင်းသား Win Metawin ၏ စံအိမ်
အင်္ဂလန်က ပေါင် ၄၀၀,၀၀၀ တန် စံအိမ်ကြီးကို ၃ ပေါင် (မြန်မာငွေ ၇၁၀၀ ကျပ်) မျှဖြင့် ပိုင်ဆိုင်နိုင်မည့် အခွင့်အရေး
အင်္ဂလန်က ပေါင် ၄၀၀,၀၀၀ တန် စံအိမ်ကြီးကို ၃ ပေါင် (မြန်မာငွေ ၇၁၀၀ ကျပ်) မျှဖြင့် ပိုင်ဆိုင်နိုင်မည့် အခွင့်အရေး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

billionaire
taunggyi-gardencity

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store