ပြင်သစ်တွင် တစ်ရွာလုံးကို ပေါင် ၂၂၀၀၀(ကျပ် ၄၉၅ သိန်း)ဖြင့်ဝယ်လိုက်သော လိင်တူချစ်သူစုံတွဲ

ပြင်သစ်တွင် တစ်ရွာလုံးကို ပေါင် ၂၂၀၀၀(ကျပ် ၄၉၅ သိန်း)ဖြင့်ဝယ်လိုက်သော လိင်တူချစ်သူစုံတွဲ - Property News in Myanmar from iMyanmarHouse.com
29 Jul 2022 1:21 pm တွင် တင်ခဲ့သည်
1458 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

သာမန်နေအိမ်တစ်လုံးပင်လျှင် ပေါင် သန်းချီပေါက်ဈေးဖြစ်နေကာ အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ခေါင်ခိုက်လာသော ဗြိတိန်နိုင်ငံတွင် လိင်တူချစ်သူ စုံတွဲသည် နေအိမ်ဝယ်ရန် မတတ်နိုင်သောကြောင့် ပြင်သစ်နိုင်ငံတွင် ကျေးရွာတစ်ခုလုံးကို ဝယ်ယူခဲ့ရာ ပေါင် ၂၂၀၀၀ (မြန်မာကျပ်ငွေအားဖြင့် ၄၉၅ သိန်း) မျှသာ ပေးရသည်။

ပေါလ်မက်ပလေနှင့် ယစ်ဝါ့ဒ်အမည်ရှိ စုံတွဲသည် နှစ်ဦးလုံးမှာ အသက် ၄၈ နှစ်အရွယ်ဖြစ်ပြီး မူလက အင်္ဂလန်နိုင်ငံ၊ ကန့်ခရိုင်၊ Tunbridge Wells တွင် ရွေ့လျားအိမ်တစ်လုံး၌ နေထိုင်ခဲ့ကြသည်။

ယခုအခါ ပြင်သစ်နိုင်ငံ၊ နော်မန်ဒီကမ်းခြေရှိ La Busliere အမည်ရှိ ကျေးရွာကို ဝယ်ယူလိုက်ခြင်း ဖြစ်သည်။

နော်မန်ဒီကမ်းခြေသည် ဒုတိယကမ္ဘာစစ်ကြီးအတွင်း ကမ္ဘာကျော် D-Day တိုက်ပွဲကြီး ဆင်နွှဲခဲ့ရာနေရာအဖြစ် ကမ္ဘာကျော်သည့်နေရာ ဖြစ်သည်။

(အင်္ဂလန်တွင် ရွေ့လျားအိမ်၌ နေထိုင်ခဲ့ပြီး ယခုအခါ နော်မန်ဒီရှိ La Busliere ရွာကို ဝယ်လိုက်သော ပေါလ်မက်ပလေတို့ စုံတွဲ)

(ပေါလ်မက်ပလေတို့ စုံတွဲတွင် ၂ ဦးလုံးမှာ မြေယာအလှပြုပြင်သည့် ပန်းဥယျာဉ်လုပ်ငန်း လုပ်ကိုင်သူများဖြစ်ပြီး ဝယ်ယူလိုက်သော ကျေးရွာလေးကို အပန်းဖြေစခန်းနေရာအဖြစ် ပြောင်းလဲသွားမည်ဟု ဆိုသည်)

မက်ပလေတို့ ဝယ်ယူလိုက်သော ကျေးရွာတွင် အိမ် ၆ လုံး၊ စပါးကျီ ၂ ခု၊ ၂ ထပ် အလုပ်ရုံ၊ ယာတောအိမ်နှင့် မြင်းခြံ၊ ကျောက်ရေတွင်း၊ ပန်းသီးကြိတ်စက်နှင့် ပေါင်မုန့်ဖိုကြီးတစ်ခုတို့ ပါဝင်သည်။

နိုင်ငံအတွင်း အိမ်ခြံမြေပိုင်ဆိုင်နိုင်မှု အလားအလာကို တွက်ချက်သုံးသပ်ပြီးနောက်ပိုင်း ယခုခြေလှမ်းကို စတင်လိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

နှစ်ဦးလုံးမှာ မြေယာအလှပြုပြင်သည့် ဥယျာဉ်သမားများဖြစ်ပြီး ဝယ်ယူလိုက်သော ကျေးရွာကို အားလပ်ရက် အပန်းဖြေနိုင်မည့် အပန်းဖြေစခန်းတစ်ခုအဖြစ် ပြောင်းလဲသွားရန် စီစဉ်ထားသည်ဟု ဆိုသည်။

မိမိတို့အတိုင်း လုပ်ဆောင်ရန် ရည်ရွယ်ချက်ရှိသူများကိုလည်း “လုပ်သာလုပ်ပါ” ဟု အကြံပေးလိုကြောင်း ၎င်းတို့က ပြောသည်။

“၂၀၂၁ မတိုင်ခင်ကတောင် ကျွန်တော်တို့ ဒေသမှာဆိုရင် အိမ်ကျဉ်းကျဉ်းလေးကို ပေါင် ၃၀၀၀၀၀ လောက် ဈေးပေါက်နေတော့ ကျွန်တော်တို့အနေနဲ့ ဘယ်တော့မှ ဝယ်နိုင်မှာ မဟုတ်ပါဘူး” ဟု ယစ်က ဆိုသည်။

“ကျွန်တော်တို့ သူငယ်ချင်းပိုင်တဲ့ ရွေ့လျား caravan တစ်ခုကို ငှားရမ်းပြီးပဲ နေထိုင်ခဲ့ရတယ်”

“ဒါပေမယ့် သူတို့က အဲဒီရွေ့လျားအိမ်ကို ရောင်းဖို့ စီစဉ်လာတာကြောင့် ကျွန်တော်တို့ နေရေးအတွက် စိတ်ပူခဲ့ရတယ်။ အဲဒီအချိန်မှာပဲ သူငယ်ချင်းတစ်ယောက်ဆီကနေ Le Busliere ရွာလေးအကြောင်း ကြားလိုက်ရတော့ အရမ်းစိတ်လှုပ်ရှားသွားခဲ့တယ်။ ဒါ..ငါတို့အတွက်ပဲလို့ ဆုံးဖြတ်လိုက်တယ်”

“ကျွန်တော်တို့ အမြဲတမ်းပဲ စိတ်ဖိစီးနေခဲ့ကြရတယ်။ ကျွန်တော်တို့မှာက ငွေနည်းနည်းပဲရှိတယ်။ အမြဲအိမ်ငှား နေခဲ့ရတာ။ အဲဒါကြောင့် ဒီနေရာလေးကို ရလိုက်တာ အရမ်းဝမ်းသာမိပါတယ်”ဟု မက်ပလေက ပြောသည်။

“စရောက်လာခါစကတော့ ကျူးကျော်တွေလိုဖြစ်နေတယ်။ အခုတော့ အတော်လေးအဆင်ပြေသွားပါပြီ။ အနားက အိမ်နီးချင်း ရွာတွေနဲ့လည်း ဆက်ဆံရေးကောင်းပါတယ်” “ကျွန်တော်တို့ ရောက်လာတော့ သူတို့ တီးတိုးသဖန်းပိုး လုပ်ကြတယ်။ ကျွန်တော်တို့က gay တွေဖြစ်နေလိို့ ပြောကြတာတော့ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ရွာမှာလည်း gay တွေ ရှိပါတယ်”

(မက်ပလေတို့၏ အိမ်ခြံမြေအသစ်တွင် အိမ် ၆ လုံး၊ စပါးကျီ ၂ ခု၊ ၂ ထပ်အလုပ်ရုံ၊ ယာတောအိမ်နှင့် မြင်းခြံ၊ ကျောက်ရေတွင်း၊ ပန်းသီးကြိတ်စက်နှင့် ပေါင်မုန့်ဖိုကြီးတစ်ခုတို့ ပါဝင်သည်။)

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Couple who struggled to get on UK property ladder buy French VILLAGE for £22,000 (thesun)

[Zawgyi]

ျပင္သစ္တြင္ တစ္ရြာလံုးကို ေပါင္ ၂၂၀၀၀(က်ပ္ ၄၉၅ သိန္း)ျဖင့္ဝယ္လိုက္ေသာ လိင္တူခ်စ္သူစံုတြဲ

သာမန္ေနအိမ္တစ္လံုးပင္လွ်င္ ေပါင္ သန္းခ်ီေပါက္ေစ်းျဖစ္ေနကာ အိမ္ျခံေျမေစ်းႏႈန္းမ်ား ေၾကာက္မက္ဖြယ္ ေခါင္ခိုက္လာေသာ ျဗိတိန္ႏိုင္ငံတြင္ လိင္တူခ်စ္သူ စံုတြဲသည္ ေနအိမ္ဝယ္ရန္ မတတ္ႏိုင္ေသာေၾကာင့္ ျပင္သစ္ႏိုင္ငံတြင္ ေက်းရြာတစ္ခုလံုးကို ဝယ္ယူခဲ့ရာ ေပါင္ ၂၂၀၀၀ (ျမန္မာက်ပ္ေငြအားျဖင့္ ၄၉၅ သိန္း) မွ်သာ ေပးရသည္။

ေပါလ္မက္ပေလႏွင့္ ယစ္ဝါ့ဒ္အမည္ရွိ စံုတြဲသည္ ႏွစ္ဦးလံုးမွာ အသက္ ၄၈ ႏွစ္အရြယ္ျဖစ္ျပီး မူလက အဂၤလန္ႏိုင္ငံ၊ ကန္႔ခရိုင္၊ Tunbridge Wells တြင္ ေရြ႕လ်ားအိမ္တစ္လံုး၌ ေနထိုင္ခဲ့ၾကသည္။

ယခုအခါ ျပင္သစ္ႏိုင္ငံ၊ ေနာ္မန္ဒီကမ္းေျခရွိ La Busliere အမည္ရွိ ေက်းရြာကို ဝယ္ယူလိုက္ျခင္း ျဖစ္သည္။

ေနာ္မန္ဒီကမ္းေျခသည္ ဒုတိယကမၻာစစ္ၾကီးအတြင္း ကမၻာေက်ာ္ D-Day တိုက္ပြဲၾကီး ဆင္ႏႊဲခဲ့ရာေနရာအျဖစ္ ကမၻာေက်ာ္သည့္ေနရာ ျဖစ္သည္။

(အဂၤလန္တြင္ ေရြ႕လ်ားအိမ္၌ ေနထိုင္ခဲ့ျပီး ယခုအခါ ေနာ္မန္ဒီရွိ La Busliere ရြာကို ဝယ္လိုက္ေသာ ေပါလ္မက္ပေလတို႔ စံုတြဲ)

(ေပါလ္မက္ပေလတို႔ စံုတြဲတြင္ ၂ ဦးလံုးမွာ ေျမယာအလွျပဳျပင္သည့္ ပန္းဥယ်ာဥ္လုပ္ငန္း လုပ္ကိုင္သူမ်ားျဖစ္ျပီး ဝယ္ယူလိုက္ေသာ ေက်းရြာေလးကို အပန္းေျဖစခန္းေနရာအျဖစ္ ေျပာင္းလဲသြားမည္ဟု ဆိုသည္)

မက္ပေလတို႔ ဝယ္ယူလိုက္ေသာ ေက်းရြာတြင္ အိမ္ ၆ လံုး၊ စပါးက်ီ ၂ ခု၊ ၂ ထပ္ အလုပ္ရံု၊ ယာေတာအိမ္ႏွင့္ ျမင္းျခံ၊ ေက်ာက္ေရတြင္း၊ ပန္းသီးၾကိတ္စက္ႏွင့္ ေပါင္မုန္႔ဖိုၾကီးတစ္ခုတို႔ ပါဝင္သည္။

ႏိုင္ငံအတြင္း အိမ္ျခံေျမပိုင္ဆိုင္ႏိုင္မႈ အလားအလာကို တြက္ခ်က္သံုးသပ္ျပီးေနာက္ပိုင္း ယခုေျခလွမ္းကို စတင္လိုက္ျခင္းျဖစ္ေၾကာင္း ၎တို႔က ေျပာသည္။

ႏွစ္ဦးလံုးမွာ ေျမယာအလွျပဳျပင္သည့္ ဥယ်ာဥ္သမားမ်ားျဖစ္ျပီး ဝယ္ယူလိုက္ေသာ ေက်းရြာကို အားလပ္ရက္ အပန္းေျဖႏုိင္မည့္ အပန္းေျဖစခန္းတစ္ခုအျဖစ္ ေျပာင္းလဲသြားရန္ စီစဥ္ထားသည္ဟု ဆိုသည္။

မိမိတို႔အတိုင္း လုပ္ေဆာင္ရန္ ရည္ရြယ္ခ်က္ရွိသူမ်ားကိုလည္း “လုပ္သာလုပ္ပါ” ဟု အၾကံေပးလိုေၾကာင္း ၎တို႔က ေျပာသည္။

“၂၀၂၁ မတိုင္ခင္ကေတာင္ ကၽြန္ေတာ္တို႔ ေဒသမွာဆိုရင္ အိမ္က်ဥ္းက်ဥ္းေလးကို ေပါင္ ၃၀၀၀၀၀ ေလာက္ ေစ်းေပါက္ေနေတာ့ ကၽြန္ေတာ္တို႔အေနနဲ႔ ဘယ္ေတာ့မွ ဝယ္ႏိုင္မွာ မဟုတ္ပါဘူး” ဟု ယစ္က ဆိုသည္။

“ကၽြန္ေတာ္တို႔ သူငယ္ခ်င္းပိုင္တဲ့ ေရြ႕လ်ား caravan တစ္ခုကို ငွားရမ္းျပီးပဲ ေနထုိင္ခဲ့ရတယ္”

“ဒါေပမယ့္ သူတို႔က အဲဒီေရြ႕လ်ားအိမ္ကို ေရာင္းဖို႔ စီစဥ္လာတာေၾကာင့္ ကၽြန္ေတာ္တို႔ ေနေရးအတြက္ စိတ္ပူခဲ့ရတယ္။ အဲဒီအခ်ိန္မွာပဲ သူငယ္ခ်င္းတစ္ေယာက္ဆီကေန Le Busliere ရြာေလးအေၾကာင္း ၾကားလိုက္ရေတာ့ အရမ္းစိတ္လႈပ္ရွားသြားခဲ့တယ္။ ဒါ..ငါတို႔အတြက္ပဲလို႔ ဆံုးျဖတ္လိုက္တယ္”

“ကၽြန္ေတာ္တို႔ အျမဲတမ္းပဲ စိတ္ဖိစီးေနခဲ့ၾကရတယ္။ ကၽြန္ေတာ္တို႔မွာက ေငြနည္းနည္းပဲရွိတယ္။ အျမဲအိမ္ငွား ေနခဲ့ရတာ။ အဲဒါေၾကာင့္ ဒီေနရာေလးကို ရလိုက္တာ အရမ္းဝမ္းသာမိပါတယ္”ဟု မက္ပေလက ေျပာသည္။

“စေရာက္လာခါစကေတာ့ က်ဴးေက်ာ္ေတြလိုျဖစ္ေနတယ္။ အခုေတာ့ အေတာ္ေလးအဆင္ေျပသြားပါျပီ။ အနားက အိမ္နီးခ်င္း ရြာေတြနဲ႔လည္း ဆက္ဆံေရးေကာင္းပါတယ္” “ကၽြန္ေတာ္တို႔ ေရာက္လာေတာ့ သူတို႔ တီးတိုးသဖန္းပိုး လုပ္ၾကတယ္။ ကၽြန္ေတာ္တို႔က gay ေတြျဖစ္ေနလိုိ႔ ေျပာၾကတာေတာ့ မဟုတ္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ရြာမွာလည္း gay ေတြ ရွိပါတယ္”

(မက္ပေလတို႔၏ အိမ္ျခံေျမအသစ္တြင္ အိမ္ ၆ လံုး၊ စပါးက်ီ ၂ ခု၊ ၂ ထပ္အလုပ္ရံု၊ ယာေတာအိမ္ႏွင့္ ျမင္းျခံ၊ ေက်ာက္ေရတြင္း၊ ပန္းသီးၾကိတ္စက္ႏွင့္ ေပါင္မုန္႔ဖိုၾကီးတစ္ခုတို႔ ပါဝင္သည္။)

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Couple who struggled to get on UK property ladder buy French VILLAGE for £22,000 (thesun)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
ကျောက်ဖယားမြစ်ကမ်းမှ မျိုးစေ့ဆိုင်လေးနှင့် အခြားသော.. (သို့မဟုတ်) အာရှတိုက်၏ အချမ်းသာဆုံး မိသားစုကြီး (၅) စု
ကျောက်ဖယားမြစ်ကမ်းမှ မျိုးစေ့ဆိုင်လေးနှင့် အခြားသော.. (သို့မဟုတ်) အာရှတိုက်၏ အချမ်းသာဆုံး မိသားစုကြီး (၅) စု
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
အသင့်နေထိုင်နိုင်သော အိမ်ခြံမြေ များပိုမိုရောင်းအားကောင်းနေ
အသင့်နေထိုင်နိုင်သော အိမ်ခြံမြေ များပိုမိုရောင်းအားကောင်းနေ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
bkk-projects
taunggyi-garden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service