ဒလမြို့က ပါမစ်မြေ ထူးထူးခြားခြား တွေ့ရသလေ။

ဒလမြို့က ပါမစ်မြေ ထူးထူးခြားခြား တွေ့ရသလေ။ - Property Knowledge in Myanmar from iMyanmarHouse.com
21 Jul 2022 10:45 am တွင် တင်ခဲ့သည်
2079 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

ယနေ့ ညနေပိုင်းမှာ Online မှ မိတ်ဆွေတစ်ဦး အရေးတကြီး ဖုန်းဆက်လာပါတယ်။ အကြောင်းရင်းကတော့ “ ဒီနေ့ မနက်ပဲ ဒလမြို့ ကနောင်လမ်းမကြီးပေါ်မှာ မြေကွက်ရောင်းသူနဲ့ တိုက်တိုက်ဆိုင်ဆိုင်တွေ့လို့ ဈေးညှိပြီး ကြိုက်တာနဲ့ သိန်း (၁၀၀) )စရန်ငွေ ပေးလိုက်မိပါတယ်။ စရန်ငွေ သိန်းတစ်ရာပေးပြီး နောက်တစ်ပါတ်မှာ သိန်း တစ်ထောင်ကျော် ဒုတိယအရစ်စရန်ငွေပေးပါမယ်လို့ စာချုပ်ထဲမှာ ဝန်ခံကတိပြုခဲ့မိတယ်။

စရန်ငွေ သိန်းတစ်ရာပေးစဉ်ကလည်း ပွဲစားက ဝယ်လို့ရတယ်။ ဒီနေရာမျိုးက ရောင်းတဲ့သူနည်းတယ် အဆင်သင့်တုန်း စရန်ပေးထားလိုက်ပါဆိုတာနဲ့ ကျွန်တော်တို့လည်း ဝယ်ချင်ဇောနဲ့ ဝယ်လိုက်မိတယ်ဆရာ… ဒီကိစ္စကို ရန်ကုန်က အမ ဖြစ်သူ ကိုပြောပြတဲ့အခါ အမ ဖြစ်သူက စိတ်ပူသွားပြီး။။။။

“ ဟဲ့…ဟဲ့…. ဒီလို သိန်းသုံးထောင် နီးပါးတန်တဲ့ မြေကွက်ကြီးကို ဝယ်တာများ ရှေ့နေ မခေါ်ဘဲ စာချုပ်တာ အံ့ပါရဲ့ဟယ်….. ဒုတိယအရစ်စရန်ပေး စာချုပ်တဲ့အခါ ရှေ့နေခေါ်ပြီး စာချုပ်ရတယ် ။ “ အိမ်ခြံမြေစာချုပ်စာတမ်းရှေ့နေ" မောင်ကောင်းဖေ " ဆိုတဲ့ ဆရာနဲ့ ငါတို့ မြောက်ဒဂုံမှာ မြေနဲ့အိမ်ဝယ်ဘူးတယ်… “ အဲ့ဒီဆရာကိုခေါ်ပါ ဆိုတာနဲ့ ဆရာ့ဆီကို ဖုန်းဆက်ရတာပါ ဟု “ ခွန်သန်းထွန်း “ က ပြောရင်း မိတ်ဆက်ပါတယ်။

"မောင်ကောင်းဖေ" လည်း “ ခွန်သန်းထွန်း “ ပြောပြတာကို နားထောင်လိုက်ပြီးနောက် ဝယ်ယူမယ့်မြေအကြောင်းမေးရတော့တာပေါ့။ ဝယ်မယ့်မြေကတော့ ပါမစ်မြေ ပါ ။ ပါမစ်အမည်ပေါက်ကလည်း ဒလမြို့ခံတစ်ဦးရဲ့ အမည်ပေါက်ပါ။ အခုရတဲ့ မြေနေရာက တစ်ချိန်က စိုက်ပျိုးမြေတွေပါ။ ဒလမြို့သစ်ဖော်ထုတ်တဲ့အခါမှာ မြေရှင်တွေကို ပြန်လည် အကွက်ချထားပေးတဲ့ မြေကွက်တွေလို့ ဆိုပါတယ်။ အခု ဝယ်ယူမယ့်မြေကွက် အကျယ်ကတော့ (အလျား ပေ၅၀ x အနံ ပေ ၆၀) ရှိပါတယ်။ ဒလ ညောင်ကုန်းရပ်ကွက်ပါ။ VIP အကွက်တွေလို့ ပြောနိုင်ပါတယ်။ ကျန်မြို့သစ်ကွက်တွေမှာတော့ (၄၀’x၆၀’) များတယ်လို့ သိရပါတယ်… ဟု ရှင်းပြပါတယ်။

ဒီနောက်မှာတော့ “ ခွန်သန်းထွန်း “ တို့ ရောင်းသူထံကရရှိထားတဲ့ ပါမစ်လျှောက်စာတမ်းတွေကို Viber ကတဆင့် ပို့ခိုင်းလိုက်ပါတယ်။ ဓါတ်ပုံတွေရောက်လာတာနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့မြေစာရင်းမှာ ပါမစ်အမည်ပေါက် ပါ/ မပါ စစ်ဆေးကြည့်ရပါတယ်။ ကန့်ကွက်ချက်ရှိ/မရှိ၊ ဂရန်လျှောက်ထားသူ ရှိ/မရှိ နဲ့ အခြား မှတ်ချက်တစ်စုံတစ်ရာ ရှိ/မရှိ စစ်ဆေးကြည့်ပါတယ်။ အမည်ပေါက်မှန်ကန်ကြောင်းနဲ့ မှတ်ချက်တစ်စုံတစ်ရာ မရှ်ိ အရှုပ်အရှင်းကင်းကြောင်းသိရတာနဲ့ ဒုတိယ အရစ်စရန်ပေးကတိစာချုပ်ချုပ်ပေးဖို့ စာချုပ်ပြင်ဆင်ရပါတော့တယ်။

သတ်မှတ်တဲ့နေမှာတော့ ဒုတိယ အရစ်စရန်ပေးငွေ စာချုပ်ဖို့ ရန်ကုန် ပန်းဆိုးတန်းဆိပ်ကမ်းက သင်္ဘောဆိပ်ရောက်တာနဲ့ သုံးဘီးကားလေးစီးပြီး ဝယ်သူအိမ်မှာ ဆုံကြပါတယ်။ ဝယ်သူက (၂) ဦး စပ်ပြီးဝယ်တာဖြစ်လို့ (၂)ဘက် လူစုံတာနဲ့ ရောင်းသူ ခေတ္တ တည်းခိုရာ ကျန်စစ်သား ရပ်ကွက်သို့ သွားကြရပြန်ပါတယ်။

တကယ်တော့ ရောင်းသူကလည်း ဒလမြို့ခံမဟုတ်ပဲ ရန်ကုန်မြို့က လာတာဖြစ်လို့ အသိတစ်ဦးရဲ့ အိမ်မှာ ဆုံကြတာဖြစ်တယ်။" မောင်ကောင်းဖေ " တို့ရောက်တာနဲ့ ရောင်းသူကလည်း အဆင်သင့် ပါလာတဲ့ ပါမစ်မူရင်းနဲ့ဆက်စပ်စာချုပ်တွေကို ထုတ်ပြပါတယ်။ စစ်ကြည့်တဲ့အခါ ရန်ကုန်မြို့မြေစာရင်း မှာ ရှိတဲ့ ပါမစ်မူရင်းအမည်ပေါက် မှန်ကန်တာကိုတွေ့ရပါတယ်။

ပါမစ်တစ်စုံမှာ ပါရမယ့် စာရွက်စာတမ်းတွေဖြစ်တဲ့ မြေကွက်ရသူနဲ့ မိသားစုဓါတ်ပုံ ၊ မြေရာဇဝင်အကျဉ်းချုပ်/ အိမ်ရာဆောက်လုပ်ခွင့်/ မှီခိုသူစာရင်း (မူရင်း) များနဲ့ မြေကွက်ရသူရဲ့ မှတ်ပုံတင် မိတ္တူ ၊ အိမ်ထောင်စု လူဦးရေ စာရင်း မိတ္တူ အပြင် ငွေသွင်း ပြေစာ (မူရင်း) ပါ တွေ့ရပါတယ်။

ထူးခြားတာက ဓါတ်ပုံနဲ့ မူရင်းစာရွက် (၃)ရွက် စလုံးမှာ မြို့ရွာ နှင့်အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌါနက ဒုတိယညွှန်ကြားရေးမှူးရဲ့ လက်မှတ်နဲ့ စည်းတံဆိပ်တွေ ရိုက်နှိပ် ပေးထားတာကို တွေ့ရပါတယ်။ ပြီးတော့ ရွှေ့ပြောင်းမည့်သူများ၏ ရာဇဝင် အကျဉ်းချုပ်စာရွက်၏နောက်ကျောတွင် မြို့နယ် မြေယာရုံးခွဲ မှာ မှတ်ပုံတင်စာရင်းသွင်းထားတဲ့ အထောက်အထားတွေ မတွေ့ရပါဘူး။ ဒါကတော့ ရန်ကုန်မြို့ မြို့သစ် (၄) မြို့နယ်နဲ့ ရွှေပြည်သာ လှိုင်သာယာတို့မှာ တွေ့ရလေ့ရှိတဲ့ ပုံစံတွေနဲ့မတူတဲ့ အချက်ပါပဲ။

ဒလမြို့ခံ ဝယ်ရောင်းလုပ်နေတဲ့ အကျိုးဆောင်ရဲ့ ပြောပြချက်အရ အိုးအိမ်ရုံးချုပ် ဒုတိယညွှန်ကြားရေးမှူး က မိသားစုဓါတ်ပုံနဲ့ ရာဇဝင် အကျဉ်းချုပ် ၊ အိမ်ရာဆောက်လုပ်ခွင့် ၊ မှီခိုသူ စာရင်း (မူရင်း) တွေမှာ တစ်ခါတည်း လက်မှတ်ရေးထိုးထုတ်ပေးတာဖြစ်လို့ မြို့နယ်မြေယာရုံးခွဲမှာ စာရင်းသွင်းစရာမလိုဘူးလို့ သိရပါတယ်။ ဒါကလည်း ဒလမြေဝယ်ယူရန် မှတ်သားထားရမယ့် အချက်တစ်ချက်ပါဘဲ။

ဒီလို ရှင်းရှင်းလင်းလင်းသိရပြီမို့ ဝယ်သူဘက်က ရောင်းဖို့ငွေ စုစုပေါင်းရဲ့ တစ်ဝက်ကျော် စရန်ပေးတာဖြစ်လို့ ရောင်းသူကလည်း ဓါတ်ပုံ(မူရင်း) နဲ့ ရွှေ့ပြောင်းမည့်သူများရဲ့ ရာဇဝင် အကျဉ်းချုပ် (မူရင်း) စာရွက်တို့ကို ပေးအပ်ပါတယ်။ ဝယ်သူတစ်ဝက်၊ ရောင်းသူတစ်ဝက် မူရင်းကိုင်ထားကြတဲ့ သဘောဖြစ်ပါတယ်။ အဲဒီလို စရန်များများပေးရခြင်း သဘောကတော့ ဝယ်သူဘက်က သီတင်းကျွတ်ရင် ဈေးတက်မှာ စိုးရိမ်တာလည်း ပါတာပေါ့။ ရောင်းသူဘက်ကလည်း အခြားတစ်ဘက်မှာ သုံးစရာ ငွေကြေးလိုအပ်နေတဲ့အတွက် စရန်ငွေများများယူရခြင်းဖြစ်ပါတယ် လို့ ပြောပါတယ်။

နောက်ဆုံးတော့လည်း ရောင်းသူဝယ်သူ အတိုင်အဖောက်ညီသဘောတူညီချက်ယူကြပြီး ကျန်ငွေကို နောက်(၂)လ စောင့်ပေးဖို့ သဘောတူကြရင်း ဒုတိယစရန်ပေးစာချုပ်ကို ချုပ်ဆိုလိုက်ကြပါတယ်။ စာချုပ်ချုပ်ဆို၍ ငွေချေပြီးတာနဲ့ ရောင်းသူက မြေကွက်အကျယ် (၅၀’x ၆၀’) ရှိကြောင်း လိုက်ပြပါတယ်။

ဝယ်သူတွေစိတ်တိုင်းကျဖြစ်ပြီဆိုတော့မှ နှုတ်ဆက်ပြီး ရန်ုကုန်ကို ပြန်သွားကြပါတယ်။ ဝယ်သူတွေကတော့ ဒလမြို့နေသူတွေဖြစ်လို့" မောင်ကောင်းဖေ " တို့ ရန်ကုန်အပြန်ခရီးမှာ သုံးဘီးကားလေးပေါ်တင် ပေးလိုက်သည့်အတွက် ဒလ- ရန်ကုန် သင်္ဘောစီးပြီး အပန်းဖြေ လေညင်းခံရင်း ပြန်လာခဲ့ကြပါတော့တယ်။

ရောင်းပန်းသာလို့… ဝယ်ပန်းလှကြပါစေ ဒလမြေ

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

 

ဒလၿမိဳ႕က ပါမစ္ေျမ ထူးထူးျခားျခား ေတြ႕ရသေလ။

 

ယေန႔ ညေနပိုင္းမွာ Online မွ မိတ္ေဆြတစ္ဦး အေရးတႀကီး ဖုန္းဆက္လာပါတယ္။ အေၾကာင္းရင္းကေတာ့ “ ဒီေန႔ မနက္ပဲ ဒလၿမိဳ႕ ကေနာင္လမ္းမႀကီးေပၚမွာ ေျမကြက္ေရာင္းသူနဲ႔ တိုက္တိုက္ဆိုင္ဆိုင္ေတြ႕လို႔ ေဈးညႇိၿပီး ႀကိဳက္တာနဲ႔ သိန္း (၁၀၀) )စရန္ေငြ ေပးလိုက္မိပါတယ္။ စရန္ေငြ သိန္းတစ္ရာေပးၿပီး ေနာက္တစ္ပါတ္မွာ သိန္း တစ္ေထာင္ေက်ာ္ ဒုတိယအရစ္စရန္ေငြေပးပါမယ္လို႔ စာခ်ဳပ္ထဲမွာ ဝန္ခံကတိျပဳခဲ့မိတယ္။

စရန္ေငြ သိန္းတစ္ရာေပးစဥ္ကလည္း ပြဲစားက ဝယ္လို႔ရတယ္။ ဒီေနရာမ်ိဳးက ေရာင္းတဲ့သူနည္းတယ္ အဆင္သင့္တုန္း စရန္ေပးထားလိုက္ပါဆိုတာနဲ႕ ကၽြန္ေတာ္တို႔လည္း ဝယ္ခ်င္ေဇာနဲ႕ ဝယ္လိုက္မိတယ္ဆရာ… ဒီကိစၥကို ရန္ကုန္က အမ ျဖစ္သူ ကိုေျပာျပတဲ့အခါ အမ ျဖစ္သူက စိတ္ပူသြားၿပီး။။။။

“ ဟဲ့…ဟဲ့….ဟဲ့… ဒီလို သိန္းသံုးေထာင္ နီးပါးတန္တဲ့ ေျမကြက္ႀကီးကို ဝယ္တာမ်ား ေရွ႕ေနမေခၚဘဲ စာခ်ဳပ္တာ အံ့ပါရဲ႕ဟယ္….. ဒုတိယအရစ္စရန္ေပး စာခ်ဳပ္တဲ့အခါ ေရွ႕ေနေခၚၿပီး စာခ်ဳပ္ရတယ္ ။ “ အိမ္ျခံေျမစာခ်ဳပ္စာတမ္းေရွ႕ေန" ေမာင္ေကာင္းေဖ " ဆိုတဲ့ ဆရာနဲ႕ ငါတို႕ ေျမာက္ဒဂံုမွာ ေျမနဲ႕အိမ္ဝယ္ဘူးတယ္… “ အဲ့ဒီဆရာကိုေခၚပါ ဆိုတာနဲ႕ ဆရာ့ဆီကို ဖုန္းဆက္ရတာပါ ဟု “ ခြန္သန္းထြန္း “ က ေျပာရင္း မိတ္ဆက္ပါတယ္။

"ေမာင္ေကာင္းေဖ" လည္း “ ခြန္သန္းထြန္း “ ေျပာျပတာကို နားေထာင္လိုက္ၿပီးေနာက္ ဝယ္ယူမယ့္ေျမအေၾကာင္းေမးရေတာ့တာေပါ့။ ဝယ္မယ့္ေျမကေတာ့ ပါမစ္ေျမ ပါ ။ ပါမစ္အမည္ေပါက္ကလည္း ဒလၿမိဳ႕ခံတစ္ဦးရဲ႕ အမည္ေပါက္ပါ။ အခုရတဲ့ ေျမေနရာက တစ္ခ်ိန္က စိုက္ပ်ိဳးေျမေတြပါ။ ဒလၿမိဳ႕သစ္ေဖာ္ထုတ္တဲ့အခါမွာ ေျမရွင္ေတြကို ျပန္လည္ အကြက္ခ်ထားေပးတဲ့ ေျမကြက္ေတြလို႕ ဆိုပါတယ္။ အခု ဝယ္ယူမယ့္ေျမကြက္ အက်ယ္ကေတာ့ (အလ်ား ေပ၅၀ x အနံ ေပ ၆၀) ရွိပါတယ္။ ဒလ ေညာင္ကုန္းရပ္ကြက္ပါ။ VIP အကြက္ေတြလို႕ ေျပာႏိုင္ပါတယ္။ က်န္ၿမိဳ႕သစ္ကြက္ေတြမွာေတာ့ (၄၀’x၆၀’) မ်ားတယ္လို႕ သိရပါတယ္… ဟု ရွင္းျပပါတယ္။

ဒီေနာက္မွာေတ့ာ “ ခြန္သန္းထြန္း “ တို႕ ေရာင္းသူထံကရရွိထားတဲ့ ပါမစ္ေလွ်ာက္စာတမ္းေတြကို Viber ကတဆင့္ ပို႔ခိုင္းလိုက္ပါတယ္။ ဓါတ္ပံုေတြေရာက္လာတာနဲ႕ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ ၿမိဳ႕ေျမစာရင္းမွာ ပါမစ္အမည္ေပါက္ ပါ/ မပါ စစ္ေဆးၾကည့္ရပါတယ္။ ကန္႕ကြက္ခ်က္ရွိ/မရွိ၊ ဂရန္ေလွ်ာက္ထားသူ ရွိ/မရွိ နဲ႕ အျခား မွတ္ခ်က္တစ္စံုတစ္ရာ ရွိ/မရွိ စစ္ေဆးၾကည့္ပါတယ္။ အမည္ေပါက္မွန္ကန္ေၾကာင္းနဲ႕ မွတ္ခ်က္တစ္စံုတစ္ရာ မရွိ္ အရႈပ္အရွင္းကင္းေၾကာင္းသိရတာနဲ႕ ဒုတိယ အရစ္စရန္ေပးကတိစာခ်ဳပ္ခ်ဳပ္ေပးဖို႔ စာခ်ဳပ္ျပင္ဆင္ရပါေတာ့တယ္။

သတ္မွတ္တဲ့ေနမွာေတာ့ ဒုတိယ အရစ္စရန္ေပးေငြ စာခ်ဳပ္ဖို႔ ရန္ကုန္ ပန္းဆိုးတန္းဆိပ္ကမ္းက သေဘၤာဆိပ္ေရာက္တာနဲ႕ သံုးဘီးကားေလးစီးၿပီး ဝယ္သူအိမ္မွာ ဆံုၾကပါတယ္။ ဝယ္သူက (၂) ဦး စပ္ၿပီးဝယ္တာျဖစ္လို႕ (၂)ဘက္ လူစံုတာနဲ႕ ေရာင္းသူ ေခတၱ တည္းခိုရာ က်န္စစ္သား ရပ္ကြက္သို႕ သြားၾကရျပန္ပါတယ္။

တကယ္ေတာ့ ေရာင္းသူကလည္း ဒလၿမိဳ႕ခံမဟုတ္ပဲ ရန္ကုန္ၿမိဳ႕က လာတာျဖစ္လို႕ အသိတစ္ဦးရဲ႕ အိမ္မွာ ဆံုၾကတာျဖစ္တယ္။" ေမာင္ေကာင္းေဖ " တို႕ေရာက္တာနဲ႕ ေရာင္းသူကလည္း အဆင္သင့္ ပါလာတဲ့ ပါမစ္မူရင္းနဲ႕ဆက္စပ္စာခ်ဳပ္ေတြကို ထုတ္ျပပါတယ္။ စစ္ၾကည့္တဲ့အခါ ရန္ကုန္ၿမိဳ႕ေျမစာရင္း မွာ ရွိတဲ့ ပါမစ္မူရင္းအမည္ေပါက္ မွန္ကန္တာကိုေတြ႕ရပါတယ္။

ပါမစ္တစ္စံုမွာ ပါရမယ့္ စာရြက္စာတမ္းေတြျဖစ္တဲ့ ေျမကြက္ရသူနဲ႕ မိသားစုဓါတ္ပံု ၊ ေျမရာဇဝင္အက်ဥ္းခ်ဳပ္/ အိမ္ရာေဆာက္လုပ္ခြင့္/ မွီခိုသူစာရင္း (မူရင္း) မ်ားနဲ႕ ေျမကြက္ရသူရဲ႕ မွတ္ပံုတင္ မိတၱဴ ၊ အိမ္ေထာင္စု လူဦးေရ စာရင္း မိတၱဴ အျပင္ ေငြသြင္း ေျပစာ (မူရင္း) ပါ ေတြ႕ရပါတယ္။

ထူးျခားတာက ဓါတ္ပံုနဲ႕ မူရင္းစာရြက္ (၃)ရြက္ စလံုးမွာ ၿမိဳ႕ရြာ ႏွင့္အိုးအိမ္ဖြံ႕ၿဖိဳးေရး ဦးစီးဌါနက ဒုတိယၫႊန္ၾကားေရးမွဴးရဲ႕ လက္မွတ္နဲ႕ စည္းတံဆိပ္ေတြ ႐ိုက္ႏွိပ္ ေပးထားတာကို ေတြ႕ရပါတယ္။ ၿပီးေတာ့ ေရႊ႕ေျပာင္းမည့္သူမ်ား၏ ရာဇဝင္ အက်ဥ္းခ်ဳပ္စာရြက္၏ေနာက္ေက်ာတြင္ ၿမိဳ႕နယ္ ေျမယာ႐ုံးခြဲ မွာ မွတ္ပံုတင္စာရင္းသြင္းထားတဲ့ အေထာက္အထားေတြ မေတြ႕ရပါဘူး။ ဒါကေတာ့ ရန္ကုန္ၿမိဳ႕ ၿမိဳ႕သစ္ (၄) ၿမိဳ႕နယ္နဲ႕ ေရႊျပည္သာ လိႈင္သာယာတို႕မွာ ေတြ႕ရေလ့ရွိတဲ့ ပံုစံေတြနဲ႕မတူတဲ့ အခ်က္ပါပဲ။

ဒလၿမိဳ႕ခံ ဝယ္ေရာင္းလုပ္ေနတဲ့ အက်ိဳးေဆာင္ရဲ႕ ေျပာျပခ်က္အရ အိုးအိမ္႐ုံးခ်ဳပ္ ဒုတိယၫႊန္ၾကားေရးမွဴး က မိသားစုဓါတ္ပံုနဲ႕ ရာဇဝင္ အက်ဥ္းခ်ဳပ္ ၊ အိမ္ရာေဆာက္လုပ္ခြင့္ ၊ မွီခိုသူ စာရင္း (မူရင္း) ေတြမွာ တစ္ခါတည္း လက္မွတ္ေရးထိုးထုတ္ေပးတာျဖစ္လို႕ ၿမိဳ႕နယ္ေျမယာ႐ုံးခြဲမွာ စာရင္းသြင္းစရာမလိုဘူးလို႕ သိရပါတယ္။ ဒါကလည္း ဒလေျမဝယ္ယူရန္ မွတ္သားထားရမယ့္ အခ်က္တစ္ခ်က္ပါဘဲ။

ဒီလို ရွင္းရွင္းလင္းလင္းသိရၿပီမို႕ ဝယ္သူဘက္က ေရာင္းဖို႕ေငြ စုစုေပါင္းရဲ႕ တစ္ဝက္ေက်ာ္ စရန္ေပးတာျဖစ္လို႕ ေရာင္းသူကလည္း ဓါတ္ပံု(မူရင္း) နဲ႕ ေရႊ႕ေျပာင္းမည့္သူမ်ားရဲ႕ ရာဇဝင္ အက်ဥ္းခ်ဳပ္ (မူရင္း) စာရြက္တို႕ကို ေပးအပ္ပါတယ္။ ဝယ္သူတစ္ဝက္၊ ေရာင္းသူတစ္ဝက္ မူရင္းကိုင္ထားၾကတဲ့ သေဘာျဖစ္ပါတယ္။ အဲဒီလို စရန္မ်ားမ်ားေပးရျခင္း သေဘာကေတာ့ ဝယ္သူဘက္က သီတင္းကၽြတ္ရင္ ေဈးတက္မွာ စိုးရိမ္တာလည္း ပါတာေပါ့။ ေရာင္းသူဘက္ကလည္း အျခားတစ္ဘက္မွာ သံုးစရာ ေငြေၾကးလိုအပ္ေနတဲ့အတြက္ စရန္ေငြမ်ားမ်ားယူရျခင္းျဖစ္ပါတယ္ လို႕ ေျပာပါတယ္။

ေနာက္ဆံုးေတာ့လည္း ေရာင္းသူဝယ္သူ အတိုင္အေဖာက္ညီသေဘာတူညီခ်က္ယူၾကၿပီး က်န္ေငြကို ေနာက္(၂)လ ေစာင့္ေပးဖို႔ သေဘာတူၾကရင္း ဒုတိယစရန္ေပးစာခ်ဳပ္ကို ခ်ဳပ္ဆိုလိုက္ၾကပါတယ္။ စာခ်ဳပ္ခ်ဳပ္ဆို၍ ေငြေခ်ၿပီးတာနဲ႕ ေရာင္းသူက ေျမကြက္အက်ယ္ (၅၀’x ၆၀’) ရွိေၾကာင္း လိုက္ျပပါတယ္။

ဝယ္သူေတြစိတ္တိုင္းက်ျဖစ္ၿပီဆိုေတာ့မွ ႏႈတ္ဆက္ၿပီး ရႏ္ုကုန္ကို ျပန္သြားၾကပါတယ္။ ဝယ္သူေတြကေတာ့ ဒလၿမိဳ႕ေနသူေတြျဖစ္လို႕" ေမာင္ေကာင္းေဖ " တို႕ ရန္ကုန္အျပန္ခရီးမွာ သံုးဘီးကားေလးေပၚတင္ ေပးလိုက္သည့္အတြက္ ဒလ- ရန္ကုန္ သေဘၤာစီးၿပီး အပန္းေျဖ ေလညင္းခံရင္း ျပန္လာခဲ့ၾကပါေတာ့တယ္။

ေရာင္းပန္းသာလို႕… ဝယ္ပန္းလွၾကပါေစ ဒလေျမ

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
taunggyi-garden-city
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service