တိုက်ချင်းပစ်ဒုံးကျည်များသိုလှောင်ခဲ့သည့်မြေအောက်ခန်း ဒေါ်လာ ၅ သိန်းကျော်ဖြင့် ဝယ်ယူနေထိုင်နိုင်

တိုက်ချင်းပစ်ဒုံးကျည်များသိုလှောင်ခဲ့သည့်မြေအောက်ခန်း ဒေါ်လာ ၅ သိန်းကျော်ဖြင့် ဝယ်ယူနေထိုင်နိုင် - Property News in Myanmar from iMyanmarHouse.com
4 Jul 2022 11:04 am တွင် တင်ခဲ့သည်
1118 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်-ဆိုဗီယက် (ယခုရုရှား) စစ်အေးတိုက်ပွဲခေတ်အတွင်းက တည်ဆောက်ခဲ့ကာ တိုက်ချင်းပစ် ဒုံးကျည် (ICBMs) များထားရှိသည့် မြေအောက်ခန်းကြီး (bunker) တစ်ခု ကန်ဒေါ်လာ ၅၅၀၀၀၀ ဖြင့် အိမ်ခြံမြေဈေးကွက်သို့ အရောင်းဈေးကွက်ဝင်လာသည်။

ယခင်ကမူ အနုမြူစစ်ပွဲကြီးဖြစ်ပွားပါက အသုံးပြုရန် ရည်ရွယ်ချက်ဖြင့် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ဒုံးကျည်ထားသိုသည့် မြေအောက်စခန်းကို လူနေအိမ်နေရာအဖြစ် ပြောင်းလဲထားသည်။

တည်နေရာမှာ အမေရိကန်ပြည်ထောင်စု၊ အနောက်အလယ်ပိုင်း နီဘရာစကာပြည်နယ်၊ ယော့ခ်မြို့အနီးတွင် တည်ရှိသည်။

ယခုမြေအောက်လူနေစံအိမ်မှာ အနုမြူစစ်ပွဲဘေးမှ တိမ်းရှောင်နိုင်မည့်နေရာလည်းဖြစ်ပြီး ဈေးနှုန်းမှာလည်း ဆောက်လုပ်ပြီးစ ကာလများကတန်ကြေးနှင့် နှိုင်းယှဉ်လျှင် အနည်းငယ်မျှသာ ရှိသည့်ဈေးနှုန်း ဖြစ်သည်။

1200 Silo Lane ယော့ခ်မြို့တွင် တည်ရှိသော မြေအောက်အိမ်ကို BancWise အကျိုးဆောင်ကုမ္ပဏီမှ Mike နှင့် Polly တို့က ဈေးကွက်တင်ပေးထားခြင်းဖြစ်ပြီး ခေါ်ဈေးမှာ ကန်ဒေါ်လာ ၅၅၀၀၀၀ ဖြစ်သည်။

ခြံဝန်းအကျယ် ၆ ဧကကျော်ရှိသော မြေအောက် လူနေအိမ်ကို အင်စတာဂရမ်အကောင့်တစ်ခုဖြစ်သော Zillow Gone Wild မှ တင်ပေးထားပြီး လူနေရန် ကောင်းမွန်သည့်အပြင် မုန်တိုင်းအကာအကွယ်ကောင်းနေရာလည်း ဖြစ်ကြောင်း သုံးသပ်ထားသည်။

စစ်အေးတိုက်ပွဲခေတ်အစပိုင်း ၁၉၆၂ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး Atlas-F ဟုခေါ်ကြသော SM-65F Atlas ဒုံးပျံစခန်းဧရိယာအတွင်း တည်ရှိပြီး ထိုနေရာသည် တချိန်က အမေရိကန်ပြည်ထောင်စု၏ ပထမ မျိုးဆက် တိုက်ချင်းပစ်ဒုံးကျည်များ (ICBMs) ထားရှိခဲ့ရာ နေရာတစ်ခု ဖြစ်သည်။

( ၂ ထပ်ဆောက်လုပ်ထားခြင်းဖြစ်ပြီး မြေအောက်တွင် တည်ရှိသည်)

(မြေအောက်စခန်း အဝင်ဝ၏ ကောင်းကင်မြင်ကွင်း)

(မြေအောက်စခန်း ဖွဲ့စည်းပုံ)

(ဧည့်ခန်းနေရာမှာ ကြီးမားသောအခန်းကြီးတစ်ခုဖြစ်)

(လူနေ နေရာဘက်တွင် အပူပေးစနစ်နှင့် ရေပူတို့ ပါဝင်သည်)

(ယော့ခ်မြို့ အထွက်တွင် တည်ရှိ)

(ယခုမြေအောက်အိမ်ကို စိတ်ဝင်စားသူ များပြားကြောင်း ဈေးကွက်တင်အကျိုးဆောင်တို့က ပြောသည်)

လူနေထိုင်နိုင်သည့်အပိုင်းကို ၂ ထပ်ဆောက်လုပ်ထားပြီး စတုရန်းပေ ၁၂၅၆ ပေစီ အကျယ်အဝန်းရှိသည်။

အပေါ်ထပ်မှာ လူနေထိုင်ရန် အထူးသင့်တော်ပြီး လျှပ်စစ်မီး၊ ရေပူ၊ ရေအေးလိုင်းများ တပ်ဆင်ပေးထားသည်။

အိမ်သာ၊freezer၊ ရေခဲသေတ္တာ၊ မိုက္ကရိုဝေ့ဖ်၊ Oven ၊ မီးလင်းဖိုနှင့် ရေစိမ်ကန်တို့ ထည့်သွင်းပေးထားသည်။

မြေအောက်စခန်းအတွင်းရှိ ရေတွင်းများမှ တင်ထားသော ရေလှောင်ကန်များမှတဆင့် ရေကို ရရှိသည်။

အောက်ထပ်မှာ အပြီးသတ်ဆောက်လုပ်ရခြင်းမရှိသေး။ ထိုနေရာသည် မြေအောက်ဒုံးကျည်ထားသိုခန်းသို့ အဝင်နေရာလည်း ဖြစ်သည်။

မြေအောက်စခန်းကြီး၏ အနက်မှာ ၁၇၄ ပေရှိပြီး အကျယ် ၅၂ ပေရှိကာ အောက်ခြေတွင် ၂ ပေခွဲထု RC ကွန်ကရစ်နံရံများဖြင့် ကာရံထားပြီး အပေါ်ပိုင်းတွင် နံရံထုမှာ ၉ ပေအထိ ရှိသည်။ ကြီးမားသည့် တံခါးကြီး ၂ ခု၏ အလေးချိန်မှာ တန် ၅၀ ကျော်ရှိသည်။

ယခုရောင်းချသည့်ဈေးနှုန်းမှာ ဆောက်လုပ်ခဲ့ရသည့် ကုန်ကျစရိတ်၏ အဖျားအနားမျှသာ ရှိသည်။

ပြောင်းလဲနေသည့် ကမ္ဘာ့ရေးရာများကြောင့် ယခုကဲ့သို့အိမ်ခြံမြေမျိုးကို စိတ်ဝင်စားမှုများ မြင့်တက်လာနေသည်။

ယခုကဲ့သို့ အိမ်ခြံမြေမျိုးကို မကြာခဏတွေ့ရနိုင်သည်မဟုတ်။ ယခုမြေအောက်စခန်းကို ဝယ်ယူပိုင်ဆိုင်မည့်သူမှာ အလွန်ကံကောင်းသူတစ်ဦး ဖြစ်လေသည်။

 

(စစ်အေးတိုက်ပွဲခေတ် အစပိုင်းတွင် ဆောက်လုပ်ခဲ့သည်)

(လူနေ ၂ ထပ်ဖြစ်ပြီး တစ်ထပ်စီ၏ အကျယ်အဝန်းမှာ ၁၂၅၆ စတုရန်းပေ ရှိသည်)

(မြေပေါ်မြင်ကွင်း)

(ခြံအကျယ် ၆ ဧက ရှိသည်)

(မြေအောက်ဒုံးကျည်စခန်းသို့ ဦးတည်သည့် ဥမင်များ)

(မြေအောက်စခန်းတွင်းမှ လှေကားများ)

(မြေအောက်စခန်းကြီး၏ အနက်မှာ ၁၇၄ ပေရှိသည်)

(နံရံများကို RC ကွန်ကရစ်လောင်းထားသည်)

(မြေအောက်စခန်း၏ လူနေမဟုတ်သော နေရာ)

(အသေးစိတ်အချက်အလက်များ)

Zillow တွင်ဖော်ပြထားသော အသေးစိတ်အချက်အလက်များမှာ

ခေါ်ဈေး- ကန်ဒေါ်လာ ၅၅၀၀၀၀

အိပ်ခန်း-၁ ခန်း

ရေချိုးခန်း ၁ ခန်း

အကျယ်အဝန်း- ၁၂၅၆ စတုရန်းပေ

ဆောက်လုပ်ခဲ့သည့်ခုနှစ်- ၁၉၆၂

ခြံဝန်းအကျယ်- ၆ ဒသမ ၁၉ ဧက

၁ စတုရန်းပေ ကျသင့်ငွေ- ၄၃၈ ဒေါ်လာ

(လက်ရှိ ကမ်းလှမ်းထားသူ ၁ ဦးရှိနေပြီဖြစ်သည်)

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: You can live in this former Cold War missile silo for $550K (nypost)

 

[Zawgyi]

 

တိုက္ခ်င္းပစ္ဒံုးက်ည္မ်ားသိုေလွာင္ခဲ့သည့္ေျမေအာက္ခန္း ေဒၚလာ ၅ သိန္းေက်ာ္ျဖင့္ ဝယ္ယူေနထိုင္ႏိုင္

အေမရိကန္-ဆိုဗီယက္ (ယခုရုရွား) စစ္ေအးတိုက္ပြဲေခတ္အတြင္းက တည္ေဆာက္ခဲ့ကာ တိုက္ခ်င္းပစ္ ဒံုးက်ည္ (ICBMs) မ်ားထားရွိသည့္ ေျမေအာက္ခန္းၾကီး (bunker) တစ္ခု ကန္ေဒၚလာ ၅၅၀၀၀၀ ျဖင့္ အိမ္ျခံေျမေစ်းကြက္သို႔ အေရာင္းေစ်းကြက္ဝင္လာသည္။

ယခင္ကမူ အႏုျမဴစစ္ပြဲၾကီးျဖစ္ပြားပါက အသံုးျပဳရန္ ရည္ရြယ္ခ်က္ျဖင့္ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

ဒံုးက်ည္ထားသိုသည့္ ေျမေအာက္စခန္းကို လူေနအိမ္ေနရာအျဖစ္ ေျပာင္းလဲထားသည္။

တည္ေနရာမွာ အေမရိကန္ျပည္ေထာင္စု၊ အေနာက္အလယ္ပိုင္း နီဘရာစကာျပည္နယ္၊ ေယာ့ခ္ျမိဳ႕အနီးတြင္ တည္ရွိသည္။

ယခုေျမေအာက္လူေနစံအိမ္မွာ အႏုျမဴစစ္ပြဲေဘးမွ တိမ္းေရွာင္ႏိုင္မည့္ေနရာလည္းျဖစ္ျပီး ေစ်းႏႈန္းမွာလည္း ေဆာက္လုပ္ျပီးစ ကာလမ်ားကတန္ေၾကးႏွင့္ ႏိႈင္းယွဥ္လွ်င္ အနည္းငယ္မွ်သာ ရွိသည့္ေစ်းႏႈန္း ျဖစ္သည္။

1200 Silo Lane ေယာ့ခ္ျမိဳ႕တြင္ တည္ရွိေသာ ေျမေအာက္အိမ္ကို BancWise အက်ဳိးေဆာင္ကုမၸဏီမွ Mike ႏွင့္ Polly တို႔က ေစ်းကြက္တင္ေပးထားျခင္းျဖစ္ျပီး ေခၚေစ်းမွာ ကန္ေဒၚလာ ၅၅၀၀၀၀ ျဖစ္သည္။

ျခံဝန္းအက်ယ္ ၆ ဧကေက်ာ္ရွိေသာ ေျမေအာက္ လူေနအိမ္ကို အင္စတာဂရမ္အေကာင့္တစ္ခုျဖစ္ေသာ Zillow Gone Wild မွ တင္ေပးထားျပီး လူေနရန္ ေကာင္းမြန္သည့္အျပင္ မုန္တိုင္းအကာအကြယ္ေကာင္းေနရာလည္း ျဖစ္ေၾကာင္း သံုးသပ္ထားသည္။

စစ္ေအးတိုက္ပြဲေခတ္အစပိုင္း ၁၉၆၂ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး Atlas-F ဟုေခၚၾကေသာ SM-65F Atlas ဒံုးပ်ံစခန္းဧရိယာအတြင္း တည္ရွိျပီး ထိုေနရာသည္ တခ်ိန္က အေမရိကန္ျပည္ေထာင္စု၏ ပထမ မ်ဳိးဆက္ တိုက္ခ်င္းပစ္ဒံုးက်ည္မ်ား (ICBMs) ထားရွိခဲ့ရာ ေနရာတစ္ခု ျဖစ္သည္။

( ၂ ထပ္ေဆာက္လုပ္ထားျခင္းျဖစ္ျပီး ေျမေအာက္တြင္ တည္ရွိသည္)

(ေျမေအာက္စခန္း အဝင္ဝ၏ ေကာင္းကင္ျမင္ကြင္း)

(ေျမေအာက္စခန္း ဖြဲ႔စည္းပံု)

(ဧည့္ခန္းေနရာမွာ ၾကီးမားေသာအခန္းၾကီးတစ္ခုျဖစ္)

(လူေန ေနရာဘက္တြင္ အပူေပးစနစ္ႏွင့္ ေရပူတို႔ ပါဝင္သည္)

(ေယာ့ခ္ျမိဳ႕ အထြက္တြင္ တည္ရွိ)

(ယခုေျမေအာက္အိမ္ကို စိတ္ဝင္စားသူ မ်ားျပားေၾကာင္း ေစ်းကြက္တင္အက်ဳိးေဆာင္တို႔က ေျပာသည္)

လူေနထိုင္ႏိုင္သည့္အပိုင္းကို ၂ ထပ္ေဆာက္လုပ္ထားျပီး စတုရန္းေပ ၁၂၅၆ ေပစီ အက်ယ္အဝန္းရွိသည္။

အေပၚထပ္မွာ လူေနထုိင္ရန္ အထူးသင့္ေတာ္ျပီး လွ်ပ္စစ္မီး၊ ေရပူ၊ ေရေအးလိုင္းမ်ား တပ္ဆင္ေပးထားသည္။

အိမ္သာ၊freezer၊ ေရခဲေသတၱာ၊ မိုကၠရိုေဝ့ဖ္၊ Oven ၊ မီးလင္းဖုိႏွင့္ ေရစိမ္ကန္တို႔ ထည့္သြင္းေပးထားသည္။

ေျမေအာက္စခန္းအတြင္းရွိ ေရတြင္းမ်ားမွ တင္ထားေသာ ေရေလွာင္ကန္မ်ားမွတဆင့္ ေရကို ရရွိသည္။

ေအာက္ထပ္မွာ အျပီးသတ္ေဆာက္လုပ္ရျခင္းမရွိေသး။ ထိုေနရာသည္ ေျမေအာက္ဒံုးက်ည္ထားသိုခန္းသို႔ အဝင္ေနရာလည္း ျဖစ္သည္။

ေျမေအာက္စခန္းၾကီး၏ အနက္မွာ ၁၇၄ ေပရွိျပီး အက်ယ္ ၅၂ ေပရွိကာ ေအာက္ေျခတြင္ ၂ ေပခြဲထု RC ကြန္ကရစ္နံရံမ်ားျဖင့္ ကာရံထားျပီး အေပၚပိုင္းတြင္ နံရံထုမွာ ၉ ေပအထိ ရွိသည္။ ၾကီးမားသည့္ တံခါးၾကီး ၂ ခု၏ အေလးခ်ိန္မွာ တန္ ၅၀ ေက်ာ္ရွိသည္။

ယခုေရာင္းခ်သည့္ေစ်းႏႈန္းမွာ ေဆာက္လုပ္ခဲ့ရသည့္ ကုန္က်စရိတ္၏ အဖ်ားအနားမွ်သာ ရွိသည္။

ေျပာင္းလဲေနသည့္ ကမၻာ့ေရးရာမ်ားေၾကာင့္ ယခုကဲ့သို႔အိမ္ျခံေျမမ်ဳိးကို စိတ္ဝင္စားမႈမ်ား ျမင့္တက္လာေနသည္။

ယခုကဲ့သို႔ အိမ္ျခံေျမမ်ဳိးကို မၾကာခဏေတြ႔ရႏိုင္သည္မဟုတ္။ ယခုေျမေအာက္စခန္းကို ဝယ္ယူပိုင္ဆိုင္မည့္သူမွာ အလြန္ကံေကာင္းသူတစ္ဦး ျဖစ္ေလသည္။

(စစ္ေအးတိုက္ပြဲေခတ္ အစပိုင္းတြင္ ေဆာက္လုပ္ခဲ့သည္)

(လူေန ၂ ထပ္ျဖစ္ျပီး တစ္ထပ္စီ၏ အက်ယ္အဝန္းမွာ ၁၂၅၆ စတုရန္းေပ ရွိသည္)

(ေျမေပၚျမင္ကြင္း)

(ျခံအက်ယ္ ၆ ဧက ရွိသည္)

(ေျမေအာက္ဒံုးက်ည္စခန္းသို႔ ဦးတည္သည့္ ဥမင္မ်ား)

(ေျမေအာက္စခန္းတြင္းမွ ေလွကားမ်ား)

(ေျမေအာက္စခန္းၾကီး၏ အနက္မွာ ၁၇၄ ေပရွိသည္)

(နံရံမ်ားကို RC ကြန္ကရစ္ေလာင္းထားသည္)

(ေျမေအာက္စခန္း၏ လူေနမဟုတ္ေသာ ေနရာ)

(အေသးစိတ္အခ်က္အလက္မ်ား)

Zillow တြင္ေဖာ္ျပထားေသာ အေသးစိတ္အခ်က္အလက္မ်ားမွာ ေခၚေစ်း- ကန္ေဒၚလာ ၅၅၀၀၀၀

အိပ္ခန္း-၁ ခန္း

ေရခ်ဳိးခန္း ၁ ခန္း

အက်ယ္အဝန္း- ၁၂၅၆ စတုရန္းေပ

ေဆာက္လုပ္ခဲ့သည့္ခုႏွစ္- ၁၉၆၂

ျခံဝန္းအက်ယ္- ၆ ဒသမ ၁၉ ဧက

၁ စတုရန္းေပ က်သင့္ေငြ- ၄၃၈ ေဒၚလာ

(လက္ရွိ ကမ္းလွမ္းထားသူ ၁ ဦးရွိေနျပီျဖစ္သည္)

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: You can live in this former Cold War missile silo for $550K (nypost)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service