သိထားသင့်တဲ့ တိရစ္ဆာန်နဲ့ အင်းဆက် ပိုးကောင်များကြောင့် ဓာတ်မတည့်ခြင်း အကြောင်း

သိထားသင့်တဲ့ တိရစ္ဆာန်နဲ့ အင်းဆက် ပိုးကောင်များကြောင့် ဓာတ်မတည့်ခြင်း အကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
17 May 2022 12:14 pm တွင် တင်ခဲ့သည်
618 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

ကြောင်တွေ၊ ခွေးတွေ၊ ငှက်တွေလိုမျိုး အိမ်မွေးတိရစ္ဆာန်လေးတွေကို မချစ်သူတွေက ခပ်ရှားရှားပါ။ သူတို့လေးတွေက တစ်နေ့တာရဲ့ ပင်ပန်းမှုတွေကို ပြေလျော့စေသလို ကျနေတဲ့ စိတ်ဓာတ်တွေကို ပြန်လည်း ဆွဲတင်ပေးတတ်ကြတယ်လေ။ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ။ သူတို့လေးတွေရဲ့ အပြေးလေး လာကြိုတာ၊ ဆော့ရအောင်ဆိုပြီး အတင်း လာခေါ်တာလေးတွေက စိတ်ညစ်နေတာတွေကို ပျောက်သွားစေတယ်လေ။

ဒါကြောင့်လည်း အိမ်မွေးတိရစ္ဆာန်လေးတွေကို ချစ်ကြတာပေါ့။ ဒီလို ချစ်တာ များပေမယ့် အင်းဆက်တွေကို ချစ်သူတွေကတော့ အတော်လေး ရှားပါတယ်။ ဒီတိရစ္ဆာန်လေးတွေက ချစ်ဖို့ ကောင်းသလို အချို့သူတွေမှာတော့ သူတို့ရဲ့ အမွေးလေးတွေကြောင့် ဓာတ်မတည့်တာမျိုးတွေ ခံစားရတာမျိုး ရှိပါတယ်။ အင်းဆက်ကြောင့် ဓာတ်မတည့်သူတွေကတော့ အိမ်မွေး တိရစ္ဆာန်လေးတွေကြောင့် ဓာတ်မတည့်သူတွေထက် ပိုများမယ် ထင်ပါတယ်။

ဘာတွေကများ တိရစ္ဆာန်နဲ့ အင်းဆက် ပိုးကောင်များကြောင့် ဓာတ်မတည့်ခြင်းကို ဖြစ်စေတာလဲ ……

တိရစ္ဆာန်နဲ့ အင်းဆက် ပိုးကောင်များကြောင့် ဓာတ်မတည့်ခြင်း ကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းကတော့ သူတို့လေးတွေရဲ့ ခန္ဓာကိုယ်ကနေ ထွက်လာတဲ့ ဆဲလ်သေတွေကြောင့်ပါ။

လူတွေရဲ့ ခန္ဓာကိုယ်မှာ ဆဲလ်သေတွေ ရှိသလို သူတို့လေးတွေရဲ့ ခန္ဓာကိုယ်မှာလည်း နေ့စဉ်နဲ့ အမျှ ဆဲလ်သေလေးတွေ ထွက်နေပါတယ်။ လူတွေက နေ့စဉ် ရေချိုး သန့်စင်မှုကို လုပ်ကြပေမယ့် တိလေးတွေကတော့ ပုံမှန် သန့်စင်ဖြစ်တာ ရှားပါတယ်။ ဒါကြောင့်လည်း ဆဲလ်သေလေးတွေ စုလာပြီး လူတွေမှာ ဓာတ်မတည့်မှု ခံစားရစေတာပါ။

တိရစ္ဆာန်နဲ့ ဓာတ်မတည့်ခြင်း

အရမ်းချစ်ရတဲ့ အိမ်က ပါပီလေး၊ မီးညှောင်လေးနဲ့ ကစားပြီးချိန်မှာ နှာခေါင်းတွေ ယားလာမယ်။ နှာချေမယ်။ နှာရည်တွေကျလာမယ်။ မျက်ရည်ကျလာမယ်။ အသက်ရှူရတာ ခက်ခဲလာမယ်ဆိုရင်တော့ တိရစ္ဆာန်နဲ့ ဓာတ်မတည့်ခြင်းကို ခံစားနေရတာပါ။

ဒီဓာတ်မတည့်မှုကို အလုပ်ခွင်၊ ကျောင်း၊ နေ့ကလေးထိန်းကျောင်း၊ အခန်းတွင်း တစ်နေရာရာမှာ ခွေးလေးတွေ၊ ကြောင်လေးတွေ မရှိရင်တောင် ခံစားရနိုင်ပါတယ်။ တစ်ယောက်ယောက်ရဲ့ အဝတ်အစား၊ အသုံးအဆောင်တွေမှာ ပါပီလေးနဲ့ မီးညှောင်လေးတွေကိုယ်က ဆဲလ်သေတွေ ပါလာရုံနဲ့ ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ်။

ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ …….

တိရစ္ဆာန်နဲ့ ဓာတ်မတည့်တဲ့အခါ အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

* နှာချေမယ်

* နှာရည်တွေကျမယ်

* နှာစေးမယ်

* နှာခေါင်း ပိတ်တာကြောင့် မျက်နှာတွေ နာလာမယ်

* ချောင်းဆိုးမယ်

* ရင်ဘတ်ထဲမှာ တင်းကျပ်ကျပ်ကြီး ခံစားရမယ်

* အသက်ရှူတာ ပြတ်တောင်း ပြတ်တောင်း ဖြစ်မယ်

* အသက်ရှူတဲ့အခါ တရွှီရွှီ မြည်မယ်

* မျက်လုံးတွေ နီရဲလာမယ်

* မျက်ရည် ကျမယ်

* မျက်လုံးတွေ ယားမယ်

* အရေပြားမှာ အဖုအပိမ့်တွေ ထွက်မယ်

* အင်ပျဉ်တွေ ဖြစ်မယ်။

တိရစ္ဆာန်နဲ့ ဓာတ်မတည့်ခြင်းကို အဓိက ဖြစ်စေသူလေးတွေကတော့ ပါပီလေးတွေနဲ့ မီးညှောင်လေးတွေပါ။ အကြောင်းကတော့ သူတို့လေးတွေက ဓာတ်မတည့်မှုကို ဖြစ်စေနိုင်တဲ့ ပရိုတင်း များစွာကို ထုတ်လွှတ်တာကြောင့်ပါ။ ဒီ ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့ အရာတွေကို သူတို့လေးတွေရဲ့ အမွေးတွေ၊ အရေပြား၊ တံထွေး၊ ဆီး စတာတွေမှာ တွေ့ရနိုင်ပါတယ်။

ဒီ အရာတွေထဲက တစ်ခုခုနဲ့ ထိတွေ့မိရုံနဲ့ တိရစ္ဆာန်နဲ့ ဓာတ်မတည့်ခြင်းကို ခံစားရနိုင်ပါတယ်။ သူတို့လေးတွေ ခန္ဓာကိုယ်ကနေ ထွက်လာတဲ့ ဆဲလ်သေတွေကတော့ တိရစ္ဆာန်နဲ့ ဓာတ်မတည့်ခြင်းကို ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းပါ။

ကိုယ်ခံအား စနစ်က ဒီဆဲလ်သေလေးတွေကို တိုက်ထုတ်ရမယ့် ခန္ဓာကိုယ်ထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အရာတွေလို့ ယူဆပြီး အလွန်အကျွံ တုံ့ပြန်တဲ့အခါ ပြင်းထန်တဲ့ ဓာတ်မတည့်မှု လက္ခဏာတွေကို ခံစားရတာပါ။

ဆဲလ်သေတွေအပြင် တိလေးတွေရဲ့ အမွေးမှာ ကပ်ပါလာတဲ့ ဖုန်မှုန့်တွေ၊ ဝတ်မှုန်တွေကလည်း ဓာတ်မတည့်မှုကို ဖြစ်စေနိုင်ပါတယ်။ ဒီလို အမွေးမှာ ကပ်ပါလာတဲ့ ဖုန်မှုန့်တွေ၊ ဝတ်မှုန်တွေကလည်း ဓာတ်မတည့်မှု ဖြစ်တာကိုတော့ တိလေးတွေကြောင့် ဖြစ်တဲ့ ဓာတ်မတည့်မှုလို့ သတ်မှတ်လို့ မရပါဘူး။

အင်းဆက် ပိုးကောင်များကြောင့် ဓာတ်မတည့်ခြင်း

အင်းဆက်တွေမှာ အိမ်မွေးတိလေးတွေနဲ့ မတူတဲ့ ဖွဲ့စည်းပုံ ရှိတာကြောင့် ဓာတ်မတည့်မှု ဖြစ်စေတဲ့ လက္ခဏာတွေ၊ ဖြစ်စေတဲ့ အကြောင်းရင်းခံတွေလည်း ကွာခြားနိုင်ပါတယ်။

အင်းဆက်ကြောင့် ဖြစ်တဲ့ ဓာတ်မတည့်မှုဆိုတဲ့နေရာမှာ ပျားဆူးကြောင့် ဖြစ်တဲ့ ဓာတ်မတည့်မှု အပါအဝင် အင်းဆက်ကိုက်တာကြောင့် ဖြစ်တဲ့ ဓာတ်မတည့်မှုတွေလည်း ရှိနိုင်ပါတယ်။ အချို့သော အင်းဆက်ကြောင့် ဖြစ်တဲ့ ဓာတ်မတည့်မှုက ယာယီပဲ နာကျင်တာမျိုးရှိသလို အရမ်းပြင်းထန်တဲ့ အခြေအနေမျိုးအထိလည်း ရှိနိုင်ပါတယ်။

အင်းဆက်တွေမှာရှိတဲ့ အဆိပ်တွေ၊ ဆူးတွေမှာပါတဲ့ ပရိုတင်းတွေက အရေပြားဆဲလ်တွေ နဲ့ ကိုယ်ခံအားစနစ်ကို ထိခိုက်စေတာကြောင့် နာကျင်တာ၊ ရောင်ရမ်းတာတွေကို ခံစားရတာပါ။

ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ …….

အင်းဆက်ကြောင့် ဖြစ်တဲ့ ဓာတ်မတည့်မှုကို ခံစားရတဲ့ အခါ အခုလို လက္ခဏာလေးတွေ ခံစားရနိုင်ပါတယ်။

* အတုပ်ခံရတဲ့ နေရာက နာကျင်မယ်

* နီမြန်းမယ်

* ရောင်ရမ်းမယ်

* အသက်ရှူရခက်မယ်

* မူးဝေမယ်

* အော့အန်မယ်

* အရေပြား ယားယံမယ်

* အင်ပျဉ်လို ဖြစ်မယ်

* သတိလစ်မယ်။

ဓာတ်မတည့်မှုတွေက သိပ်မပြင်းထန်တဲ့ အခြေအနေကနေ အရမ်း ပြင်းထန်တဲ့ အခြေအနေအထိ ရှိနိုင်တာကြောင့် ပြင်းထန်မယ်ဆိုရင် အသက်အန္တရာယ် ထိခိုက်သည်အထိ ဖြစ်စေနိုင်တာကြောင့် လိုအပ်မယ်ဆိုရင် ကုသမှု ခံယူဖို့ အကြံပြုပါရစေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

 

[Zawgyi]

သိထားသင့္တဲ့ တိရစၧာန္နဲ႔ အင္းဆက္ ပိုးေကာင္မ်ားေၾကာင့္ ဓာတ္မတည့္ျခင္း အေၾကာင္း

ေၾကာင္ေတြ၊ ေခြးေတြ၊ ငွက္ေတြလိုမ်ိဳး အိမ္ေမြးတိရစၧာန္ေလးေတြကို မခ်စ္သူေတြက ခပ္႐ွား႐ွားပါ။ သူတို႔ေလးေတြက တစ္ေန႔တာရဲ႕ ပင္ပန္းမႈေတြကို ေျပေလ်ာ့ေစသလို က်ေနတဲ့ စိတ္ဓာတ္ေတြကို ျပန္လည္း ဆြဲတင္ေပးတတ္ၾကတယ္ေလ။ ဘယ္ေလာက္ပဲ ပင္ပန္းေနပါေစ။ သူတို႔ေလးေတြရဲ႕ အေျပးေလး လာႀကိဳတာ၊ ေဆာ့ရေအာင္ဆိုၿပီး အတင္း လာေခၚတာေလးေတြက စိတ္ညစ္ေနတာေတြကို ေပ်ာက္သြားေစတယ္ေလ။

ဒါေၾကာင့္လည္း အိမ္ေမြးတိရစၧာန္ေလးေတြကို ခ်စ္ၾကတာေပါ့။ ဒီလို ခ်စ္တာ မ်ားေပမယ့္ အင္းဆက္ေတြကို ခ်စ္သူေတြကေတာ့ အေတာ္ေလး ႐ွားပါတယ္။ ဒီတိရစၧာန္ေလးေတြက ခ်စ္ဖို႔ ေကာင္းသလို အခ်ိဳ႕သူေတြမွာေတာ့ သူတို႔ရဲ႕ အေမြးေလးေတြေၾကာင့္ ဓာတ္မတည့္တာမ်ိဳးေတြ ခံစားရတာမ်ိဳး ႐ွိပါတယ္။ အင္းဆက္ေၾကာင့္ ဓာတ္မတည့္သူေတြကေတာ့ အိမ္ေမြး တိရစၧာန္ေလးေတြေၾကာင့္ ဓာတ္မတည့္သူေတြထက္ ပိုမ်ားမယ္ ထင္ပါတယ္။

ဘာေတြကမ်ား တိရစၧာန္နဲ႔ အင္းဆက္ ပိုးေကာင္မ်ားေၾကာင့္ ဓာတ္မတည့္ျခင္း ကို ျဖစ္ေစတာလဲ ……

တိရစၧာန္နဲ႔ အင္းဆက္ ပိုးေကာင္မ်ားေၾကာင့္ ဓာတ္မတည့္ျခင္း ကို ျဖစ္ေစတဲ့ အဓိက အေၾကာင္းအရင္းကေတာ့ သူတို႔ေလးေတြရဲ႕ ခႏၶာကိုယ္ကေန ထြက္လာတဲ့ ဆဲလ္ေသေတြေၾကာင့္ပါ။

လူေတြရဲ႕ ခႏၶာကိုယ္မွာ ဆဲလ္ေသေတြ ႐ွိသလို သူတို႔ေလးေတြရဲ႕ ခႏၶာကိုယ္မွာလည္း ေန႔စဥ္နဲ႔ အမွ် ဆဲလ္ေသေလးေတြ ထြက္ေနပါတယ္။ လူေတြက ေန႔စဥ္ ေရခ်ိဳး သန္႔စင္မႈကို လုပ္ၾကေပမယ့္ တိေလးေတြကေတာ့ ပုံမွန္ သန္႔စင္ျဖစ္တာ ႐ွားပါတယ္။ ဒါေၾကာင့္လည္း ဆဲလ္ေသေလးေတြ စုလာၿပီး လူေတြမွာ ဓာတ္မတည့္မႈ ခံစားရေစတာပါ။

တိရစၧာန္နဲ႔ ဓာတ္မတည့္ျခင္း

အရမ္းခ်စ္ရတဲ့ အိမ္က ပါပီေလး၊ မီးေညႇာင္ေလးနဲ႔ ကစားၿပီးခ်ိန္မွာ ႏွာေခါင္းေတြ ယားလာမယ္။ ႏွာေခ်မယ္။ ႏွာရည္ေတြက်လာမယ္။ မ်က္ရည္က်လာမယ္။ အသက္႐ွဴရတာ ခက္ခဲလာမယ္ဆိုရင္ေတာ့ တိရစၧာန္နဲ႔ ဓာတ္မတည့္ျခင္းကို ခံစားေနရတာပါ။

ဒီဓာတ္မတည့္မႈကို အလုပ္ခြင္၊ ေက်ာင္း၊ ေန႔ကေလးထိန္းေက်ာင္း၊ အခန္းတြင္း တစ္ေနရာရာမွာ ေခြးေလးေတြ၊ ေၾကာင္ေလးေတြ မ႐ွိရင္ေတာင္ ခံစားရႏိုင္ပါတယ္။ တစ္ေယာက္ေယာက္ရဲ႕ အဝတ္အစား၊ အသုံးအေဆာင္ေတြမွာ ပါပီေလးနဲ႔ မီးေညႇာင္ေလးေတြကိုယ္က ဆဲလ္ေသေတြ ပါလာ႐ုံနဲ႔ ဓာတ္မတည့္မႈကို ခံစားရႏိုင္ပါတယ္။

ဘယ္လို လကၡဏာေတြ ခံစားရႏိုင္လဲ …….

တိရစၧာန္နဲ႔ ဓာတ္မတည့္တဲ့အခါ အခုလို လကၡဏာေတြ ခံစားရႏိုင္ပါတယ္။

* ႏွာေခ်မယ္

* ႏွာရည္ေတြက်မယ္

* ႏွာေစးမယ္

* ႏွာေခါင္း ပိတ္တာေၾကာင့္ မ်က္ႏွာေတြ နာလာမယ္

* ေခ်ာင္းဆိုးမယ္

* ရင္ဘတ္ထဲမွာ တင္းက်ပ္က်ပ္ႀကီး ခံစားရမယ္

* အသက္႐ွဴတာ ျပတ္ေတာင္း ျပတ္ေတာင္း ျဖစ္မယ္

* အသက္႐ွဴတဲ့အခါ တ႐ႊီ႐ႊီ ျမည္မယ္

* မ်က္လုံးေတြ နီရဲလာမယ္

* မ်က္ရည္ က်မယ္

* မ်က္လုံးေတြ ယားမယ္

* အေရျပားမွာ အဖုအပိမ့္ေတြ ထြက္မယ္

* အင္ပ်ဥ္ေတြ ျဖစ္မယ္။

တိရစၧာန္နဲ႔ ဓာတ္မတည့္ျခင္းကို အဓိက ျဖစ္ေစသူေလးေတြကေတာ့ ပါပီေလးေတြနဲ႔ မီးေညႇာင္ေလးေတြပါ။ အေၾကာင္းကေတာ့ သူတို႔ေလးေတြက ဓာတ္မတည့္မႈကို ျဖစ္ေစႏိုင္တဲ့ ပ႐ိုတင္း မ်ားစြာကို ထုတ္လႊတ္တာေၾကာင့္ပါ။ ဒီ ဓာတ္မတည့္မႈ ျဖစ္ေစႏိုင္တဲ့ အရာေတြကို သူတို႔ေလးေတြရဲ႕ အေမြးေတြ၊ အေရျပား၊ တံေထြး၊ ဆီး စတာေတြမွာ ေတြ႕ရႏိုင္ပါတယ္။

ဒီ အရာေတြထဲက တစ္ခုခုနဲ႔ ထိေတြ႕မိ႐ုံနဲ႔ တိရစၧာန္နဲ႔ ဓာတ္မတည့္ျခင္းကို ခံစားရႏိုင္ပါတယ္။ သူတို႔ေလးေတြ ခႏၶာကိုယ္ကေန ထြက္လာတဲ့ ဆဲလ္ေသေတြကေတာ့ တိရစၧာန္နဲ႔ ဓာတ္မတည့္ျခင္းကို ျဖစ္ေစတဲ့ အဓိကအေၾကာင္းအရင္းပါ။

ကိုယ္ခံအား စနစ္က ဒီဆဲလ္ေသေလးေတြကို တိုက္ထုတ္ရမယ့္ ခႏၶာကိုယ္ထဲကို က်ဴးေက်ာ္ဝင္ေရာက္လာတဲ့ ဓာတ္မတည့္မႈျဖစ္ေစႏိုင္တဲ့ အရာေတြလို႔ ယူဆၿပီး အလြန္အကြၽံ တုံ႔ျပန္တဲ့အခါ ျပင္းထန္တဲ့ ဓာတ္မတည့္မႈ လကၡဏာေတြကို ခံစားရတာပါ။

ဆဲလ္ေသေတြအျပင္ တိေလးေတြရဲ႕ အေမြးမွာ ကပ္ပါလာတဲ့ ဖုန္မႈန္႔ေတြ၊ ဝတ္မႈန္ေတြကလည္း ဓာတ္မတည့္မႈကို ျဖစ္ေစႏိုင္ပါတယ္။ ဒီလို အေမြးမွာ ကပ္ပါလာတဲ့ ဖုန္မႈန္႔ေတြ၊ ဝတ္မႈန္ေတြကလည္း ဓာတ္မတည့္မႈ ျဖစ္တာကိုေတာ့ တိေလးေတြေၾကာင့္ ျဖစ္တဲ့ ဓာတ္မတည့္မႈလို႔ သတ္မွတ္လို႔ မရပါဘူး။

အင္းဆက္ ပိုးေကာင္မ်ားေၾကာင့္ ဓာတ္မတည့္ျခင္း

အင္းဆက္ေတြမွာ အိမ္ေမြးတိေလးေတြနဲ႔ မတူတဲ့ ဖြဲ႕စည္းပုံ ႐ွိတာေၾကာင့္ ဓာတ္မတည့္မႈ ျဖစ္ေစတဲ့ လကၡဏာေတြ၊ ျဖစ္ေစတဲ့ အေၾကာင္းရင္းခံေတြလည္း ကြာျခားႏိုင္ပါတယ္။

အင္းဆက္ေၾကာင့္ ျဖစ္တဲ့ ဓာတ္မတည့္မႈဆိုတဲ့ေနရာမွာ ပ်ားဆူးေၾကာင့္ ျဖစ္တဲ့ ဓာတ္မတည့္မႈ အပါအဝင္ အင္းဆက္ကိုက္တာေၾကာင့္ ျဖစ္တဲ့ ဓာတ္မတည့္မႈေတြလည္း ႐ွိႏိုင္ပါတယ္။ အခ်ိဳ႕ေသာ အင္းဆက္ေၾကာင့္ ျဖစ္တဲ့ ဓာတ္မတည့္မႈက ယာယီပဲ နာက်င္တာမ်ိဳး႐ွိသလို အရမ္းျပင္းထန္တဲ့ အေျခအေနမ်ိဳးအထိလည္း ႐ွိႏိုင္ပါတယ္။

အင္းဆက္ေတြမွာ႐ွိတဲ့ အဆိပ္ေတြ၊ ဆူးေတြမွာပါတဲ့ ပ႐ိုတင္းေတြက အေရျပားဆဲလ္ေတြ နဲ႔ ကိုယ္ခံအားစနစ္ကို ထိခိုက္ေစတာေၾကာင့္ နာက်င္တာ၊ ေရာင္ရမ္းတာေတြကို ခံစားရတာပါ။

ဘယ္လို လကၡဏာေတြ ခံစားရႏိုင္လဲ …….

အင္းဆက္ေၾကာင့္ ျဖစ္တဲ့ ဓာတ္မတည့္မႈကို ခံစားရတဲ့ အခါ အခုလို လကၡဏာေလးေတြ ခံစားရႏိုင္ပါတယ္။

* အတုပ္ခံရတဲ့ ေနရာက နာက်င္မယ္

* နီျမန္းမယ္

* ေရာင္ရမ္းမယ္

* အသက္႐ွဴရခက္မယ္

* မူးေဝမယ္

* ေအာ့အန္မယ္

* အေရျပား ယားယံမယ္

* အင္ပ်ဥ္လို ျဖစ္မယ္

* သတိလစ္မယ္။

ဓာတ္မတည့္မႈေတြက သိပ္မျပင္းထန္တဲ့ အေျခအေနကေန အရမ္း ျပင္းထန္တဲ့ အေျခအေနအထိ ႐ွိႏိုင္တာေၾကာင့္ ျပင္းထန္မယ္ဆိုရင္ အသက္အႏၲရာယ္ ထိခိုက္သည္အထိ ျဖစ္ေစႏိုင္တာေၾကာင့္ လိုအပ္မယ္ဆိုရင္ ကုသမႈ ခံယူဖို႔ အၾကံျပဳပါရေစ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
thukha-garden-residence
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service