ဒေးဗစ်ဘက်ခမ်း၏ သားကြီးနှင့် နီကိုလာ ပက်ဇ်တို့စုံတွဲ လော့စ်အိန်ဂျလိအိမ်ကို ဒေါ်လာ ၁၁ သန်းဖြင့် ရောင်းမည်

ဒေးဗစ်ဘက်ခမ်း၏ သားကြီးနှင့် နီကိုလာ ပက်ဇ်တို့စုံတွဲ လော့စ်အိန်ဂျလိအိမ်ကို ဒေါ်လာ ၁၁ သန်းဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
14 Feb 2022 12:12 pm တွင် တင်ခဲ့သည်
2103 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ရောင်းချသူ- ဘရွတ်ကလင်း ဘက်ခမ်း၊ နီကိုလာ ပက်ဇ်

တည်နေရာ- လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးစ်

ဈေးနှုန်း- ကန်ဒေါ်လာ ၁၀,၉၉၉,၉၉၉

ဆောက်လုပ်သည့်ခုနှစ်- ၁၉၅၅

အသေးစိတ်- စတုရန်းပေ ၇၇၀၀ ၊ အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း အပြည့် ၅ ခန်းနှင့် တစ်ဝက် (half bathrooms) ၂ ခန်း

ခြံအကျယ်- ဒသမ ၃၇ ဧက

ဒေးဗစ်ဘက်ခမ်း၏ အကြီးဆုံးသားဖြစ်သူ ဘရွတ်ကလင်း ဘက်ခမ်းနှင့် နီကိုလာ ပက်ဇ်တို့ စုံတွဲသည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးစ်မှ နေအိမ်ကို မည်သည့်အရာ မနှစ်မြို့သည်မသိ။

အိမ်တွင်းမှ ဖျော်ရည်ဘားကို မလိုလား၍လော။ အမိုးပေါ် လသာဆောင်မှ မဏ္ဍလ အမှတ်တံဆိပ်ကို မျက်စိနောက်၍လော။

အိမ်ပြင်မှ နီလာပြာရောင် ရေစိမ်ကန်၏ ဒီဇိုင်းက ထည်ဝါလွန်းနေ၍ပင်လော။

မြေအောက်ထပ် ဖျော်ဖြေရေးနှင့် အပန်းဖြေခန်းကို မလိုအပ်ဟု ဆုံးဖြတ်ခဲ့ခြင်းပင်လော။ (မြေအောက်ထပ်အပန်းဖြေခန်းတွင် ဝတ်လစ်စားလစ်အမျိုးသမီးနှင့် စိတ္တဇပန်းချီပုံရိပ်တို့ ရှိသည်။)

မြေအောက်ထပ် အပန်းဖြေခန်းတွင် ရုပ်ရှင်ရုံ၊ သလင်းဖြူ ပြည့်နှက်နေသော spa၊ dry sauna နှင့် ရေနွေးငွေ့ခန်းတို့ ပါဝင်သည်။

ကမ္ဘာတစ်ဝန်း မကြာခဏခြေဆန့်နေတတ်ကြသော နှစ်ဆယ်ကျော် လူငယ်စုံတွဲအတွက် စတုရန်းပေ ၇၇၀၀ သည် ကြီးမားလွန်းနေသလော။ သို့မဟုတ် များစွာမကျယ်ဝန်း၍လော။

မည်သို့ပင်ရှိစေ ဘောလုံးဂန္ထဝင်ကြယ်ပွင့် ဒေးဗစ်ဘက်ခမ်း၊ Spice Girl အဖွဲ့၏ အဆိုတော်/ဖက်ရှင်ဒီဇိုင်နာ ဗစ်တိုးရီးယား ဘက်ခမ်းတို့၏သား ဖက်ရှင်မော်ဒယ် ဘရွတ်ကလင်းဘက်ခမ်းနှင့် နယူးယောက် အခြေစိုက် စီးပွားရေးလုပ်ငန်းရှင် ဘီလျံနာကြီး နယ်လ်ဆင် ပက်ဇ်နှင့် မော်ဒယ် ကလော်ဒီရာ ဟက်ဖ်နာ ပက်ဇ်တို့၏ သမီး နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၃ သန်း ဝန်းကျင်ရှိသော ရုပ်ရှင်မင်းသမီး နီကိုလာ ပက်ဇ်တို့စုံတွဲသည် လော့စ်အိန်ဂျလိမြို့ ၊ ဘီဗာလီဟေးစ်အရပ်မှ ခေတ်ပြိုင်ဗိသုကာဟန်စံအိမ်ကို ကန်ဒေါ်လာ ၁၁ သန်းအောက် ၁ ဒေါ်လာသာ နည်းပါးသော ခေါ်ဈေးဖြင့် အရောင်းဈေးကွက် တင်လာခဲ့ပြီ ဖြစ်သည်။

ဘရွတ်ကလင်း ဘက်ခမ်းတို့ စုံတွဲ အဆိုပါစံအိမ်ကို ကန်ဒေါ်လာ ၁၀ ဒသမ ၅ သန်းဖြင့် ဝယ်ထားသည်မှာ ၈ လသာ ရှိသေးသည်။

ယခုခေါ်ဈေးဖြင့် ရောင်းထွက်မည်ဆိုလျှင်ပင် ဝယ်ဈေးထက် အနည်းငယ်သာ ဈေးနှုန်းမြှင့်ထားရာ ၎င်းတို့၏ အိမ်ခြံမြေ အထွေထွေစရိတ်စကများ ကာမိဖွယ်ရာ မရှိချေ။

အရောင်းဈေးကွက်တင်ပေးသည်မှာ Compass အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် ကားလ် ဂမ်ဘီနိုဖြစ်သည်။

ဘရွတ်ကလင်း ဘက်ခမ်းနှင့် ပက်ဇ်တို့စုံတွဲ မည်သို့ဆက်လုပ်မည်ကို ကြည့်ရမည်မှာ စိတ်ဝင်စားဖွယ်ကောင်းသည်။

၎င်းတို့ ရွေးချယ်မည့် နေအိမ်သစ်သည် ယခုနေအိမ်အပေါ် အဘယ်ကြောင့် ချက်ခြင်းစိတ်ပြောင်းသွားရသနည်းဟူသည့်နှင့် စပ်လျဉ်းသည့် အထက်ဖော်ပြပါ မေးခွန်းများကို ဖြေနိုင်ရန် အထောက်အကူ ဖြစ်နိုင်ဖွယ်ရာရှိသည်။

သို့အတွက် ဘရွတ်ကလင်း ဘက်ခမ်းတို့ စုံတွဲ အသစ်ဝယ်ယူမည့် နေအိမ်အကြောင်း သိနိုင်ရန် iMyanmarHouse.com မှာ သတင်းတွေ အမြဲဝင်ဖတ်နေကြပါလို့ တိုက်တွန်းရင်း….။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Brooklyn Beckham, Nicola Peltz Return BevHills Home to the Market at $11 Million (dirt)

[Zawgyi]

ေဒးဗစ္ဘက္ခမ္း၏ သားၾကီးႏွင့္ နီကိုလာ ပက္ဇ္တို႔စံုတြဲ ေလာ့စ္အိန္ဂ်လိအိမ္ကို ေဒၚလာ ၁၁ သန္းျဖင့္ ေရာင္းမည္

ေရာင္းခ်သူ- ဘရြတ္ကလင္း ဘက္ခမ္း၊ နီကိုလာ ပက္ဇ္

တည္ေနရာ- ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ဘီဗာလီေဟးစ္

ေစ်းႏႈန္း- ကန္ေဒၚလာ ၁၀,၉၉၉,၉၉၉

ေဆာက္လုပ္သည့္ခုႏွစ္- ၁၉၅၅

အေသးစိတ္- စတုရန္းေပ ၇၇၀၀ ၊ အိပ္ခန္း ၅ ခန္း၊ ေရခ်ဳိးခန္း အျပည့္ ၅ ခန္းႏွင့္ တစ္ဝက္ (half bathrooms) ၂ ခန္း

ျခံအက်ယ္- ဒသမ ၃၇ ဧက

ေဒးဗစ္ဘက္ခမ္း၏ အၾကီးဆံုးသားျဖစ္သူ ဘရြတ္ကလင္း ဘက္ခမ္းႏွင့္ နီကိုလာ ပက္ဇ္တို႔ စံုတြဲသည္ အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖုိးနီးယားျပည္နယ္၊ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ဘီဗာလီေဟးစ္မွ ေနအိမ္ကို မည္သည့္အရာ မႏွစ္ျမိဳ႕သည္မသိ။

အိမ္တြင္းမွ ေဖ်ာ္ရည္ဘားကို မလိုလား၍ေလာ။ အမိုးေပၚ လသာေဆာင္မွ မ႑လ အမွတ္တံဆိပ္ကို မ်က္စိေနာက္၍ေလာ။

အိမ္ျပင္မွ နီလာျပာေရာင္ ေရစိမ္ကန္၏ ဒီဇိုင္းက ထည္ဝါလြန္းေန၍ပင္ေလာ။

ေျမေအာက္ထပ္ ေဖ်ာ္ေျဖေရးႏွင့္ အပန္းေျဖခန္းကို မလိုအပ္ဟု ဆံုးျဖတ္ခဲ့ျခင္းပင္ေလာ။ (ေျမေအာက္ထပ္အပန္းေျဖခန္းတြင္ ဝတ္လစ္စားလစ္အမ်ဳိးသမီးႏွင့္ စိတၱဇပန္းခ်ီပံုရိပ္တို႔ ရွိသည္။)

ေျမေအာက္ထပ္ အပန္းေျဖခန္းတြင္ ရုပ္ရွင္ရံု၊ သလင္းျဖဴ ျပည့္ႏွက္ေနေသာ spa၊ dry sauna ႏွင့္ ေရေႏြးေငြ႔ခန္းတို႔ ပါဝင္သည္။

ကမၻာတစ္ဝန္း မၾကာခဏေျခဆန္႔ေနတတ္ၾကေသာ ႏွစ္ဆယ္ေက်ာ္ လူငယ္စံုတြဲအတြက္ စတုရန္းေပ ၇၇၀၀ သည္ ၾကီးမားလြန္းေနသေလာ။ သို႔မဟုတ္ မ်ားစြာမက်ယ္ဝန္း၍ေလာ။

မည္သို႔ပင္ရွိေစ ေဘာလံုးဂႏၳဝင္ၾကယ္ပြင့္ ေဒးဗစ္ဘက္ခမ္း၊ Spice Girl အဖြဲ႔၏ အဆိုေတာ္/ဖက္ရွင္ဒီဇိုင္နာ ဗစ္တိုးရီးယား ဘက္ခမ္းတို႔၏သား ဖက္ရွင္ေမာ္ဒယ္ ဘရြတ္ကလင္းဘက္ခမ္းႏွင့္ နယူးေယာက္ အေျခစိုက္ စီးပြားေရးလုပ္ငန္းရွင္ ဘီလ်ံနာၾကီး နယ္လ္ဆင္ ပက္ဇ္ႏွင့္ ေမာ္ဒယ္ ကေလာ္ဒီရာ ဟက္ဖ္နာ ပက္ဇ္တို႔၏ သမီး ႏွစ္စဥ္ဝင္ေငြ ေဒၚလာ ၃ သန္း ဝန္းက်င္ရွိေသာ ရုပ္ရွင္မင္းသမီး နီကိုလာ ပက္ဇ္တို႔စံုတြဲသည္ ေလာ့စ္အိန္ဂ်လိျမိဳ႕ ၊ ဘီဗာလီေဟးစ္အရပ္မွ ေခတ္ျပိဳင္ဗိသုကာဟန္စံအိမ္ကို ကန္ေဒၚလာ ၁၁ သန္းေအာက္ ၁ ေဒၚလာသာ နည္းပါးေသာ ေခၚေစ်းျဖင့္ အေရာင္းေစ်းကြက္ တင္လာခဲ့ျပီ ျဖစ္သည္။

ဘရြတ္ကလင္း ဘက္ခမ္းတို႔ စံုတြဲ အဆိုပါစံအိမ္ကို ကန္ေဒၚလာ ၁၀ ဒသမ ၅ သန္းျဖင့္ ဝယ္ထားသည္မွာ ၈ လသာ ရွိေသးသည္။

ယခုေခၚေစ်းျဖင့္ ေရာင္းထြက္မည္ဆိုလွ်င္ပင္ ဝယ္ေစ်းထက္ အနည္းငယ္သာ ေစ်းႏႈန္းျမွင့္ထားရာ ၎တို႔၏ အိမ္ျခံေျမ အေထြေထြစရိတ္စကမ်ား ကာမိဖြယ္ရာ မရွိေခ်။

အေရာင္းေစ်းကြက္တင္ေပးသည္မွာ Compass အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ ကားလ္ ဂမ္ဘီႏိုျဖစ္သည္။

ဘရြတ္ကလင္း ဘက္ခမ္းႏွင့္ ပက္ဇ္တို႔စံုတြဲ မည္သို႔ဆက္လုပ္မည္ကို ၾကည့္ရမည္မွာ စိတ္ဝင္စားဖြယ္ေကာင္းသည္။

၎တို႔ ေရြးခ်ယ္မည့္ ေနအိမ္သစ္သည္ ယခုေနအိမ္အေပၚ အဘယ္ေၾကာင့္ ခ်က္ျခင္းစိတ္ေျပာင္းသြားရသနည္းဟူသည့္ႏွင့္ စပ္လ်ဥ္းသည့္ အထက္ေဖာ္ျပပါ ေမးခြန္းမ်ားကို ေျဖႏိုင္ရန္ အေထာက္အကူ ျဖစ္ႏိုင္ဖြယ္ရာရွိသည္။

သို႔အတြက္ ဘရြတ္ကလင္း ဘက္ခမ္းတုိ႔ စံုတြဲ အသစ္ဝယ္ယူမည့္ ေနအိမ္အေၾကာင္း သိႏိုင္ရန္ iMyanmarHouse.com မွာ သတင္းေတြ အျမဲဝင္ဖတ္ေနၾကပါလို႔ တိုက္တြန္းရင္း….။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Brooklyn Beckham, Nicola Peltz Return BevHills Home to the Market at $11 Million (dirt)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
ရေသန့်ဘူးများထဲတွင် မျက်စိဖြင့် မမြင်နိုင်သော နာနိုပလတ်စတစ်အမှုန်ပေါင်း ၃၇၀,၀၀၀ ခန့် ပါဝင်ကြောင်း အမေရိကန်သိပ္ပံပညာရှင်မ
ရေသန့်ဘူးများထဲတွင် မျက်စိဖြင့် မမြင်နိုင်သော နာနိုပလတ်စတစ်အမှုန်ပေါင်း ၃၇၀,၀၀၀ ခန့် ပါဝင်ကြောင်း အမေရိကန်သိပ္ပံပညာရှင်မ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
နေပြည်တော် အိမ်ခြံမြေဈေးကွက် အရောင်း၊အဝယ်၊အငှါး မြင့်တက်နေဆဲ
နေပြည်တော် အိမ်ခြံမြေဈေးကွက် အရောင်း၊အဝယ်၊အငှါး မြင့်တက်နေဆဲ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
ကျောက်ဖယားမြစ်ကမ်းမှ မျိုးစေ့ဆိုင်လေးနှင့် အခြားသော.. (သို့မဟုတ်) အာရှတိုက်၏ အချမ်းသာဆုံး မိသားစုကြီး (၅) စု
ကျောက်ဖယားမြစ်ကမ်းမှ မျိုးစေ့ဆိုင်လေးနှင့် အခြားသော.. (သို့မဟုတ်) အာရှတိုက်၏ အချမ်းသာဆုံး မိသားစုကြီး (၅) စု
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
area-one-business-complex
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service