သူဌေးကြီး ဟောင်းဝပ်ဟုချ်၏ လေယာဉ်ပျံ ထိုးဆင်းပျက်ကျဖူးသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်သို့ ပြန်လည်ဝင်ရောက်လာ

သူဌေးကြီး ဟောင်းဝပ်ဟုချ်၏ လေယာဉ်ပျံ ထိုးဆင်းပျက်ကျဖူးသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်သို့ ပြန်လည်ဝင်ရောက်လာ - Property News in Myanmar from iMyanmarHouse.com
21 Jan 2022 11:44 am တွင် တင်ခဲ့သည်
940 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

သူဌေးကြီး ဟောင်းဝပ်ဟုချ်၏ လေယာဉ်ပျံ ထိုးဆင်းပျက်ကျဖူးသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်သို့ ပြန်လည်ဝင်ရောက်လာ

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်စ်အရပ်တွင် စပိန် ကိုလိုနီဗိသုကာဟန်ဖြင့် နာမည်ကျော် ဗိသုကာပညာရှင် ဝေါလေ့စ် နက်ဖ်က ဆောက်လုပ်ပေးထားပြီး ၁၉၄၆ ခုနှစ်အတွင်း သူဌေးကြီး ဟောင်းဝပ်ဟုချ်၏ လေယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ရာ စံအိမ်ကြီး အရောင်းဈေးကွက် ဝင်ရောက်လာသည်။

ဟောင်းဝပ်ဟုချ်၏ လေယာဉ်ပျက်ကျမှုကြောင့် နေအိမ် ၂ လုံးပျက်စီးခဲ့ရာ ယခုနေအိမ်လည်း အပါအဝင် ဖြစ်သည်။

လေယာဉ် ပျက်ကျမှုဖြစ်စဉ်မှာ ၁၉၄၆ ခုနှစ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သူ၏ ရှေ့ပြေးဒီဇိုင်း XH-11 လေယာဉ်မှာ ဆီယိုစိမ့်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။

ကိုယ်တိုင် လေယာဉ်မှူးတစ်ဦးဖြစ်သည့်အပြင် ရုပ်ရှင်ဒါရိုက်တာ၊ ကုန်ထုတ်လုပ်သူတစ်ဦးလည်းဖြစ်သူ ဟောင်းဝပ်ဟုချ်က အနီးစပ်ဆုံး ဂေါက်ကွင်းတစ်ခုအတွင်း ဆင်းသက်နိုင်ရန် ကြိုးပမ်းခဲ့သည်။

သို့သော် ယခုစံအိမ်ကြီး နောက်ကျောဘက်သို့သာ ဝင်တိုက်မိခဲ့ရာ သေလုနီးပါး ဖြစ်သွားခဲ့သည်။

“လေယာဉ်ရဲ့ ညာဘက်တောင်ပံက စံအိမ်ရဲ့ အပေါ်ထပ်အိပ်ခန်းကို ရိုက်မိရာမှာ အဲဒီအချိန် အခန်းထဲမှာ ရှိနေသူတွေ သီသီလေး လွတ်သွားခဲ့တယ်။”ဟု လော့စ်အိန်ဂျလိတိုင်းမ်တွင် ဖော်ပြသည်။

ယနေ့ကာလတွင် စံအိမ်ကို ပိုင်ဆိုင်ထားသူမှာ မိုရက်ဒ် ဘင်နှင့် ကာရိုလင်း နီမန်းတို့ ဖြစ်သည်။

၎င်းတို့က စံအိမ်ကို ၂၀၁၃ ခုနှစ်အတွင်း ကန်ဒေါ်လာ ၆ ဒသမ ၃ သန်းအောက်ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း PropertyShark ၏ မှတ်တမ်းများအရ သိရသည်။

နီမန်းသည် လော့စ်အိန်ဂျလိရှိ လက်ကားအထည်အလိပ်လုပ်ငန်းတစ်ခုဖြစ်သော Pacific Eurotex Corp, ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သည်။

သူသည် နိုင်ငံတကာ မူးယစ်ဆေးရောင်းဝယ်သမားများအတွက် ငွေကြေးခဝါချပေးမှုကြောင့် ၂၀၁၈ ခုနှစ်တွင် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရသည်။

စတုရန်းပေ ၆၅၀၀ ကျယ်ဝန်းသော စံအိမ်ကြီးသည် ၂၀၁၅ ခုနှစ်မှစပြီး အရောင်းဈေးကွက်တွင် ဝင်ချည်ထွက်ချည် ဖြစ်နေခဲ့သည်။

အိမ်ခြံမြေမှတ်တမ်းများအရ ထိုစဉ်က ကန်ဒေါ်လာ ၁၀ သန်းအောက်သာ ဈေးခေါ်ခဲ့သည်။

ယင်းနောက် ၂၀၁၆ တွင် ကန်ဒေါ်လာ ၁၅ သန်းနီးပါးဖြင့် ဈေးကွက်တင်ခဲ့ပြန်သည်။

၂၀၁၇ ခုနှစ်တွင် ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်ပြီးနောက် ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွားခဲ့ပြန်သည်။ ယခုခေါ်ဈေးမှာ ကန်ဒေါ်လာ ၁၅ ဒသမ ၉၅ သန်း ဖြစ်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The California Mansion Howard Hughes Famously Crashed His Plane Into Is Back on the Market for $16 Million

[Zawgyi]

သူေဌးႀကီး ေဟာင္းဝပ္ဟုခ်္၏ ေလယာဥ္ပ်ံ ထိုးဆင္းပ်က္က်ဖူးေသာ စံအိမ္ႀကီး ကန္ေဒၚလာ ၁၆ သန္းျဖင့္ အေရာင္းေဈးကြက္သို႔ ျပန္လည္ဝင္ေရာက္လာ

အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖိုးနီးယားျပည္နယ္၊ ေလာ့စ္အိန္ဂ်လိၿမိဳ႕၊ ဘီဗာလီေဟးလ္စ္အရပ္တြင္ စပိန္ ကိုလိုနီဗိသုကာဟန္ျဖင့္ နာမည္ေက်ာ္ ဗိသုကာပညာ႐ွင္ ေဝါေလ့စ္ နက္ဖ္က ေဆာက္လုပ္ေပးထားၿပီး ၁၉၄၆ ခုႏွစ္အတြင္း သူေဌးႀကီး ေဟာင္းဝပ္ဟုခ်္၏ ေလယာဥ္မေတာ္တဆမႈျဖစ္ပြားခဲ့ရာ စံအိမ္ႀကီး အေရာင္းေဈးကြက္ ဝင္ေရာက္လာသည္။

ေဟာင္းဝပ္ဟုခ်္၏ ေလယာဥ္ပ်က္က်မႈေၾကာင့္ ေနအိမ္ ၂ လုံးပ်က္စီးခဲ့ရာ ယခုေနအိမ္လည္း အပါအဝင္ ျဖစ္သည္။

ေလယာဥ္ ပ်က္က်မႈျဖစ္စဥ္မွာ ၁၉၄၆ ခုႏွစ္အတြင္း ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး သူ၏ ေ႐ွ႕ေျပးဒီဇိုင္း XH-11 ေလယာဥ္မွာ ဆီယိုစိမ့္မႈႏွင့္ ရင္ဆိုင္ခဲ့ရသည္။

ကိုယ္တိုင္ ေလယာဥ္မႉးတစ္ဦးျဖစ္သည့္အျပင္ ႐ုပ္႐ွင္ဒါ႐ိုက္တာ၊ ကုန္ထုတ္လုပ္သူတစ္ဦးလည္းျဖစ္သူ ေဟာင္းဝပ္ဟုခ်္က အနီးစပ္ဆုံး ေဂါက္ကြင္းတစ္ခုအတြင္း ဆင္းသက္ႏိုင္ရန္ ႀကိဳးပမ္းခဲ့သည္။

သို႔ေသာ္ ယခုစံအိမ္ႀကီး ေနာက္ေက်ာဘက္သို႔သာ ဝင္တိုက္မိခဲ့ရာ ေသလုနီးပါး ျဖစ္သြားခဲ့သည္။

“ေလယာဥ္ရဲ႕ ညာဘက္ေတာင္ပံက စံအိမ္ရဲ႕ အေပၚထပ္အိပ္ခန္းကို ႐ိုက္မိရာမွာ အဲဒီအခ်ိန္ အခန္းထဲမွာ ႐ွိေနသူေတြ သီသီေလး လြတ္သြားခဲ့တယ္။”ဟု ေလာ့စ္အိန္ဂ်လိတိုင္းမ္တြင္ ေဖာ္ျပသည္။

ယေန႔ကာလတြင္ စံအိမ္ကို ပိုင္ဆိုင္ထားသူမွာ မိုရက္ဒ္ ဘင္ႏွင့္ ကာ႐ိုလင္း နီမန္းတို႔ ျဖစ္သည္။

၎တို႔က စံအိမ္ကို ၂၀၁၃ ခုႏွစ္အတြင္း ကန္ေဒၚလာ ၆ ဒသမ ၃ သန္းေအာက္ျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ေၾကာင္း PropertyShark ၏ မွတ္တမ္းမ်ားအရ သိရသည္။

နီမန္းသည္ ေလာ့စ္အိန္ဂ်လိ႐ွိ လက္ကားအထည္အလိပ္လုပ္ငန္းတစ္ခုျဖစ္ေသာ Pacific Eurotex Corp, ၏ အမႈေဆာင္အရာ႐ွိခ်ဳပ္ျဖစ္သည္။

သူသည္ ႏိုင္ငံတကာ မူးယစ္ေဆးေရာင္းဝယ္သမားမ်ားအတြက္ ေငြေၾကးခဝါခ်ေပးမႈေၾကာင့္ ၂၀၁၈ ခုႏွစ္တြင္ ေထာင္ဒဏ္ ၂ ႏွစ္ ခ်မွတ္ခံခဲ့ရသည္။

စတုရန္းေပ ၆၅၀၀ က်ယ္ဝန္းေသာ စံအိမ္ႀကီးသည္ ၂၀၁၅ ခုႏွစ္မွစၿပီး အေရာင္းေဈးကြက္တြင္ ဝင္ခ်ည္ထြက္ခ်ည္ ျဖစ္ေနခဲ့သည္။

အိမ္ျခံေျမမွတ္တမ္းမ်ားအရ ထိုစဥ္က ကန္ေဒၚလာ ၁၀ သန္းေအာက္သာ ေဈးေခၚခဲ့သည္။

ယင္းေနာက္ ၂၀၁၆ တြင္ ကန္ေဒၚလာ ၁၅ သန္းနီးပါးျဖင့္ ေဈးကြက္တင္ခဲ့ျပန္သည္။

၂၀၁၇ ခုႏွစ္တြင္ ကန္ေဒၚလာ ၁၄ သန္းျဖင့္ အေရာင္းေဈးကြက္တင္ၿပီးေနာက္ ေဈးကြက္မွ ျပန္လည္႐ုပ္သိမ္းသြားခဲ့ျပန္သည္။ ယခုေခၚေဈးမွာ ကန္ေဒၚလာ ၁၅ ဒသမ ၉၅ သန္း ျဖစ္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: The California Mansion Howard Hughes Famously Crashed His Plane Into Is Back on the Market for $16 Million

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
taunggyi-garden-city
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service