သဘာဝနှင့်နီးကပ်စွာနေထိုင်ခြင်း၏ အကျိုးကျေးဇူး ၇ ခု

သဘာဝနှင့်နီးကပ်စွာနေထိုင်ခြင်း၏ အကျိုးကျေးဇူး ၇ ခု - Property Knowledge in Myanmar from iMyanmarHouse.com
21 Jan 2022 11:31 am တွင် တင်ခဲ့သည်
728 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

ပန်းခြံကဲ့သို့သော သဘာဝတရားအသားပေးနေရာ တစ်ခုအနားရှိ အိမ်ခြံမြေအား ဝယ်ယူရန် သင့်မသင့် စဥ်းစားချင့်ချိန်နေသူများအတွက် အောက်ဖော်ပြပါအချက်များက သင့်အား သဘာဝနှင့်နီးကပ်စွာ နေထိုင်စေရန် စည်းရုံးနိုင်ပါပေသည်။

၁။ သဘာဝနှင့်နီးကပ်စွာရှိခြင်းသည် သင့်စိတ်ဖိစီးမှုအဆင့်အား လျှော့ချပေးနိုင်သည်

အလုပ်လုပ်နေသူအများစုက သူတို့ စိတ်ဖိစီးမှုခံစားကြရသည်ဟု ဆိုကြသည်။ အကယ်၍ သင်သည် ကာလရှည်ကြာစိတ်ဖိစီးနေပါလျှင် သဘာဝအခင်းအကျင်းအဆင်အပြင်တစ်ခုတွင် မိနစ် ၂၀ မှ ၃၀ အကြားမျှ အချိန်ကုန်ဆုံးစေလိုက်ခြင်းက သင့်ခန္ဓာကိုယ်၏ အဓိကစိတ်ဖိစီးမှုဟော်မုန်းဖြစ်သော ကော်တီစောလ်အဆင့်နိမ့်ကျစေရန် ကူညီပေးနိုင်ပါသည်။ ဤအကြံပြုထားသည့် အချိန်ပမာဏအတိုင်း သဘာဝနေရာတွင် အချိန်ကုန်ဆုံးခဲ့သူတိုင်းက ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာတို့နှစ်ခုစလုံး၏ ဖိစီးမှုအဆင့်များ သိသိသာသာနိမ့်ကျသွားခဲ့ကြကြောင်း အစီရင်ခံခဲ့ကြသည်။

သင့်အတွက် နေ့စဥ်လိုအပ်သော သဘာဝဓာတ်စာပမာဏကို ရရှိရန် သင့်အနေဖြင့် နေ့စဥ် မိနစ် ၂၀ မှ ၃၀ ကြာမျှ မလှုပ်မယှက်ငြိမ်သက်တိတ်ဆိတ်စွာ ထိုင်ပြီး သဘာဝအသံများအား နားထောင်ခြင်း သို့မဟုတ် အမျိုးမျိုးသော ပန်းမန်၊ တိရစ္ဆာန်များအား လမ်းလျှောက်၍ ကြည့်ရှုလေ့လာခြင်းကို ရွေးချယ်နိုင်ပါသည်။

၂။ စိမ်းလန်းသော သစ်ပင် ချုံပင် စသည်တို့သည် သင့်အား လေ့ကျင့်ခန်းလုပ်ရန် စိတ်ပါအောင် ဆွဲဆောင်ပေးနိုင်သည်

ကိုယ်လက်လှုပ်ရှားမှု၊ လေ့ကျင့်ခန်းဆိုသည်မှာ စိတ်ဖိစီးမှုကို တိုက်ထုတ်ပြီး သင့်ကျန်းမာရေးကို ကောင်းမွန်စေရန် နောက်ထပ်ထိရောက်သော နည်းလမ်းတစ်ခု ဖြစ်ပါသည်။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ခြင်းသည် စိတ်ခံစားမှုများအား တည်ငြိမ်စေသည့် ဆီရိုတိုနင်ဟော်မုန်း ထွက်ရှိထုတ်လုပ်မှုကို အားကောင်းစေခြင်းကြောင့် စိတ်ဖိစီးမှုအဆင့်လျှော့ချနိုင်ပြီး သင့်စိတ်အနေအထားကို ကောင်းမွန်စေနိုင်ကြောင်း သက်သေရှိထားပြီးဖြစ်သည်။ အကယ်၍ သင်သည် လေ့ကျင့်ခန်းပြုလုပ်ခြင်းကို စတင်ရန် ခက်ခဲနေပါက စိမ်းလန်းသောနေရာတွင် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ခြင်းသည် သင့်အား ပိုမိုသက်သောင့်သက်သာလွယ်ကူစွာ ခံစားရစေသဖြင့် လေ့ကျင့်ခန်းပြုလုပ်ရန်စိတ်ဓာတ်ကို သွင်းပေးနိုင်ပါသည်။

အဆောက်အအုံအပြင်ဘက်/ဟင်းလင်းပြင်တွင် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ခဲ့ကြသူများက ထိုလှုပ်ရှားမှုသည် ရုပ်ပိုင်းဆိုင်ရာ အားစိုက်ရမှု လျော့နည်းသည်ဟု ခံစားခဲ့ကြရကြောင်း လေ့လာမှုတစ်ခုက ပြသခဲ့သည်။ လေ့လာမှုတစ်ခုကလည်း “သဘာဝပတ်ဝန်းကျင်တစ်ခုတွင် လမ်းလျှောက်ခြင်းက မြို့တွင်းပတ်ဝန်းကျင် (သို့) မိုးလုံလေလုံ၊ အခန်းတွင်းလေ့ကျင့်ခန်းအားကစားရုံ၊ ခန်းမတွင် လမ်းလျှောက်ရခြင်းထက် ပိုမိုစိတ်အနားရ” ကြောင်း တွေ့ရှိခဲ့သည်။

၃။ အပြင်ဘက်/ဟင်းလင်းပြင်တွင် ရှိခြင်းက သင့်အား စွမ်းအင်မြှင့်တင်ပေးသည်။

ကျွန်မတို့အများစုသည် တစ်နေ့ ၈ နာရီကြာ ထိုင်ခုံတွေ ကော်နဲ့ကပ်ထားခံရသကဲ့သို့ ထိုင်လုပ်ရသော လုပ်ငန်းခွင်ဘဝကို ဖြတ်သန်းကြရသည်။ အဆောက်အအုံအပြင်ဘက်မှာ မိနစ် ၂၀ ကြာ ရှိခြင်းက သင့်အတွက် စွမ်းအင်မြှင့်တင်မှုကို ပေးစွမ်းနိုင်ပါသည်။ နောက်ထပ်ကော်ဖီတစ်ခွက် ထပ်သောက်ခြင်းထက် ပိုမိုသဘာဝကျစွာ အားအင်ရရှိစေမည့် နည်းလမ်းကောင်းတစ်ခုဖြစ်သည်။

၄။ စိမ်းလန်းသော သစ်ပင် ချုံပင်စသည်တို့သည် သင့်မျက်လုံးအတွက် ကောင်းပေသည်

COVID-19 ကာကွယ်ဆေးထိုးနှံမှုအစီအစဥ်ကို ၂၀၂၁ ခုနှစ်တွင် တဖြည်းဖြည်းအကောင်အထည်ဖော်ဆောင်ရွက်နေစဥ်အတွင်း နေအိမ်မှအလုပ်လုပ်ရသည့် အစီအစဥ်များက ကြာရှည်ခံနေနိုင်ဖွယ်ရှိသည်။ ဤတွင် ကျွန်မတို့၏မျက်စိအမြင်ကို နေ့စဥ်ခဏတာအနားပေးရန် ပိုမိုအရေးကြီးလာပါသည်။ သင့်မျက်လုံးအန္တရာယ်မဖြစ်အောင် ထိန်းရန် စံထားရမည့်နည်းလမ်းကား အိမ်အပြင်ဘက်တွင် တစ်နေ့လျှင် စုစုပေါင်းနှစ်နာရီကြာ စိမ်းလန်းသော သစ်ပင်များကို ကြည့်ရှုခြင်းဖြင့် အချိန်ကုန်ဆုံးပေးပါ။

အပြင်ဘက်ကို မသွားဘူးဆိုရင်တောင် မလှမ်းမကမ်းမှ လှမ်းမြင်ရသော သစ်ပင်များကို တစ်နာရီကြာပြီးတိုင်း မိနစ်အနည်းငယ် ငေးကြည့်ခြင်းဖြင့် သင့်မျက်လုံးကို အနားပေးပါ။

၅။ သဘာဝက သင့်ကို ဉာဏ်ရွှင်စေနိုင်ပြီး သင့်အား တီထွင်ဖန်တီးမှု အားကောင်းစေသည်

သင် အလုပ်မှာ ခက်ခဲတဲ့ပြဿနာတစ်ခုကို မဖြေရှင်းနိုင်ရင် အနီးအနားရှိ ပန်းခြံတစ်ခုဆီ အပန်းဖြေလမ်းလျှောက်လိုက်ခြင်းက တီထွင်ဖန်တီးမှုရှိသော အဖြေတစ်ခုအတွက် သင့်အား ဉာဏ်ကွန့်မြူးမှုပေးစွမ်းနိုင်ပါတယ်။ အဆောက်အအုံအပြင်ဘက်တွင် သဘာဝတွင် “ရှိခြင်းနှင့် လမ်းလျှောက်ခြင်း” ပေါင်းစပ်မှုက (ထိုင်နေခြင်းနှင့် အိမ်တွင်း၌ ရှိခြင်းတို့နှင့် ဆန့်ကျင်ဘက်အဖြစ်) အဆန်းသစ်ဆုံးနှင့် အရည်အသွေးအမြင့်ဆုံးစိတ်ကူးအကြံဉာဏ်များကို နှိုက်ထုတ်ပေးပါသည်။

အနုပညာရသဖန်တီးမှုနယ်ပယ်တွင် အလုပ်လုပ်သူများအတွက် အကြံတုံးဉာဏ်တုံးဖြစ်ခိုက်တွင် ဤအချက်က အသုံးဝင်သည့်နည်းဗျူဟာတစ်ခု ဖြစ်နိုင်ပါပေသည်။

၆။ ဆူဆူညံညံရှုပ်ရှုပ်ယှက်ယှက်များမှ ဝေးကွာခြင်းက သင့်အိပ်ရေးအား တိုးတက်စေပါလိမ့်မည်

မြို့ပြ၌ နေထိုင်ခြင်းဆိုသည်မှာ ကျွန်မတို့သည် ဆူညံသံများဖြင့် ပတ်ဝန်းကျင်ညစ်ညမ်းမျုနှင့် အတော်အတန်မှ မြင့်မားသည့် အလင်းရောင်ပမာဏတို့ကို ကြုံဆုံကြရသည်ဟူသည့် အဓိပ္ပာယ်ပင်ဖြစ်သည်။ ယင်းက အိပ်ပျော်ရန် ခက်ခဲစေနိုင် သို့မဟုတ် သင့်အနားယူမှုကို နှောင့်ယှက်နိုင်ပါသည်။

၇။ သဘာဝနှင့်နီးကပ်စွာ နေထိုင်ခြင်းက သင့်အား အသက်ရှည်စေရန် ကူညီပေးပါသည်

သဘာဝနှင့် နီးကပ်စွာ နေထိုင်သူတစ်ဦးစီတိုင်းသည် မနေထိုင်သူများထက် ပို၍အသက်ရှည်စွာ နေထိုင်ကြရလေ့ရှိကြောင်း လေ့လာမှုများက တွေ့ရှိထားပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 8 Benefits of Living Near Nature (propertyguru)

 

[Zawgyi]

သဘာဝႏွင့္နီးကပ္စြာေနထိုင္ျခင္း၏ အက်ိဳးေက်းဇူး ၇ ခု

ပန္းျခံကဲ့သို႔ေသာ သဘာဝတရားအသားေပးေနရာ တစ္ခုအနား႐ွိ အိမ္ျခံေျမအား ဝယ္ယူရန္ သင့္မသင့္ စဥ္းစားခ်င့္ခ်ိန္ေနသူမ်ားအတြက္ ေအာက္ေဖာ္ျပပါအခ်က္မ်ားက သင့္အား သဘာဝႏွင့္နီးကပ္စြာ ေနထိုင္ေစရန္ စည္း႐ုံးႏိုင္ပါေပသည္။

၁။ သဘာဝႏွင့္နီးကပ္စြာ႐ွိျခင္းသည္ သင့္စိတ္ဖိစီးမႈအဆင့္အား ေလွ်ာ့ခ်ေပးႏိုင္သည္

အလုပ္လုပ္ေနသူအမ်ားစုက သူတို႔ စိတ္ဖိစီးမႈခံစားၾကရသည္ဟု ဆိုၾကသည္။ အကယ္၍ သင္သည္ ကာလ႐ွည္ၾကာစိတ္ဖိစီးေနပါလွ်င္ သဘာဝအခင္းအက်င္းအဆင္အျပင္တစ္ခုတြင္ မိနစ္ ၂၀ မွ ၃၀ အၾကားမွ် အခ်ိန္ကုန္ဆုံးေစလိုက္ျခင္းက သင့္ခႏၶာကိုယ္၏ အဓိကစိတ္ဖိစီးမႈေဟာ္မုန္းျဖစ္ေသာ ေကာ္တီေစာလ္အဆင့္နိမ့္က်ေစရန္ ကူညီေပးႏိုင္ပါသည္။ ဤအၾကံျပဳထားသည့္ အခ်ိန္ပမာဏအတိုင္း သဘာဝေနရာတြင္ အခ်ိန္ကုန္ဆုံးခဲ့သူတိုင္းက ႐ုပ္ပိုင္းဆိုင္ရာႏွင့္ စိတ္ပိုင္းဆိုင္ရာတို႔ႏွစ္ခုစလုံး၏ ဖိစီးမႈအဆင့္မ်ား သိသိသာသာနိမ့္က်သြားခဲ့ၾကေၾကာင္း အစီရင္ခံခဲ့ၾကသည္။

သင့္အတြက္ ေန႔စဥ္လိုအပ္ေသာ သဘာဝဓာတ္စာပမာဏကို ရ႐ွိရန္ သင့္အေနျဖင့္ ေန႔စဥ္ မိနစ္ ၂၀ မွ ၃၀ ၾကာမွ် မလႈပ္မယွက္ၿငိမ္သက္တိတ္ဆိတ္စြာ ထိုင္ၿပီး သဘာဝအသံမ်ားအား နားေထာင္ျခင္း သို႔မဟုတ္ အမ်ိဳးမ်ိဳးေသာ ပန္းမန္၊ တိရစၧာန္မ်ားအား လမ္းေလွ်ာက္၍ ၾကည့္႐ႈေလ့လာျခင္းကို ေ႐ြးခ်ယ္ႏိုင္ပါသည္။

၂။ စိမ္းလန္းေသာ သစ္ပင္ ခ်ံဳပင္ စသည္တို႔သည္ သင့္အား ေလ့က်င့္ခန္းလုပ္ရန္ စိတ္ပါေအာင္ ဆြဲေဆာင္ေပးႏိုင္သည္

ကိုယ္လက္လႈပ္႐ွားမႈ၊ ေလ့က်င့္ခန္းဆိုသည္မွာ စိတ္ဖိစီးမႈကို တိုက္ထုတ္ၿပီး သင့္က်န္းမာေရးကို ေကာင္းမြန္ေစရန္ ေနာက္ထပ္ထိေရာက္ေသာ နည္းလမ္းတစ္ခု ျဖစ္ပါသည္။ ကိုယ္လက္လႈပ္႐ွားေလ့က်င့္ခန္းျပဳလုပ္ျခင္းသည္ စိတ္ခံစားမႈမ်ားအား တည္ၿငိမ္ေစသည့္ ဆီ႐ိုတိုနင္ေဟာ္မုန္း ထြက္႐ွိထုတ္လုပ္မႈကို အားေကာင္းေစျခင္းေၾကာင့္ စိတ္ဖိစီးမႈအဆင့္ေလွ်ာ့ခ်ႏိုင္ၿပီး သင့္စိတ္အေနအထားကို ေကာင္းမြန္ေစႏိုင္ေၾကာင္း သက္ေသ႐ွိထားၿပီးျဖစ္သည္။ အကယ္၍ သင္သည္ ေလ့က်င့္ခန္းျပဳလုပ္ျခင္းကို စတင္ရန္ ခက္ခဲေနပါက စိမ္းလန္းေသာေနရာတြင္ ကိုယ္လက္လႈပ္႐ွားေလ့က်င့္ခန္းျပဳလုပ္ျခင္းသည္ သင့္အား ပိုမိုသက္ေသာင့္သက္သာလြယ္ကူစြာ ခံစားရေစသျဖင့္ ေလ့က်င့္ခန္းျပဳလုပ္ရန္စိတ္ဓာတ္ကို သြင္းေပးႏိုင္ပါသည္။

အေဆာက္အအုံအျပင္ဘက္/ဟင္းလင္းျပင္တြင္ ကိုယ္လက္လႈပ္႐ွားေလ့က်င့္ခန္းျပဳလုပ္ခဲ့ၾကသူမ်ားက ထိုလႈပ္႐ွားမႈသည္ ႐ုပ္ပိုင္းဆိုင္ရာ အားစိုက္ရမႈ ေလ်ာ့နည္းသည္ဟု ခံစားခဲ့ၾကရေၾကာင္း ေလ့လာမႈတစ္ခုက ျပသခဲ့သည္။ ေလ့လာမႈတစ္ခုကလည္း “သဘာဝပတ္ဝန္းက်င္တစ္ခုတြင္ လမ္းေလွ်ာက္ျခင္းက ၿမိဳ႕တြင္းပတ္ဝန္းက်င္ (သို႔) မိုးလုံေလလုံ၊ အခန္းတြင္းေလ့က်င့္ခန္းအားကစား႐ုံ၊ ခန္းမတြင္ လမ္းေလွ်ာက္ရျခင္းထက္ ပိုမိုစိတ္အနားရ” ေၾကာင္း ေတြ႕႐ွိခဲ့သည္။

၃။ အျပင္ဘက္/ဟင္းလင္းျပင္တြင္ ႐ွိျခင္းက သင့္အား စြမ္းအင္ျမႇင့္တင္ေပးသည္။

ကြၽန္မတို႔အမ်ားစုသည္ တစ္ေန႔ ၈ နာရီၾကာ ထိုင္ခုံေတြ ေကာ္နဲ႔ကပ္ထားခံရသကဲ့သို႔ ထိုင္လုပ္ရေသာ လုပ္ငန္းခြင္ဘဝကို ျဖတ္သန္းၾကရသည္။ အေဆာက္အအုံအျပင္ဘက္မွာ မိနစ္ ၂၀ ၾကာ ႐ွိျခင္းက သင့္အတြက္ စြမ္းအင္ျမႇင့္တင္မႈကို ေပးစြမ္းႏိုင္ပါသည္။ ေနာက္ထပ္ေကာ္ဖီတစ္ခြက္ ထပ္ေသာက္ျခင္းထက္ ပိုမိုသဘာဝက်စြာ အားအင္ရ႐ွိေစမည့္ နည္းလမ္းေကာင္းတစ္ခုျဖစ္သည္။

၄။ စိမ္းလန္းေသာ သစ္ပင္ ခ်ံဳပင္စသည္တို႔သည္ သင့္မ်က္လုံးအတြက္ ေကာင္းေပသည္

COVID-19 ကာကြယ္ေဆးထိုးႏွံမႈအစီအစဥ္ကို ၂၀၂၁ ခုႏွစ္တြင္ တျဖည္းျဖည္းအေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနစဥ္အတြင္း ေနအိမ္မွအလုပ္လုပ္ရသည့္ အစီအစဥ္မ်ားက ၾကာ႐ွည္ခံေနႏိုင္ဖြယ္႐ွိသည္။ ဤတြင္ ကြၽန္မတို႔၏မ်က္စိအျမင္ကို ေန႔စဥ္ခဏတာအနားေပးရန္ ပိုမိုအေရးႀကီးလာပါသည္။ သင့္မ်က္လုံးအႏၲရာယ္မျဖစ္ေအာင္ ထိန္းရန္ စံထားရမည့္နည္းလမ္းကား အိမ္အျပင္ဘက္တြင္ တစ္ေန႔လွ်င္ စုစုေပါင္းႏွစ္နာရီၾကာ စိမ္းလန္းေသာ သစ္ပင္မ်ားကို ၾကည့္႐ႈျခင္းျဖင့္ အခ်ိန္ကုန္ဆုံးေပးပါ။

အျပင္ဘက္ကို မသြားဘူးဆိုရင္ေတာင္ မလွမ္းမကမ္းမွ လွမ္းျမင္ရေသာ သစ္ပင္မ်ားကို တစ္နာရီၾကာၿပီးတိုင္း မိနစ္အနည္းငယ္ ေငးၾကည့္ျခင္းျဖင့္ သင့္မ်က္လုံးကို အနားေပးပါ။

၅။ သဘာဝက သင့္ကို ဉာဏ္႐ႊင္ေစႏိုင္ၿပီး သင့္အား တီထြင္ဖန္တီးမႈ အားေကာင္းေစသည္

သင္ အလုပ္မွာ ခက္ခဲတဲ့ျပႆနာတစ္ခုကို မေျဖ႐ွင္းႏိုင္ရင္ အနီးအနား႐ွိ ပန္းျခံတစ္ခုဆီ အပန္းေျဖလမ္းေလွ်ာက္လိုက္ျခင္းက တီထြင္ဖန္တီးမႈ႐ွိေသာ အေျဖတစ္ခုအတြက္ သင့္အား ဉာဏ္ကြန္႔ျမဴးမႈေပးစြမ္းႏိုင္ပါတယ္။ အေဆာက္အအုံအျပင္ဘက္တြင္ သဘာဝတြင္ “႐ွိျခင္းႏွင့္ လမ္းေလွ်ာက္ျခင္း” ေပါင္းစပ္မႈက (ထိုင္ေနျခင္းႏွင့္ အိမ္တြင္း၌ ႐ွိျခင္းတို႔ႏွင့္ ဆန္႔က်င္ဘက္အျဖစ္) အဆန္းသစ္ဆုံးႏွင့္ အရည္အေသြးအျမင့္ဆုံးစိတ္ကူးအၾကံဉာဏ္မ်ားကို ႏိႈက္ထုတ္ေပးပါသည္။

အႏုပညာရသဖန္တီးမႈနယ္ပယ္တြင္ အလုပ္လုပ္သူမ်ားအတြက္ အၾကံတုံးဉာဏ္တုံးျဖစ္ခိုက္တြင္ ဤအခ်က္က အသုံးဝင္သည့္နည္းဗ်ဴဟာတစ္ခု ျဖစ္ႏိုင္ပါေပသည္။

၆။ ဆူဆူညံညံ႐ႈပ္႐ႈပ္ယွက္ယွက္မ်ားမွ ေဝးကြာျခင္းက သင့္အိပ္ေရးအား တိုးတက္ေစပါလိမ့္မည္

ၿမိဳ႕ျပ၌ ေနထိုင္ျခင္းဆိုသည္မွာ ကြၽန္မတို႔သည္ ဆူညံသံမ်ားျဖင့္ ပတ္ဝန္းက်င္ညစ္ညမ္းမ်ဳႏွင့္ အေတာ္အတန္မွ ျမင့္မားသည့္ အလင္းေရာင္ပမာဏတို႔ကို ၾကဳံဆုံၾကရသည္ဟူသည့္ အဓိပၸာယ္ပင္ျဖစ္သည္။ ယင္းက အိပ္ေပ်ာ္ရန္ ခက္ခဲေစႏိုင္ သို႔မဟုတ္ သင့္အနားယူမႈကို ေႏွာင့္ယွက္ႏိုင္ပါသည္။

၇။ သဘာဝႏွင့္နီးကပ္စြာ ေနထိုင္ျခင္းက သင့္အား အသက္႐ွည္ေစရန္ ကူညီေပးပါသည္

သဘာဝႏွင့္ နီးကပ္စြာ ေနထိုင္သူတစ္ဦးစီတိုင္းသည္ မေနထိုင္သူမ်ားထက္ ပို၍အသက္႐ွည္စြာ ေနထိုင္ၾကရေလ့႐ွိေၾကာင္း ေလ့လာမႈမ်ားက ေတြ႕႐ွိထားပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 8 Benefits of Living Near Nature (propertyguru)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
area-one-business-complex
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service