လီကာရှင်းမိသားစုပိုင် အထပ်လတ် လူနေအိမ်ရာစီမံကိန်းကို ဟောင်ကောင်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံဖြင့် Lai Sun ကုမ္ပဏီက ဝယ်ယူ
လီကာရှင်းမိသားစုပိုင် အထပ်လတ် လူနေအိမ်ရာစီမံကိန်းကို ဟောင်ကောင်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံဖြင့် Lai Sun ကုမ္ပဏီက ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
19 Jan 2022 11:41 am တွင် တင်ခဲ့သည်
781 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဟောင်ကောင်မှ Kowloon Tong အရပ်ရှိ လူနေအိမ်ရာစီမံကိန်းကို ဟောင်ကောင်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံဖြင့် ရရှိပြီး ၃ လသာရှိသေးချိန်တွင် ဟောင်ကောင်စတော့အိတ်ချိန်းစာရင်းဝင် Lai Sun Development ကုမ္ပဏီသည် ဟောင်ကောင်၏ ဇိမ်ခံလူနေအိမ်ရာဈေးကွက်ကို ဆက်လက်အာရုံစိုက်လာပြန်သည်။
အထပ်လတ် အဆောက်အအုံများရှိရာဒေသမှ ကပ်လျက်အဆောက်အအုံ ၂ ခုကို စုစုပေါင်း ဟောင်ကောင်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ (ကန်ဒေါ်လာ ၁၆၆ ဒသမ ၈ သန်း) ဖြင့် ဝယ်ယူလိုက်ခြင်း ဖြစ်သည်။
Kotewall လမ်း၊ 1-1A ရှိ မြေနေရာတွင် ဇိမ်ခံလူနေခန်းများ ဆောက်လုပ်ဖွယ်ရှိသည်ဟု အကဲခတ်ပုဂ္ဂိုလ်တို့က ခန့်မှန်းကြသည်။ Knight Frank မှ ရာဖြတ်နှင့် အကြံပေးအဖွဲ့ ဒါရိုက်တာတစ်ဦးဖြစ်သူ ဆိုင်းရပ်စ်ဖောင်ကလည်း ယခုအဆောက်အအုံနေရာကို ပြန်လည်ဆောက်လုပ်မှုများ ပြုလုပ်သင့်ကြောင်း၊ ပြန်လည်ဆောက်လုပ်ပြီးပါက ဟောင်ကောင်ဒေါ်လာ ၂ ဘီလီယံမှ ၂ ဒသမ ၅ ဘီလီယံကြား တန်ကြေးရှိနိုင်ကြောင်း သုံးသပ်သည်။
Lai Sun က နှစ်ပေါင်း ၇၄ နှစ် သက်တမ်းရှိပြီဖြစ်သော အဆောက်အအုံများကို ဘီလျံနာ လီကာရှင်း၏ in-law (son in-law, daughter in-law etc) တစ်ဦးထံမှ ၁ စတုရန်းပေလျှင် ဟောင်ကောင်ဒေါ်လာ ၂၂၆၂၈ အထိပေးကာ ဝယ်ယူခြင်း ဖြစ်ကြောင်း ယခုအရောင်းအဝယ်နှင့် နီးစပ်မှုရှိသည့် သတင်းရင်းမြစ်များက ပြောသည်။
၂၀၂၂ ခုနှစ်အတွင်း ဟောင်ကောင်ဇိမ်ခံလူနေအိမ်ခြံမြေ ဈေးနှုန်းများ ၅ ရာခိုင်နှုန်းခန့် မြင့်တက်ဖွယ်ရှိရာ အိမ်ခြံမြေ developer Lai Sun က အိမ်ခြံမြေစီမံကိန်းများ ဆောက်လုပ်မှုမြှင့်တင်ရန် ကြိုးပမ်းလာခြင်းလည်းဖြစ်ကြောင်း Knight Frank ၏ အစီရင်ခံစာတစ်ခုတွင် ဖော်ပြသည်။
Kotewall လမ်းနှင့် ရော်ဘင်ဆန်လမ်းဆုံတွင် တည်ရှိသော အဆောက်အအုံများသည် ပိုင်ရှင်သစ်အတွက် စုစုပေါင်း အကျယ်အဝန်း စတုရန်းပေ ၁၁၄၉၀ (၁၀၆၇ စတုရန်းမီတာ) ရရှိမည်ဖြစ်သည်။ Lai Sun ၏ အသစ်အကောင်အထည်ဖော်မည့် လူနေအိမ်ရာစီမံကိန်းအတွက်ဆိုလျှင် အမြင့်ဆုံးကြမ်းခင်းဧရိယာအနေဖြင့် စတုရန်းပေ ၅၇၄၅၀ ရရှိမည်ဖြစ်သည်။
တည်နေရာ အနေအထားအရ developer အနေဖြင့် အလယ်လတ်တန်းနှင့် ဝင်ငွေမြင့်မားသော မိသားစုများအတွက် ပျှမ်းမျှအားဖြင့် စတုရန်းပေ ၂၅၀၀ ခန့်အထိ ကျယ်ဝန်းသော ကြီးမားသည့်နေအိမ်များ ဆောက်လုပ်ရေး ရွေးချယ်ဖွယ်ရှိကြောင်း ဟောင်ကောင် Colliers ၏ ရာဖြတ်နှင့် အတိုင်ပင်ခံဌာန အကြီးအကဲ Hannah Jeong က ပြောသည်။
Lai Sun ကုမ္ပဏီသာ အဆိုပါ ဗျူဟာအတိုင်း အကောင်အထည်ဖော်မည်ဆိုပါက ယခုစီမံကိန်းနေရာတွင် နေအိမ် ၂၀ အောက်သာ ရရှိမည်ဖြစ်ကြောင်းလည်း သူမက ဖြည့်စွက်ပြောကြားသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Lai Sun Buys Mid-Levels Residential Project From Li Ka-Shing Family For $166m (mingtiandi)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
thukha-garden-residence
shwe-moe-kaung
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service