A & H Construction မှ Managing Director မနှင်းရည်မွန် နှင့် အင်တာဗျူး - Property Interview from iMyanmarHouse.com
5624 ကြိမ် ကြည့်ရှု့ ပြီး

A & H Construction မှ Managing Director မနှင်းရည်မွန် နှင့် အင်တာဗျူး

Posted by နှင်းဒါလီ (iMyanmarHouse.com)

A & H Company ကို 2014 January တွင် စတင်တည်ထောင်ခဲ့ကြောင်း သိရပါသည်။ စတင် တည်ထောင်ခဲ့စဉ် ကတည်းက Construction လုပ်ငန်းကို အားပြု၍ တည်ထောင်ခဲ့ကြောင်း သိရပါသည်။ အခုနောက်ပိုင်းတွင် Construction Market ကအေးနေသော အနေအထားတွင် ရှိသောကြောင့် ယခုနောက်ပိုင်းတွင် Disetribution ပိုင်းကိုပါ စပြီး extend လုပ်လာကြောင်း သိရပါသည်။ 2014 ထဲက Home Decoration ပိုင်းကို စိတ်ဝင်စား ခဲ့ကြောင်းသိရပါသည်။ စတင်တည်ထောင်ခဲ့စဉ်ကဆောက်လုပ်ထားသော Condominium များကို Customer များ တတ်နိုင်သော ပမာဏ ဖြင့် ဆောက်လုပ် နိုင်ရမည်ဟူသော ရည်ရွယ်ချက်ဖြင့် A & H Company ကို တည်ထောင်ခဲ့ကြောင်း သိရပါသည်။

စတင်တည်ထောင်ခဲ့စဉ်က Construction တစ်ခုတည်းသာ မဟုတ်ဘဲ ၊ Material Distribution ပါ ပူးတွဲ လုပ်ဆောင်ခဲ့ကြောင်း သိရပါသည်။ မြောက်ဒဂုံ နှင့် မြောက်ဥက္ကလာပ တို့တွင် အများဆုံးဆောက်လုပ်ဖြစ်ကြောင်း သိရပါသည်။ ၇ ထပ် ၈ထပ် အဆောက်အဦးများကို အများဆုံးဆောက်လုပ်ဖြစ်ကြောင်း သိရပါသည်။ Big Project တစ်ခုအနေဖြင့် ကျိုက်ဝိုင်းလမ်းပေါ်တွင် 47 ထပ် အဆောက်အဦးကို ဆောက်လုပ်သွားဖို့ရှိကြောင်း သိရပါသည်။ ထိုအဆောက်အဦး ကို တရုတ်ပြည်မှ oversea partner တစ်ဦးနှင့် တွဲဖက်၍ ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရပါသည်။

ဆောက်လုပ်ထားသောတိုက်ခန်းများတွင် ကြိုပွိုင့်ရောင်းချမှု ရှိကြောင်းသိရပါသည်။ ယခင်က ကြိုပွိုင့်ရောင်းချမှုများရှိသော်လည်း ယခုလတ်တလောတွင် ကြိုပွိုင့်ရောင်းချမှု အားနည်းနေကြောင်း သိရပါသည်။ ဆောက်လုပ်ထားသောတိုက်ခန်းများတွင် safety ပိုင်းကို သေသေချာချာ အဓိက အသေးစိတ်ဆောင်ရွက်ထားကြောင်း သိရပါသည်။ 2016 အိမ်ခြံမြေ ဈေးကွက်အခြေအနေကို ယခုလတ်တလောတွင် အရောင်းအဝယ်ပါးနေသောကြောင့် ယခင်ကဲ့သို့ Hyper ဈေးကွက်ပြန်မဖြစ်နိုင် သော်လည်း Gradually ပြန်တက်လာရန် မျှော်မှန်းထားကြောင်း ပြောပြပေးခဲ့ပါသည်။

Condo law ထွက်ပေါ်လာမည့်အပေါ်ကိုလည်း အကောင်းဘက်မှ မျှော်လင့်ထားကြောင်းသိရပါသည်။ Customer များအနေဖြင့် A & H Construction ကို ဆက်သွယ်မေးမြန်းလိုပါက Hot line no. 261009301 မှ 303 အထိ ရုံးချိန် 9:00-5:00 အတွင်း ဆက်သွယ်နိုင်ကြောင်းသိရပါသည်။ အမှတ် (၄၉) ၅လွှာ မိုးစန္ဒာလမ်း ကမာရွတ် သို့ လည်း လာရောက် ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)