Real Home Construction Co.,Ltd မှ Managing Director ဦးချစ်ကိုကို နှင့် အင်တာဗျူး - Property Interview from iMyanmarHouse.com
6667 ကြိမ် ကြည့်ရှု့ ပြီး

Real Home Construction Co.,Ltd မှ Managing Director ဦးချစ်ကိုကို နှင့် အင်တာဗျူး

Posted by ပန်စုစုထွန်း (iMyanmarHouse.com)

Real Home Construction အနေဖြင့် ၂၀၀၄ခုနှစ်တွင် စတင်တည်ထောင်ဖြစ်ခဲ့ပြီး အစဦးပိုင်းတွင် PAE စနစ်ကို စတင်တည်ဆောက်ဖြစ်ပြီး နောက်ပိုင်းတွင် လုံးချင်းတိုက်များ၊ ကွန်ဒိုများအထိ လုပ်ငန်းတိုးချဲ့ ဆောက်လုပ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။ လက်ရှိအချိန်တွင် ကွန်ဒို(၄)လုံး ဆောက်လုပ်ပြီးစီးလျှက်ရှိပြီး Service Apartment ကိုလဲ တည်ဆောက်လျှက် ရှိကြောင်း သိရှိရပါသည်။

ကွန်ဒိုအခန်းများကို အကြမ်းထည် တည်ဆောက်ရောင်းချပေးပြီး အချို့သောအခန်းများကို Full Furnish ပြင်ဆင်ရောင်းချပေးမှုများလဲ ရှိကြောင်းသိရှိရပါသည်။ Real Home Construction မှ မရမ်းကုန်း နှင့် လှိုင်မြို့နယ်များတွင် အများဆုံး ဆောက်လုပ်ရောင်းချ ဖြစ်ကြောင်း သိရှိရပါသည်။ လှိုင်မြို့နယ်မှာ လက်ရှိအချိန်တွင် Developed City နေရာတွင် ရောက်ရှိနေလျှက် ရှိသောကြောင့် Customers များစိတ်တိုင်းကျမှုများကြောင်း သိရှိရပါသည်။

ဒါ့အပြင် Real Home Construction အနေဖြင့် Service ရင့်သော အတွေ့အကြုံများနှင့် တိုက်ခန်း၊ ကွန်ဒိုများကို အရည်အချင်း ပြည့်မှီသော Engineering System များဖြင့် ဆောက်လုပ် ရောင်းချပေးလျှက်ရှိပြီး တိုက်ခန်းပိုင်ဆိုင်မှုကိုလဲ Customers များအပေါ် ပါမစ်ပိုင်ဆိုင်မှု စာချုပ်ကိုပထမဦးဆုံးပြသပြီး ပုံစံအောင်မှရောင်းချသော တိုက်ခန်းများဖြစ်ကြောင်းကို ရှင်းပြပေးပါသည်။ ဥပဒေပညာရှင်များမှတဆင့် ပိုင်ဆိုင်မှုခိုင်မာစေရန် သတင်းစာကြော်ငြာပေး မှုများအထိ ဆောင်ရွက်ပေးမှုများရှိကြောင်း ရှင်းပြပေးခဲ့ပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)