iMyanmarHouse.com မှ Managing Director ဦးနေမင်းသူ နှင့် Mandalay FM အင်တာဗျူး (အပိုင်း-၃)
Posted by ပန်စုစုထွန်း (iMyanmarHouse.com)
အခြေခံ လူတန်းစားတွေ အနေဖြင့် အိမ်ပိုင်၊ ယာပိုင် ရှိလာစေရန် လိုအပ်သော အချက်များမှာ (၁) ငွေစုဆောင်းတတ်သော အကျင့်လေးကျင့်သုံးရန် ဘဏ်ငွေစုစာရင်းဖြင့် ငွေစုနိုင်လျှင် အကောင်းဆုံး ဖြစ်ကြောင်း (၂)အချက်မှာ အစိုးရအနေဖြင့် ပြည်သူများအပေါ် အိမ်ပိုင်၊ယာပိုင် ရရှိနိုင်ရန် အိမ်ခြံမြေ အပေါ် နှစ်ရှည်ငွေချေးစနစ်များ လုပ်ပေးနိုင်လျှင် အိမ်ခြံမြေလောကနှင့် ပြည်သူများအတွက် အထူး ကောင်းမွန်သွားမည် ဖြစ်ကြောင်း အကြံပြု စကားဆိုသွားပါသည်။
လက်ရှိအချိန်တွင် အိမ်ခြံမြေ အရောင်းပွဲများနှင့် ကွန်ဒိုအရောင်းပွဲ ပြုလုပ်မှုများ များပြားလာသည် နှင့်အမျှ Customers များအနေဖြင့် ရောင်းမှား၊ ဝယ်မှား မဖြစ်စေရန် (၁)အချက် ဆောက်လုပ်သည့် Developer ၏ခိုင်မာမှု ရှိမရှိ၊ ဆောက်လုပ်ထားသော တိုက်ခန်းများ၏ အရည်အသွေးနှင့် နာမည်ဆိုးရှိမရှိ ကြည့်ရှုရန် (၂)အချက် ကွန်ဒိုဆိုလျှင် ကွန်ဒိုတစ်ခုတွင် ပါဝင်သင်သော အရည်အသွေးနှင့် Facilities များပြည့်စုံမှု ရှိမရှိ ကြည့်ရှုပြီးမှ ဝယ်ယူသင့်ကြောင်း သိရှိရပါသည်။
အနာဂတ် အိမ်ခြံမြေ အလားအလာမှာလဲ အထူးကောင်းမွန်မည်ဟု ခန့်မှန်းမိကြောင်းနှင့် အစိုးရသစ် လက်ထက်တွင် နိုင်ငံခြားရင်းနှီး မြုပ်နှံမှုများ အလုံးအရင်းနှင့် ဝင်ရောက် လာနိုင်မည်ဟု မျှော်လင့်ရပြီး နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများ ဝင်ရောက်လာသည် နှင့်အမျှ မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ဈေးကွက်အခြေအနေမှာ ပိုမို ကောင်းမွန် သွားလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောပြပေးခဲ့ပါသည်။