iMyanmarHouse.com မှ Managing Director ဦးနေမင်းသူ နှင့် Mandalay FM အင်တာဗျူး (အပိုင်း-၂) - Property Interview from iMyanmarHouse.com
7398 ကြိမ် ကြည့်ရှု့ ပြီး

iMyanmarHouse.com မှ Managing Director ဦးနေမင်းသူ နှင့် Mandalay FM အင်တာဗျူး (အပိုင်း-၂)

Posted by ပန်စုစုထွန်း (iMyanmarHouse.com)

လက်ရှိအိမ်ခြံမြေဈေးကွက် အခြေအနေတွင် တိုက်ခန်း၊ ကွန်ဒိုများကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးလာသည့် အပေါ်တွင် ပိုင်ဆိုင်မှုခိုင်မာမှု ရှိမရှိနှင့် ပတ်သတ်၍ ဆောက်လုပ်ထားသော Developer ၏အခြေအနေကို ခိုင်မာမှုရှိမရှိ အရင်ဆုံး စစ်ဆေးလေ့လာသင့်ပြီး တစ်ဆက်တည်းမှာပဲ ကွန်ဒိုနည်းဥပဒေ အတည်ကျ ပေါ်ပေါက်လာမှ အသေးစိတ် လေ့လာနိုင်မှာဖြစ်ပါသည်။

လက်ရှိအချိန်တွင် အဖြစ်များနေသော ရိုးရိုးတိုက်ခန်းတွင် ဓာတ်လှေကား ထည်သွင်းဆောက်လုပ်လိုက်ရုံဖြင့် ကွန်ဒိုဟုအထင်မှားနေကြောင်း မြေဧက စတုရန်းပေ ၂၀၀၀၀ ကျော်တွင် ဆောက်လုပ်နိုင်သော အဆောက်အဦးမှသာ ကွန်ဒိုဟုသတ်မှတ်နိုင်ကြောင်း သိရှိရပါသည်။ ဒါ့အပြင် ကွန်ဒိုတစ်ခုတွင် အခန်းစုစုပေါင်း၏ ၄၀ရာခိုင်နှုန်းကို နိုင်ငံခြားသားများကို ရောင်းချပေးနိုင်တော့မှာ ဖြစ်တဲ့အတွက် နောင်လာမည့် အိမ်ခြံမြေ ဈေးကွက်အခြေအနေမှာလဲ အဆမတန် ကောင်းမွန်လာနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းမိသည်ဟု ပြောကြားပေးခဲ့ပါသည်။

မြန်မာနိုင်ငံ၏ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ များပြားလာမှုအပေါ် အထူးကောင်းမွန်ကြောင်းနှင့် မြန်မာနိုင်ငံ၏ ၈၀ရာခိုင်နှုန်းမှာ အိမ်ပိုင်ရာပိုင်မရှိသေးသူများ ရှိနေသေးသောကြောင့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကို အစိုးရအသစ်လက်ထက် တွင် အများဆုံး အကောင်အထည်ဖော် ပေးသင့်ကြောင်း ပြောပြပေးခဲ့ပါသည်။ ဒါ့အပြင် တန်ဖိုးနည်း အိမ်ရာများကို အမှတ်တကယ် နေထိုင်လိုသော ပြည်သူများဆီ တိုက်ရိုက် ရောင်းချပေးနိုင်ရန် ဆောင်ရွက်ပေးရန် လိုအပ်လျှက်ရှိကြောင်း သိရှိရပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)