Fuji Real Estate မှ General Manager U Aung Myo Tun နှင့် အင်တာဗျူး
Posted by နော်ချိုချိုလွင် (iMyanmarHouse.com)
Fuji Real Estate ကို ၂၀၁၂ အောက်တိုဘာ ၁၀ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပါသည်။ Fuji Real Estate အနေဖြင့် စတင်လုပ်ကိုင်ချိန်မှစတင်ကာ ယခုချိန်ထိ သံလျင် ကျောက်တန်းဘက် ၊ ရန်ကုန်မြို့အတွင်းတွင် Downtown Area များဖြစ်သော ဗဟန်း နှင့် လှိုင် မြို့နယ်တို့တွင် အဓိက ဆောင်ရွက်ပေးထားပါသည်။ ယခုလက်တလော အိမ် ၊ ခြံ ၊ မြေ ဈေးကွက် အနည်းငယ်အေးနေသောကြောင့် အငှားကိုသာ အားထား နေကြောင်းပြောကြားထားပါသည်။ အငှားဈေးကွက်များမှာ တိုက်ခန်းငှားရမ်းခြင်းများ ၊ ရုံးခန်းဖွင့်လှစ်ရန်တိုက်ခန်းငှားရမ်းခြင်း ၊ သီလ၀ါအထူးစီးပွားရေးဇုန်၌ လာရောက်လုပ်ကိုင်သော နိုင်ငံခြားသားများအား ငှားရမ်းပေးခြင်း များကို အဓိကထားဆောင်ရွက်ပေးနေပါသည် ဟုသိရပါသည်။
၂၀၁၃ ၊ ၂၀၁၄ ခုနှစ်များတွင် အိမ် ၊ ခြံ ၊ မြေ ဈေးကွက်များ အထွတ်အထိပ်သို့ရောက်ရှိကာ အားကောင်းနေသော်လည်း ယခုလတ်တလောတွင် ဈေးကွက်များအေးနေပါသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း တိုးတက်လာခြင်း ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရာခိုင်နှုန်းတိုးတက်လာခြင်း တို့ကြောင့် ကျွန်ုပ်တို့မြန်မာနိုင်ငံသည်ရှေ့လျှောက်ဖွံ့ဖြိုးမှုအား များလာနေသော ကြောင့် အိမ် ၊ ခြံ ၊ မြေ အကျိုးဆောင်လုပ်ငန်းများ အနေဖြင့် တဖြည်းဖြည်းဈေးကွက်များကောင်းလာနိုင်သည် ဟုပြောပြထားပါသည်။ အချို့မှာ မိမိနေထိုင်ရာဒေသတွင် မိမိကျွမ်းကျင်မှုဖြင့် တစ်ပိုင်တစ်နိုင်လုပ်ကိုင်ကာ အဆင်ပြေနေခြင်းကြောင့် အကျိုးဆောင်လုပ်ငန်းများ များလာသည်ဟု သိရပါသည်။ Company တည်ထောင်ထားသူများအနေဖြင့် နိုင်ငံခြားသားCustomer များအား အဓိကထားရခြင်းဖြစ်သောကြောင့် ဖွံ့ဖြိုးမှုအပိုင်းကိုသာ အဓိကထားလုပ်ဆောင်နေပါသည်ဟု ပြောကြားထားပါသည်။
နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံသူများ ရောက်ရှိလာခြင်းကြောင့် နိုင်ငံခြားသားများဧ။် နေထိုင်မှုလိုအပ်ချက်များဖြစ်သော အိမ်ခန်းငှားရမ်းခြင်းများ ၊ ရုံးခန်းဖွင့်ခြင်းများ ဆောင်ရွက်ပေးပါသည်။ တခြားလိုအပ်ချက်များဖြစ်သော Service ပိုင်းဆိုင်ရာများကအစ ဆက်သွယ်ဆောင်ရွက်ပေးနေပါသည် ဟု သိရပါသည်။Fuji Real Estate အနေဖြင့် ပြည်ပ Customers သာမက ပြည်တွင်း Customers ကိုလည်း အဓိကထားဆောင်ရွက်ပေးနေပါသည်ဟု ပြောကြားထားပါသည်။ Fuji Real Estate အနေဖြင့် ပြည်တွင်းရောင်းဝယ်ငှား လုပ်ကိုင် နေသူများ အားလည်း ပါမစ် ၊ စလစ် ၊ ဂရမ် စသည်တို့ကိုဝယ်ယူသူများ စိတ်ချမ်းချမ်းသာသာ နှင့် ခိုင်မာမှု ရစေရန် အဆင့်ဆင့် လုပ်ဆောင်ပေးပါသည်။ စလစ်တွင်လည်း သွားလိုသောအဆင့်သို့ ရောက်အောင် ဆောင်ရွက် ပေးခြင်း ၊ ရှင်းလင်းပြောကြားပေးခြင်း ၊ အိုးအိမ်မှထုပ်လုပ်သော ပါမစ်ပိုင်းဆိုင်ရာသို့ သွားလိုပါက အဆက်အစပ်စာချုပ်ဖြင့် ၀ယ်ထားသော်လည်း စာချုပ်စာတိုင်းများ ခိုင်မာအာင်ပြုလုပ်ပေးပါသည်ဟု ပြောကြားထားပါသည်။ ဂရမ်ပိုင်းဆိုင်ရာတွင်လည်း လက်ရှိပေါ်လက်စီအရ သက်မှတ်ထားသော အခွန်နှုန်းထားများအတိုင်းသာ သတ်မှတ်ပြီး စာရွက်စာတမ်းအရ ခိုင်ခိုင်မာမာ ဆောင်ရွက်ပေးနေကြောင်းသိရပါသည်။
လူအများနှင့်တွေ့ဆုံရခြင်း ၊ လုပ်ကိုင်နေရင်းနှင့်ပင် ဗဟုသုတများစွာရရှိခြင်း တို့ကြောင့် ပျော်ရွှင်ရ ပါသည်ဟု Fuji Real Estate မှ General Manager U Aung Myo Tun က မိမိ လက်ရှိလုပ်ကိုင်နေသော အိမ် ၊ ခြံ ၊ မြေ အကျိုးဆောင်လုပ်ငန်းအပေါ် အမြင်ကိုလည်း ပြောပြထား ပါသည်။နောက်ပိုင်းတွင်လည်း အိမ် ၊ ခြံ ၊ မြေ ဈေးကွက်အနေအထားများ တဖြည်းဖြည်းခြင်း ကောင်းလာနိုင်ဖွယ်ရှိသည်ဟု ဆိုကာ မိမိအမြင်ကိုလည်းပြောပြထားပါသည်။ Customers များအနေဖြင့် Fuji Real Estate သို့ဆက်သွယ်မေးမြန်းလိုပါက ယုဇန တာဝါ အခန်းအမှတ် (၂၀၅ ) ဗဟန်းမြို့နယ်သို့  ဆက်သွယ်မေးမြန်း နိုင်ပါသည်။ iMyanmarHouse တွင်လည်းကြေငြာထားသည်၊ လက်ရှိတွင်လည်း အကျိုးဆောင်ဂျာနယ်တွင် စာမျက်နှာ (၁၀)မျက်နှာလောက်ထိ ပြည့်ပြည့်စုံစုံ ကြေငြာထားပါသည်ဟု သိရပါသည်။ ရန်ကုန်မြို့တွင်းမြို့နယ် နှင့် သန်လျင် ကျောက်တန်း မှ ဒေတာအချက်အလက်များကို အဓိကကြေငြာထားပါသည်။