“Myanmar Real Estate Market 2016 Outlook For Foreign Investors” Talk - Property Interview from iMyanmarHouse.com
3211 ကြိမ် ကြည့်ရှု့ ပြီး

“Myanmar Real Estate Market 2016 Outlook For Foreign Investors” Talk

Posted by ပန်စုစုထွန်း (iMyanmarHouse.com)

iMyanmarHouse.com ၏ Managing Director ဦးနေမင်းသူ မှ အဆိုပါဟောပြောပွဲတွင် “ပြီးခဲ့တဲ့ကာလ၊ လက်ရှိအချိန်နဲ့ အနာဂတ်” ခေါင်းစဉ်အောက်မှ “မြန်မာနိုင်ငံအိမ်ခြံမြေဈေးကွက်” အခြေအနေကို ထိရောက်သောအချက်အလက်များစွာဖြင့် ဟောပြောဆွေးနွေး ပေးခဲ့ပါသည်။၂၀၁၀ခုနှစ်ရွေးကောက်ပွဲပြီး နောက်ပိုင်း အိမ်ခြံမြေဈေးကွက်များ တရှိန်ထိုးမြင့်တက်လာခဲ့ခြင်း အကြောင်းအရာ နှင့် တချို့သော နေရာများမှာ ဈေးနှုန်း ၂ ဆ မှ ၃ ဆအထိမြင့်တက်လာမှုများကို ရှင်းလင်းေ ဟာပြော ပေးခဲ့ပါသည်။

“ဈေးနှုန်းမြင့်တက်လာရခြင်းအကြောင်းအရင်း” ခေါင်းစဉ်အောက်မှာတော့ရင်းနှီးမြှုပ်နှံမှုနည်းပါးရခြင်း ရွှေ၊ ဒေါ်လာငွေကြေး၊ အိမ်ခြံမြေ စတော့အိပ်ချိန်းမရှိခြင်း၊ ယုံကြည်အားထားရတဲ့ ဘဏ်ငွေကြေးစနစ်မရှိခြင်း၊၂၀၀၇ ခုနှစ်ဘဏ်ငွေကြေးအကျပ်အတည်း ဖြစ်ပေါ်ခဲ့ခြင်းများကို ဟောပြောပေးခဲ့ပါသည်။“ဈေးကွက်ဦးတည်ရာ” ခေါင်းစဉ်အောက်မှာတော့၂၀၁၃ခုနှစ်နှစ်ကုန်ပိုင်းအချိန်ထိမှာ ဈေးကွက်အမြင့်ဆုံး အခြေအနေသို့ရောက်ရှိခဲ့ရခြင်း၊၂၀၁၄ ခုနှစ်ကနေ ယနေ့အချိန်အထိ ဈေးကွက်အေးပြီးအတက်အကျ အပြောင်းအလဲမရှိခဲ့ခြင်းများ၊"အိမ်ခြံမြေပူပေါင်းေ ပါက်ကွဲခြင်း”များအနေဖြင့်လည်း အိမ်ခြံမြေပိုင်ဆိုင်မှုတွေကို ဘဏ်အတိုးချေးငွေတွေမရှိပဲ ဝယ်ယူခဲ့ခြင်း၊ အရောင်းအဝယ်သမားတွေကလည်း အရှုံးပေါ်ရောင်းချဖို့ ငြင်းဆန်ခဲ့ကြခြင်း၊ မြန်မာ့ဓလေ့စရိုက်အရလည်း အိမ်ခြံမြေလုပ်ငန်းအပေါ် စဉ်းစား တွေးခေါ်သုံးသပ်ချက်များကို ဟောပြောပေးခဲ့ပါသည်။

“အစိုးရသစ်” ခေါင်းစဉ်အောက်မှာတော့၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစတင်ပြီး တက်လာတဲ့ အစိုးရသစ် အပေါ် နိုင်ငံရေး၊ ပါတီနိုင်ငံရေး၊ အဖွဲ့အစည်း၊ အုပ်စုအသင်းအဖွဲ့များ တည်ငြိမ်အေးချမ်းလာမှု၊ အိမ်ခြံမြေဈေးကွက်ပိုပြီးအသက်ဝင်လှုပ်ရှားလာမှုများနှင့် နိုင်ငံခြားငွေကြေးရင်းနှီးမြှုပ်နှံမှုများပြားလာ( ဒေါ်လာ ၁၂ ဘီလျံ အထက်) ရှိလာမှုများ၊ “ ပေါ်လစီမူဝါဒ” အရ အသစ်ချမှတ်လိုက်တဲ့ ဥပဒေပေါ်လစီမူဝါဒတွေက အိမ်ခြံမြေဈေး ကွက်က တတ်နိုင်တဲ့လည်ပတ်မှု အနေအထားဖြစ်လာခြင်း၊ မြို့သစ်တွေအဖြစ်- တွံတေး၊ မှော်ဘီ၊ သန်လျင် တတ်နိုင်တဲ့ အိမ်ယာစီမံကိန်းတွေ များပြားလာခြင်းများ အပေါ် ဆွေးနွေးဟောပြော ပေးခဲ့ပါသည်။

“ ရိုက်ခတ်မှုများ” ခေါင်းစဉ်အောက်မှာတော့ အိမ်ခြံမြေ လုပ်ငန်းများ ပိုမိုတိုးများလာခြင်း ဈေးနှုန်းများ တည်ငြိမ်လာခြင်း၊ ကျဆင်းလာခြင်း နှင့် “ ကွန်ဒိုမီနီယမ်များ” အပေါ် အသစ်ပြဌာန်းလိုက်တဲ့ ကွန်ဒိုမီနီယမ်ဥပဒေ -၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၂ နေ့မှာ ပြဌာန်းလိုက်ပြီး နိုင်ငံခြားသား အိမ်ခြံမြေဝယ်ယူမှုခွင့်ပြု စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းခွင့်ပြု ခြောက်ထပ်နဲ့ အပေါ်ဘက်အထပ်မြင့်များ ဝယ်ယူနိုင်ခြင်း များကို ဟောပြောပေးခဲ့ပါသည်။

“ ကွန်ဒိုမီနီယမ် ဥပဒေသစ်” ခေါင်းစဉ်အောက်မှာတော့ ပိုမိုတိကျသေချာတဲ့ ဥပေဒအချက်အလက် ထုတ်ပြန်ချက်တွေကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခြင်း၊ နိုင်ငံခြားသားအိမ်ခြံမြေ ငှားရမ်းနေထိုင်မှုအစား ဝယ်ယူပိုင်ဆိုင်ခွင့် ပိုမိုများပြားလာခြင်း နှင့် “ တခြားစဉ်းစားသင့်တဲ့ အချက်အလက် အကြောင်းအရာ” များအပေါ်တွင် အိမ်ခြံမြေလုပ်ငန်းနယ်ပယ်ဝန်းကျင်မှာ ငွေကြေးဘဏ္ဍာနဲ့ပတ်သက် ပြီး အကျပ်အတည်းများဖြစ်ပေါ် လာနိုင်ခြင်း၊ ဈေးနှုန်းအတက်အကျများ အမြဲလိုလိုပြောင်းလဲနိုင်ခြင်း များကို ဟောပြောပေးခဲ့ပါသည်။

“ ကျန်ရှိနေသေးတဲ့ နယ်စပ်ဒေသ ပတ်ဝန်းကျင်” အနေဖြင့် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံခြားသားခရီးသွား ဧည့်သည် ဝင်ရောက်မှုများ၊ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ အလုပ်အကိုင်များ ပိုမိုတိုး တက်ပွင့်လင်းလာခြင်းများ နှင့် မြန်မာနိုင်ငံ၏ နံပါတ်(၁) အိမ်ခြံမြေ ဝဘ်ဆိုက် ဖြစ်သော “ iMyanmar House.com” မှ အိမ်ခြံမြေကြော်ငြာပေါင်း တစ်သိန်းကျော် နှင့် လက်ရှိတွင် ဝင်ရောက်ကြည့်ရှုသူ ဦးရေပေါင်း ၂သောင်းခွဲကျော် ရှိပြီး လစဉ်ထုတ်အိမ်ခြံမြေမဂ္ဂဇင်း များ၊ အိမ်ခြံမြေအကြောင်း သိကောင်းစရာ ဟောပြောဆွေးနွေးပွဲများ၊ အိမ်ခြံမြေအရောင်းပြပွဲ ကိုပါ စဉ်ဆက်မပြတ် လုပ်ဆောင် လျှက်ရှိနေကြောင်း ပြောပြပေးခဲ့ပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)