ပန်းစကား အိမ်ခြံမြေအကျိုးဆောင် မှတာဝန်ရှိသူ မမေစုနိုင် နှင့် အင်တာဗျူး
Posted by ပန်စုစုထွန်း (iMyanmarHouse.com)
ပန်းစကား အိမ်ခြံမြေအကျိုးဆောင်ကို ၂၀၁၄ခုနှစ်၊ သြဂတ်လမှ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး သက်တမ်း၂နှစ်ကျော် ရှိပြီဖြစ်ကြောင်း သိရှိရပါသည်။ပန်းစကားအိမ်ခြံမြေ မှ တိုက်ခန်းများသာမက လုံးချင်း၊ မြေကွက်များကိုပါ အရောင်း၊အဝယ်၊အငှား ဝန်ဆောင်မှုပေးလျှက် ရှိပါသည်။ပြည်တွင်းမှ Customer များသာမက ပြည်ပမှ Customer များကိုပါ အိမ်၊ခြံ၊မြေ နှင့်ပတ်သတ်ပြီး စိတ်တိုင်းကျ ဝန်ဆောင်မှုပေးလျှက် ရှိကြောင်း သိရှိရပါသည်။
လက်ရှိတွင် တိုက်ခန်း အငှားနှင့် အဝယ်သာ အများဆုံး ဝန်ဆောင်မှုပေးနေရကြောင်း သိရှိရပါသည်။မြို့နယ်အနေဖြင့် မရမ်းကုန်းနှင့် အင်းစိန် မြို့နယ်များတွင် အများဆုံးဝန်ဆောင်မှု ပေးနေရပြီး နောက်ပိုင်းတွင် မြို့ထဲဘက်များပါ ဝန်ဆောင်ပေးနိုင်ရန် ကြိုးစားလျှက်ရှိကြောင်း သိရှိရပါသည်။အဓိကအားဖြင့် Customer အသုံးပြုနိုင်မည့် ငွေကြေးအပေါ်မူတည်ကာ အဘက်ဘက်မှ အဆင်ပြေစေနိုင်ရန် ဆောင်ရွက်ပေးလျှက်ရှိကြောင်း ပြောပြပေးခဲ့ပါသည်။လက်ရှိအိမ်၊ခြံ၊မြေ ဈေးကွက်အခြေအနေ အနေဖြင့် တက်လာမည်ဟု မျှော်မှန်းရသော်လည်း ကျဆင်းနေလျှက်ရှိကြောင်း သိရှိရပါသည်။
ပန်းစကားအိမ်ခြံမြေ အနေဖြင့် အများနှင့်မတူသော ဝန်ဆောင်မှုတစ်ခုမှာ အရောင်းအဝယ် ပြုလုပ်လျှင် ရောင်းသူရောဝယ်သူပါ အိမ်ခြံမြေ ရှေ့နေအကျိုးဆောင် ခေါ်စရာမလိုပဲ စာချူပ်များကို စာရွက်၊စာတမ်းပြည့်စုံစွာ ဆောင်ရွက်ပေးလျှက် ရှိကြောင်း ပြောပြပေးခဲ့ပါသည်။ပန်းစကားအိမ်ခြံမြေနှင့် ဆက်သွယ်လိုလျှင် မုဒိတာအိမ်ရာ-၂ 2A အမှတ်(၁၆၇) မြေညီထပ် သို့ဆက်သွယ်နိုင်ကြောင်း သိရှိရပါသည်။