Hanwha Group Co.,Ltd မှ တည်ဆောက်လျှက်ရှိသော TRITONE Project မိတ်ဆက်ပွဲ အခမ်းအနား (အပိုင်း- ၁)
Posted by ပန်စုစုထွန်း (iMyanmarHouse.com)
Hanwha Group Co.,Ltd မှ တည်ဆောက် လျှက်ရှိသော TRITONE Project မိတ်ဆက်ပွဲ အခမ်းအနား ကို၂၀၁၅ခုနှစ် ဒီဇင်ဘာ၂ရက်နေ့ ညနေ ၆နာရီမှစတင်ကာ Novotel Hotel တွင်ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားဖွင့်လှစ် ပြီးနောက် Hanwha Group ၏တာဝန်ရှိသူများမှ အဖွင့်အမှာစကား များပြောကြားကာ TRITONE Project နှင့် ပတ်သတ်ပြီး မိတ်ဆက်ပေးခဲ့ပါသည်။
ဧည်သည်များအား အစားအသောက် များဖြင့်တည်ခင်း ဧည့်ခံပြီးနောက် Lucky Draw အစီအစဉ်များဖြင့်ပါ ကျင်းပပေးခဲ့ပါသည်။ ထို့နောက် Hanwha Co.,Ltd မှ President Mr.Seung Youn Kim နှင့် TRITONE Project မှတာဝန်ရှိသူ Mr.Joo Han Kim တို့အား TRITONE Project နှင့်ပတ်သတ်ပြီး သိလိုသမျှကို မေးမြန်း ဖြစ်ခဲ့ပါသည်။
Hanwha Co.,Ltd ကို ၁၉၅၂ ခုနှစ်မှစတင် တည်ထောင်ခဲ့ပြီး Factory manufacturing နဲ့ပတ်သတ်ပြီး Petrochemical, Machinary, Solar Power Conponents အစရှိသော လုပ်ငန်းများကို အကောင်အထည် ဖော်လုပ်ဆောင်ခဲ့ကြောင်း သိရှိရပါသည်။ Solar Power Components လုပ်ငန်းမှာတော့ ကမ္ဘာ့နံပါတ်(၁) ကုမ္မဏီတစ်ခု ဖြစ်လာကြောင်း သိရှိရပါသည်။
Hanwha Co.,Ltd အနေဖြင့် အိမ်ခြံမြေလောကတွင် အတွေ့အကြုံများစွာ ရှိကြောင်းနှင့် အရည်အသွေး ပြည့်မှီ သောအဆောက်အဦး များကိုဆောက်လုပ် လျှက်ရှိကြောင်း သိရှိရပါသည်။ Condominium အပြင် Hotel လုပ်ငန်းများပါ လုပ်ကိုင်သောကြောင့် အဆောက်အဦးနှင့် ပတ်သတ်ပြီး နိုင်ငံတကာအဆင့်မှီ ယုံကြည်စိတ်ချ ရကြောင်းသိရှိရပါသည်။
ဒ့ါအပြင် Hanwha Co.,Ltd မှာ ကိုးရီးယားနိုင်ငံ၏ အကြီးဆုံး(၁၀)ခုတွင် ၁ခုအပါအဝင် ဖြစ်ကြောင်းပြောပြ ပေးသွားပါသည်။ Hanwha Co.,Ltd အနေဖြင့် မြန်မာနိုင်ငံ တွင်ရင်းနှီးမြုပ်နှံမှု လာရောက်ပြုလုပ် ရခြင်းအပေါ် ကျေနပ်အားရမှု ရှိကြောင်းနှင့် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးကို ချစ်မြတ်နိုးကြောင်း ပြောပြပေးခဲ့ပါသည်။