The Leaf Residence မှ Director ကိုညီညီလတ်နှင့် အင်တာဗျူး (အပိုင်း-၁)
Posted by ပန်စုစုထွန်း (iMyanmarHouse.com)
The Leaf Residence ကိုအချက်၃ချက်ဖြင့် ရည်ရွယ် တည်ဆောက်ထားကြောင်းသိရှိရပါသည်။(၁)အချက် အနေဖြင့် သင့်တော်သော ဈေးနှုန်းအနေအထားဖြင့် အဆင့်မှီမှီနေထိုင်နိုင်ခြင်း၊(၂)အချက်အနေဖြင့် တည်နေရာ အနေအထား အချက်အချာကျခြင်း၊ (၃)အချက်မှာတော့ လူနေမှုအဆင့်အတန်း မြင့်မားစွာနေ ထိုင်နိုင်ခြင်းတို့ ဖြစ်ကြောင်းသိရှိရပါသည်။
အဆင့်တန်းမှီသော ရေကူးကန်၊ အားကစားခန်းမ၊ bbq အတွက် နေရာကောင်း အစရှိသော Facilitiesတွေကိုထည့်သွင်း ပေးထားပြီး တစ်နေ့တာ ပင်ပန်းသမျှကို မိမိအိမ်ပေါ် ရောက်လာ သည့်အခါ ပြေပျောက်သွားမည်ဟု ယုံကြည်ကြောင်း သိရှိရပါသည်။ မြေအကျယ်အဝန်း၂.၇ဧက ပေါ် တွင်တည်ဆောက်ထားကြောင်း သိရှိရပါသည်။ စုစုပေါင်း Tower၄လုံးဖြင့်တည်ဆောက် သွားမှာ ဖြစ်ပြီးအခန်းပေါင်း၃၁၅ခန်းပါရှိမည် ဖြစ်ကြောင်းသိရှိရပါသည်။