J.D Pool Co.,Ltd မှတာဝန်ရှိသူ ကိုညီညီသွင်နှင့် တွေ့ဆုံမေးမြန်းခြင်း (အပိုင်း-၂) - Property Interview from iMyanmarHouse.com
2640 ကြိမ် ကြည့်ရှု့ ပြီး

J.D Pool Co.,Ltd မှတာဝန်ရှိသူ ကိုညီညီသွင်နှင့် တွေ့ဆုံမေးမြန်းခြင်း (အပိုင်း-၂)

Posted by မေသက်နှင်း (iMyanmarHouse.com)

များသောအားဖြင့် ရေကူးကန်ကို နေ့တိုင်းသန့်ရှင်းရေးလုပ်ရတာ ၀န်ထုပ် ၀န်ပိုးဖြစ်တယ်လို့ Feed Back တွေပြန်လာကြောင်း၊ အခုဆိုရင်တော့ သန့်ရှင်းမူ့စနစ်ဆိုတဲ့ Auto Timer ပေးထားလို့ရပါတယ်Customer များအနေနဲ့လည်း ကိုယ်အသုံးမပြုတဲ့အချိန်မှာ Auto Timer ပေးထားရုံဖြင့် သန့်ရှင်းပေးပါတယ်၊ တပတ် နှစ်ပတ် လောက်ဆိုရင် ရေကန်ထဲမှာ အပြင်ဘက်လာတဲ့ အညစ်အကြေးတွေနဲ့ ရေကူးတဲ့သူတွေရဲ့သဲတွေ ရေကန်ရဲ့ကြမ်းပြင်မှာကပ်ကျန်တာတွေကို စုပ်ပြီး သန့်ရှင်းရေး လုပ်ပေးလို့ရတယ်လို့ သိရပါသည်။

နောက်တနည်းကတော့ Clean Robot ကိုအသုံးပြုလို့ရပါတယ် Clean Robot ကို အသုံးပြုမယ် ဆိုရင်တော့ ရေကူးကန်ရဲ့ကြမ်းပြင်၊ နံရံတွေကို သူ့ဘာသာသူ အလိုအလျောက် သန့်ရှင်းပေးတာ ဖြစ်တဲ့အတွက်ပိုပြီး အချိန်ကုန်သက်သာပြီး လူလည်း မပင်ပန်းကြောင်း ရှင်းပြသွားခဲ့ပါသည်။

ထို Clean Robot များကိုလည်း J.D Poolတွင်လည်း ရောင်းချပေးကြောင်း ရေကူးကန်တခုကို တည်ဆောက်ရာတွင် ပုံမှန်အားဖြင့်(45)ရက် မြေကြီးတူးတာကနေစပြီး တည်ဆောက်ပြီး ရေထည့်ပြီး ထိုရေကို Treament လုပ်ပြီး(45)ရက်ကြာပါတယ်ဟု ပြောကြားသွားပါသည်။ ကိုယ်တိုင်တာဝန်ယူ တည်ဆောက်ပေးတဲ့ ရေကူးကန်တွေကို Electronic , Control,motor, မီးသီး,ပန့် အစရှိတာတွေကို 2-Year ၊ ပြီးတော့ရေကန်ယိုစိမ့်တာကိုတွေကို ပစ္စည်းရောလက်ခ ဖိုးပါ အပါအ၀င် 10-Year Warranty ပေးပါတယ်။

အခုလိုတည်ဆောက်ပေးပြီးတဲ့ ရေကူးကန်တွေ ပျက်စီးမူ့တော့ မတွေ့ရသေးကြောင်း၊ ရေကူးကန်တခု တည်ဆောက်ရာတွင် ကုန်ကျစရိတ်ကတော့ ကိုယ်သုံးတဲ့ရေကူးကန်ရဲ့အကျယ်အ၀န်းနှင့် Water Volume ၊ တည်ဆောက်ခဲ့တဲ့ မြေနေရာအကျယ်အ၀န်း၊ ပြီးတော့အလုပ်လုပ်တဲ့ ၀င်ထွက်သွားလာမူ အခက်အခဲပေါ် မူတည်ပြီး ဈေးနူန်းအပြောင်းအလဲလေးတွေရှိတယ်လို့ ပြောကြားပေးသွားပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)