J.D Pool Co.,Ltd မှတာဝန်ရှိသူ ကိုညီညီသွင်နှင့် တွေ့ဆုံမေးမြန်းခြင်း - Property Interview from iMyanmarHouse.com
3735 ကြိမ် ကြည့်ရှု့ ပြီး

J.D Pool Co.,Ltd မှတာဝန်ရှိသူ ကိုညီညီသွင်နှင့် တွေ့ဆုံမေးမြန်းခြင်း

Posted by မေသက်နှင်း (iMyanmarHouse.com)

J.D Pool Co.,Ltd သည် ရေကူးကန် တည်ဆောက်ရေးကို အဓိကထားပြီး တာဝန်ယူဆောက်ပေးနေကြောင်း သိရပါသည်။ ရေကူးကန်တစ်ခုကို ဒီဇိုင်းကနေ ရေကူးလို့ရပြီး ရေသန့်စင်ရေးထိပါ တာဝန်ယူပေး တည်ဆောက်ပေးကြောင်း သိရပါသည်။

ရန်ကုန်၊မန္တလေး၊ပုဂံ အင်းလေး တွေမှာ အဓိကထားပြီးတော့တည်ဆောက်ပေးနေကြောင်း၊ 60%က ကိုယ်ပိုင်လုံးချင်းအိမ်ရာတွေမှာ ဖြစ်ပြီး 20%ကတော့ Hotle နှင့် Condo ,စာသင်ကျောင်းတွေမှာလုပ်ကိုင်ကြောင်း သိရပါသည်။

ရေကူးကန်တစ်ခု တည်ဆောက်ရန် ဒီဇိုင်းနှင့်မြေကြီးကို ဦးစွာ ကြည့်ရှုရပြီး တချို့မြေကြီးတွေက လေးထောင့်ပုံစံမဟုတ်တဲ့အခါမှာ ပြန်လုပ်ရအပိုင်းရှိကြောင်း Customer လိုချင်တဲ့ဒီဇိုင်းနှင့် မိမိတို့မှာ ရှိတဲ့ Products ကိုအကောင်းဆုံးဖြစ်အောင် လုပ်ပေးကြောင်း၊ Customer တွေ စိတ်ကြိုက်ဒီဇိုင်း၊ အရည်အသွေး၊ စနစ်တွေကို ရွေးချယ်လို့ရကြောင်း ပြောသွားပါသည်။

Customer များရဲ့အိမ်၏ ၀င်ပေါက်ထွက်ပေါက်တွေကိုလည်း ရေကူးကန်နှင့် သေသေချာချာ စကေးကိုက်ပြီးလုပ်ဆောင်ပေးကြောင်း၊ Customer တွေအများစုကတော့ ဒီဇိုင်းနှင့်ပတ်သတ်ပြီး လေးထောင့်ပုံစံရွေးချယ်ကြပြီး ဒုတိယအနေနဲ့ အများဆုံးရွေးကြတာတော့ B Shape ကိုရွေးတယ်လို့သိရပါသည်။ရေကူးကန်တည်ဆောက်ရာတွင်အခြား Facilities တွေလည်းထည့်သုံးလို့ရကြောင်းသိရပါတယ်၊ အဲ့ဒါတွေကတော့ Spa နှင့် Hydro Massage အများအားဖြင့်အသုံးပြုတယ်လို့ ပြောသွားပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)