KLEEMANM Lift & Escalator ( Family Business Group Engineering Co.,Ltd) ၏ မိတ်ဆက်ပွဲအခမ်းအနား - Property Interview from iMyanmarHouse.com
3792 ကြိမ် ကြည့်ရှု့ ပြီး

KLEEMANM Lift & Escalator ( Family Business Group Engineering Co.,Ltd) ၏ မိတ်ဆက်ပွဲအခမ်းအနား

Posted by မေသက်နှင်း (iMyanmarHouse.com)

ဂရိနိုင်ငံက ထုတ်လုပ်တဲ့ KLEEMANM အမှတ်တံဆိပ် ဓါတ်လှေကားကို Family Business Group Engineering Co.,Ltd မှ ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့ Sedona Hotel မှာ ပထဆုံးအနေနဲ့ မိတ်ဆက်တင်ပြ ပေးခဲ့ပါသည်။

ထိုနေ့ အခမ်းအနားတွင် တာဝန်ရှိသူများမှ KLEEMANM အမှတ်တံဆိပ် ဓါတ်လှေကား နှင့်ပတ်သက်၍ အမျိုးအစားများ၊ အားသာချက်များကို ရှင်းလင်းတင်ပြပေးခဲ့ကြောင်း သိရပါသည်။ ထို့နောက် နိုင်ငံကျော်တေးသံရှင်များ ဖြစ်သည့် ချမ်းချမ်း၊ အိမ့်ချစ် နှင့် နီနီခင်ဇော်တို့မှ တေးသီချင်းများဖြင့် ဖျော်ဖြေပေးခဲ့ပါသည်။

ဆက်လက်ပြီး KLEEMANM အမှတ်တံဆိပ် ဓါတ်လှေကား ၏ ပထမဆုံး မိတ်ဆက်ပွဲသို့ တက်ရောက်လာကြသော ဧည့်သည်တော်များကို ကျေးဇူးတုန့်ပြန်သောအားဖြင့် Lucky Draw အစီအစဉ်များထည့်သွင်းကံစမ်းပေးကာ ညစာဖြင့် တည်ခင်း ဧည့်ခံခဲ့ပါသည်။

ဓါတ်လှေကား Brand များစွာထဲမှ KLEEMANM အမှတ်တံဆိပ် ဓါတ်လှေကားကို တင်သွင်းရခြင်းမှာ အဓိကအားဖြင့် ၁၉၈၃ ခုနှစ်မှ စတင်ထုတ်လုပ်ခဲ့ပြီး ယနေ့အထိ မတော်တဆမှု လုံးဝမဖြစ်သော အမှတ်တံဆိပ်ဖြစ်ကြောင်း သိရပါသည်။

ကမ္ဘာတစ်ဝန်းတွင် စက်ရုံ(၇)ရုံ နှင့် ရုံးခွဲပေါင်း( ၁၅)ခု ရှိကြောင်း၊ နိုင်ငံပေါင်း(၁၂၀)ကို ဖြန့်ချီနေကြောင်း၊ Customer လိုချင်တဲ့ အချက်အလက်များ အတိုင်းဆောင်ရွက်ပေးထားကြောင်း သိရပါသည်။ KLEEMANM အမှတ်တံဆိပ် ဓါတ်လှေကားကို အနာဂတ်တွေ Customer များ ယုံကြည်သုံးစွဲရသော ဓါတ်လှေကား တစ်ခုအဖြစ် ဝန်ဆောင်မှု အပြည့်အစုံပေးကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Chief Engineer ဦးမင်းထွန်းမှ ပြောကြားသွားပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)