Myat Tha Pyay Construction Co.,Ltd မှ Managing Director ဦးမြတ်လွင် နှင့်အင်တာဗျူး (အပိုင်း-၂)
Posted by ပန်စုစုထွန်း (iMyanmarHouse.com)
မြန်မာနိုင်ငံတွင် Condominium project များ များပြားလာ သည်နှင့်အမျှ မြတ်သပြေ အနေဖြင့်လည်း Condo project ဆောက်လုပ်ရန် အစီအစဉ်များ ရှိကြောင်းသိရှိရပါ သည်။နိုင်ငံတကာမှ Constructionလုပ်ငန်းများ ပြည်တွင်း သို့ ဝင်ရောက်လာမှုများပြားလာသည့်အပေါ် မြန်မာနိုင်ငံ အတွက် ပိုမိုကောင်းမွန် လာနိုင်ကြောင်း နှင့် Condominium Law ထွက်ရှိလာသည့် အခါတွင်လည်း Condo ဈေးနှုန်းများတက်လာနိုင်ပြီး ပြည်တွင်းတွင် နေထိုင်သူများ အနေဖြင့်လည်းအဆင့်အတန်း ပြည့်မှီစွာ နေထိုင် လာနိုင်ကြောင်း အကြံပေးပြောပြ ပေးသွားပါသည်။
လက်ရှိအိမ်ခြံမြေ ဈေးကွက်အနေဖြင့် အေးစက်နေပြီး အရောင်းအဝယ် အားဖြင့်တော့ ပုံမှန်အတိုင်း ရှိနေကြောင်း သိရှိရပါသည်။ရင်းနှီးမြုပ်နှံချင်သူများ အနေဖြင့်လည်း ဒဂုံတောင်ဆိပ်ကမ်း နေရာတွင် ဝယ်ယူရင်းနှီးမြုပ်နှံ သင့်ကြောင်း အကြံပေးပြောပြ ပေးသွားပါသည်။
တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်လာကြသည့် အတွက်အထူး ကောင်းမွန်ကြောင်းနှင့် ပြည်သူများအနေဖြင့်လည်း ကိုယ်ပိုင်အိမ်ရာ များဖြင့်နေထိုင်လာ နိုင်သောေ ကြာင့် မြန်မာနိုင်ငံအတွက် ကောင်းကျိုးများစွာ ရရှိလာနို င်ကြောင်း ပြောပြပေးသွားပါသည်။မြတ်သပြေ ဆောက်လုပ်ရေးနှင့် ပူးပေါင်းဆောင်ရွက် လိုသူများကိုလည်း အစဉ်အမြဲ ဖိတ်ခေါ်လျှက်ရှိကြောင်း သိရှိရပါသည်။