Golden Thiri အိမ်ခြံမြေအကျိုးဆောင်မှ Managing Director ဒေါ်သီရိချို နှင့်အင်တာဗျူး (မန္တလေး)(အပိုင်း-၁)
Posted by မေသက်နှင်း (iMyanmarHouse.com)
Golden Thiri အိမ်ခြံမြေအကျိုးဆောင်အနေဖြင့် ပြည်တွင်း တင်မက ပြည်ပမှဝင်ရောက်လာသော ဆောက်လုပ်ရေးလုပ်ငန်းများ များပြားလာသည့်အတွက် အိမ်ခြံမြေလုပ်ငန်း ပိုမို တိုးတက်လာစေရန် အိမ်ခြံမြေအကျိုးဆောင်ကုမ္မဏီဖွင့်ကာ လုပ်ကိုင်ဖြစ်လာတာဖြစ်ကြောင်း ပြောပြပေးသွားပါသည်။ လက်ရှိတွင် အိမ်ခြံမြေဈေးကွက်အနေဖြင့် အရောင်းအ ဝယ်အေးနေကြောင်း သိရှိရပါသည်။ယခင်နှစ်များတွင် ပုံမှန်အရောင်းအဝယ်သွက်လေ့ရှိသော မြို့ထဲရှိမြို့နယ်များတွင်ပါ လက်ရှိအချိန်တွင်အရောင်းအဝယ်အေး နေကြောင်း သိရှိရပါသည်။စက်မှုပိုင်းရှိမြို့ကွက်သစ်များမှာတော့ အရောင်းအဝယ် သွက်သောအခြေအနေ ရှိကြောင်းသိရှိပါ သည်။
လမ်းမတန်းရှိ ပေ၃၀ပတ်ခြာလည် အိမ်ဈေးနှုန်းမှာတော့ ပျှမ်းမျှအားဖြင့် သိန်း၂၀၀၀၀၊ သိန်း၃၀၀၀၀ထိပေါက်နေေ ကြာင်း သိရှိရပါသည်။မန္တလေးမြို့၏အငှားဈေးကွက် အခြေအနေမှာတော့ အရောင်းအဝယ် သွက်နေကြောင်း သိရှိရပါသည်။ကားရပ်ရန်အဆင်ပြေသည့် နေရာများတွင် ပိုမိုဈေးကောင်းရရှိကာ Customerအကြိုက်များကြကြောင်း သိရှိရပါသည်။မေမြို့မှာတော့ ဈေးကွက်အခြေအနေ ကောင်းနေကြောင်းနှင့် အကျိုးဆောင်ပေးရမှု များပြားနေကြောင်း သိရှိရပါသည်။