Real Estate Show Myanmar 2015 တွင် iMyanmarHouse.com မှ Managing Director ဦးနေမင်းသူ၏ ပါဝင် ဆွေးနွေးမှု (အပိုင်း-၂)
Posted by မေသက်နှင်း (iMyanmarHouse.com)
Moderator : အနာဂတ်မှာ e-commerce အတွက် လုပ်ဆောင်ရမယ့် နည်းလမ်းသစ်တွေက ဘာတွေဖြစ်မလဲ။
U Nay Min Thu : အွန်လိုင်းငွေပေးချေမှုက အခု မြန်မာ့ စီးပွားရေးမှာ အကြီးမားဆုံးငွေကြေးကိန်းဂဏန်းစာရင်းတစ်ခုဖြစ်နေပါပြီ။ e-commerce အတွက်ဆို ကျွန်တော်တို့ သင့်တင့်ကောင်းမွန်တဲ့ ငွေပေးချေမှုနည်းလမ်းကို သုံးရမှာပါ။ အခုချိန်မှာတော့ ကျွန်တော်တို့မှာ ငွေပေးချေမှုနည်းလမ်းတွေ အများအကြီးရှိပါတယ်။ ဒါပေမဲ့ အများစုက အလုပ် မဖြစ်သေးပါဘူး။ ဈေးကွက် ရှယ်ယာတွေကိုလည်း လူတွေက မယုံကြသေးဘူး။ အွန်လိုင်း e-commerce စဖို့ဆို ကုန်ကျစရိတ် သက်သာပြီး ရေရှည်အကျိုးဖြစ်ထွန်းတဲ့ ငွေပေးချေမှု နည်းလမ်းတစ်ခုခုကို သုံးရမှာပါ။
Moderator : မြန်မာ့ဘယ်နေရာတွေမှာ ရင်းနှီးမြှုပ်နှံမှုပိုများလာတာတွေ့ရပါသလဲ။
U Nay Min Thu : အိမ်ခြံမြေကဏ္ဍကတော့ အခုချိန်မှာ တန့်နေတယ်။ ဘာလို့ဆို လူတိုင်းက ရွေးကောက်ပွဲကို စောင့်ကြည့်နေကြသလိုဖြစ်နေတယ်။ အများဆုံးကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေပေါ့။ သူတို့က ရွေးကောက်ပွဲ ရလဒ်ကို စောင့်ကြည့်နေကြတာပါ။ ရွေးကောက်ပွဲရလဒ်ပေါ်မူတည်ပြီး ရင်းနှီးမြှုပ်နှံမှုကို လုပ်ကြမယ့်သဘောပါ။ ပြီးတော့ ကွန်ဒိုမီနီယံဥပဒေကိုလည်း ၂၀၁၅ ခုနှစ်ထဲမှာ ရေးဆွဲနေပါပြီ။ ဒီနှစ်မကုန်ခင် ရွေးချယ်မှာပါ။ ဒီဥပဒေက နိုင်ငံခြားသားတွေ ကွန်ဒိုမီယံတွေမှာ ဘယ်လောက် ရာခိုင်နှုန်း ၀ယ်ယူခွင့်ရှိတယ် ဆိုတာကိုပါ ထွက်ပေါ်လာစေမှာပါ။
Moderator : ၀ယ်လိုအားနဲ့ ရောင်းလိုအားအခြေအနေနဲ့ ပတ်သက်ပြီး ပြောပြပေးပါ။
U Nay Min Thu : အခုဆို ရန်ကုန်မှာရော မန္တလေးမှာပါ စီးပွားဖြစ်မြေကွက်တွေအများကြီး တည်ဆောက်နေပါတယ်။ ဒီလို စီးပွားဖြစ်ကဏ္ဍ ဖွံ့ဖြိုးလာလို့ ၂၀၁၅ ခုနှစ်နောက်ပိုင်းမှာဆိုရင် ရန်ကုန်တစ်ဝိုက်မှာ ကွန်ဒိုတွေအများကြီး ဆောက်လာတာတွေ့ရပါတယ်။ ဒါ့ကြောင့် ရောင်းလိုအားကတော့ အလွန်အကျွံကို များပြားနေတာပါ။
Moderator : ၀ယ်လိုအားမြင့်တက်လာဖို့ နည်းလမ်းတွေက ဘာတွေဖြစ်မလဲ။
U Nay Min Thu : အခြေခံအားဖြင့်တော့ ကျွန်တော်တို့ iMyanmar ကုမ္ပဏီလက်အောက်မှာ အွန်လိုင်းစီးပွားရေးလုပ်ငန်းတွေအများကြီးရှိပါတယ်။ အဓိကကတော့ iMyanmarHouse.com ပါ။ သူက လူသိများ ထင်ရှားတဲ့ မြန်မာ့အိမ်ခြံမြေ၀ဘ်ဆိုဒ်တစ်ခုပါ။ iMyanmarHouse.com လက်အောက်မှာမှ လစဉ်ထုတ် အိမ်ခြံမြေမဂ္ဂဇင်းကိုလည်း ထုတ်လုပ်ဖြန့်ချိပါတယ်။ ကျွန်တော်တို့ 0ffline presence တွေကို လိုအပ်ပါတယ်။ ဒါကြောင့် Citymart လိုမျိုး offline book shop တွေကနေ ကျွန်တော်တို့ ရောင်းချနေရဆဲပါ။