ငွေအိမ်စံအိမ်ခြံမြေ အကျိုးဆောင်မှ Director မသီရိသိမ့်သိမ့် နှင့်အင်တာဗျူး (အပိုင်း-၂)
Posted by ပန်စုစုထွန်း (iMyanmarHouse.com)
အိမ်ခြံမြေလောကမှအိမ်ရှင်နှင့်အိမ်ငှား၊ ရောင်းသူနှင့်ဝယ်သူကြားမှာ သတိထားရမည့် အချက်များမှာ မိမိဝယ်ယူ မည့် မြေနှင့်ပတ်သတ်ပြီး ပိုင်ဆိုင်မှုခိုင်လုံသည့် စာရွက်စာ တမ်းများ၊အထောက်အထားများနှင့် ဈေးနူန်း အခြေအနေ များကို သတိထားလေ့လာသင့်ကြောင်း သိရှိရပါသည်။
အရောင်းအဝယ် တစ်ခုလုပ်ရာတွင် မှားယွင်းမှုမရှိစေရန် တက်ကျွမ်းသည့်ပညာရှင်များ၊ဥပဒေအကြံပေးများ နှင့်ကျွမ်းကျင်အဆင့်ရှိသော အိမ်ခြံမြေအကျိုးဆောင်များဖြင့်အ ချိန်ယူကာ ဆောင်ရွက်သင့်ကြောင်း ပြောပြပေးသွားပါသည်။
ပြည်ပမှ Constructionများမြန်မာနိုင်ငံတွင်ဝင်ရောက် ထိုးဖောက်မှု များများပြားလာသည်နှင့်အမျှ ဆောက်လုပ်ေ ရးနှင့် ပတ်သတ်သောပညာများ တိုးပွားလာကြောင်းနှင့် ၂၀၀၂ခုနှစ်မှစတင်ရေးဆွဲလျှက်ရှိသော Condo Law ထွက်လာလျှင် မြန်မာနိုင်ငံကို နိုင်ငံခြားသားဝင်ရောက်ထိုးဖောက်မှု ပိုမိုများပြားလာနိုင်ကြောင်း သိရှိရပါသည်။
အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်ပေးရသောကြောင့်မိမိထံလာသော Customer များနေရေးထိုင်ရေးအဆင်ပြေ သွားလျှင်ဝမ်းသာကြောင်း ပြောပြပေးသွားပါသည်။