ငွေအိမ်စံအိမ်ခြံမြေ အကျိုးဆောင်မှ Director မသီရိသိမ့်သိမ့် နှင့်အင်တာဗျူး - Property Interview from iMyanmarHouse.com
2533 ကြိမ် ကြည့်ရှု့ ပြီး

ငွေအိမ်စံအိမ်ခြံမြေ အကျိုးဆောင်မှ Director မသီရိသိမ့်သိမ့် နှင့်အင်တာဗျူး

Posted by ပန်စုစုထွန်း (iMyanmarHouse.com)

ငွေအိမ်စံအိမ်ခြံမြေအကျိုးဆောင်မှအိမ်ခြံမြေလုပ်ငန်းနှင့်ပတ်သတ်၍ ၂၀၀၂ခုနှစ်လောက်မှစတင် လေ့လာကာ ၂၀၀၉ခုနှစ် ဇွန်၁ရက်နေ့တွင် ကုမ္မဏီဖွင့်လှစ်ကာ အိမ်ခြံမြေ ရောင်း၊ဝယ်၊ငှား လုပ်ငန်းများကိုစတင် အကျိုးဆောင် ပေးဖြစ်ကြောင်းသိရှိရပါသည်။လက်ရှိအိမ်ခြံမြေဈေးကွက်၏အခြေအနေမှာလည်း စောင့်ကြည့်ကာလဖြစ်နေသောကြာင့် အရောင်းဘက်တွင် ဈေးကွက်အနေအ ထား အေးနေပြီး၊ အငှားဈေးကွက် မှာတော့ ပုံမှန် အခြေအနေရှိကြောင်း ပြောပြပေးသွားပါသည်။

ဈေးကွက်အခြေအနေ ကောင်းမွန်နေသော မြို့နယ်များမှာလမ်းမတော်၊လသာ၊ပန်ဘဲတန်း၊ကျောက်တံတား၊ပုဇွန်တောင်၊ဗိုလ်တထောင်မြို့နယ်များတွင် ဖြစ်ကြောင်း သိရှိရပါ သည်။လုံးချင်းဈေးကွက်မှာတော့လှိုင်၊ကမာရွတ်၊မရမ်းကုန်း၊အင်းစိန်မြို့နယ်များတွင် ဝန်ဆောင်ပေးရမှုများကြောင်း သိရှိရပါသည်။

အိမ်ခြံမြေဈေးကွက်အနေအထား အေးနေသော်လည်း မြို့လယ်ခေါင် မြို့နယ်များမှာတော့ ဈေးကွက်ကျဆင်းနိုင်ချေမရှိသေးကြောင်းသိရှိရပါသည်။ငွေအိမ်စံအိမ်ခြံမြေ အကျိုးဆောင်အနေဖြင့်လည်း Customerများရောင်းမှား ဝယ်မှား မဖြစ်စေရန် ဥပဒေနှင့်အညီ ပိုင်ဆိုင်မှုခိုင်မာစေရန် ဝန်ဆောင်ပေးနေကြောင်း သိရှိရပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)