ရွှေမန္တလေး အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်း(မန္တလေးမြို့) မှ Managing Director ဦးနေလင်းအောင်နှင့် အင်တာဗျူး (အပိုင်း-၁) - Property Interview from iMyanmarHouse.com
2525 ကြိမ် ကြည့်ရှု့ ပြီး

ရွှေမန္တလေး အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်း(မန္တလေးမြို့) မှ Managing Director ဦးနေလင်းအောင်နှင့် အင်တာဗျူး (အပိုင်း-၁)

Posted by မေသက်နှင်း (iMyanmarHouse.com)

ရွှေမန္တလေး အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းကို တည်ထောင်ခဲ့သည်မှာ (၅)နှစ်ခန့်သာ ရှိသေးသော်လည်း အိမ်၊ ခြံ၊ မြေ ဈေးကွက် အတွေ့အကြုံမှာ နှစ်ပေါင်း(၂၀)ခန့်ရှိကြောင်း သိရပါသည်။ အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ ဆက်တိုက်နီးပါး ဈေးနှုန်းမြင့်တက်နေပြီး ယခုနှစ်ပိုင်းတွင် ရပ်တန့်နေကာ ဈေးနှုန်းကျဆင်းနိုင်သည့် အခြေအနေသို့ ဦးတည်နေကြောင်း ပြောသွားပါသည်။

မန္တလေးမြို့တွင် လွန်ခဲ့သည့် (၁၀)နှစ် ခန့်တွင် Down Town Area မှာ အကောင်းဆုံးနှင့် လူကြိုက် အများဆုံးနေရာတစ်ခုဖြစ်ခဲ့ပြီး ယခုအခါတွင် သိပ္ပံလမ်း၊ မနောဟရီ စသော မြို့သစ်နေရာများမှာ ပို၍ကျယ်ပြန့်လာခဲ့ပါသည်။ လက်ရှိဈေးကွက် အခြေအနေမှာ ပေါက်ဈေးထက် လျော့ရောင်းမှသာ အရောင်းအဝယ်ဖြစ်သော ကာလဖြစ်ပြီး အငှားဈေးကွက်မှာ သင်္ကြန်ပြီးကာလများတွင် အနည်းငယ် အေးစက်သွားကြောင်း သိရပါသည်။

ဈေးကွက်အတွင်းတွင် သတ်မှတ်ထားသော အခွန်နှုန်းထားမှာ ပုံမှန်ရှိသော နေရာများ ရှိသကဲ့သို့ ပုံမှန်ထက်များနေသော နေရာများ ရှိကြောင်း သိရပါသည်။ အခွန်နှုန်းထားများ တိုး၍ သတ်မှတ်ခြင်းကြောင့် ယခင်ကအေးစက်နေသော အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ ပို၍အေးစက် ရပ်တန့်သွားကြောင်း နှင့် အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်နေသူ အများစုမှာလည်း အိမ်၊ ခြံ၊ မြေ ဈေးနှုန်းကို အတိုင်းအတာတစ်ခုအထိ ကျဆင်းစေလိုကြောင်း ပြောသွားပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)