ဆုလျှမ်ဖြိုး အိမ်ခြံမြေ ရောင်းဝယ်ရေးမှ တာဝန်ရှိသူ ဦးမင်းဇော်ဦး နှင့်အင်တာဗျုး - Property Interview from iMyanmarHouse.com
2745 ကြိမ် ကြည့်ရှု့ ပြီး

ဆုလျှမ်ဖြိုး အိမ်ခြံမြေ ရောင်းဝယ်ရေးမှ တာဝန်ရှိသူ ဦးမင်းဇော်ဦး နှင့်အင်တာဗျုး

Posted by ပန်စုစုထွန်း (iMyanmarHouse.com)

ဆုလျှမ်ဖြိုး အိမ်ခြံမြေရောင်းဝယ်ရေးကို ၂၀၁၀ခုနှစ်လောက် မှစတင် တည်ထောင်ခဲ့ကြောင်းနှင့် ပြည်သူများ သင့်တင့်ေ သာဈေးနှုန်းများဖြင့်တိုက်ခန်းများတွင် နေထိုင်နိုင်စေရန် ရည်ရွယ်ခဲ့ကြောင်းသိရှိရပါသည်။လက်ရှိအိမ်ခြံမြေဈေး ကွက် ဈေးကွက်အနေအထားမှာလည်းကျဆင်းမှုများရှိေ ကြာင်းနှင့် ဈေးနှုန်းမတည်ငြိမ်မှုများနှင့် ကြုံတွေ့နေရေ ကြာင်းသိရှိရပါသည်။

လက်ရှိတွင် ပြည်တွင်း၊ပြည်ပမှဆောက်လုပ်ရေးလုပ်ငန်း များမှာ မြန်မာနိုင်ငံတွင် ဝင်ရောက်လုပ်ကိုင်ကာ လုပ်ငန်း များတိုးချဲ့လာသည့် အပေါ်တွင်အိမ်ခြံမြေရောင်းဝယ်ရေး လုပ်ကိုင်နေသူ တစ်ဦးအနေဖြင့်အထောက်အကူများစွာ ရရှိကြောင်း သိရှိရပါသည်။သို့ပေမဲ့မှန်မှန်ကန်ကန်လုပ်ကိုင် ရန်အရေးကြီးကြောင်းနှင့် ကြိုရောင်း၊ကြိုဝယ်လုပ်သော Customer များနစ်နာမှုများမရှိစေရန် တိကျမှန်ကန်စွာေ ဆာင်ရွက်ပေးနိုင်ရန်အရေးကြီးကြောင်း ပြောပြပေးသွား ပါသည်။

တန်ဖိုးနည်းအိမ်ရာများကို ဆောက်လုပ်ပေးမှုများ အပေါ် တွင်လည်း ရည်ရွယ်ချက်ကောင်းမွန်ကြောင်းနှင့် အရေအ တွက်များများ ဆောက်လုပ်ပေးနိုင်လျှင် ပြည်သူများပိုမိုအဆင်ပြေနိုင်ကြောင်း ပြောပြပေးသွားပါသည်။Customer တွေအနေဖြင့်လည်း အရောင်းအဝယ်လုပ်ရာတွင် တက်သိနား လည်သော အိမ်ခြံမြေအကျိုးဆောင်များ နှင့်ပူးပေါင်းေ ဆာင်ရွက်သင့်ကြောင်း ပြောပြပေးသွားပါသည်။

ဆုလျှမ်ဖြိုးအိမ်ခြေမြေ ရောင်းဝယ်ရေးအနေဖြင့်တစ်နိုင် တစ်ပိုင်လုပ်ကိုင်နေသူများဖြစ်ကြောင်းနှင့် ပူးပေါင်းဆက် သွယ်လိုပါက အမှတ်(၁၁၄)၊၄၉လမ်း(အလယ်) ပုစွန်တောင်မြို့နယ်တွင် လာရောက်ဆက်သွယ် မေးမြန်းနို င်ကြောင်းသိရှိရပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)