B Dash Construction Co.,Ltd မှ Managing Director ဦးဝင်းတင့်အောင် နှင့်အင်တာဗျူး (အပိုင်း-၁) - Property Interview from iMyanmarHouse.com
3971 ကြိမ် ကြည့်ရှု့ ပြီး

B Dash Construction Co.,Ltd မှ Managing Director ဦးဝင်းတင့်အောင် နှင့်အင်တာဗျူး (အပိုင်း-၁)

Posted by ပန်စုစုထွန်း (iMyanmarHouse.com)

B Dash Construction ၏ MD ဦးဝင်းတင့်အောင် မှ ကုမ္မဏီ၏ အမည်ဖြစ်သော B Dash ၏အဓိပ္ပာယ်မှာ ဂျပန်ဘာသာဖြင့် Superman ဟုအဓိပ္ပာယ်ရှိကြောင်း သိရှိရပါသည်။ဂျပန်နိုင်ငံတွင် ၁၀နှစ်ကျော်နေထိုင် ခဲ့ ပြီးနောက် ဆောက်လုပ်ရေးဘက်တွင် ဗိသုကာပညာရှင်များဖြစ်သော မိတ်ဆွေများဖြင့် ပြန်လည်တွေ့ဆုံခဲ့ ပြီးနောက် B Dash Construction Co.,Ltd ကိုစတင်တည်ထောင် ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

ယခုတည် ဆောက်မည့် Sakura Palace Condominium ကိုလည်း ဂျပန်နိုင်ငံမှ Sakura ပန်းကိုအထူးပြု၍ အမည်ပေးတည်ဆောက် ဖြစ်ကြောင်း သိရှိရပါသည်။နောက်ပိုင်းတွင် Sakura Palace Condominium 1,2,3… အစရှိသ၍ တည်ဆောက်နိုင်စေရန် အစိုးရဋ္ဌာနတွင် တရားဝင် စာရင်းပေး သွင်းမှုများလည်း ပြုလုပ်ပြီးကြောင်း သိရှိရပါသည်။

Sakura Palace (Bahan)တွင်မြေညီ ထပ်ကို ကားပါကင်အဖြစ်သတ်မှတ် ထားပြီး အပေါ်ထပ် ၇လွှာနှင့် အပေါ်ဆုံးအထပ်တွင် Pent House အဖြစ် တည်ဆောက်ပေးသွားမည် ဖြစ်ကြောင်းသိရှိရပါသည်။ဗဟန်းမြို့နယ်တွင် Condo ဆောက်လုပ်ခြင်းမှာ ပထမဆုံး အကြိမ်ဖြစ်ပြီး ဝယ်ယူမည့် Customer များသွားလာရလွယ်ကူစေရန် နှင့် Shopping Centre, ကျောင်း ၊ဆေးရုံ၊ ဆေးခန်းများနှင့် နီးစပ်သည့်အတွက်ဗဟန်းမြို့နယ်ကို ရွေးချယ်ေ ဆာက်လုပ်ဖြစ်ကြောင်း သိရှိရပါသည်။

အခန်းအမျိုးအစားမှာလည်း ၃မျိုးပါဝင်ကာ အခန်းအမျိုးအစား ကွာခြားချက် အလိုက် 1sqft ဈေးနှုန်းကို ၃သိန်းခွဲ ဖြင့်ရောင်းချပေးရန် စီစဉ်ထားကြောင်း သိရှိရပါသည်။Sakura Palace Condominium ကိုဇူလိုင်လပထမ ပတ် လောကမှစတင်၍ အရောင်းဖွင့်မည်ဖြစ်ကြောင်း သိရှိရပါသည်။Sakura Palace Condominium တွင်နေထိုင် မည့် Customer များအနေဖြင့် အဆောက်အဦးအပေါ် ယုံကြည်မှု၊ ခိုင်မာမှုများရရှိနိုင်စေရန် အဓိကထား ဆောက်လုပ်ပေးထားကြောင်း သိရှိရပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)