Myanmar Property Award 2015 မှာ ဆု(၃)ခု ရရှိခဲ့တဲ့ Vantage Tower (Myint & Associate Co.,Ltd) မှ Business Development Manager ကိုသိုက်စိုး နှင့် တွေ့ဆုံမေးမြန်းခြင်း - Property Interview from iMyanmarHouse.com
4471 ကြိမ် ကြည့်ရှု့ ပြီး

Myanmar Property Award 2015 မှာ ဆု(၃)ခု ရရှိခဲ့တဲ့ Vantage Tower (Myint & Associate Co.,Ltd) မှ Business Development Manager ကိုသိုက်စိုး နှင့် တွေ့ဆုံမေးမြန်းခြင်း

Posted by မေသက်နှင်း (iMyanmarHouse.com)

Myint & Associates မှ တာဝန်ယူတည်ဆောက်ထားသော Vantage Tower သည် June 17 ရက်နေ့က ပြုလုပ်ကျင်း ပခဲ့သော Myanmar Property Awards 2015 တွင် Best Commercial Development (Myanmar) , Best Office Development နှင့် Best Office Architectural Design ဆုများကို ရရှိခဲ့ ကြောင်း သိရှိရပါသည်။

ထို့အပြင် Myanmar Property Awards 2015 သည် မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ် ကျင်းပပြုလုပ်တာ ဖြစ်ကြောင်း၊ Vantage Tower ကို ဆုရွေးချယ်ရေးအဖွဲ့မှ သတ်မှတ် ထားသော အမှတ်ပေး စည်းမျဉ်းများနှင့် ကိုက်ညီမှု ရှိသောကြောင့် ယခုကဲ့သို့ဆုများ ရရှိသည်ဟု ထင်မြင်ယူဆကြောင်း ပြောပါသည်။ Project၏ တည်နေရာ၊ Internet ဆက်သွယ်မှု၊ ကားပါကင်၊ လျှပ်စစ်ဓာတ်အားစနစ် နှင့် Security စနစ် အစရှိသော အချက်များဖြင့် ရုံးခန်းငှားရမ်းလိုသူများ အခက်အခဲ မရှိစေရန် စီစဉ်ဆောင်ရွက်ထားမှုများ ရှိကြောင်းလည်း သိရှိရပါသည်။

ယခုရရှိသော ဆုများအတွက် အမည်စာရင်းနှင့် ပတ်သတ်၍ ကြိုတင်သိရှိထားခြင်း မရှိပဲ ယခုကဲ့သို့ Vantage Tower အနေဖြင့် ဆု(၃)ဆု ပိုင်ဆိုင်ခွင့် ရရှိခဲ့တဲ့အတွက် များစွာ ဝမ်းသာ ဂုဏ်ယူမိကြောင်းလည်း သိရှိရပါသည်။ ထပ်မံ၍ တည်ဆောက်မည့် Projects များကိုလည်း ကုမ္မဏီ၏ ရပ်တည်ချက် ဖြစ်သော Customer များ၏ လိုအပ်ချက်တွေကို ရာနှုန်းပြည့် ဖြည့်ဆည်းပးနိုင်အောင် အကောင်းဆုံး ကြိုးစားဖန်တီးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)