ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူ ဦးဝင်းဇော်နှင့် အင်တာဗျူး(အပိုင်း-၁)
Posted by မေသက်နှင်း (iMyanmarHouse.com)
ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်ကို ၂၀၁၄ခုနှစ် ဇန်နဝါရီလ ၁၁ရက်နေ့တွင် စတင်တည်ထောင် ခဲ့ကြောင်း သိရှိရပါသည်။ရန်ကုန်၊ ဗိုလ်တထောင်တွင် ဘဏ်ခွဲတစ်ခုရှိကြောင်း၊နေပြည်တော်နှင့် မန္တလေး တွင်လည်း ဘဏ်ခွဲများရှိကြောင်း သိရှိရပါသည်။
ပြည်သူများအားလုံး ကိုယ့်အိမ် ကိုယ့်ယာဖြင့် နေထိုင်နိုင် စေရန် နှင့်
နိုင်ငံတော်၏ ဘဏ္ဍာငွေ ကိုလည်း ထိခိုက်မှုမရှိစေရန် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းခဲ့ကြောင်းလည်း သိရှိရပါသည်။အိမ်ရာဝယ်ယူရန် အတွက် ချေးငွေယူရာတွင်လည်း အချိန် အတိုင်းအတာ နှင့် ငွေပမာဏအလိုက် ဆောင်ရွက် ပေးကြောင်း ကိုလည်း သိရှိရပါသည်။
အိမ်ရာဝယ်ယူမည့် သူများအနေဖြင့် ထိုအိမ်ရာကို ဘဏ်အတွက် အာမခံ ထားရုံသာ လိုအပ်ကြောင်း၊ အခြားသော အာမခံပစ္စည်းများ မလိုကြောင်းကိုလည်း သိရှိရပါသည်။ဝယ်ယူချိန်မှ စ၍ မိမိအိမ် ဝယ်ယူထားသော ငွေပမာဏရောက်အောင် ချေးငွေပြန်ဆပ်နိုင်သည့် အချိန်တွင် ထိုအိမ်ကို ပိုင်ဆိုင် ခွင့် ရရှိမည့်အကြောင်း ကိုလည်း အဆင့်ဆင့်ရှင်းပြ ပေးသွားပါသည်။
တည်ဆောက်ပေးမည့် သူများမှာလည်း ချေးငွေယူထားသော ပိုင်ရှင်များကို တာဝန်ယူထားရမည် ဖြစ်ပြီး၊ ချေးငွေဆပ်ရာတွင် ပျက်ကွက်မှုများ ရှိခဲ့ပါက တည်ဆောက်ပေးမည့်သူများမှ တာဝန်ယူပေးရမည် ဖြစ်ကြောင်း ကိုလည်း ရှင်းပြပေးခဲ့ပါသည်။အိမ်ဆောက်ပေးမည့်သူများ ချေးငွေလိုအပ်လျှင်လည်း ဆောင်ရွက်ပေးကြောင်း ကိုလည်း သိရှိရပါသည်။