Enoble Point Construction မှ Managing Director မမေဖြိုးဝေလင်း နှင့် အင်တာဗျူး
Posted by ပန်စုစုထွန်း (iMyanmarHouse.com)
Enoble Point Construction ကို၂၀၁၄ခုနှစ် မေလတွင်စတင်တည်ထောင် ခဲ့ရာ ယခုအချိန်တွင်တစ်နှစ်ကျော်ပြီဖြစ်ကြောင်း သိရှိရပါသည်။PAE အမျိုးအစားကို အများဆုံး ဆောက်လုပ်လျှက်ရှိပြီး လက်ရှိတွင် အခန်းပေး အခန်းယူစနစ်မှာ နည်းပါးနေသေးကြောင်း ပြောပြ ခဲ့ပါသည်။
ကြိုပွိုင့်စနစ်ဖြင့်လည်း ဆောက်လုပ်ပေးသောကြောင့် မြေရှင်နှင့်အကျိုးအမြတ် တစ်ဝတ်စီ သတ်မှတ်ပြီး ဆောက်လုပ်လျှက်ရှိကြောင်းလည်း သိရှိရပါသည်။
မြေရှင်များ အနေဖြင့် အကျိုးအမြတ် နှင့် Company ၏ငွေးကြေးခိုင်မာမှု အပေါ် တောင်းဆိုမှုတွေ များပြားလာကြောင်းကိုလည်း သိရှိရပါသည်။ ယခုလက်ရှိတွင် တောင်ဥက္ကလာမြို့နယ်တွင် အများဆုံး ဆောက် လုပ်ဖြစ်နေကြောင်း ပြောပြခဲ့ပါသည်။
ကြိုပွိုင့်စနစ်နှင့် အသင့်နေထိုင်နိုင်သောတိုက်ခန်း နှစ်မျိုးလုံးမှာ ဝယ်ယူရာတွင် အားသာချက်၊အားနည်းချက် နှစ်မျိုးစလုံးရှိကြောင်း သိရှိရပါသည်။မြို့ နယ်၊ ရပ်ကွက် အနေအထား၊ လမ်းအကျယ်အဝန်း အပေါ်မူတည်ပြီး တိုက်အထပ်၊ အနိမ့်အမြင့် ကွာခြားချက်များ လည်း ရှိကြောင်း ပြောပြခဲ့ပါသည်။
တိုက်ခန်းများတွင်လည်း Hall type နှင့် Room type ၂မျိုးရှိရာ ပြန်လည် ငှားရမ်းမည့် customer များမှာ Hall type ကိုရွေးချယ်ကြပြီး ကိုယ်တိုင်နေ ထိုင်မည့် သူများမှာတော့ Room type ကို ရွေးချယ်မှုရှိကြောင်း သိရှိရပါ သည်။
Enoble Point Construction အနေဖြင့်လည်း customers များကို အကောင်းဆုံး ဝန်ဆောင်မှု ပေးလျှက်ရှိကြောင်း နှင့် တိုက်ခန်းများကိုလည်း ဆက်သွယ် ဝယ်ယူနိုင်ကြောင်း သိရှိရပါသည်။