iHome Apartment (iGreen Construction) မှ Managing Director ဦးနိုင်လင်းသိန်း နှင့် အင်တာဗျူး - Property Interview from iMyanmarHouse.com
4657 ကြိမ် ကြည့်ရှု့ ပြီး

iHome Apartment (iGreen Construction) မှ Managing Director ဦးနိုင်လင်းသိန်း နှင့် အင်တာဗျူး

Posted by မေသက်နှင်း (iMyanmarHouse.com)

iGreen Construction မှ ၂၀၁၅ခုနှစ် မေလတွင် စတင်မိတ်ဆက် ရောင်းချခဲ့သော Royal Thu Kha Condominum မှာ အခန်းစုစုပေါင်း၏ (၉၀%) ခန့် ရောင်းချပြီး ဖြစ်ပါသည်။ နှစ်ရှည် ငွေပေးသွင်းရသောကြောင့် Customer များ၏ စိတ်ဝင်စားမှုကိုရရှိပြီး ယခုတစ်ခါတွင် iHome Apartment မှာ (၁၀)နှစ်တာ လစဉ်(၄)သိန်းခန့်သာပေးသွင်းရမည်ဖြစ်ပါသည်။

၂၀၁၇ခုနှစ် အခန်းအပ်မည့်အချိန်တွင် (၃၅%) ခန့် ပေးသွင်းပြီး ကျန်(၆၅%) ကို နေထိုင်စဉ်အတွင်း ပေးသွင်းရမည် ဖြစ်ပါသည်။
Project တည်နေရာမှာ Yangon Glof Club၊ စော်ဘွားကြီးကုန်း၊ မင်္ဂလာဒုံလေဆိပ်၊ YCDC Glof Club၊ Ocean (North Point) များ အနီးတွင် တည်ရှိပါသည်။မြေအမျိုးအစားမှာ မြေပိုင်မြေ(၁.၅)ဧကပေါ်တွင် တည်ဆောက်မည် ဖြစ်သည့်အပြင် နေထိုင်သူများ သွားရေးလာရေး အဆင်ပြေ လွယ်ကူစေရန် iHome Apartment နှင့် ၈မိုင်လမ်းဆုံ အထိ (၁)နာရီခြား တစ်ခါ Ferry ထားရှိပေးမည် ဖြစ်ကြောင်း သိရသည်။

Swimming Pool, Car Park စသည်တို့ပါဝင်ပြီး ကားပါကင်မယူပါက ဈေးနှုန်းလျော့ချပေးမည်ဖြစ်သည်။အခန်းအရေအတွက်မှာ (၃၅၀)ခန့် ရှိပြီး အထပ်(၈)ထပ်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားပါသည်။ အခန်းအမျီုးအစား အနေဖြင့် (၃၀)ခန့်ရှိပြီး (၅၀၀)Sqft မှ (၉၀၀) Sqft ထိကျယ်ဝန်းကြောင်း၊ တစ်ပေပတ်လည်ကို တစ်သိန်းကျော်ခန့်ဖြင့် အရောင်းဖွင့်ထားကြောင်း သိရပါသည်။ယခုကဲ့သို့ နှစ်ရှည်ငွေပေးချေမှုဖြင့် ဆောင်ရွက်ပေးရခြင်းမှာ လူအများစု အခန်းဝယ်ယူ ပိုင်ဆိုင်နိုင်ရန်ပင် ဖြစ်ကြောင်း ပြောသွားပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)