iGreen Construction Co.,Ltd မှ iHome Apartment အရောင်းဖွင့်ပွဲ အခမ်းအနားမြင်ကွင်း - Property Interview from iMyanmarHouse.com
5880 ကြိမ် ကြည့်ရှု့ ပြီး

iGreen Construction Co.,Ltd မှ iHome Apartment အရောင်းဖွင့်ပွဲ အခမ်းအနားမြင်ကွင်း

Posted by မေသက်နှင်း (iMyanmarHouse.com)

iGreen Construction မှ ထပ်မံတည်ဆောက်သော iHome Apartment ကို ၂၀၁၅ခုနှစ် ဇွန်လ (၆)ရက်နေ့ နှင့် (၇)ရက်နေ့တွင် Junction Square ရှိ Promotion Area တွင် စတင်ရောင်းချခဲ့ခြင်း ဖြစ်သည်။ iHome Apartment ကိုဝယ်ယူမည်ဆိုပါက ပထမဦးစွာ ငွေကျပ် သိန်း(၂၀)ပေးသွင်းရမည်ဖြစ်ပြီး လစဉ်(၄)သိန်းကျပ်ခန့် ပေးသွင်းကာ (၁၀)နှစ်တာကာလတွင် ကိုယ်ပိုင်အိမ်ခန်း ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

(၁၀)နှစ်တာအတွင်းတွင် အတိုးလုံးဝမရှိကြောင်း၊ Customer များနေဖြင့် အိမ်ခန်းပိုင်ဆိုင်နိုင်ရန် အခွင့်အရေး ပိုများလာကြောင်း၊ ပြပွဲ(၂)ရက်တွင် (၇၀%)၊ (၈၀%) ခန့် ရောင်းချနိုင်ရန် မျှော်မှန်းထားကြောင်း iGreen Construction မှ Managing Director ဦးနိုင်လင်းသိန်းမှ ပြောသွားပါသည်။
ပွဲကို လာရောက်ကြည့်ရှုသူများ ရှိသကဲ့သို့ စိတ်ချယုံကြည်စွာ ငွေပေးသွင်း ဝယ်ယူသူလည်း များပြားခဲ့ပါသည်။

လာရောက်လေ့လာသူ Customer တစ်ဦးဖြစ်သည့် ကိုထူးဝင်းမောင်မှလည်း iGreen Construction မှာ ယုံကြည်စိတ်ချရသော Developer တစ်ဦး ဖြစ်ကြောင်း၊ ယခုရောင်းချသော Project မှာ ဝန်ထမ်းများကို ရည်ရွယ်၍ တည်ဆောက်ရောင်းချသော Project တစ်ခုဖြစ်ကြောင်း၊ မိမိကိုယ်တိုင်ပင် ဝယ်ယူနေထိုင်ရန် စီစဉ်ထားကြောင်း ပြောသွားပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)