San Yeike Nyein Condominium (Naing Group) မှ တာဝန်ရှိသူ မဧပရယ်မေတိုးဦး နှင့် အင်တာဗျူး
Posted by မေသက်နှင်း (iMyanmarHouse.com)
San Yeike Nyein Condominium ကို Naing Group Capital Co.,Ltd မှ အင်းစိန်လမ်းမနှင့် ပြည်လမ်းမကြား သုခကမ္ဘာဆေးရုံအနီးတွင် တည်ဆောက်နေခြင်း ဖြစ်ပါသည်။ San Yeike Nyein Condominium မှာ တစ်လွှာတွင် (၈)ခန်းနှုန်းဖြင့် (၁၂)ထပ် ပါဝင်ပြီး Commercial (၉)ခန်း၊ Office room (၂၀) နှင့် လူနေအိမ်ခန်း (၇၆)ခန်း၊ စုစုပေါင်း(၁၀၅)ခန်း ပါဝင်ဖွဲ့စည်းထားပါသည်။
Facilities Area အဖြစ် အပေါ်ဆုံးထပ်တွင် ပြုလုပ်ထားပါသည်။ အခန်းအကျယ်အဝန်းအနေဖြင့် (1200)Sqft မှ အများဆုံး (2000) Sqft အထိကျယ်ဝန်းပြီး One Sqft လျှင် (၂)သိန်းကျော် မှ (၃)သိန်း အထိရှိပြီး ဈေးနှုန်းအပြောင်းအလဲ ရှိနိုင်ကြောင်း ပြောသွားပါသည်။ စတင်ရောင်းချသည်မှာ အချိန်အနည်းငယ်သာရှိပြီး ယခုလက်ရှိတွင် (၂၀%)ခန့် ရောင်းချပြီးဖြစ်ကြောင်း သိရပါသည်။
San Yeike Nyein Condominium တွင် နေထိုင်သူများမှာ အင်းယားကန်ဘောင်၊ ရွှေတိဂုံဘုရား၊ လှိုင်မြစ် စသော သာယာလှပသည့် မြင်ကွင်းများကို ကြည့်ရှုခံစားနိုင်မည်ဖြစ်သည်။ထို့အပြင် လူနေအိမ်၊ ရုံးခန်းနှင့် အားလပ်ချိန် အနားယူ အပန်းဖြေရန် အတွက်ပါ ပြီးပြည့်စုံသော Condominium တစ်ခုဖြစ်ကြောင်း ပြောသွားပါသည်။