M.K.T Construction Co.,Ltd ၏ CEO ဦးမျိုးမြင့်နှင့် iMyamarHouse.com မှ ကြီးမှူးကျင်းပသော “မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်၊ ခြံ၊ မြေ အရောင်းပြပွဲကြီး” အကြောင်း အင်တာဗျူး
Posted by မေသက်နှင်း (iMyanmarHouse.com)
ပြီးခဲ့သည့် မေလ (၁)ရက်နေ့ မှ (၃)ရက်နေ့ အထိ တပ်မတော်ခန်းမတွင် iMyamarHouse.com မှ ကြီးမှူးကျင်းပသော “မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်၊ ခြံ၊ မြေ အရောင်းပြပွဲကြီး” မှာ ပထမဆုံး ဝင်ရောက်ပြသခဲ့သော
ပြပွဲတစ်ခုဖြစ်သည်။ပွဲတစ်ခုအနေဖြင့် အောင်မြင်ခဲ့သည့်အပြင် ဝင်ရောက်ပြသခဲ့သော လုပ်ငန်းအသီးသီး အနေဖြင့်လည်း အကျိုးရလဒ် များစွာရရှိခဲ့ကြောင်း ပြောပါသည်။
ထိုပွဲတွင် စုစုပေါင်း Project (၉) ခုပြသခဲ့ကြောင်း၊ ပွဲသို့လာရောက် လေ့လာ ဝယ်ယူသူများသောကြောင့် လက်ကမ်းကြေငြာ အရေအတွက် ထောင်ချီ ပြုလုပ်ခဲ့ရကြောင်း၊ ယခင် မိတ်ဟောင်းများအပြင် customer အသစ်များနှင့် မိတ်ဆက်ခွင့်ရသောကြောင့် ဝင်ရောက်ပြသရကျိုးနပ်ကြောင်း သိရပါသည်။ ပွဲတွင် ဝင်ရောက်ပြသရခြင်းမှာ မိမိတို့ ကုမ္ပဏီကို လူသိများစေလိုသော ရည်ရွယ်ချက်ဖြစ်ပြီး
မျှော်မှန်းထားသည်ထက် ကျော်လွန်ခဲ့သောကြောင့် ကျေနပ်မှု ရရှိခဲ့ပါသည်။
အခြားပွဲများနှင့် နှိုင်းယှဉ်ပါက အဆင့်အတန်းတစ်ခုရှိသော ပွဲတစ်ပွဲဖြစ်သွားကြောင်း၊ ဟောပြောပွဲ အစီအစဉ်များ ထည့်သွင်းပေးခြင်းမှာ ကောင်းမွန်ကြောင်း၊ အဆင်မပြေသည့် အပိုင်းမရှိ သလောက်နည်းပါးကြောင်း နှင့် နောက်တစ်ကြီမ်ပြပွဲ ထပ်မံပြုလုပ်ပါက ကြိမ်းသေပေါက် ပါဝင်မည်ဖြစ်ကြောင်း ပြောသွားပါသည်။ တပ်မတော်ခန်းမမှာ နေရာအနေအထားကောင်းမွန်သော်လည်း ကားပါကင် အခက်အခဲရှိကြောင်း၊ Myanmar Even Park တွင် ပြုလုပ်မည်ဆိုပါက ပို၍ အဆင်ပြေနိုင်ကြောင်း အကြံပြု ပြောကြားသွားပါသည်။