Kan Thar Yar Centre မှ Sale Manager မချိုမာဝင်းနှင့် အင်တာဗျုး(အပိုင်း-၂)
Posted by မေသက်နှင်း (iMyanmarHouse.com)
ရန်ကုန်မြို့တွင် တည်ဆောက်နေသော Condominium Project များထဲတွင် Kan Thar Yar Centre မှာ Mixed Commercial Complex ဖြစ်သောကြောင့် နေထိုင်မှု အတွက် သာမက လုပ်ငန်းရှင်များ အတွက်ပါ အဆင်ပြေ လွယ်ကူသည့်အပြင် ရန်ကုန်မြို့၏ အချက်အချာ ကျသော နေရာတွင်တည်ရှိခြင်း စသည့် အားသာချက်များ ရှိကြောင်း သိရပါသည်။
ဝယ်ယူသော customerများမှာ ရာသက်ပန် ပိုင်ဆိုင်ခွင့်ရမည်ဖြစ်ပြီး Office Tower ကို ဝယ်ယူသူများထံမှ ၅နှစ်တိတိ အငှားပြန်ယူကြောင်း၊ မြန်မာနိုင်ငံတွင် Office ၏ ရင်းနှီးမြှုပ်နှံမှာ အနည်းငယ် စိမ်းနေသောကြောင့် ထိုသို့အငှားပြန်ယူခြင်းကို စီစဉ်ပေးထားကြောင်း ပြောသွားပါသည်။
Kan Thar Yar Centre တွင် ပါဝင်သော Hotel နှင့် Service apartment များမှာ Super 5 Stars အဆင့်မှီဖြစ်ခြင်း၊ Office Tower မှာ Grade A Standard ဖြစ်သောကြောင့် Safety ပိုင်းကို အဆင့်မှီ ကုမ္ပဏီများနှင့် ပူပေါင်း၍ အဘက်ဘက်မှ သေချာစွာ စီစဉ်ထားမည် ဖြစ်သည်။ မြန်မာ့နှစ်သစ်ကူး ကာလအနေဖြင့် Arpil နှင့် May နှစ်လတွင် လာရောက် ဝယ်ယူပါက ၁၅% ဈေးလျော့ပေးမည် ဖြစ်ကြောင်း ပြောသွားပါသည်။